fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

မနက်အိပ်ရာထရင် နှာခေါင်းပိတ်ပိတ်နေတာ ဘာကြောင့်လဲ ?

692
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/02/2022
in အထွေထွေရောဂါများအကြောင်း, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

တချို့လူတွေမှာ မနက်အိပ်ရာထချိန်ကြုံရတဲ့ ပြဿနာတစ်ခုကတော့ နှာခေါင်းပိတ်ခြင်း ဝေဒနာပဲဖြစ်ပါတယ်။ နေမကောင်းမဖြစ်တဲ့ သာမန်အချိန်တွေမှာလည်း မနက်အိပ်ရာထ နှာခေါင်းပိတ်တာခံစားရခြင်းဟာ စိတ်အနှောင့်အယှက် ဖြစ်စရာပဲ ဖြစ်ပါတယ်။ နှာခေါင်းပိတ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဲဒီအကြောင်းအရင်းတွေထဲက မိမိကြုံတွေ့ရတဲ့ အခြေအနေတွေကိုသိရင် မနက်အိပ်ရာထနှာခေါင်းပိတ်ခြင်း မဖြစ်အောင် ပြောင်းလဲနေထိုင်လို့ ရနိုင်ပါတယ်။

မနက်အိပ်ရာထ နှာခေါင်းပိတ်ခြင်းကို အများဆုံးဖြစ်စေတဲ့အကြောင်းအရင်းမှာ ဓာတ်မတည့်မှုဖြစ်စတဲ့အရာများ Allergens ဖြစ်ပါတယ်။၂၀၀၆ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ သုတေသနလေ့လာချက်အရ လူတွေ ၇၄% ခန့်မှာ ညဘက်အိပ်စက်ချိန်မှာ မိမိအခန်းတွင်းရှိ ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာဝတ္ထု ၃-၆ မျိုးနဲ့ ထိတွေ့မှုရှိနေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ မိမိအခန်းတွင်းရှိ အသုံးအဆောင်တွေ၊ အိပ်ရာ၊ အခင်း၊ စောင်၊ ခေါင်းအုံးစတဲ့ အသုံအဆောင်တွေမှာ ကပ်နေတဲ့ ဖုန်မှုန့်တွေဟာ အသက်ရှူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ပြီး ဓာတ်မတည့်ခြင်းဖြစ်၍ နှာခေါင်းပိတ်တတ်ပါတယ်။

နွေဦးနဲ့မိုးရာသီတို့မှာ ရာသီအလိုက်ပွင့်တဲ့ပန်းတွေရဲ့ ဝတ်မှုန်၊ ဝတ်ဆံတွေကြောင့် ဓာတ်မတည့်မှုဖြစ်ပြီး ခန္ဓာကိုယ်မှ  Histamine ကဲ့သို့သော ဓာတုပစ္စည်းတွေကို ထုတ်လွှတ်ပြီး နှာပိတ်ခြင်းဖြစ်တတ်ပါတယ်။ မိမိနေအိမ်အခန်းတွေ၊ ရေချိုခန်း၊ ဘေစင်၊ ရေဆင်းပိုက်၊ ပရိဘောဂတွေ၊ အမှိုက်ပုံး၊ စိုစွတ်တဲ့နေရာတွေမှာ မှိုများပေါက်ဖွားမှုမရှိအောင် ဂရုပြုသင့်ပါတယ်။ မှိုတွေဟာ ဓာတ်မတည့်ရောင်ရမ်းပြီး နှာပိတ်ခြင်းကိုဖြစ်စေနိုင်တာကြောင့် နေအိမ်သန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

မိမိအိမ်မှာမွေးထားတဲ့ ခွေး၊ ကြောင်၊ ငှက်ကဲ့သို့သော အိမ်မွေးတိရစ္ဆာန်တွေရဲ့ အမွေးအမျှင်တွေ ကပ်ပါလာတဲ့ ဖုန်နဲ့ သဲတွေ၊ ပိုးမွှားတွေဟာလည်း နှာပိတ်ခြင်းကိုဖြစ်စေတတ်ပါတယ်။ ဒါကြောင့် အိမ်မွေးတိရစ္ဆာန်တွေကို မိမိအိပ်ရာပေါ်မှာအတူသိပ်ခြင်းကို ရှောင်ကြဉ်ခြင်း၊ ပုံမှန်ရေချိုးသန့်စင်ပေးခြင်းတို့ ပြုလုပ်သင့်ပါတယ်။

အမျိုးသမီးများ ရာသီလာချိန်နဲ့ ကိုယ်ဝန်ဆောင်ချိန်တို့မှာထွက်တဲ့ ဟော်မုန်းတွေကြောင့် မနက်အိပ်ရာထနှာပိတ်ခြင်း ဖြစ်တတ်ပါတယ်။ အက်ဆစ်အချဉ်ပြန်တဲ့ စားချဉ်ပြန်ရောဂါခေါ် (Gastro-esophageal Reflux Disease-GERD) ရောဂါခံစားနေရသူတွေမှာလည်း အသက်ရှူလမ်းကြောင်းကို လှုံဆော်မှုကြောင့် နှာခေါင်းပိတ်တတ်ပါတယ်။ အလားတူ ခြင်ဆေး၊ အမွှေးတိုင်၊ ဆေးလိပ်ငွေ့နဲ့ မီးခိုးငွေ့များကြောင့်လည်း နှာခေါင်းပိတ်ခြင်း ပြဿနာကြုံတွေ့ရနိုင်ပါတယ်။

အိမ်မွေးတိရစ္ဆာန်အမွးတွေ၊ မှိုတွေ၊ ဖုန်မှုန့်၊ ပန်းဝတ်မှုန်ကဲ့သို့ အမှုန်တွေ မရှိအောင် အိမ်ခန်းတွေကို နေ့စဉ်သန့်ရှင်းပေးရပါမယ်။ သေချာသန့်စက်လျှော်ဖွတ်ပြီး အိပ်ရာခင်းအသုံးအဆောင်တွေကို အနည်းဆုံးတစ်ပတ်တစ်ခါ ပုံမှန်လဲပေးသင့်ပါတယ်။ ပြတင်းတံခါးအနီးမှာ ပန်းဝတ်မှုန်တွေရှိပါက လေတိုက်လျှင် လွှင့်၍မပါလာအောင် တံခါးတွေပိတ်ထားသင့်ပါတယ်။

လေထုရဲ့အစိုဓာတ်ပမာဏကို ထိန်းညှိပေးပြီး လေသန့်စင်ပေးနိုင်တဲ့အစိုဓါတ်ထိန်းစက် Humidifier ကို မိမိအနီးအနားမှာ ဖွင့်၍အသုံးပြုပေးပါ။ ယူကလစ်ဆီကဲ့သို့သော အသက်ရှုလမ်းကြောင်းအတွက် ကောင်းမွန်တဲ့ အာနိသင်ရှိအဆီအနည်းငယ်ထည့်ပြီးအသုံးပြုနိုင်ပါတယ်။ မနက်အိပ်ရာထလျှင် နှာခေါင်းသန့်စင်တဲ့အခါ ဆားရည်သုံးပေးခြင်း၊ Neti Pot ခေါ် နှာခေါင်းဆေး အသုံးအဆောင်အိုးသုံး၍ ဆေးပေးခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ အထက်ပါ အိမ်တွင်းနည်းလမ်းများဖြင့် နှာခေါင်းပိတ်ခြင်းဝေဒနာ မသက်သာခဲ့လျှင် ကျန်းမာရေးပညာရှင် ဆရာဝန်တို့နှင့် ဆွေးနွေးတိုင်ပင်ပြီး ကုသမှု၊ နေထိုင်မှုပုံစံပြောင်းလဲခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

Author: Dr. Yee Mon

Previous Post

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

Next Post

သတိပြုစရာ ပန်းနာရင်ကျပ်ရောဂါလက္ခဏာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
865
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သတိပြုစရာ ပန်းနာရင်ကျပ်ရောဂါလက္ခဏာ

ကော်ဖီအလွန်အကျွံသောက်ခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာဖြစ်တတ်တဲ့ နာတာရှည်ချောင်းဆိုးရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.