fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများကင်းဝေးစေရန်

402
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/02/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများကင်းဝေးစေရန်

လူတိုင်းလူတိုင်း ရောဂါများကင်းရှင်းပြီး၊ စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်ဝမှသာ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေးနှင့် အခြားကိစ္စအဝဝများကို ဆောင်ရွက်နိုင်ပါမည်။ ထိုနည်းအတူ နား၊ နှာခေါင်းနှင့် လည်ချောင်းဆိုင်ရာ အစိတ်အပိုင်းများသည်လည်း ရောဂါသန့်ရှင်း၊ ကျန်းမာခြင်းနှင့် ပြည့်စုံရန် လိုအပ်ပါသည်။ လူတိုင်းသတိမမူမိသော နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများ ကင်းဝေးစေရန် ဆောင်ရွက်ရပါမည်။

(၁) နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများနား၊ နှာခေါင်း၊ လည်ချောင်းရောဂါများနှင့် ပတ်သက်၍ မြောက်မြားစွာ ရှိပါသည်။ ရောဂါအများစုသည် ပတ်ဝန်းကျင်မှတစ်ဆင့် ဖြစ်ပေါ်လာတတ်ပြီး ရောဂါ၏ သဘာဝကို သိရှိနားလည်ပြီး ကြိုတင်ကာကွယ်နိုင်ပါသည်။ အချို့ရောဂါများသည် မွေးရာပါရောဂါများဖြစ်ပြီး ခန္ဓာကိုယ်တွင်းဓာတ်ချို့ယွင်းခြင်းကြောင့် ဖြစ်ပေါ်လာ၍ ကြိုတင်ကာကွယ်၍ မရပါ။ နား၊ နှာခေါင်း၊ လည်ချောင်းသည် ခန္ဓာကိုယ်၏ ဒွာရ (၉)ပေါက်နှင့် ဆက်နွယ်နေသောကြောင့် ရောဂါပိုးများ အချိန်မရွေး ဝင်နိုင်ပါသည်။ ၎င်းမှတစ်ဆင့်အခြား ကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ ရောဂါပျံ့နှံ့နိုင်ပြီး ကျန်းမာရေးကိုများစွာ ထိခိုက်နိုင်ပါသည်။

 

(၂) နားရောဂါများနားရောဂါများမှာ နားကိုက်ခြင်း၊ နားလေးခြင်း၊ နားလေထွက်ခြင်း၊ နားပြည်ယိုခြင်းနှင့် နားကြောင့် မူးဝေခြင်းတို့ဖြစ်ပြီး အဖြစ်များသော ရောဂါများဖြစ်ပါသည်။နားကိုက်ခြင်းသည် ကြိုတင်ကာကွယ်၍ရသော ဝေဒနာတစ်ခုဖြစ်ပါသည်။ နားကိုထိခိုက်ဒဏ်ရာရခြင်း၊ နားအုံတွင် အနာပေါက်ခြင်း၊ ရောင်ရမ်းခြင်း၊ နားကော်ခြင်း၊ မသန့်ရှင်းသောလက်ဖြင့် ထိုးခြင်း၊ ရေဝင်ခြင်းနှင့် သြင်္ကန်အချိန်အခါတွင် ထိခိုက်ခံရခြင်းတို့ကြောင့် နားကိုက်တတ်ပါသည်။နားလေးခြင်းနှင့် နားလေထွက်ခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါသည်။ နားလေးပါက ကလေးသူငယ်များတွင် စာသင်ရန် ခက်ခဲခြင်း၊ စကားပြောထိုင်းခြင်း၊ အလုပ်လုပ်ရာတွင် ခက်ခဲခြင်း၊ လူမှုဆက်ဆံရာတွင် လူရာမဝင်ခြင်းနှင့် စိတ်ဓာတ်ကျဆင်းခြင်းများ ခံစားရနိုင်ပါသည်။ နားလေးရောဂါသည် မွေးရာပါဖြစ်တတ်သော်လည်း စောစီးစွာကုသပါက လူညွန့်တုံးခြင်းမှ ကာကွယ်နိုင်ပါသည်။ ဆရာဝန်ညွန်ကြားချက် မပါသော ပဋိဇီဝဆေးအပြင်းများကြောင့် နားလေးတတ်ခြင်းများလည်း ရှိပါသည်။ နားပြည်ယိုရောဂါနှင့် နားတွင်းအရည်စုရောဂါများကြောင့် နားလေးတတ်ပါသည်။ နှာစေး၊ ချောင်းဆိုး၊ အအေးပတ်ရာမှ နားပြည်ယိုရောဂါနှင့် နားတွင်းအရည်စုရောဂါ ရနိုင်ပါသည်။နားပြည်ယိုရောဂါနှင့် နားတွင်အရည်စုရောဂါများကို မကုသပဲထားပါက နားလေးတတ်ပါသည်။ အချို့သော လူနာများတွင် နားမှ ဦးနှောက်သို့ ရောဂါပျံ့နှံ့သွားပြီး အသက်ဆုံးရှုံးတတ်ပါသည်။ လသားကလေးအရွယ်တွင် နို့အန်ရာမှ အန်ဖတ်များ နားလေပြွန်ပိတ်ဆို့ခြင်းကြောင့် ဖြစ်တတ်သည်ကို သတိထားရပါမည်။

