fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အတူတူ ကုရမယ်

58
VIEWS
03/02/2018
in အထွေထွေရောဂါများအကြောင်း, အမျိုးသားကျန်းမာရေး
1 min read
A A

ကိုလှအောင်တစ်ယောက် မနက် အလုပ်သွားကာနီး ဇနီးသည်အား ညနေ အချိန်ပို ဆင်းရမည်ဟု ပြောကာ အိမ်မှ ထွက်လာခဲ့သည်။

အမှန်က အချိန်ပိုဆင်းရမည်မဟုတ်။ မိန်းမမသိအောင် ညနေပိုင်း ဆေးခန်းသွားပြရန်ဖြစ်သည်။ အခုတလော ကိုလှအောင် တစ်ယောက် အဖြူရည်တွေ ကျနေသည်။ သူငယ်ချင်းတွေနှင့် တိုင်ပင်ကြည့်တော့ ဆီးပူ ညောင်းကျရောဂါရသည်ဟု ပြော ကြသည်။ ဆေးခန်းသွားပြသင့်သည် ဟုလည်း  အကြံပေးသည်နှင့် ညနေပိုင်း  မိန်းမ မသိအောင် ဆေးခန်းသွားပြမည်။

ရပ်ကွက်ထဲက ဆေးခန်းသို့လည်း သွားမပြရဲ။ အသိမိတ်ဆွေ တစ်ယောက်ယောက်နှင့်တွေ့ပြီး မိန်းမအား ပြန်သွားပြောမည်ကိုလည်း ကိုလှအောင်တစ်ယောက် ကြောက်သည်။ ဆေးခန်း ဘာလို့သွားပြသလဲဟု မေးနေလျှင် မိမိမှာ ဖြေစရာ အဖြေမရှိ။ အလုပ်နှင့် နီးသော ဆေးခန်းတွင်လည်း သွားမပြရဲ။ အလုပ်မှ လူများနှင့် ဆေးခန်းတွင် တိုးမည်ကို စိုးရိမ်နေမိသည်။ ထို့ကြောင့် မိမိရပ်ကွက်နှင့် နှစ်ရက်ကွက်လောက် ခြားသော ရပ်ကွက် ဆေးခန်းလေးတစ်ခုတွင် သွားပြမည်ဟု ဆုံးဖြတ်လိုက်သည်။

ညနေ အလုပ်ဆင်းပြီဆိုတာနှင့် ဆေးခန်းသို့ထွက်လာခဲ့သည်။ ဆေးခန်းရှေ့ရှိ လူနာများအား ကြည့်ပြီး ကိုလှအောင်တစ်ယောက် ရင်မောသွားရသည်။ လူနာတွေ ရှင်းချိန် အထိ စောင့်ပြီးမှ ပြမည်ဟုဆုံးဖြတ်ကာ ရပ်ကွက်ထိပ် လက်ဖက်ရည်ဆိုင်သို့ သွားထိုင်နေလိုက်သည်။ ညပိုင်းဆေးခန်းပိတ်ကာနီးမှ ဆေးခန်းသို့ ပြန်လာခဲ့သည်။ လူနာရှင်းနေချိန်ဖြစ်လို့ ဆရာဝန်လေးအား  ရဲရဲတင်း ပြောနိုင်မည်ဖြစ်သည်။

” ကျွန်တော် အခုတလော ဂနိုရောဂါလို့ထင်တယ် ဆရာ။ အဖြူရည်တွေ ကျနေလို့ပါ။  ”

” ဟုတ်ကဲ့ပါ။    ”

”   အဲဒါဆေးသောက်ချင်လို့ပါ ဆရာ ”

” အိမ်ထောင်ရှိလား။ ”

”  ရှိပါတယ်ဆရာ ”

”   အမျိုးသမီးရော ဘာလက္ခဏာ ခံစားနေရလဲ”

”  အဲဒါတော့ ကျွန်တော်လည်းမသိဘူး ဆရာ။  ”

”  တခြား မိန်းမတစ်ယောက်နဲ့ အတူနေမိလား”

”  ပြီးခဲ့တဲ့လတုန်းက ခရီးထွက်ရင်းတော့ အတူနေမိပါတယ် ဆရာ ”

” အဖော် မသုံးဘူးလား  ”

”  ကျွန်တော် မူးနေတာနဲ့ သုံးမိလား မသုံးမိလား မမှတ်မိတော့ ပါဘူးဆရာ။ မသုံးမိဘူးလို့ပဲ ထင်ပါတယ် ”

” တခြား အမျိုးသမီးတွေနဲ့ ဆက်ဆံတဲ့အခါ မှာ အဖော်သုံးသင့်တယ်။ အဲဒီလိုမျိုးမသုံးရင် လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးစက်နိုင်တယ်။ ဂနိုရောဂါနဲ့ ကာလသားရောဂါအပြင် ကြောက်စရာကောင်းတဲ့ ခုခံအားကျဆင်းမှုရောဂါ HIV ပိုးပါ ကူးစက်နိုင်တယ်။ ကိုယ်က အိမ်ထောင်သည် ယောကျာ်းတစ်ယောက်ပဲလေ ဆင်ခြင်ပါ။ မဆင်ခြင်နိုင်ရင် အဖော်အမြဲသုံးပါ။  ကိုယ်က မဆင်ခြင်ရင် ရောဂါ ကူးစက်မယ်။ အဲဒီကတစ်ဆင့် အမျိုးသမီးကို ကူးစက်မယ်။ အဲဒီကတစ်ဆင့် ကိုယ့်ရဲ့ရင်သွေးလေးတွေကိုပါ ရောဂါ ကူးစက်နိုင်တာပါ။ ”

“ဟုတ်ကဲ့ပါဆရာ။ နောက်ကို ဆင်ခြင်ပါမယ်  ”

