fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

G6PD-Deficiency ရောဂါ

83
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/04/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

G6PD ဆိုတဲ့ ေရာဂါကိုအခုေနာက္ပိုင္းမွာ ေတာ္ေတာ္မ်ားမ်ားသိတတ္ၾကတယ္။ ေသြးေရာဂါတစ္မ်ိဳးလို႔ေျပာလို႔ရပါတယ္။ ေသြးကင္ဆာေတာ့ မဟုတ္ပါဘူး၊ေသြးထဲမွာ အင္ဇိုင္းတစ္မ်ိဳးခ်ိဳ႕တဲ့တာပါ။G6PD ရဲ႕အရွည္က Glucose 6 Phosphate Dehydrogenase Deficiency ပါ G6PD အင္ဇိုင္းခ်ိဳ႕တဲ့တာပါ၊ ဒီအင္ဇိုင္းက ေသြးနီဥျဖစ္တဲ့ Red Blood Cells (RBC) ေတြလြယ္လြယ္မပ်က္စီးေအာင္ ထိန္းေပးထားတာပါ၊ ဒီအင္ဇိုင္းနည္းတဲ့အခါ တစ္ခုခုနဲ႔ ေတြ႕တာနဲ႔ ေသြးနီဥ RBC ေတြ လြယ္လြယ္ပ်က္စီးပါတယ္။

 

G6PD Deficiency ေရာဂါဟာ မ်ိဳး႐ိုးလိုက္တတ္ပါတယ္။ ဒီေရာဂါက ေယာက်္ားေလးေတြအဓိကျဖစ္ပါတယ္၊ မိန္းကေလးေတြက ေရာဂါရဲ႕ Carrier အေနနဲ႔ပဲ ရွိတတ္ၾကတယ္၊ ေရာဂါလကၡဏာ မျပတတ္ၾကဘူး၊ G6PD Deficiency ေရာဂါက အေမဘက္မွာ ေရာဂါရွိတဲ့သူ ရွိတဲ့အခါျဖစ္တတ္တယ္၊ အေမကိုယ္တိုင္ကေတာ့ ေရာဂါလကၡဏာမျပပဲ ေရာဂါ Carrier အေနနဲ႔ပဲ ရွိေနမွာပါ။ G6PD Deficiency ေရာဂါရွိတဲ့သူေတြက ပုံမွန္အားျဖင့္ ဘာလကၡဏာမွ မျပတတ္ဘူး၊

ဒါေပမဲ့ မတည့္တာတစ္ခုခု သုံးမိတဲ့အခါ၊ စားမိတဲ့အခါ၊ ေသာက္မိတဲ့အခါ ေသြးနီဥေတြပ်က္စီးလာပါတယ္၊ အဲ့ဒီအခါ ေသြးအားနည္းလို႔ျဖဴဖတ္ျဖဴေရာ္ျဖစ္မယ္၊ ေသြးအားနည္းတာအနည္းအမ်ားအေပၚ မူတည္ၿပီး ေသြးအားနည္းတာရဲ႕ အျခားေရာဂါလကၡဏာေတြ ခံစားရမယ္၊ ဥပမာအားျဖင့္ ေမာေနတတ္တာ၊ ရင္ဘက္ေအာင့္တာ၊ မလႈပ္ခ်င္ပဲႏုံးေနတတ္တာ၊ အစားအေသာက္မစားခ်င္တာ၊ ရင္တုန္တာကေန သတိလစ္တာအထိျဖစ္တယ္၊ ေသြးနီဥေတြ ၿပိဳကြဲေတာ့ ေသြးနီဥထဲကေန Bilirubin ေတြထြက္လာၿပီး ဝါတာေတြလည္းျဖစ္တတ္ပါတယ္၊ ဒါေပမဲ့ ဖ်ားတာေတြေတာ့ မျဖစ္တတ္ပါဘူး။

G6PD Deficiency ေရာဂါလကၡဏာေတြ ခံစားေနရၿပီဆိုရင္ ျဖစ္ေစတဲ့အရာကို သတိထားေရွာင္ရပါမယ္၊ ေသြးအားနည္းတာ ဆိုးဆိုး႐ြား႐ြားဆိုရင္ေတာ့ ေသြးသြင္းဖို႔အထိ လိုတတ္ပါတယ္၊ G6PD Deficiency လို႔သံသယ ရွိတယ္ဆိုရင္ ေသြးစစ္ၾကည့္လို႔ရပါတယ္။ G6PD Deficiency ေရာဂါက မ်ိဳး႐ိုးလိုက္တယ္ဆိုေတာ့ သူ႔ေၾကာင့္ကိုယ့္ေၾကာင့္ ျဖစ္ေနဖို႔ေတာ့မဟုတ္ပါဘူး၊ ရွိထားတယ္ဆိုရင္ဂ႐ုစိုက္သတိထားၿပီး ႀကိဳတင္စစ္ေဆးလို႔ရေအာင္ပါ။

