fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ ကျန်းမာရေးသတင်းများ

အိပ်စက်ခြင်း ပြဿနာများကိုဖြစ်စေနိုင်သော ကျန်းမာရေးပြဿနာများ

80
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/11/2020
in ကျန်းမာရေးသတင်းများ, အထွေထွေရောဂါများအကြောင်း
1 min read
A A

အိပ်စက်ခြင်းပြဿနာများဆိုသည်မှာ အိပ်မောကျရန်ခက်ခဲခြင်း၊ တစ်ညလုံး နှစ်ခြိုက်စွာ တစ်ဆက်တည်း အိပ်စက်ရန်ခက်ခဲခြင်း၊ ညဘက်နောက်ကျမှ အိပ်ရာဝင်သော်လည်း မနက်စောစီးစွာ ပြန်နိုးနေခြင်း စသည်တို့ ဖြစ်ကြပါသည်။

ထိုသို့အိပ်စက်ခြင်း ပြဿနာများသည် များစွာသောနာတာရှည်ရောဂါများနှင့် အခြားဆေးပညာဆိုင်ရာ ပြဿနာများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။

ထိုသို့အိပ်စက်ခြင်း ပြဿနာများကိုဖြစ်စေသော ဆေးပညာဆိုင်ရာ ရောဂါ၊ ပြဿနာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

အယ်ဇိုင်းမားရောဂါ

အယ်ဇိုင်းမားရောဂါရှိသူများ၏ တစ်ဝက်ခန့်သည် ညဘက်အချိန်ရောက်သည့်အခါ ရောဂါပိုမိုဆိုးရွားလာတတ်ပြီး ဂနာမငြိမ်ခြင်းနှင့် စိတ်ရှုပ်ထွေးပူပန်ခြင်းများ ဖြစ်ပေါ်လာတတ်ပါသည်။ ထို့ကြောင့် ညဘက်အိပ်စက်ခြင်းဆိုင်ရာပြဿနာများ ပေါ်ပေါက်လာတတ်ပါသည်။

 

အဆစ်အမြစ်ရောင်ခြင်း

အဆစ်အမြစ်ရောင်ရမ်းသည့်အခါ အဆစ်အမြစ်များ နာကျင်ခြင်းနှင့်ရောင်ရမ်းခြင်းများကြောင့် ညဘက်တွင်အိပ်မပျော်ခြင်းများကို ဖြစ်စေနိုင်ပါသည်။

 

ပန်းနာရင်ကျပ်ရောဂါ

ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားသည့်အခါ ညဘက်အိပ်ပျော်နေသည့်အချိန်၌ပင် အသက်ရှူရန်ခက်ခဲခြင်းများကိုဖြစ်ပေါ်စေ၍ အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။


ကင်ဆာရောဂါ

ကင်ဆာရောဂါကြောင့်ဖြစ်ပေါ်လာသော နာကျင်မှုများသည်  အိပ်စက်ခြင်းကို အနှောင့်အယှက်ပြုနိုင်ပါသည်။

 

နာတာရှည် လေပြွန်ပိတ်ဆို့အဆုတ်ရောဂါ

ပန်းနာရင်ကျပ်ကဲ့သို့ပင် နာတာရှည်လေပြွန်ပိတ်ဆို့ အဆုတ်ရောဂါများသည် အသက်ရှူရန်ခက်ခဲခြင်း၊ သွေးအတွင်း လုံလောက်သည့်အောက်ဆီဂျင်ပမာဏကို မရရှိခြင်းများကြောင့် ညဘက်အိပ်မပျော်ခြင်းများကို ဖြစ်စေနိုင်ပါသည်။

 

ဆီးချိုရောဂါ

သွေးအတွင်း သကြားဓါတ်များနှင့် အင်ဆူလင်ပမာဏမညီမျှခြင်းကြောင့် ညဘက်အချိန်တွင် မကြာခဏ ထ၍ ဆီးသွားရခြင်း၊ ဘေးဘက် အာရုံကြောစနစ်များ ပြဿနာဖြစ်ခြင်းများကြောင့် ဆီးချိုသမားများသည် ညဘက်အချိန်တွင် ကောင်းစွာ အိပ်စက်ရန်အခက်အခဲများဖြစ်တတ်ပါသည်။

 

ဝက်ရူးပြန်အတက်ရောဂါ

ဝက်ရူးပြန်အတက်ရောဂါတွင် ညဘက်အိပ်စက်နေသည့်အချိန်တွင် အတက်ရောဂါ ပြဿနာများဖြစ်ပေါ်ခြင်း၊ သွေးအတွင်း စိတ်ဖိစီးမှုကိုဖြစ်စေသော ဟော်မုန်းများ အတက်အကျဖြစ်ခြင်းများကြောင့် အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။

 

