fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

မကြာခဏ နှာချေရခြင်းအကြောင်းရင်း

3.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/04/2022
in အထွေထွေရောဂါများအကြောင်း, အမျိုးသမီး ကျန်းမာရေး
1 min read
A A

နှာချေခြင်းဖြစ်စဉ်သည် နှာခေါင်းနှင့်နှာခေါင်းနောက်ဖက်ရှိ လေအိတ်အပေါက်များတွေမှာရှိတဲ့ လှုံ့ဆော်ပစ္စည်းများကို ခန္ဓာကိုယ်မှ သဘာဝအလျောက် ဖယ်ရှားပေးသည့်အလိုအလျောက် ဖြစ်စဉ်တစ်ခုဖြစ်သည်။ လှုံ့ဆော်ပစ္စည်းများ နှာခေါင်းအတွင်း ဝင်ရောက်လာလျှင် နှာခေါင်းအတွင်းဖက်နံရံရှိ လှုံ့ဆော်မှုလက်ခံနေရာ Receptor မှတစ်ဆင့် အာရုံကြောသို့ရောက်ရှိက ခန္ဓာကိုယ်မှ နှာချေခြင်းတုံ့ပြန်မှု Sneeze Reflex ကို အလိုအလျောက် ဖြစ်လာစေပါသည်။ လှုံ့ဆော်ပစ္စည်းများကြောင့် နှာချေခြင်းသည် အသက်ရှူလမ်းကြောင်းမှ လေများကို တစ်နာရီလျှင် မိုင် ၃၅-၄၀ အကွာအဝေးထိရောက်နိုင်သည့် ပြင်းအားဖြစ်ပေါ်စေသည်။ အချိူ့လူများတွင် တစ်နာရီမိုင် ၁၀၀ခန့် ပြင်းအားရှိသည်အထိ နှာချေတတ်ကြသည်။

နှာချေခြင်းဖြင့် နှာခေါင်းအတွင်းမှ ချွဲ၊ သလိပ်၊ ဗက်တီးရီးယားနှင့် ပိုးမွှားများကို ဖယ်ရှားသန့်ရှင်းပေးသည်။ ထိုသို့ဖယ်ရှားသော်လည်း အညစ်အကြေးအချို့သည် နှာခေါင်းအတွင်းတွင် ကျန်ရှိနေတတ်သည်။ ထို့ကြောင့် နောက်တစ်ကြိမ်ထပ်၍ နှာချေခြင်းဖြင့် ကျန်ရှိသော လှုံ့ဆော်ပစ္စည်းများကို ရှင်းထုတ်ပေးသည်။ အချို့လူများတွင် အကြိမ်ရေများစွာနှာချေခြင်း၊ ခဏခဏနှာချေခြင်း ဖြစ်ရခြင်းမှာ ကျန်ရှိနေသည့် လှုံ့ဆော်ပစ္စည်းများကို ကုန်စင်အောင် ဖယ်ရှားပေးခြင်းကြောင့် ဖြစ်ပါသည်။

အလင်းရောင်ကြောင့် နှာချေသည့် တုံ့ပြန်မှုရောဂါ Photic sneeze reflex-PSR

၁၈-၃၅ ရာခိုင်နှုန်းခန့်သောသူများတွင် အလင်းအောက်မှ ထွက်လာသည့်အခါ သို့မဟုတ် စူးရှသည့်အလင်းရောင်နှင့် ထိတွေ့မှုကြောင့် ခဏခဏနှာချေခြင်း ခံစားရကြောင်း တွေ့ရှိရပါသည်။ ငရုတ်သီး၊ ငရုတ်ကောင်းနှင့် အခြားဟင်းခတ်အမွှေးအကြိုင်များ စားသုံးခြင်းနှင့် ထိတွေ့မှုကြောင့်လည်း ခဏခဏနှာချေနိုင်ပါသည်။ နေအိမ်အခန်းများ၊ ရေချိုခန်း၊ ဘေစင်၊ ရေဆင်းပိုက်၊ လေအေးပေးစက်၊အိပ်ယာ၊ ပရိဘောဂများတွင် မှိုစွဲခြင်း၊ ဖုန်မှုန့်များရှိနေခြင်းကြောင့်လည်း ဓာတ်မတည့်ဖြစ်ကာ နှာချေခြင်း မကြာခဏဖြစ်တတ်ပါသည်။

