(Zawgyi)
ပါးခ်ိတ္ေရာင္နာ (Parotitis) ဆိုတာက ကြၽန္ေတာ္တို႔လူေတြရဲ႕ ပါးခ်ိတ္ႏွစ္ဘက္အတြင္းမွာရွိတဲ့ တံေတြး ထုတ္ေပးတဲ့ အက်ိတ္ဂလင္း (Parotid Salivary Glands) ေတြ တစ္ဘက္ ဒါမွမဟုတ္ ႏွစ္ဘက္စလုံး ေရာင္တာကို ေခၚၾကတာပါ။ ဒီပါးခ်ိတ္တံေတြးက်ိတ္ေတြက အမ်ားဆုံးေရာင္ၾကတဲ့ အက်ိတ္ဂလင္းေတြ ျဖစ္ၿပီး ေရာင္ရတဲ့ အေၾကာင္းရင္းေတြ အမ်ားႀကီးရွိႏိုင္ပါတယ္။
စတက္ဖိုင္လိုေကာ့ကပ္ ေအာရီးယပ္စ္ (Stapylococcus aureus) လို႔ေခၚတဲ့ ဘက္တီးရီးယားပိုး အပါအဝင္ အက်ိဳးျပဳ ဘက္တီးရီးယား အခ်ိဳ႕ေၾကာင့္ လည္း ေရာင္တတ္သလို၊ အဆုတ္ျပင္ပတီဘီ (Extrapulmonary Tuberculosis) နဲ႔ တီဘီေရာဂါကို ျဖစ္ေစတဲ့ Mycobacterium Tuberculosisဘက္တီးရီးယားပိုးေၾကာင့္လည္း ေရာင္တတ္ပါတယ္။ အဲ့ဒါအျပင္ ကိုယ့္ရဲ႕ ကိုယ္ခံအားေၾကာင့္ျဖစ္တဲ့ Sjogern’s syndrome လို၊ Mikulicz disease လို ေရာဂါမ်ိဳး ေၾကာင့္လည္း ပါးခ်ိတ္ေရာင္တတ္သလို တံေတြးက်ိတ္ကေန ထြက္တဲ့ႁပြန္မွာ တံေတြးကေနျဖစ္တဲ့ ေက်ာက္ (salivary stone) ေတြ၊ ခြၽဲေတြ ဆို႔ေနရင္ လည္း ေရာင္တတ္ပါတယ္။ ဒါေပမယ့္ အျဖစ္အမ်ားဆုံးက Mumps ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တဲ့ ပါးခ်ိတ္ေရာင္နာ (Acute Viral Parotitis, Mumps) ပဲ ျဖစ္ပါတယ္။ ဒီေဆာင္းပါးမွာေတာ့ ဒီ Mumps ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တဲ့ ပါးခ်ိတ္ေရာင္နာအေၾကာင္းကို ေျပာျပေပးပါ့မယ္။
ကြၽန္ေတာ္ တတိယႏွစ္၊ ေဆးေက်ာင္းသားဘဝက ပါးခ်ိတ္ေရာင္နာ ျဖစ္ဖူးပါတယ္။ ပထမဆုံး ဘယ္ဘက္တစ္ဘက္ အရင္ျဖစ္တာပါ။ နာလြန္းလို႔ အစာေကာင္းေကာင္း မဝါးႏိုင္။ ဒါေပမယ့္ ပါးခ်ိတ္ေရာင္တာက ဗိုင္းရပ္စ္ပိုးေၾကာင့္ ျဖစ္ႏိုင္တယ္ ထင္လို႔ ကိုယ္ခံအားကို အားျဖည့္ေပးတဲ့အေနနဲ႔ အိပ္ေရးဝဝ အိပ္ ျပီး အစာကို ႀကိတ္မွိတ္စားပါတယ္။ ငါးရက္ေလာက္ အၾကာမွာေတာ့ ညာဘက္ပါးခ်ိတ္ပါ ေရာင္လာပါတယ္။ ေဆးလည္း ေသာက္သလိုအစာလည္း ႀကိတ္မွိတ္စားပါတယ္။ ကြၽန္ေတာ္ သြားစားေနတဲ့ ထမင္းဆိုင္က ကြၽန္ေတာ္ ပါးခ်ိတ္ေရာင္ေနမွန္းမသိေတာ့ ပါးေဖာင္းေဖာင္းနဲ႔ ေကာင္ေလးက ထမင္း အသား ကုန္စားႏိုင္တယ္လို႔ေတာင္ အံ့ၾသတႀကီး ေျပာဖူးပါတယ္။ အဲ့လိုနဲ႔ ႏွစ္ဘက္လုံးေရာင္ၿပီး ၃ရက္အၾကာေလာက္ မွ သက္သာသြားပါတယ္။ ဒါေၾကာင့္ ေျပာ ခ်င္တာက ပါးခ်ိတ္ေရာင္တယ္ဆိုတိုင္း အစာမစားဘဲ မေနပါနဲ႔။ ႀကိတ္မွိတ္ၿပီးစားမွ သက္သာမယ္ဆိုတာကို ေျပာခ်င္တာပါ။
ဒီ Mumps ဗိုင္းရပ္စ္ပိုးက တစ္ေယာက္ကေန တစ္ေယာက္ကို တံေတြးႏွပ္ရည္ေတြကတဆင့္ ေရာဂါပိုးရွိသူနဲ႔ အနီးကပ္ ထိေတြ႕ဆက္ဆံမိရာကေန ကူး စက္ႏိုင္ပါတယ္။ လူတိုင္းမွာ တံေတြးက်ိတ္ဂလင္း ၃ စုံရွိပါတယ္။ အဲ့ဒီ ၃စုံထဲမွာ ပါးခ်ိတ္၊ တံေတြးက်ိတ္၊ (Parotid Gland) က အႀကီးဆုံးျဖစ္ၿပီး နား႐ြက္နဲ႔ ေမး႐ိုးၾကားမွာရွိပါတယ္။ ဒီ Mumps ဗိုင္းရပ္စ္ ပိုးက ပါးခ်ိတ္တံေတြး က်ိတ္ဂလင္းကိုပဲ အဓိက ကူးစက္တာပါ။
Mumps ဗိုင္းရပ္စ္ပိုးကူးစက္ခံရၿပီး ႏွစ္ပတ္အတြင္းမွာ ေရာဂါ လကၡဏာေတြ စျပလာပါတယ္။ အရင္ဆုံး တုပ္ေကြး မိသလို ဖ်ားတတ္ပါတယ္။ ေနာက္ၿပီး ကိုယ္လက္ေတြ ႏုံးေခြမယ္၊ ကိုက္ခဲမယ္၊ ေခါင္းကိုက္မယ္၊ အစာ စားခ်င္စိတ္ ေလ်ာ့သြား တာမ်ိဳးေတြ ျဖစ္လာတတ္ပါတယ္။ ေနာက္ရက္အနည္းငယ္ၾကာရင္ ပါးခ်ိတ္တံေတြးက်ိတ္ပါ ေရာင္လာတတ္ၿပီး အဖ်ားက ၁ဝ၃ ဒီဂရီဖာရင္ဟိုက္ေလာက္အထိ တက္လာတတ္ပါတယ္။ ပါးခ်ိတ္ေရာင္ေနတဲ့အခ်ိန္မွာ Mumps ဗိုင္းရပ္စ္ပိုးက သူမ်ားကို ကူးစက္ဖို႔ အလြယ္ဆုံးပါပဲ။
ဒီ ဗိုင္းရပ္စ္ေၾကာင့္ျဖစ္တဲ့ ပါးခ်ိတ္ေရာင္ေရာဂါျဖစ္လာၿပီဆိုရင္ အနာသက္သာေအာင္၊ အဖ်ားက်ေအာင္ အကိုက္အခဲေပ်ာက္ေဆး၊ အဖ်ားက်ေဆးေတြ ေသာက္လို႔ရပါတယ္။ ဗိုင္းရပ္စ္ပိုးျဖစ္တာေၾကာင့္ ဘက္တီးရီးယား ပဋိဇီဝ ပိုးသတ္ေဆးေတြနဲ႔ သတ္လို႔မရပါဘူး။ ဒါေပမယ့္ ဒီဗိုင္းရပ္စ္ပိုးေၾကာင့္ အစာမစားႏိုင္ဘဲ ကိုယ္ခံအားနည္းေနတဲ့အခ်ိန္ တျခား ဘက္တီးရီးယား ေရာဂါပိုးေတြဝင္လာမွာကို ကာကြယ္တဲ့ အေနနဲ႔ ဘက္တီးရီးယား ပဋိဇီဝပိုးသတ္ေဆးကိုပါ တိုက္ ေကြၽးႏိုင္ပါတယ္။ ေနာက္ၿပီး အဖ်ားေၾကာင့္ ေရဓာတ္ဆုံးရႈံးမႈကို ကာကြယ္ေစႏိုင္ဖို႔အတြက္ ေရမ်ားမ်ား ေသာက္ေပးရပါ မယ္။ စြပ္ျပဳတ္၊ ဒိန္ခ်ဥ္လို သိပ္ဝါးစရာမလိုတဲ့ အာဟာရျပည့္မယ့္ အစားအစာေတြ စားေပးသင့္ပါတယ္။ အက္ဆစ္ဓာတ္ မ်ားတဲ့ အစားအစာေတြနဲ႔ အေဖ်ာ္ယမကာေတြကိုေတာ့ ေရွာင္သင့္ပါတယ္။ ေနာက္ၿပီး အိပ္ေရးဝဝအိပ္မယ္၊ ေလေကာင္း ေလသန႔္ ရွဴမယ္ဆိုရင္ တစ္ပတ္၊ ဆယ္ရက္အၾကာမွာ ပုံမွန္အတိုင္း ေရာဂါသက္သာသြားပါလိမ့္မယ္။
ဒီဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တဲ့ ပါးခ်ိတ္ေရာင္နာ Mumps ဟာ တစ္ခါျဖစ္ၿပီးသြားရင္ တစ္သက္လုံး ျပန္မျဖစ္ႏိုင္ေတာ့ ပါဘူး။ ဒီ Mumps ရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးက ေရာဂါအေနနဲ႔ျဖစ္တဲ့ ရွားတယ္ဆိုေပမယ့္ ရွိပါတယ္။ အထူးသျဖင့္ ေယာက္်ားေလးေတြမွာပါ။ ဘာျဖစ္တာလဲဆိုရင္ ေဝွးေစ့ေတြ (Orchitis) ေရာင္လာတတ္ၿပီး အခန႔္မသင့္ရင္ ကေလးမရတဲ့ အၿမဳံ ျဖစ္သြားတတ္ပါတယ္။ တကယ္လို႔ ေဝွးေစ့ေတြပါ ေရာင္လာၿပီဆိုရင္ ေဝွးေစ့ကို ေရခဲအိတ္ကပ္ေပးတာ၊ အကိုက္အခဲ ေပ်ာက္ေဆးေတြေသာက္တာ၊ ထိုးတာနဲ႔ သက္သာေအာင္ ကုသမႈေပးႏိုင္ပါတယ္။
ေနာက္ဆက္တြဲျဖစ္တတ္တာ ေနာက္တစ္ခုက မုန႔္ခ်ိဳအိတ္ေရာင္တာ (Mumps induced Pancreatitis) ပါ။ ဒါကေတာ့ ယာယီပဲျဖစ္တတ္ပါတယ္။ ဗိုက္ ေအာင့္တာ၊ ပ်ိဳ႕တာ၊ အန္တာမ်ိဳးနဲ႔ လာႏိုင္ပါတယ္။
အဆိုးဆုံးကေတာ့ ဦးေႏွာက္အေျမႇးပါးေရာင္တာ (Meningitis)၊ ဦးေႏွာက္ေရာင္တာ (Encephalitis) ေတြအထိ ျဖစ္သြားတတ္ၿပီး ဒါကို ေပါ့ေပါ့ဆဆနဲ႔ မကုသဘဲထားရင္ အသက္ေသတဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ လူနာဟာ ပါးခ်ိတ္ေရာင္တာကေန မခံမရပ္ႏိုင္ေအာင္ ေခါင္းကိုက္တာ၊ သတိလစ္တာ၊ တက္တာမ်ိဳးျဖစ္လာရင္ေတာ့ အခ်ိန္မဆိုင္းဘဲ နီးစပ္ရာေဆး႐ုံ၊ ေဆးခန္းကိုသြားၿပီး ကုသမႈ ခံယူသင့္ပါတယ္။
