fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

Sciatica တင်ပါးဆုံအကြောညပ်ခြင်း

Sciatica တင်ပါးဆုံအကြောညပ်ခြင်း

လူ့ခန္ဓာကိုယ်မှာ တင်ပါးဆုံနေရာမှာ အာရုံကြောမကြီးတစ်ခုရှိပါတယ် Sciatic nerve လို့ခေါ်ပါတယ် အကြောင်းအမျိုးမျိုးကြောင့် ဒီအာရုံကြောက အကြောညပ်ပြီး နာတတ်ပါတယ် အဲဒါကို တင်ပါးဆုံအကြောညပ်ခြင်း Sciatica လို့ခေါ်ပါတယ်။

ဒီအာရုံကြောညပ်တာက ပိန်တာဝတာနဲ့မဆိုင်ဘူး အသက်အရွယ်လည်းမဆိုင်ဘူး
ဘာကြောင့်ဖြစ်တာလဲ ပေါ့ အကြောင်းမျိုးစုံပါပဲ
ခါးအနေအထားမမှန်တာ လည်းဖြစ်နိုင်တယ် ကားအကြာကြီးထိုင်မောင်းနေတဲ့အခါလည်းဖြစ်နိုင်တယ် ထိုင်ရာကနေအထမှာ ခြေခေါက်လဲတာကြောင့်လည်းဖြစ်နိုင်တယ် တစ်ခုခုကုံးကောက်တဲ့အခါလည်းဖြစ်နိုင်တယ် လှေကားအတက်အဆင်းလည်းဖြစ်နိုင်တယ် တော်တော်များများက ဘာကြောင့်ဖြစ်သွားတယ်ဆိုတာ သတိမထားမိတတ်ကြပါဘူး။

တစ်ဖက်တည်းမှာဖြစ်တာများပါတယ် ဒါပေမယ့်နှစ်ဘက်ပြိုင်တူလည်းဖြစ်နိုင်တယ်
ဒီအာရုံကြောညပ်တဲ့အခါမှာ သိပ်ပြီးမဆိုးဝါးတဲ့သူတွေကတော့ တင်ပါးဆုံအခွက်နေရာကလောက်ပဲ နာတတ်တယ် အထူးသဖြင့်လမ်းလျှောက်တဲ့အခါ ခြေထောက်လှမ်းထောက်တဲ့အခါမှာ မြက်ခနဲ နာတတ်တယ် ပိုဆိုးတဲ့ သူတွေက တောက်လျှောက်နာနေတတ်တယ် တင်ပါးဆုံ အခွက်တင်မကတော့ဘူး ခြေထောက်တစ်ချောင်းလုံးကိုနာတတ်ကြတယ် တချို့တွေမှာတော နာတာတင်မကဘဲ ခြေထောက်တွေပါတောက်လျှောက်ထုံလာတတ်တယ် လမ်းလျှောက်ရတာလည်းမကောင်းကြတော့ဘူး လှုပ်ရှားရတာလေးလာတတ်တယ်။
ခံစားဖူးတဲ့ သူတွေကတော့ ရောဂါလက္ခဏာကိုသိကြပါတယ် တစ်ချက်တစ်ချက်မြက်ခနဲ ဖြစ်တာက တော်တော်ဆိုးပါတယ် တချို့တွေဆိုရင် ခြေထောက်တောင်မခိုင်ချင်ဘဲ ခြေချော်သလိုဖြစ်သွားတတ်ကြတယ်။

ဒီလိုမျိုး အကြောညပ်ပြီဆိုရင်တော့ အနည်းဆုံးတစ်ရက်နှစ်ရက်တော့ခံစားကြရတတ်တယ်။ဖြစ်လာတဲ့အခါ ဘယ်လိုသက်သာအောင်လုပ်လို့ရမလဲ ပေါ့။

အကြောညပ်ပြီဆိုရင် အဲ့ဒီဖက်ခြေထောက်ကိုခါချပါ။
ဆန့်ထုတ်ပါ နာနေတဲ့တင်ပါးခွက် ကို ဆေးလိမ်းပြီးနှိပ်ပေးပါ ခံနိုင်သလောက်ပဲ နှိပ်ပါ မဟုတ်ရင် အာရုံကြောညပ်တာသက်သာတဲ့အခါ နှိပ်ထားတဲ့ ဒဏ်ကတစ်ခါထပ်နာတတ်ပါတယ် ဆေးလိမ်းတဲ့အခါ ပရုတ်ဆီလည်းရတယ် တခြားသောအကိုက်အခဲပျောက်လိမ်းဆေးတွေလည်းရပါတယ် တင်ပါးခွက်ကို ရေနွေးအိတ်ကပ်ပေးလို့ရပါတယ် တစ်ခါတစ်လေမှာ ကိုယ်အနေအထားပုံစံပြောင်းတာမျိုး လေ့ကျင့်ခန်းပုံစံလုပ်ပေးလို့ရတယ် ခါးအကွေးအဆန့်လုပ်တာ ခြေထောက်အကွေးအဆန့်လုပ်တာ တွေက ဒီအာရုံကြောနာတာကိုသက်သာစေတတ်တယ်။

အာရုံကြောညပ်တဲ့အခါတော့ သက်သက်သာသာ နားနေပါ လှေကားအတက်အဆင်းလုပ်တာတွေ လျှော့ရပါတယ် အလေးအပင်တွေကုံးမတာ အကုံးအကွလုပ်ရတာတွေ လျှော့ရပါတယ် လမ်းလျှောက်လည်းသိပ်မများပါစေနဲ့ အမြဲလဲနေရမယ်တော့ မဆိုလိုပါဘူး ဒါပေမယ့် နားနေတာကတော့မြန်မြန်သက်သာစေပါတယ်။

ဒီလိုတွေလုပ်လို့မှမသက်သာသေးရင်တော့ အကိုက်အခဲပျောက်ဆေး ကို အစာနဲ့တွဲပြီးသောက်ပေးလို့ရပါတယ်။
တချို့တွေမှာကျတော့ တင်ပါးခွက်နာတာတင်မကဘဲ ထုံနေတာ လမ်းလျှောက်မကောင်းတာတွေပါဖြစ်နေရင် အာရုံကြောဆိုင်ရာဆရာဝန်တွေနဲ့ပြသပြီးကုသဖို့လိုပါတယ်။

Author: Dr. CST

ဆက်စပ် ဆောင်းပါးများ