ပတ်ဝန်းကျင်အပူချိန် ရုတ်တရက်ပြောင်းလဲခြင်းကို ခံစားရသည့်အခါတွင်လည်း နှာချေခြင်း ခံစားရနိုင်ပြီး ခန္ဓာကိုယ်မှ အပူချိန်ပြောင်းလဲမှုကို အသားကျသွားလျှင် ပြန်သက်သာလေ့ရှိသည်။ အလွန်အေးသောလေ၊ ရေခဲတို့နှင့် ထိတွေ့မှုကြောင့်လည်း နှာချေနိုင်ပါသည်။

အသက်ရှုလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ရောင်ရမ်းမှုရှိလျှင် မကြာခဏနှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်းတို့ ခံစားရနိုင်ပါသည်။  နှာခေါင်းတစ်ဖက်စီရှိ မျက်နှာအရိုးများကြားမှ နေရာလွတ် Sinus အတွင်း၌ အရည်ပိတ်ခြင်းကြောင့် ထိပ်ကပ်နာဖြစ်လျှင်လည်း ခဏခဏနှာချေတတ်သည်။ အချို့သူများတွင် နှာခေါင်းနောက်ဖက်သို့ နှာရည်များ ပြောင်းပြန်စီးဆင်းသည့် Post Nasal Drip ကြောင့်လည်း နှာချေခြင်းဖြစ်တတ်ပါသည်။

အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်၊ ယုန်၊ ငှက်တို့၏ ခန္ဓာကိုယ်မှ အမွေးအမျှင်၊ အမှုန်အမွှားများ၊ ဖုန်နှင့်သဲ၊ ပိုးမွှားများတို့ နှာခေါင်းအတွင်းဖက်နံရံကို ဓာတ်မတည့်ယားယံမှုဖြစ်အောင် လှုံဆော်သဖြင့် ခဏခဏနှာချေခြင်း ဖြစ်နိုင်ပါသည်။ မိမိနေအိမ်တွင် ဆေးလိပ်သောက်သူရှိလျှင် တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှုရှိုက်မိသောကြောင့် နှာချေခြင်းကို ခံစားရနိုင်သည်။ ရာသီအကူးအပြောင်းတွင် အအေးမိဖျားနာခြင်းနှင့် ဓာတ်မတည့်မှုထုတ်ပေးသည့်အရာဝတ္ထု Allergens များ ( ပန်းဝတ်မှုန်၊ အလှကုန်ပစ္စည်း၊ ဖုန်မှုန့်၊ အစားအသောက်များ)ကြောင့် ဓာတ်မတည့်မှုဖြစ်ပီး ခဏခဏနှာချေနိုင်ပါသည်။

အချို့သူများတွင် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်း၊ မျက်ခုံးနှုတ်ခြင်းကဲ့သို့ ပုံသွင်းသည့်အခါ၊ နှာခေါင်းအတွင်း လက်ဖြင့်နှိုက်ခြင်း၊ လိင်ဆက်ဆံပြီး ဆန္ဒပြီးမြောက်သည့်အချိန်တို့တွင် နှာချေခြင်းဖြစ်တတ်သည်ကို တွေ့ရပါသည်။ မည်သည့်အကြောင်းရင်းကြောင့်ဖြစ်စေ နှာချေခြင်းခဏခဏဖြစ်လျှင် ဓာတ်မတည့်မှု၊ ရောဂါအခံစသည့် အကြောင်းအရင်းကို ရှာဖွေပြီး ကုသပျောက်ကင်းနိုင်ပါသည်။

Author: Dr. Yee Mon

Previous Post

အပူချိန်လွန်ကဲလို့ ခေါင်းကိုက်တဲ့အခါ

Next Post

နာတာရှည်ဒူးနာခြင်းကို သက်သာပျောက်ကင်းစေမည့် နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.4k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
894
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
856
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နာတာရှည်ဒူးနာခြင်းကို သက်သာပျောက်ကင်းစေမည့် နည်းလမ်းများ

အသက်ရှူလေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၏ အကျိုးကျေးဇူးများ

Headaches that are common to expectant mothers

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.