ဒီ ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တဲ့ ပါးခ်ိတ္ေရာင္ေရာဂါမျဖစ္ေအာင္ ကာကြယ္ေဆးထိုျခင္းျဖင့္ ကာကြယ္ႏိုင္သလို တစ္ခါ ျဖစ္ဖူးရင္လည္း တစ္သက္လုံး ျပန္မျဖစ္ႏိုင္ေတာ့တာမို႔ အရမ္းႀကီးေၾကာက္စရာေကာင္းတဲ့ ေရာဂါထဲမွာေတာ့ မပါဝင္ပါဘူး။ ဒါေပမယ့္ ေပါ့ေပါ့ဆဆနဲ႔ မကုသဘဲထားရင္ ေနာက္ဆက္တြဲေရာဂါ ေတြျဖစ္လာၿပီး အသက္ဆုံးရႈံးတတ္၊ ၿမဳံတတ္တာမို႔ သတိထားသင့္တဲ့ ေရာဂါတစ္ခုေတာ့ျဖစ္ပါတယ္။
နိဂုံးခ်ဳပ္အေနနဲ႔ေျပာရရင္ ပါးခ်ိတ္ေရာင္တဲ့ အေၾကာင္းရင္းမ်ားစြာထဲက ဒီ Mumps ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တဲ့ ပါးခ်ိတ္ေရာင္နာကိုေတာ့ အေၾကာင္းသိရင္၊ လုပ္သင့္လုပ္ထိုက္တာသိရင္ ေၾကာက္စရာမလိုပါဘူးလို႔ ေျပာၾကားရင္း ကြၽန္ေတာ္ရဲ႕‘ပါးခ်ိတ္ေရာင္နာ မေၾကာက္ပါနဲ႔’ဆိုတဲ့ ေဆာင္းပါးေလးကို နိဂုံးခ်ဳပ္ခြင့္ ျပဳပါခင္ဗ်ာ။
Author: ေဒါက္တာ ေနလင္းေအာင္ (ေပ်ာ္လြယ္), Healthcare Journal, vol 8,no 33 (1.9.17)
(Unicode)
ပါးချိတ်ရောင်နာ (Parotitis) ဆိုတာက ကျွန်တော်တို့လူတွေရဲ့ ပါးချိတ်နှစ်ဘက်အတွင်းမှာရှိတဲ့ တံတွေး ထုတ်ပေးတဲ့ အကျိတ်ဂလင်း (Parotid Salivary Glands) တွေ တစ်ဘက် ဒါမှမဟုတ် နှစ်ဘက်စလုံး ရောင်တာကို ခေါ်ကြတာပါ။ ဒီပါးချိတ်တံတွေးကျိတ်တွေက အများဆုံးရောင်ကြတဲ့ အကျိတ်ဂလင်းတွေ ဖြစ်ပြီး ရောင်ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။
စတက်ဖိုင်လိုကော့ကပ် အောရီးယပ်စ် (Stapylococcus aureus) လို့ခေါ်တဲ့ ဘက်တီးရီးယားပိုး အပါအဝင် အကျိုးပြု ဘက်တီးရီးယား အချို့ကြောင့် လည်း ရောင်တတ်သလို၊ အဆုတ်ပြင်ပတီဘီ (Extrapulmonary Tuberculosis) နဲ့ တီဘီရောဂါကို ဖြစ်စေတဲ့ Mycobacterium Tuberculosisဘက်တီးရီးယားပိုးကြောင့်လည်း ရောင်တတ်ပါတယ်။ အဲ့ဒါအပြင် ကိုယ့်ရဲ့ ကိုယ်ခံအားကြောင့်ဖြစ်တဲ့ Sjogern’s syndrome လို၊ Mikulicz disease လို ရောဂါမျိုး ကြောင့်လည်း ပါးချိတ်ရောင်တတ်သလို တံတွေးကျိတ်ကနေ ထွက်တဲ့ပြွန်မှာ တံတွေးကနေဖြစ်တဲ့ ကျောက် (salivary stone) တွေ၊ ချွဲတွေ ဆို့နေရင် လည်း ရောင်တတ်ပါတယ်။ ဒါပေမယ့် အဖြစ်အများဆုံးက Mumps ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ပါးချိတ်ရောင်နာ (Acute Viral Parotitis, Mumps) ပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီ Mumps ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ပါးချိတ်ရောင်နာအကြောင်းကို ပြောပြပေးပါ့မယ်။
ကျွန်တော် တတိယနှစ်၊ ဆေးကျောင်းသားဘဝက ပါးချိတ်ရောင်နာ ဖြစ်ဖူးပါတယ်။ ပထမဆုံး ဘယ်ဘက်တစ်ဘက် အရင်ဖြစ်တာပါ။ နာလွန်းလို့ အစာကောင်းကောင်း မဝါးနိုင်။ ဒါပေမယ့် ပါးချိတ်ရောင်တာက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်နိုင်တယ် ထင်လို့ ကိုယ်ခံအားကို အားဖြည့်ပေးတဲ့အနေနဲ့ အိပ်ရေးဝဝ အိပ် ပြီး အစာကို ကြိတ်မှိတ်စားပါတယ်။ ငါးရက်လောက် အကြာမှာတော့ ညာဘက်ပါးချိတ်ပါ ရောင်လာပါတယ်။ ဆေးလည်း သောက်သလိုအစာလည်း ကြိတ်မှိတ်စားပါတယ်။ ကျွန်တော် သွားစားနေတဲ့ ထမင်းဆိုင်က ကျွန်တော် ပါးချိတ်ရောင်နေမှန်းမသိတော့ ပါးဖောင်းဖောင်းနဲ့ ကောင်လေးက ထမင်း အသား ကုန်စားနိုင်တယ်လို့တောင် အံ့သြတကြီး ပြောဖူးပါတယ်။ အဲ့လိုနဲ့ နှစ်ဘက်လုံးရောင်ပြီး ၃ရက်အကြာလောက် မှ သက်သာသွားပါတယ်။ ဒါကြောင့် ပြော ချင်တာက ပါးချိတ်ရောင်တယ်ဆိုတိုင်း အစာမစားဘဲ မနေပါနဲ့။ ကြိတ်မှိတ်ပြီးစားမှ သက်သာမယ်ဆိုတာကို ပြောချင်တာပါ။
ဒီ Mumps ဗိုင်းရပ်စ်ပိုးက တစ်ယောက်ကနေ တစ်ယောက်ကို တံတွေးနှပ်ရည်တွေကတဆင့် ရောဂါပိုးရှိသူနဲ့ အနီးကပ် ထိတွေ့ဆက်ဆံမိရာကနေ ကူး စက်နိုင်ပါတယ်။ လူတိုင်းမှာ တံတွေးကျိတ်ဂလင်း ၃ စုံရှိပါတယ်။ အဲ့ဒီ ၃စုံထဲမှာ ပါးချိတ်၊ တံတွေးကျိတ်၊ (Parotid Gland) က အကြီးဆုံးဖြစ်ပြီး နားရွက်နဲ့ မေးရိုးကြားမှာရှိပါတယ်။ ဒီ Mumps ဗိုင်းရပ်စ် ပိုးက ပါးချိတ်တံတွေး ကျိတ်ဂလင်းကိုပဲ အဓိက ကူးစက်တာပါ။
