fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဂျာမန်ဝက်သက် German Measles

35
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/08/2016
in အထွေထွေရောဂါများအကြောင်း, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ရိုးရိုးသာမန် ဝက်သက်ရောဂါနှင့် မှားယွင်းတတ်သော ရောဂါတစ်မျိုးမှာ ဂျာမန်ဝက်သက်ရောဂါဖြစ်သည်။ အဆိုပါရောဂါနှစ်မျိုးမှာ ဖြစ်ပွားရခြင်း၏ ဇစ်မြစ်၊ လက္ခဏာ ၊ အန္တရာယ်ဖြစ်စေနိုင်မှုစသည်တို့၌ တူညီကြသည်မဟုတ်ပါ။

ရိုးရိုးသာမန်ဝက်သက် Measles (Rubella) နှင့် ဂျာမန်ဝက်သက် German measles(Rubella)တို့သည်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ကြသည်မှန်သော်လည်းပိုးမွှားခြင်းတူညီကြသည်မဟုတ်ပေ။ဝက်သက်ရောဂါ နှင့်ယှဉ်လလျှင်ဂျာမန်ဝက်သက်မှာအနုစားဝေဒနာလက္ခဏာများကိုသာဖြစ်စေသည်။အရှုပ်အထွေးလည်းနဲသည်။သို့သော်ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင်ဖြစ်ပါက မွေးရာပါချို့ယွင်းချက်များဖြစ်စေသည်အထိအန္တရာယ်ကြီးလှပေသည်။ဂျာမန်ဝက်သက်သည် ရောဂါပိုးမွှားဝင်ရောက်ကူးစက်ခံရပြီး၁၂ရက်မှ၂၁ရက်အတွင်းတွင်ရောဂါလက္ခဏာများစတင်ဖြစ်ပေါ်တတ်သည်။ ကိုယ်အပူချိန်မြင့်တက်မူ (ဖျားခြင်း)မှာလည်းရိုးရိုးဝက်သက်လောက်မဆိုးဝါးပေ။လည်းပင်းနောက်၌လင့်ကျိတ်တချို့ရောင်ရမ်းမှု တွေ့ရနိုင်သည်။အခြားဆိုးဝါးသောလက္ခဏာများတွေ့ရခဲသည်။တချို့ကလေးငယ်များတွင်မည့်သည့်လက္ခဏာမျှမဖြစ်ပေါ်ဘဲ၊အနီရောင်အဖုအပိန့်အစက်အပျောက်လေးများထွက်ပေါ်လာမှသာ ရောဂါဖြစ်မှန်းသိရတတ်သည်။ အဖုအပိမ့် အစက်အပျောက်လေးများသည် မျက်နှာတွင် စတင်ပေါ်လာပြီး ကိုယ်ထည်နှင့်ခြေလက်တို့သို့ ပျံ့နှံံ့သွားလေ့ရှိသည်။ အချိန်ကြာမြင့်မှုလည်းမရှိပေ။တစ်ရက်နှစ်ရက်သာ ကြာတတ်သည်။အဖျားတက်လျင်လည်း၁၀၁ံဖါရင်ဟိုက်ထက်ပိုလေ့မရှိပါ။ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ဂျာမန်ဝက်သက်ရောဂါဖြစ်ပါက ဗိုင်းရက်စ်ပိုးများသည် မိခင်မှတစ်ဆင့်အချင်းကို ဖြတ်ကျော်ကာ ကလေးငယ်များထံရောက်ရှိသွားနိုင်သည်။ ဆိုဝါးသော မွေးရာပါချို့ယွင်းချက်ဖြစ်စေနိုင်သည်။နား၊မျက်စိ၊ နှလုံးနှင့်ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတချို့တွင် မွေးရာပါချို့ယွင်းချက်များဖြစ်ပေါ်နိုင်သည်။ကလေးငယ်၏ဉာဏ်ရည်မှာလည်းနိမ့်ကျသွားတတ်သည်။ကလေးငယ်သည်နားကောင်းစွာမကြားရခြင်း(နားလေးခြင်း)၊အမြင်အာရုံချို့ယွင်းခြင်း၊ မွေးရာပါ နှလုံးရောဂါစသည်တို့အပြင်ဦးနှောက်၊အသည်းနှင့်လုံးတို့၌လည်းချို့ယွင်းချက်များဖြစ်ပေါ်နိုင်သည်၊၊မွေးဖွားပြီးနောက်ကလေး၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာဖွိ့ဖြိုးမူတို့မှာလည်းညံ့ဖျင်းနေတတ်သည်။ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင် သုံးလအတွင်းဂျာမန်ဝက်သက်ရောဂါ ဖြစ်ပါက ကလေးငယ်များ၏ ၅၀ ရာခိုင်နှုန်းတွင်မွေးရာပါချို့ယွင်းချက်များပါလာနိုင်သည်။အကယ်၍ကိုယ်ဝန်သုံးလကျော်ပြီးချိန်မှ ရောဂါဖြစ်ပါကအန္တရာယ်အတော်ပင်နည်းသွားပြီ ဖြစ်သည်။ချို့ယွင်းချက်ဖြစ်ပေါ်မူမှာ၁၀ရာခိုင်နှုန်းသာရှိတော့သည်ဟုဆိုသည်။ဂျာမန်ဝက်သက်ရောဂါကိုကုသရာ၌တိကျသောကုထုံးဟူ၍မရှိပေ။ ဖြစ်ပေါ်လာသောဝေဒနာလက္ခဏာများကိုအခြေခံ၍ ကုသပေးကြရသည်။ ကိုယ်အပူချိန်တက်၍ ဖျားလျင် ပါရာဆက်တမော Paracetamol ပေးနိုင်သည်။အစားအစာပုံမှန်စားရန်လိုအပ်သည်။ ရှောင်ရန်မလိုအပ်ပါ။ ရေများများတိုက်ပေးသင့်သည်။ အထွေထွေကျန်းမာရေး စောင့်ရှောင့်မှုပေးရန်သာဖြစ်သည်။ ကိုယ်ဝန်ရယူရန် ရည်ရွယ်သောအမျိုးသမီးများအဖို့ဂျာမန်ဝက်သက်ရောဂါကာကွယ်ဆေးထိုးထားသင့်သည်။ကိုယ်ဝန်ဆောင်အမျိုးသမီးများသည်ဂျာမန်ဝက်သက်ရောဂါလူနာများနှင့်ထိတွေ့မူရှောင်ကြဉ်ရန်အရေးကြီးပါသည်။အကယ်၍ရောဂါဖြစ်လာပါကသို့မဟုတ်ဖြစ်သည်ဟုသံသယရှိပါကဆရာဝန်များထံချက်ချင်းသွားရောက်ပြသရမည်ဖြစ်ပါသည်။

 

AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

ကြွက်တက်ခြင်း အပိုင်း (၁)

Next Post

အသက်သည် အချင်းမှာရှိသည်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
866
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသက်သည် အချင်းမှာရှိသည်

ကြွက်တက်ခြင်း အပိုင်း (၂)

ခွေးကိုက်ခံရလျှင်မပေါ့ပါနှင့်…

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.