Fibro Myalgia

ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကြောင့် ဖြစ်ပေါ်လာတတ်သော Fibro Myalgia ရောဂါဖြစ်ပွားသူများ၏ ၄ ပုံ ၃ ပုံ ခန့်သည် နာကျင်ခြင်းနှင့်အာရုံကြောဆိုင်ရာပြဿနာများကြောင့် အိပ်စက်မှုတွင် အနှောင့်အယှက်များစွာနှင့်ကြုံတွေ့ရတတ်ပါသည်။

 

အစာအိမ်ချဉ်ရည် ဆန်တက်ရောဂါ

အစာအိမ်အတွင်းမှ အစာခြေဖျက်သည့် အက်ဆစ်ချဉ်ရည်များ အစာရေမြိုပြွန်အတွင်းသို့ ဆန်တက်ခြင်းကြောင့် ရင်ပူခြင်း၊ မအီမသာဖြစ်ခြင်းတို့ဖြစ်စေကာ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ ထို့အပြင် ဟောက်ခြင်းနှင့် အိပ်စက်သည့်အခါ ခေတ္တခဏ အသက်ရှူရပ်ခြင်းများလည်း ဖြစ်စေနိုင်ပါသည်။

 

နှလုံးရောဂါ

အဆုတ်အတွင်းရေဝင်ခြင်းကြောင့် နောက်ဆက်တွဲအနေနှင့် ဖြစ်ပေါ်လာသောနှလုံးရောဂါသည် အသက်ရှူရန်ခက်ခဲခြင်းကြောင့် အိပ်စက်ခြင်းနှင့်ပတ်သက်သည့် ပြဿနာများဖြစ်ပွားတတ်ပါသည်။

 

ကျောက်ကပ်ရောဂါ

ကျောက်ကပ်ပြဿနာဖြစ်ခြင်းကြောင့် သွေးအတွင်းမှ အညစ်အကြေးများ၊ အဆိပ်အတောက်များကို ကောင်းမွန်စွာစစ်ထုတ်ရန် မတတ်နိုင်ခြင်းကို ဖြစ်လာစေကာ အိပ်စက်သည့်အခါ နှစ်ခြိုက်စွာအိပ်မပျော်ခြင်း၊  အိပ်စက်ခြင်းဆိုင်ရာ အနှောင့်အယှက်များဖြစ်ပေါ်လာခြင်း စသည့်ပြဿနာများ ဖြစ်ပွားလာတတ်ပါသည်။

 

လေဖြတ်ရောဂါ

လေဖြတ်ရောဂါဖြစ်ပွားသည့်အခါ ဦးနှောက်တွင်ရှိသောအိပ်စက်ခြင်းကိုထိန်းချုပ်သည့် ဗဟိုဌာနာများအား ထိခိုက်စေသည့်အတွက်ကြောင့် အိပ်မပျော်သည့်အချိန်များ များပြားလာတတ်ပါသည်။

 

သိုင်းရွိုက်ရောဂါ

သိုင်းရွိုက်ရောဂါတွင် ဖြစ်ပေါ်လေ့ရှိသော အလွန်အမင်းစိတ်လှုပ်ရှားတက်ကြွနေသည့် အခြေအနေများသည် အိပ်မပျော်ခြင်းပြဿနာများကို ဖြစ်စေနိုင်ပါသည်။

 

အထက်ဖော်ပြပါ ပြဿနာများအပြင် ကောင်းမွန်စွာအိပ်စက်ခြင်း မရရှိစေရန် တားဆီးသည့် အခြားပြဿနာများစွာ ရှိနိုင်ပါသေးသည်။ ထိုသို့သော ပြဿနာများအား ပျောက်ကင်းအောင်မဖြေရှင်းနိုင်သေးသ၍ ကောင်းမွန်စွာအိပ်စက်ခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဆရာဝန်နှင့်ပြသတိုင်ပင်၍ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများကို သေချာစွာ ကုသမှုခံယူသင့်ပါသည်။

Author : Dr. CK

Previous Post

ဆေးလိပ်သောက်ခြင်းကြောင့် ချောင်းဆိုးခြင်းအကြောင်းသိကောင်းစရာများ

Next Post

ဗိုက်အောင့်ခြင်းနဲ့ ဝမ်းလျှောခြင်းဖြစ်ရတဲ့ အကြောင်းအရင်းများ 

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
847
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဗိုက်အောင့်ခြင်းနဲ့ ဝမ်းလျှောခြင်းဖြစ်ရတဲ့ အကြောင်းအရင်းများ 

နားကိုက်ခြင်းဝေဒနာသက်သာစေသည့်နည်းလမ်းများ

ဆီးချိုသွေးချိုရှိသူများတွင် တွေ့ရခဲသော ရောဂါလက္ခဏာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.