Mumps ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး နှစ်ပတ်အတွင်းမှာ ရောဂါ လက္ခဏာတွေ စပြလာပါတယ်။ အရင်ဆုံး တုပ်ကွေး မိသလို ဖျားတတ်ပါတယ်။ နောက်ပြီး ကိုယ်လက်တွေ နုံးခွေမယ်၊ ကိုက်ခဲမယ်၊ ခေါင်းကိုက်မယ်၊ အစာ စားချင်စိတ် လျော့သွား တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ နောက်ရက်အနည်းငယ်ကြာရင် ပါးချိတ်တံတွေးကျိတ်ပါ ရောင်လာတတ်ပြီး အဖျားက ၁ဝ၃ ဒီဂရီဖာရင်ဟိုက်လောက်အထိ တက်လာတတ်ပါတယ်။ ပါးချိတ်ရောင်နေတဲ့အချိန်မှာ Mumps ဗိုင်းရပ်စ်ပိုးက သူများကို ကူးစက်ဖို့ အလွယ်ဆုံးပါပဲ။
ဒီ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပါးချိတ်ရောင်ရောဂါဖြစ်လာပြီဆိုရင် အနာသက်သာအောင်၊ အဖျားကျအောင် အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးတွေ သောက်လို့ရပါတယ်။ ဗိုင်းရပ်စ်ပိုးဖြစ်တာကြောင့် ဘက်တီးရီးယား ပဋိဇီဝ ပိုးသတ်ဆေးတွေနဲ့ သတ်လို့မရပါဘူး။ ဒါပေမယ့် ဒီဗိုင်းရပ်စ်ပိုးကြောင့် အစာမစားနိုင်ဘဲ ကိုယ်ခံအားနည်းနေတဲ့အချိန် တခြား ဘက်တီးရီးယား ရောဂါပိုးတွေဝင်လာမှာကို ကာကွယ်တဲ့ အနေနဲ့ ဘက်တီးရီးယား ပဋိဇီဝပိုးသတ်ဆေးကိုပါ တိုက် ကျွေးနိုင်ပါတယ်။ နောက်ပြီး အဖျားကြောင့် ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်စေနိုင်ဖို့အတွက် ရေများများ သောက်ပေးရပါ မယ်။ စွပ်ပြုတ်၊ ဒိန်ချဉ်လို သိပ်ဝါးစရာမလိုတဲ့ အာဟာရပြည့်မယ့် အစားအစာတွေ စားပေးသင့်ပါတယ်။ အက်ဆစ်ဓာတ် များတဲ့ အစားအစာတွေနဲ့ အဖျော်ယမကာတွေကိုတော့ ရှောင်သင့်ပါတယ်။ နောက်ပြီး အိပ်ရေးဝဝအိပ်မယ်၊ လေကောင်း လေသန့် ရှူမယ်ဆိုရင် တစ်ပတ်၊ ဆယ်ရက်အကြာမှာ ပုံမှန်အတိုင်း ရောဂါသက်သာသွားပါလိမ့်မယ်။
ဒီဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ပါးချိတ်ရောင်နာ Mumps ဟာ တစ်ခါဖြစ်ပြီးသွားရင် တစ်သက်လုံး ပြန်မဖြစ်နိုင်တော့ ပါဘူး။ ဒီ Mumps ရဲ့ နောက်ဆက်တွဲဆိုးကျိုးက ရောဂါအနေနဲ့ဖြစ်တဲ့ ရှားတယ်ဆိုပေမယ့် ရှိပါတယ်။ အထူးသဖြင့် ယောက်ျားလေးတွေမှာပါ။ ဘာဖြစ်တာလဲဆိုရင် ဝှေးစေ့တွေ (Orchitis) ရောင်လာတတ်ပြီး အခန့်မသင့်ရင် ကလေးမရတဲ့ အမြုံ ဖြစ်သွားတတ်ပါတယ်။ တကယ်လို့ ဝှေးစေ့တွေပါ ရောင်လာပြီဆိုရင် ဝှေးစေ့ကို ရေခဲအိတ်ကပ်ပေးတာ၊ အကိုက်အခဲ ပျောက်ဆေးတွေသောက်တာ၊ ထိုးတာနဲ့ သက်သာအောင် ကုသမှုပေးနိုင်ပါတယ်။