 

(၃) နားရောဂါများ မဖြစ်စေရန် ဆောင်ရွက်ခြင်းနားရောဂါများ မဖြစ်စေရန် ကြိုတင်ကာကွယ်နိုင်ပါသည်။ နားကို ထိခိုက်ဒဏ်ရာမရရှိစေရန် ဂရုစိုက်ရပါမည်။ အနာမဖြစ်စေရန်လည်း သတိထားရပါမည်။ မသန့်ရှင်းသောပစ္စည်းများနှင့် နားကော်ခြင်း မပြုလုပ်သင့်ပါ။ ဆရာဝန်ညွှန်ကြားသည့်ဆေးနှင့် အညွှန်းကို တိကျစွာ မလိုက်နာပါက အာရုံကြောထိခိုက်ပြီး နားလေးတတ်သည်ကို သတိထားရပါမည်။ နှာစေး၊ ချောင်းဆိုး၊ အအေးပတ်ရောဂါ မဖြစ်စေရန် နွေးထွေးစွာနေရပါမည်။ ရေချိုးဆင်ခြင်ရပါမည်။ နှာစေး၍ နှပ်ကို နှာခေါင်းပေါက် နှစ်ဖက်စလုံးပိတ်ပြီး မညှစ်သင့်ပါ။ နှပ်ညှစ်လျှင် နှာခေါင်းပေါက် တစ်ပေါက်တည်းကိုသာ လက်နှင့်ပိတ်ပြီး ကျန်တစ်ပေါက်မှ ဖြည်းညှင်းစွာ ညှစ်ထုတ်သင့်ပါသည်။ လသားကလေးအရွယ် ကလေးများ နို့အန်ပါက ကလေးခေါင်းကို အရှေ့သို့ငုံ့ပေးခြင်းဖြင့် အန်ဖတ်ပိတ်ဆို့ခြင်းကို ကာကွယ်နိုင်ပြီး နားပြည်ယိုရောဂါလည်း မဖြစ်ပွားနိုင်ပါ။ နားပြည်ယိုရောဂါနှင့် နားလေးရောဂါများ ဖြစ်ပါက စောစီးစွာ တတ်ကျွမ်းနားလည်သော နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်များနှင့် ပြသရပါမည်။ ကလေးစကားပြောနောက်ကျခြင်းသည် နားရောဂါနှင့် ဆက်နွယ်တတ်၍ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံသို့ ပြသရပါမည်။ ဆူညံသံကြောင့် နားရောဂါဖြစ်တတ်၍ ကြိုတင်ကာကွယ်ရပါမည်။

 

(၄) နှာခေါင်းရောဂါများနှာစေး၊ ချောင်းဆိုး၊ အအေးပတ်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ရက်ပိုင်းအတွင်း ပျောက်ကင်းသွားနိုင်ပါသည်။ သို့ရာတွင် ထိရောက်စွာမကုသပဲထားပါက နားရောဂါများ၊ ထိပ်ကပ်နာရောဂါနှင့် လည်ချောင်းရောဂါများ ဖြစ်တတ်ပါသည်။ထိပ်ကပ်နာရောဂါ၊ နှာပုပ်ရောဂါနှင့် နှာချေရောဂါများသည် နာတာရှည်နှာခေါင်းရောဂါများ ဖြစ်ပါသည်။ နှာစေး၊ ချောင်းဆိုး၊ အအေးပတ်ခြင်း ပတ်ဝန်းကျင် ညစ်ညမ်းခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းမှုနည်းခြင်းကြောင့် ဖြစ်တတ်ပါသည်။

 