”  အခုဆေးပေးလိုက်မယ်။  ”

”  ဟုတ်ကဲ့ပါ ဆရာ ”

” အမျိုးသမီးမှာကိုယ်ဝန်ရှိလား  ”

” မရှိပါဘူးဆရာ  ”

” အဲဒါဆိုရင် အမျိုးသမီးအတွက်ပါ ဆေးပေးလိုက်မယ်။ သူ့ကိုလည်း ဆေးတိုက်လိုက်ပါ။  ”

”  ဘာဖြစ်လို့ အမျိုးသမီးကိုပါ ဆေးတိုက်ရမှာလည်း ဆရာ ” ကိုလှအောင်တစ်ယောက် အလန့်တကြား ပြန်မေးလိုက်သည်။ အမျိုးသမီး မသိအောင် ဆေးခန်းကို လာပြပါသည်ဆိုမှ ဆရာဝန်မှ အမျိုးသမီးကို ဆေးတိုက်ခိုင်းနေသည်။

” အခု ခင်ဗျားမှာ ဂနိုရောဂါဖြစ်နေတယ်ဆိုတော့ ခင်ဗျားမိန်းမမှာလည်း ဒီရောဂါပိုးက ရှိနေမှာပဲ။ ခင်ဗျားတစ်ယောက်တည်း ကုလို့မရဘူး။ ခင်ဗျားမိန်းမကို မကုပဲထားရင် ခင်ဗျားဆေးသောက်လည်း အပိုပဲ။ ခင်ဗျားမိန်းမ ဆီက ပြန်ကူးနိုင်တယ်။ ဒီလိုရောဂါမျိုးက ကုမယ်ဆိုရင် လင်မယားနှစ်ယောက်စလုံး တပြိုင်နက်ထဲကုရတာမျိုးပါ။ နှစ်ယောက်စလုံး ရောဂါပျောက်သွားအောင်ပါ။ ခင်ဗျားတစ်ယောက်ထဲ ကုလို့တော့ မရဘူး  ”

” သူဘာရောဂါ လက္ခဏာ မှ မပြဘူးထင်တယ် ဆရာ။ သြော် မေ့နေလို့ အဖြူတော့ ဆင်းတယ်လို့ပြော ပြောနေတယ်  ”

” အေးပေါ့ အမျိုးသမီးက မသိနားမလည်လို့ထင်ပါတယ်။ ဆေးတော့ လင်မယားနှစ်ယောက်စလုံး အတူသောက်မှ ဖြစ်မယ်နော် ”

“အမျိုးသမီးကို မတိုက်လို့ မဖြစ်ဖူးလား ဆရာ   ”

ကိုလှအောင်တစ်ယောက် ဆရာဝန်အား ဈေးဆစ်မိသည်။

” အဲဒါဆိုရင် ခင်ဗျားမိန်းမ အပေါ်ကို မတရားရာ ကျမှာပေါ့။ ”

” ကျွန်တော် အမျိုးသမီးကို မပြောရဲဘူးဆရာ။  ”

” ဟာ မပြောရဲလို့ ဘယ်ဖြစ်မလဲ။  ”

”   ဆရာ ပြောပေးပါလား ဆရာ။ ကျွန်တော် ဆရာ့ဆီခေါ်လာခဲ့ပါမယ်။” ကိုလှအောင်တစ်ယောက် ဆရာဝန်လေး အား တောင်းပန်လိုက်သည်။

“အိုကေ ဆက်ဆက် ခေါ်ခဲ့နော်။ ဒီလိုမျိုးရောဂါမျိုးက ကြောက်ဖို့ကောင်းတယ်။ ခင်ဗျား အမျိုးသမီးကို မကုပဲထားရင် နောင် အမျိုးသမီးမှာ နောက်ဆက်တွဲ ပြသနာတွေ ဖြစ်နိုင်တယ်။  နောက်ဆုံး အနေနဲ့ ကလေးမရနိုင်တာမျိုးအထိဖြစ်နိုင်တယ်။ ဒါကြောင့် အမျိုးသမီးကို ခေါ်လာခဲ့ပါ။ ကျွန်တော် သေချာရှင်းပြပေးပါမယ်။  ”

“ဟုတ်ကဲ့ပါဆရာ ”

” ခေါ်လာခဲ့ဖို့က ခင်ဗျားတာဝန်။ ခင်ဗျားမိန်းမကို ဆေးသောက်ဖို့ ရောဂါအကြောင်းရှင်းပြပေးဖို့ က ကျွန်တော့ တာဝန်ထား။ ဟုတ်ပြီလား ” ဆရာဝန်လေးမှ ကိုလှအောင်အား အမျိုးသမီးကို သေချာခေါ်လာခဲ့ဖို့ မှာနေသည်။

”  ဟုတ်ကဲ့ပါဆရာ ”

ကိုလှအောင်တစ်ယောက် မိန်းမအားပြောရန် စကားလုံးများ ရှာမတွေ့သေး။

”  ဟူး ” လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ ဆောင်းသန်းခေါင်ယံ အချိန်တွင် ကိုလှအောင်တစ်ယောက်ချွေးများ စို့လျှက်။

Author : Dr. အေးချမ်းမိုး

Previous Post

သခွားသီးအကြောင်း သိကောင်းစရာ

Next Post

မိခင်နို့တိုက်ကျွေးခြင်း အပိုင်း- ၁

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
829
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
841
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိခင်နို့တိုက်ကျွေးခြင်း အပိုင်း- ၁

မိခင်နို့တိုက်ကျွေးခြင်း အပိုင်း- ၂

Valentine Day (ကြားလေသွေးရင်တောင် ဝေးတယ် ထင်တယ်)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.