(Zawgyi)
မုတ္ဆိတ္ေမြး ၊ႏႈတ္ခမ္းေမြး ရိတ္ေနရတဲ့ အမ်ိဳးသားေတြ အေနနဲ႔ သိထားသင့္တဲ့ က်န္းမာေရးအေျခအေနတစ္ခုျဖစ္တဲ့ မုတ္ဆိတ္ေမြးနာ အေၾကာင္းေျပာျပပါ့မယ္ ။
မုတ္ဆိတ္ေမြးနာသည္ ေယဘူယ်အားျဖင့္ မႈိပိုးဝင္လို႔ရယ္ ၊အေရျပားေပၚရွိ ဘတ္တီးရီးယားပိုးဝင္လို႔ရယ္ ဆိုၿပီး ၂မ်ိဳး ရွိပါတယ္ ။မႈိပိုးေၾကာင့္ျဖစ္တဲ့ မုတ္ ဆိတ္ေမြးနာသည္ အိမ္ေမြးတိရိစာၦန္ ၊လယ္ယာလုပ္ငန္းဝင္ တိရိစာၦန္ေတြေၾကာင့္ အျဖစ္မ်ားပါတယ္ ။ဘတ္တီးရီးယားပိုးေၾကာင့္ျဖစ္တဲ့ မုတ္ဆိတ္ေမြးနာ သည္မုတ္ဆိတ္ရိတ္နည္း မမွန္လို႔ျဖစ္တာပါ ။မုတ္ဆိတ္ရိတ္တဲ့ အခါ မုတ္ဆိတ္ေမြးေျပာင္ေအာင္ဆိုၿပီး အလိုက္သင့္ မရိတ္ဘဲ အျပန္ျပန္ အလွန္လွန္ ေျပာင္းျပန္လွန္ရိတ္တဲ့အခါ ေမြးညင္းေပါက္ဝေတြဟာ ပိုက်ယ္သြားကာ အေရျပားေပၚက ပိုးေတြဝင္ေရာက္သြားၿပီး အနာျဖစ္ေစပါတယ္ ။အထူးသျဖင့္ အေမြးအမွင္ထူသူေတြ ၊အဆီျပန္တတ္သူေတြမွာ ပိုျဖစ္ပါတယ္ ။
မုတ္ဆိတ္ေမြးနာ ျဖစ္ရင္ ေမြးညင္းေပါက္ေတြ နီရဲလာမယ္ ၊ေရာင္ကိုင္းလာမယ္ ၊ျပည္တည္လာမယ္ ။ျပည္တည္ေမြးညင္းနာေလးေတြ ေပါက္သြားရင္ပါးလႊာတဲ့ အနာေဖးဖတ္ေလးေတြ ေတြ႕ရမယ္ ။ျပည္ဖု အလယ္မွာ အေမြးဟာ ေထာင္ထြက္ေနမယ္ ။အလြယ္တကူပဲ ထိုအေမြးကို ႏုတ္လို႔ရတယ္ ။ေနာက္ၿပီးမုတ္ဆိတ္ေမြးနာဟာ ပူစပ္ပူေလာင္နဲ႔ ယားေနႏိုင္တယ္ ။အေမြးအမွင္ထူသူေတြ ၊အဆီျပန္တတ္သူေတြကေတာ့ မၾကာခဏ ျပန္ျဖစ္တတ္တယ္ ။
အျဖစ္မ်ားတဲ့ေနရာေတြကေတာ့ အေပၚႏႈတ္ခမ္း ၊ေမးေစ့ ၊မ်က္ခုံးမ်က္ေတာင္ ၊ခ်ိဳင္း ၊ဆီးခုံ ၊ေပါင္တို႔ပဲျဖစ္ပါတယ္ ။ဘယ္အခ်ိန္မွာ မိမိ မိသားစု ဆရာဝန္နဲ႔ တိုင္ပင္မလဲဆိုရင္ မုတ္ဆိတ္ေမြးနာသည္ ပိုမ်ား ၊ပိုနာလာကာ မ်က္ခြံေတြပါ ေရာင္လာ ၊မ်က္ေျမႇးပါးေတြပါေရာင္လာရင္ ျပရမယ္ ။
ဘယ္လိုကာကြယ္ၾကမလဲ ။
-မုတ္ဆိတ္ေမြးကို နည္းစနစ္က်က် ရိတ္ပါ ။ေျပာင္ခ်င္ေဇာနဲ႔ အျပန္ျပန္ အလွန္လွန္ နဲ႔ ေျပာင္းျပန္ လွန္မရိတ္နဲ႔ ။
-မုတ္ဆိတ္ရိတ္ဓားကို မွ်မသုံးနဲ႔ ။
-မုတ္ဆိတ္ရိတ္တဲ့အခါ သုံးတဲ့ Foam ေတြ သုံးျခင္းျဖင့္ အေရျပားကို မရွေအာင္ ကာကြယ္ႏိုင္တယ္ ။
-မုတ္ဆိတ္ရိတ္ၿပီးရင္ ေဆးဆပ္ျပာနဲ႔ ေဆးပါ ။
-တိရိစာၦန္မ်ားနဲ႔ လက္ပြန္းတတီး မေနပါနဲ႔ ။တိရိစာၦန္ေတြကို ကိုင္ၿပီးတိုင္း လက္စင္ၾကယ္စြာ ေဆးပါ ။
-ျပည္တည္နာ ျဖစ္ရင္ ပိုးသတ္ေဆးဆပ္ျပာနဲ႔ ေဆးပါ ။
-ပိုတက္စီယမ္ ပါမင္းဂနိစ္ ေဆးရည္လိမ္းပါ ။
-ပိုးသတ္ေဆးေတြ လိမ္းပါ ။
Author : ေခတ္သစ္ ဇီဝက
(Unicode)