(၅) နှာခေါင်းရောဂါများ မဖြစ်စေရန် ဆောင်ရွက်ခြင်းနှာခေါင်းရောဂါများ မဖြစ်စေရန် ကိုယ်ခံအားကောင်းအောင် အာဟာရပြည့်ဝသော အစားအစာများ စားပေးရပါမည်။ လူထူထပ်သည့်နေရာကို ရှောင်ကြဉ်ရပါမည်။ မရှောင်နိုင်ပါက နှာခေါင်းစည်းကို အသုံးပြုရပါမည်။ ကြာရှည်စွာ အအေးမိခြင်း မဖြစ်စေရန် နေထိုင်ရပါမည်။ ရောဂါဖြစ်လာပါက အနားယူရပါမည်။ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် ပြသရပါမည်။ နှပ်ညှစ်ရာတွင်လည်း မှန်ကန်သော နှပ်ညှစ်နည်းအတိုင်း အသုံးပြုရပါမည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းရပါမည်။ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ရပါမည်။ ရောဂါဖြစ်ပါက နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်များနှင့် တိုင်ပင်ပြသရပါမည်။

 

(၆) လည်ချောင်းရောဂါများပြည်သူလူထုအတွင်း အများဆုံးဖြစ်တတ်သော လည်ချောင်းရောဂါများမှာ လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်း၊ အသံဝင်ခြင်းနှင့် လည်ချောင်းကင်ဆာတို့ဖြစ်ပါသည်။ လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်း၊ အသံဝင်ခြင်း စသောရောဂါများသည် ခံတွင်း မသန့်ရှင်းခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် နှာခေါင်းရောဂါများကြောင့် ဖြစ်တတ်ပါသည်။လည်ချောင်းရောဂါသည် ကွမ်းစားခြင်း၊ ဆေးဝါးခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းတို့ကြောင့်လည်း ဖြစ်တတ်ပါသည်။ လည်ချောင်းကင်ဆာရောဂါ ပိုမိုဖြစ်တတ်ပါသည်။ လည်ချောင်းကင်ဆာရောဂါသည် အသက်အရွယ် မရွေးကို ဖြစ်စေနိုင်ပါသည်။ အသံပြွန်လမ်းကြောင်း၊ အသက်ရှူပြွန်လမ်းကြောင်းနှင့် အစာပြွန်လမ်းကြောင်းကို ပိတ်ဆို့ထိပါးစေပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်သော ရောဂါဖြစ်ပါသည်။လည်ချောင်းကင်ဆာ ရောဂါလက္ခဏာများမှာ အသံဝင်ခြင်း၊ လည်ချောင်းတွင် ခုလုခုလုဖြစ်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ အစာမျိုရန်ခက်ခဲခြင်း၊ လည်ပင်းတွင် အကျိတ်သေးသေးလေးများ စတင်ထွက်ခြင်းတို့ ဖြစ်ပါသည်။

 

(၇) လည်ချောင်းရောဂါ မဖြစ်စေရန် ဆောင်ရွက်ခြင်းလည်ချောင်းရောဂါ မဖြစ်စေရန် ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ရပါမည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းရပါမည်။ နှာခေါင်းရောဂါများဖြစ်ပါက စနစ်တကျ ကုသရပါမည်။ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငုံ့ခြင်းနှင့် အရက်သောက်ခြင်းကို ရှောင်ကြဉ်ရပါမည်။ လည်ချောင်းရောဂါများ ဖြစ်ပါက တတ်ကျွမ်းနားလည်သော နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်များနှင့် ပြသရပါမည်။

 

(၈) အကြံပြုချက်နား၊ နှာခေါင်း၊ လည်ချောင်းများဆိုင်ရာ အစိတ်အပိုင်းများ ရောဂါဘယ ကင်းဝေးမှသာလျှင် တစ်ကိုယ်လုံး ကျန်းမာနိုင်ပါသည်။ ရောဂါတစ်ခုချင်းအလိုက် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားရပါမည်။ ကျန်းမာရေးဝန်ထမ်းများသာမက ပြည်သူတစ်ရပ်လုံးအနေဖြင့် နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများ ကင်းဝေးစေရန် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။

Author: ဒေါက်တာကောင်းစံ, Healthcare Journal, Vol 9,no 1 (5.1.18) 8

Previous Post

ကလေးမရသော အကြောင်းရင်းများ

Next Post

နှစ်သစ် စိတ်သစ် အကျင့်သစ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
828
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
840
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နှစ်သစ် စိတ်သစ် အကျင့်သစ်

မျှော်တော်ယောင်

သည်းခြေကျောက်အကြောင်း သိကောင်းစရာ အပိုင်း(၂)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.