fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ကလေးမရသော အကြောင်းရင်းများ

239
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/02/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

ကလေးမရသော အကြောင်းရင်းများ

အမျိုးသားနှင့် အမျိုးသမီး ဖူးစာစုံ၍ အိမ်ထောင်ပြုပြီး လင်မယားဖြစ်သွားပေမယ့် ကလေး မရခြင်း (သို့မဟုတ်) ကိုယ်ဝန်မရှိခြင်းများ ရှိနေတတ်ပါသည်။ အမျိုးသားတွင် ချို့ယွင်းချက်ရှိသကဲ့သို့ အမျိုးသမီးတွင်လည်း ချို့ယွင်းချက် ရှိနိုင်ပါသည်။ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးစလုံးတွင်လည်း ချို့ယွင်းချက် ရှိတတ်ပါသည်။ အမျိုးသမီးတွင် မမျိုးဥ မကြွေခြင်းဖြစ်တတ်သကဲ့သို့ အမျိုးသားတွင် သုတ်မထွက်ခြင်း စသည့်မွေးရာပါချို့ယွင်းချက်ကြောင့် ကလေးမရနိုင်ဖြစ်တတ်ပါသည်။ လူ့ဘဝ နေထိုင်မှုပုံစံ (Life Style) များကြောင့်လည်း ကလေးမရနိုင်ဘဲ ဖြစ်တတ်ပါသည်။
(၁) မျိုးရိုးဗီဇ
အမျိုးသားနှင့် အမျိုးသမီး (လင်နှင့်မယား)တွင် ကလေးမရနိုင်သော မျိုးရိုးလိုက်ရောဂါများ ရှိပါက ကလေးမရနိုင်ပါ။ ၎င်းတို့၏ ညီအစ်ကို၊ ညီမ၊ အစ်မ ဆွေမျိုးရင်းချာများတွင် ကလေးရပါက အချိန်တန် အိမ်ထောင်ပြုသောအခါတွင် ကလေးရနိုင်ပါသည်။
(၂) အမျိုးသမီး၏ ကျန်းမာရေး
အမျိုးသမီးတွင် သားအိမ်ခေါင်းမှ သွေးဆင်းခြင်း၊ သားအိမ်တွင် အလုံး၊ အကျိတ်ရှိခြင်းနှင့် မွေးလမ်းကြောင်း မကောင်းပါက ကလေးမရနိုင် ဖြစ်တတ်ပါသည်။ ကျန်းမာရေးကောင်းမှသာ ကလေးရရန် အခွင့်အရေးများပါသည်။
(၃) သန္ဓေတားနည်းများ အသုံးပြုခြင်း
ကိုယ်ဝန်မရစေရန် သန္ဓေတားနည်းအမျိုးမျိုးကို အသုံးပြုကြပါသည်။ သန္ဓေတားဆေး စားသုံးခြင်း၊ သန္ဓေတား ထိုးဆေးသုံးခြင်း၊ စားဆေးထိုးဆေး မည်သည့်ဆေးမှ မသုံးခြင်း (အမျိုးသမီးများ မျိုးဥကြွေပြီး ကိုယ်ဝန်ရှိနိုင်သောရက်ကို တွက်ချက်ပြီး ရက်ရှောင်ခြင်း၊ သုတ်ပိုးကို မိန်းမကိုယ်ထဲ မဝင်စေဘဲ အပြင်ထုတ်ခြင်း၊ သုတ်ရည်ထွက်သော်လည်း အတွင်းထဲ မရောက်စေရန် ကွန်ဒုံးကို အသုံးပြုခြင်း၊ အမျိုးသမီးဒ သားအိမ်ဝတွင် သားအိမ်ခေါင်းဦးထုပ်ကို သုံးခြင်း) သားအိမ်ထည့်ပစ္စည်း အသုံးပြုခြင်းနှင့် အရေပြားအောက်ဆေးချောင်းသွင်းခြင်းတို့ ပြုလုပ်ခြင်းကြောင့် ကလေးမရနိုင်ဖြစ်ကြပါသည်။ အချို့သော အမျိုးသားနှင့် အမျိုးသမီး (လင်နှင့်မယား)တို့သည် တစ်ဦးကိုတစ်ဦး အသိမပေးဘဲ သန္ဓေတားကြပါသည်။ သန္ဓေတားနည်းများကို အသုံးမပြုမှသာ ကလေးရနိုင်ပါမည်။
(၄) အိပ်စက်ခြင်း
အမျိုးသားနှင့် အမျိုးသမီးများသည် အကြောင်းအမျိုးမျိုးပြပြီး ခွဲအိပ်ပါက ကလေးမရနိုင်ဖြစ်တတ်ပါသည်။ လင်နှင့်မယား အတူနေပြီး တစ်ပတ်လျှင် အနည်းဆုံး (၂) ကြိမ်ခန့် လိင်ဆက်ဆံမှသာ ကလေးရနိုင်ပါမည်။
(၅) ကိုယ်အလေးချိန်ပေါ်တွင် မူတည်ခြင်း
အမျိုးသားနှင့် အမျိုးသမီး (၂)ဦးစလုံး ပိန်လွန်းခြင်း၊ ဝလွန်းခြင်းသည် ကလေးမရနိုင် ဖြစ်တတ်ပါသည်။ မိမိ၏ အသက်အရွယ်၊ အရပ်အမောင်းနှင့် သင့်တော်သော ကိုယ်အလေးချိန်ရှိမှသာ ကလေးရနိုင်ပါမည်။
(၆) ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်စားခြင်း