မုတ်ဆိတ်မွေး ၊နှုတ်ခမ်းမွေး ရိတ်နေရတဲ့ အမျိုးသားတွေ အနေနဲ့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုဖြစ်တဲ့ မုတ်ဆိတ်မွေးနာ အကြောင်းပြောပြပါ့မယ် ။
မုတ်ဆိတ်မွေးနာသည် ယေဘူယျအားဖြင့် မှိုပိုးဝင်လို့ရယ် ၊အရေပြားပေါ်ရှိ ဘတ်တီးရီးယားပိုးဝင်လို့ရယ် ဆိုပြီး ၂မျိုး ရှိပါတယ် ။မှိုပိုးကြောင့်ဖြစ်တဲ့ မုတ် ဆိတ်မွေးနာသည် အိမ်မွေးတိရိစ္ဆာန် ၊လယ်ယာလုပ်ငန်းဝင် တိရိစ္ဆာန်တွေကြောင့် အဖြစ်များပါတယ် ။ဘတ်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ မုတ်ဆိတ်မွေးနာ သည်မုတ်ဆိတ်ရိတ်နည်း မမှန်လို့ဖြစ်တာပါ ။မုတ်ဆိတ်ရိတ်တဲ့ အခါ မုတ်ဆိတ်မွေးပြောင်အောင်ဆိုပြီး အလိုက်သင့် မရိတ်ဘဲ အပြန်ပြန် အလှန်လှန် ပြောင်းပြန်လှန်ရိတ်တဲ့အခါ မွေးညင်းပေါက်ဝတွေဟာ ပိုကျယ်သွားကာ အရေပြားပေါ်က ပိုးတွေဝင်ရောက်သွားပြီး အနာဖြစ်စေပါတယ် ။အထူးသဖြင့် အမွေးအမှင်ထူသူတွေ ၊အဆီပြန်တတ်သူတွေမှာ ပိုဖြစ်ပါတယ် ။
မုတ်ဆိတ်မွေးနာ ဖြစ်ရင် မွေးညင်းပေါက်တွေ နီရဲလာမယ် ၊ရောင်ကိုင်းလာမယ် ၊ပြည်တည်လာမယ် ။ပြည်တည်မွေးညင်းနာလေးတွေ ပေါက်သွားရင်ပါးလွှာတဲ့ အနာဖေးဖတ်လေးတွေ တွေ့ရမယ် ။ပြည်ဖု အလယ်မှာ အမွေးဟာ ထောင်ထွက်နေမယ် ။အလွယ်တကူပဲ ထိုအမွေးကို နုတ်လို့ရတယ် ။နောက်ပြီးမုတ်ဆိတ်မွေးနာဟာ ပူစပ်ပူလောင်နဲ့ ယားနေနိုင်တယ် ။အမွေးအမှင်ထူသူတွေ ၊အဆီပြန်တတ်သူတွေကတော့ မကြာခဏ ပြန်ဖြစ်တတ်တယ် ။
အဖြစ်များတဲ့နေရာတွေကတော့ အပေါ်နှုတ်ခမ်း ၊မေးစေ့ ၊မျက်ခုံးမျက်တောင် ၊ချိုင်း ၊ဆီးခုံ ၊ပေါင်တို့ပဲဖြစ်ပါတယ် ။ဘယ်အချိန်မှာ မိမိ မိသားစု ဆရာဝန်နဲ့ တိုင်ပင်မလဲဆိုရင် မုတ်ဆိတ်မွေးနာသည် ပိုများ ၊ပိုနာလာကာ မျက်ခွံတွေပါ ရောင်လာ ၊မျက်မြှေးပါးတွေပါရောင်လာရင် ပြရမယ် ။
ဘယ်လိုကာကွယ်ကြမလဲ ။
-မုတ်ဆိတ်မွေးကို နည်းစနစ်ကျကျ ရိတ်ပါ ။ပြောင်ချင်ဇောနဲ့ အပြန်ပြန် အလှန်လှန် နဲ့ ပြောင်းပြန် လှန်မရိတ်နဲ့ ။
-မုတ်ဆိတ်ရိတ်ဓားကို မျှမသုံးနဲ့ ။
-မုတ်ဆိတ်ရိတ်တဲ့အခါ သုံးတဲ့ Foam တွေ သုံးခြင်းဖြင့် အရေပြားကို မရှအောင် ကာကွယ်နိုင်တယ် ။
-မုတ်ဆိတ်ရိတ်ပြီးရင် ဆေးဆပ်ပြာနဲ့ ဆေးပါ ။
-တိရိစ္ဆာန်များနဲ့ လက်ပွန်းတတီး မနေပါနဲ့ ။တိရိစ္ဆာန်တွေကို ကိုင်ပြီးတိုင်း လက်စင်ကြယ်စွာ ဆေးပါ ။
-ပြည်တည်နာ ဖြစ်ရင် ပိုးသတ်ဆေးဆပ်ပြာနဲ့ ဆေးပါ ။
-ပိုတက်စီယမ် ပါမင်းဂနိစ် ဆေးရည်လိမ်းပါ ။
-ပိုးသတ်ဆေးတွေ လိမ်းပါ ။
Author : ခေတ်သစ် ဇီဝက