နောက်ဆက်တွဲဖြစ်တတ်တာ နောက်တစ်ခုက မုန့်ချိုအိတ်ရောင်တာ (Mumps induced Pancreatitis) ပါ။ ဒါကတော့ ယာယီပဲဖြစ်တတ်ပါတယ်။ ဗိုက် အောင့်တာ၊ ပျို့တာ၊ အန်တာမျိုးနဲ့ လာနိုင်ပါတယ်။
အဆိုးဆုံးကတော့ ဦးနှောက်အမြှေးပါးရောင်တာ (Meningitis)၊ ဦးနှောက်ရောင်တာ (Encephalitis) တွေအထိ ဖြစ်သွားတတ်ပြီး ဒါကို ပေါ့ပေါ့ဆဆနဲ့ မကုသဘဲထားရင် အသက်သေတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် လူနာဟာ ပါးချိတ်ရောင်တာကနေ မခံမရပ်နိုင်အောင် ခေါင်းကိုက်တာ၊ သတိလစ်တာ၊ တက်တာမျိုးဖြစ်လာရင်တော့ အချိန်မဆိုင်းဘဲ နီးစပ်ရာဆေးရုံ၊ ဆေးခန်းကိုသွားပြီး ကုသမှု ခံယူသင့်ပါတယ်။
ဒီ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ပါးချိတ်ရောင်ရောဂါမဖြစ်အောင် ကာကွယ်ဆေးထိုခြင်းဖြင့် ကာကွယ်နိုင်သလို တစ်ခါ ဖြစ်ဖူးရင်လည်း တစ်သက်လုံး ပြန်မဖြစ်နိုင်တော့တာမို့ အရမ်းကြီးကြောက်စရာကောင်းတဲ့ ရောဂါထဲမှာတော့ မပါဝင်ပါဘူး။ ဒါပေမယ့် ပေါ့ပေါ့ဆဆနဲ့ မကုသဘဲထားရင် နောက်ဆက်တွဲရောဂါ တွေဖြစ်လာပြီး အသက်ဆုံးရှုံးတတ်၊ မြုံတတ်တာမို့ သတိထားသင့်တဲ့ ရောဂါတစ်ခုတော့ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရရင် ပါးချိတ်ရောင်တဲ့ အကြောင်းရင်းများစွာထဲက ဒီ Mumps ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ပါးချိတ်ရောင်နာကိုတော့ အကြောင်းသိရင်၊ လုပ်သင့်လုပ်ထိုက်တာသိရင် ကြောက်စရာမလိုပါဘူးလို့ ပြောကြားရင်း ကျွန်တော်ရဲ့‘ပါးချိတ်ရောင်နာ မကြောက်ပါနဲ့’ဆိုတဲ့ ဆောင်းပါးလေးကို နိဂုံးချုပ်ခွင့် ပြုပါခင်ဗျာ။
Author: ဒေါက်တာ နေလင်းအောင် (ပျော်လွယ်), Healthcare Journal, vol 8,no 33 (1.9.17)