G6PD Deficiency ေရာဂါရွိသူေတြက ပုံမွန္အတိုင္းေနထိုင္သြားလို႔ရပါတယ္၊ မတည့္တဲ့အရာေတြကိုသာသတိထားၿပီး ေရွာင္ၾကဥ္ရတာပါ၊ G6PD Deficiency မွာမတည့္တဲ့အစားေတြက ေတာင္ႀကီးပဲ၊ ဆိုးေဆးပါတဲ့မုန႔္နဲ႔ ဆိုးေဆးပါတဲ့ေရခဲေခ်ာင္းေတြပါ၊ မတည့္တဲ့ ပစၥည္းေတြကေတာ့ ပ႐ုပ္ပါတဲ့ ပစၥည္းေတြပါ၊ ဥပမာ- ပ႐ုပ္လုံး၊ ပ႐ုပ္ဆီ၊ ရွဴေဆးေတြပါ၊ မတည့္တဲ့ေဆးေတြကေတာ့ ပိုးသတ္ေဆးအခ်ိဳ႕၊ ငွက္ဖ်ားေဆးအခ်ိဳ႕၊ အကိုက္အခဲေပ်ာက္ေဆးအခ်ိဳ႕ပါ။

G6PD Deficiency မွာ ေနမေကာင္းျဖစ္တဲ့အခါ ဘာပဲျဖစ္ျဖစ္ ေဆးခန္းသြားၿပီး ဆရာဝန္နဲ႔တိုင္ပင္ကုသေစခ်င္ပါတယ္၊ စပ္ေဆးသုံးတာေတြက အႏၲရာယ္မ်ားပါတယ္၊ မတည့္တဲ့ေဆးေသာက္မိခဲ့ရင္ေသြးအားနည္းတာေတြ ျဖစ္လာႏိုင္ပါတယ္၊ အနည္းအမ်ားေပၚမူတည္ၿပီး ကုသတာေတြလည္း လိုအပ္လာပါလိမ့္မယ္။

Author: Dr. CST

(Unicode)

G6PD ဆိုတဲ့ ရောဂါကိုအခုနောက်ပိုင်းမှာ တော်တော်များများသိတတ်ကြတယ်။ သွေးရောဂါတစ်မျိုးလို့ပြောလို့ရပါတယ်။ သွေးကင်ဆာတော့ မဟုတ်ပါဘူး၊သွေးထဲမှာ အင်ဇိုင်းတစ်မျိုးချို့တဲ့တာပါ။G6PD ရဲ့အရှည်က Glucose 6 Phosphate Dehydrogenase Deficiency ပါ G6PD အင်ဇိုင်းချို့တဲ့တာပါ၊ ဒီအင်ဇိုင်းက သွေးနီဥဖြစ်တဲ့ Red Blood Cells (RBC) တွေလွယ်လွယ်မပျက်စီးအောင် ထိန်းပေးထားတာပါ၊ ဒီအင်ဇိုင်းနည်းတဲ့အခါ တစ်ခုခုနဲ့ တွေ့တာနဲ့ သွေးနီဥ RBC တွေ လွယ်လွယ်ပျက်စီးပါတယ်။

G6PD Deficiency ရောဂါဟာ မျိုးရိုးလိုက်တတ်ပါတယ်။ ဒီရောဂါက ယောကျ်ားလေးတွေအဓိကဖြစ်ပါတယ်၊ မိန်းကလေးတွေက ရောဂါရဲ့ Carrier အနေနဲ့ပဲ ရှိတတ်ကြတယ်၊ ရောဂါလက္ခဏာ မပြတတ်ကြဘူး၊ G6PD Deficiency ရောဂါက အမေဘက်မှာ ရောဂါရှိတဲ့သူ ရှိတဲ့အခါဖြစ်တတ်တယ်၊ အမေကိုယ်တိုင်ကတော့ ရောဂါလက္ခဏာမပြပဲ ရောဂါ Carrier အနေနဲ့ပဲ ရှိနေမှာပါ။ G6PD Deficiency ရောဂါရှိတဲ့သူတွေက ပုံမှန်အားဖြင့် ဘာလက္ခဏာမှ မပြတတ်ဘူး၊