အချို့သော အမျိုးသားနှင့် အမျိုးသမီးများသည် မလိုအပ်ဘဲ အသားရှောင်ခြင်း၊ အဆီရှောင်ခြင်း၊ ကြက်ဥ၊ နွားနို့နှင့် အသားငါးများကို မစားခြင်းကြောင့် ကလေးမရနိုင်ဘဲ ဖြစ်တတ်ပါသည်။ ခန္ဓာကိုယ်အတွက် လိုအပ်သော ကစီဓာတ်၊ အသားဓာတ်နှင့် အဆီဓာတ်များသာမက သတ္တုဓာတ်၊ ရေနှင့် ဗီတာမင်များ ညီမျှစွာပါသော အာဟာရပြည့်ဝသည့် အစားအသောက်များကို စားမှသာ ကလေးရနိုင်ပါသည်။
(၇) ကျန်းမာရေးနှင့် မညီညွတ်သော အလုပ်များပြုလုပ်ခြင်း
ဓာတုပစ္စည်းများ (ဥပမာ – အနုမြူဓာတ်ကြွယ်ဝပစ္စည်း၊ ခဲနှင့်ပြဒါးတို့ဖြင့် အလုပ်လုပ်ပါက ကလေးမရနိုင် ဖြစ်တတ်ပါသည်။ အပူထဲတွင် အလုပ်လုပ်ရခြင်းနှင့် စိတ်ပူပန်သော အလုပ်လုပ်ရခြင်းကြောင့်လည်း ကလေးရရန်ခက်ခဲတတ်ပါသည်။ ထို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော အလုပ်ကိုလုပ်ရန် လိုအပ်ပါသည်။
(၈) ကော်ဖီ၊ လက်ဖက်ရည်သောက်ခြင်း
အမျိုးသားများသည် ကော်ဖီကို အလွန်အကျွံသောက်ပါက သုတ်ကောင်ဖြစ်ပွားမှု နည်းပါးတတ်ပြီး ကလေးမရနိုင်ဖြစ်တတ်ပါသည်။ ထို့ကြောင့် ကော်ဖီ၊ လက်ဖက်ရည်ကို လွန်ကဲစွာ မသောက်သင့်ပါ။
(၉) အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း
အမျိုးသားနှင့် အမျိုးသမီး (၂)ဦးစလုံး ဆေးလိပ်၊ စီးကရက်၊ အရက်သောက်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကလေးမရနိုင် ဖြစ်တတ်ပါသည်။ ကိုကင်းနှင့်ဆေးခြောက်များသည် သုတ်ကောင်နှင့် မမျိုးဥဖြစ်ထွန်းမှုကို အားနည်းစေပါသည်။ မူးယစ်ဆေးဝါးသုံးစွဲပါက ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးရပါကလည်း မွေးရာပါ ချို့ယွင်းမှုနှင့် အသေမွေးခြင်းများ ဖြစ်တတ်ပါသည်။ စီးကရက်သောက်ပါက သုတ် ဖြစ်ထွန်းခြင်းနှင့် မမျိုးဥမကြွေခြင်းဖြစ်၍ ကလေးမရနိုင်ပါ။ အရက်သည်လည်း ကလေးမရနိုင်သော ဆိုးကျိုးများကို ပေးပါသည်။ ထို့ကြောင့် အရက်၊ ဆေးလိပ်နှင့် မူးယစ်ဆေးဝါးများကို ရှောင်ကြဉ်ရပါမည်။
(၁၀) လေ့ကျင့်ခန်းပြုလုပ်ခြင်း
ခန္ဓာကိုယ်လေ့ကျင့်မှု မရှိပါက ကြံ့ခိုင်သန်စွမ်းမှုမရှိ၍ ကလေးမရနိုင်ပါ။ ထို့ကြောင့် ကာယလေ့ကျင့်ခန်းကို မှန်မှန်ပြုလုပ်ရပါမည်။
(၁၁) ခါးထိခိုက်ဒဏ်ရာရရှိခြင်းနှင့် ဝှေးစေ့ရောင်ခြင်း
အမျိုးသားများတွင် ခါးတွင်ထိခိုက်ဒဏ်ရာရရှိပါက အားမရှိ၊ ခါးမသန် ကလေးရရန် ခက်ခဲတတ်ပါသည်။ ထို့ပြင် ပါးချိတ်ရောင်ပြီး သုတ်ထွက်သော ဝှေးစေ့ရောင်ပါကလည်း ကလေးမရတတ်၍ ကြိုတင်ကာကွယ်ရပါမည်။
(၁၂) အကြံပြုချက်
အနာသိလျှင် ဆေးရှိ၍ အနာနှင့်ဆေး တည့်အောင်လုပ်မှသာ ကလေးရနိုင်ပါမည်။ တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးရပါမည်။ လူ့ဘဝ နေထိုင်မှုပုံစံပြောင်းခြင်းကို ဂရုစိုက်မှသာ ကလေးရနိုင်မည်ကို သတိပြုရပါမည်။

Author: ဒေါက်တာမင်းသူရိန်, Healthcare Journal, Vol 9,no 2 (12.1.18) 16

 

Previous Post

သည်းခြေကျောက် အကြောင်းသိကောင်းစရာ အပိုင်း(၁)

Next Post

နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများကင်းဝေးစေရန်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.5k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
799
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
646

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများကင်းဝေးစေရန်

နှစ်သစ် စိတ်သစ် အကျင့်သစ်

မျှော်တော်ယောင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.