ဒါပေမဲ့ မတည့်တာတစ်ခုခု သုံးမိတဲ့အခါ၊ စားမိတဲ့အခါ၊ သောက်မိတဲ့အခါ သွေးနီဥတွေပျက်စီးလာပါတယ်၊ အဲ့ဒီအခါ သွေးအားနည်းလို့ဖြူဖတ်ဖြူရော်ဖြစ်မယ်၊ သွေးအားနည်းတာအနည်းအများအပေါ် မူတည်ပြီး သွေးအားနည်းတာရဲ့ အခြားရောဂါလက္ခဏာတွေ ခံစားရမယ်၊ ဥပမာအားဖြင့် မောနေတတ်တာ၊ ရင်ဘက်အောင့်တာ၊ မလှုပ်ချင်ပဲနုံးနေတတ်တာ၊ အစားအသောက်မစားချင်တာ၊ ရင်တုန်တာကနေ သတိလစ်တာအထိဖြစ်တယ်၊ သွေးနီဥတွေ ပြိုကွဲတော့ သွေးနီဥထဲကနေ Bilirubin တွေထွက်လာပြီး ဝါတာတွေလည်းဖြစ်တတ်ပါတယ်၊ ဒါပေမဲ့ ဖျားတာတွေတော့ မဖြစ်တတ်ပါဘူး။

G6PD Deficiency ရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင် ဖြစ်စေတဲ့အရာကို သတိထားရှောင်ရပါမယ်၊ သွေးအားနည်းတာ ဆိုးဆိုးရွားရွားဆိုရင်တော့ သွေးသွင်းဖို့အထိ လိုတတ်ပါတယ်၊ G6PD Deficiency လို့သံသယ ရှိတယ်ဆိုရင် သွေးစစ်ကြည့်လို့ရပါတယ်။ G6PD Deficiency ရောဂါက မျိုးရိုးလိုက်တယ်ဆိုတော့ သူ့ကြောင့်ကိုယ့်ကြောင့် ဖြစ်နေဖို့တော့မဟုတ်ပါဘူး၊ ရှိထားတယ်ဆိုရင်ဂရုစိုက်သတိထားပြီး ကြိုတင်စစ်ဆေးလို့ရအောင်ပါ။

G6PD Deficiency ရောဂါရှိသူတွေက ပုံမှန်အတိုင်းနေထိုင်သွားလို့ရပါတယ်၊ မတည့်တဲ့အရာတွေကိုသာသတိထားပြီး ရှောင်ကြဉ်ရတာပါ၊ G6PD Deficiency မှာမတည့်တဲ့အစားတွေက တောင်ကြီးပဲ၊ ဆိုးဆေးပါတဲ့မုန့်နဲ့ ဆိုးဆေးပါတဲ့ရေခဲချောင်းတွေပါ၊ မတည့်တဲ့ ပစ္စည်းတွေကတော့ ပရုပ်ပါတဲ့ ပစ္စည်းတွေပါ၊ ဥပမာ- ပရုပ်လုံး၊ ပရုပ်ဆီ၊ ရှူဆေးတွေပါ၊ မတည့်တဲ့ဆေးတွေကတော့ ပိုးသတ်ဆေးအချို့၊ ငှက်ဖျားဆေးအချို့၊ အကိုက်အခဲပျောက်ဆေးအချို့ပါ။

G6PD Deficiency မှာ နေမကောင်းဖြစ်တဲ့အခါ ဘာပဲဖြစ်ဖြစ် ဆေးခန်းသွားပြီး ဆရာဝန်နဲ့တိုင်ပင်ကုသစေချင်ပါတယ်၊ စပ်ဆေးသုံးတာတွေက အန္တရာယ်များပါတယ်၊ မတည့်တဲ့ဆေးသောက်မိခဲ့ရင်သွေးအားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်၊ အနည်းအများပေါ်မူတည်ပြီး ကုသတာတွေလည်း လိုအပ်လာပါလိမ့်မယ်။

Author: Dr. CST

 

Previous Post

ပျိုမေတို့ရယ် ခေါင်းတစ်ခြမ်းကိုက်တတ်တယ်

Next Post

အပေါ်ရှေ့သွား ၂ချောင်းကြားမှာ နည်းနည်းကျဲရင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
852
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အပေါ်ရှေ့သွား ၂ချောင်းကြားမှာ နည်းနည်းကျဲရင်

Sciatica တင်ပါးဆုံအကြောညပ်ခြင်း

ဆီးချို ကြောင့်ခြေဖဝါးကျိန်းခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.