တစ္ေန႔တစ္ေန႔ စိတ္ညစ္စရာေတြထဲမွာ ေခါင္းဖီးလိုက္တိုင္း ေခါင္းကို သပ္လိုက္တိုင္း ဆံပင္ေတြ ကြၽတ္ထြက္ေနတာလည္း ပါပါတယ္။ ဆံပင္ဆိုတာ ကြၽတ္တတ္တဲ့အမ်ိဳးပါ။ ပုံမွန္မွာလည္း ဆံပင္ေတြဟာ ကြၽတ္လိုက္ ျပန္ေပါက္လိုက္နဲ႔ လုံးလည္ခ်ာလည္ ျဖစ္ေနတာပါ။ ဒါေပမယ့္ ပုံမွန္ထက္ ပိုကြၽတ္လာတဲ့အခါမွာေတာ့ လူကို အနည္းနဲ႔အမ်ား စိတ္ဒုကၡေတြ ျဖစ္ေစတတ္ပါတယ္။
ပုံမွန္အားျဖင့္ တစ္ေန႔ကို ဆံပင္ ၅၀ ကေန ၁၀၀ ေခ်ာင္း ေလာက္ ကြၽတ္တတ္ပါတယ္။ ဆံပင္တစ္ေခ်ာင္းဟာ စေပါက္ၿပီး ၂ ႏွစ္ကေန ၆ ႏွစ္အတြင္းမွာ ကြၽတ္ထြက္တတ္ပါတယ္။ အဲလို ကြၽတ္ထြက္တတ္တဲ့ ဆံပင္ေတြ ရွိသလို အၿမဲ အသစ္အေနနဲ႔ ျပန္ေပါက္ေနတဲ့ ဆံပင္ေလးေတြလည္း ရွိပါတယ္။ ဒါေၾကာင့္မို႔ မွန္ၾကည့္ရင္ ဆံပင္ေလးေတြ ထိုးထိုးေထာင္ေထာင္ထြက္ေနတာမ်ိဳးကို ျမင္ရတာပါ။ ပုံမွန္ဆံပင္တစ္ေခ်ာင္းဟာ တစ္လကို အၾကမ္းပ်ဥ္းအားျဖင့္ လက္မဝက္(၁/၂”) ရွည္တတ္ၿပီး တစ္ ေျခာက္လက္မ(၆”) ရွည္တတ္ပါတယ္။ ဒါကေတာ့ အၾကမ္းပ်ဥ္းေျပာရင္ပါ။ လူတစ္ဦးခ်င္းစီရဲ႕ မ်ိဳး႐ိုးဗီဇေတြ ေနထိုင္စားေသာက္မႈ ပုံစံေတြနဲ႔လည္း သက္ဆိုင္ပါေသးတယ္။
တကယ္လို႔ ဆံပင္အသစ္ ျပန္ျဖစ္တာလည္း နည္းတယ္၊ ကြၽတ္တာလည္း မ်ားလာရင္ေတာ့ ဆံပင္ပါးတာ ထိပ္ေျပာင္တာမ်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္။ မ်ားေသာအားျဖင့္ အသက္ႀကီးတဲ့အခါ အထူးသျဖင့္ အသက္ ၄၀ နား နီးရင္ ဆံပင္ပါးလာတာက ဒါေၾကာင့္ပါ။ မ်ိဳး႐ိုးဗီဇေၾကာင့္လည္း ဆံပင္ကြၽတ္ျခင္းေတြ ျဖစ္ေပၚတတ္ပါတယ္။
ေနာက္ထပ္ ဆံပင္ကြၽတ္ျခင္းကို ျဖစ္ေစႏိုင္တဲ့အခ်က္ေတြကေတာ့
၁) စိတ္ဖိစီးမႈ မ်ားျခင္း
စိတ္ဖိစီးျခင္းက အိုမင္းရင့္ေရာ္ျခင္းကို ျဖစ္ေစ႐ုံသာမကဘဲ ဆံပင္လည္း ကြၽတ္ေစႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ စိတ္ဖိစီးလာတဲ့အခါ စိတ္ညစ္လာတဲ့အခါ လူေတြက အမွတ္မဲ့ ေခါင္းက ဆံပင္ေတြကို ဆြဲဆုတ္ထားတတ္ၾကပါတယ္။ တင္းၾကပ္စြာ ဆုတ္ထားျခင္းျဖင့္ ဆံပင္ကြၽတ္ျခင္းေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဒါ့အျပင္ ဆံပင္တစ္ေခ်ာင္း ျဖစ္ဖို႔အတြက္ အဆင့္ ၃ ဆင့္ ရွိပါတယ္။ စိတ္ဖိစီးမႈေတြဟာ အဲဒီအဆင့္ေတြ မျဖစ္လာေအာင္လည္း ဟန႔္တားတတ္ပါတယ္။ ဒါေၾကာင့္ ပုံမွန္ထက္လည္း ဆံပင္ပိုကြၽတ္သလို ပုံမွန္ေလာက္လည္း ဆံပင္ ျပန္မေပါက္ေတာ့တဲ့အတြက္ ဆံပင္ပါးျခင္းေတြကို ျဖစ္လာေစပါတယ္။ ဒါေပမယ့္ စိတ္ပူစရာမလိုပါဘူး။ စိတ္ဖိစီးတာေတြ ပ်ယ္သြားတဲ့အခါမွာ ပုံမွန္အတိုင္း ျပန္ျဖစ္သြားပါလိမ့္မယ္။
၂)ေဟာ္မုန္းမ်ားေၾကာင့္ ဆံပင္ကြၽတ္ျခင္း
မေဟာ္မုန္းျဖစ္တဲ့ အီစတိုဂ်င္(Oestrogen)ေကာ၊က်ားေဟာ္မုန္းျဖစ္တဲ့ တက္စတိုစတီ႐ုန္း(Testrosterone)ေရာက ဆံပင္ကြၽတ္ျခင္း ဆံပင္ေပါက္ျခင္းေတြနဲ႔ ဆက္စပ္လွ်က္ ရွိပါတယ္။ မ်ားေသာအားျဖင့္ မေဟာ္မုန္းေတြက ဆံပင္ေတြကို သန္စြမ္းေစတဲ့ အာနိသင္ရွိလို႔ ေဟာ္မုန္းနည္းသြားေစတဲ့ ဒါမွမဟုတ္ ေဟာ္မုန္းေျပာင္းလဲသြားေစတဲ့ အေျခအေနေတြျဖစ္တဲ့ ကိုယ္ဝန္ရွိတဲ့အခ်ိန္တို႔ ေသြးဆုံးၿပီးခ်ိန္တို႔ဆို ဆံပင္ကြၽတ္ေလ့ ရွိပါတယ္။ဒါေပမယ့္ က်ားေဟာ္မုန္း မ်ားလာတဲ့အခါမွာဆိုရင္ေတာ့ ေရွ႕နဖူး တဖက္တခ်က္က ဆံပင္ေတြကြၽတ္ၿပီး နဖူးေျပာင္ျခင္း(Antero lateral Baldness)ကိုျဖစ္ေစပါတယ္။
၃)အာဟာရ ခ်ိဳတဲ့ျခင္း
ဆံပင္ေတြ ပိုရွည္ဖို႔ အသစ္အသစ္ေတြ ျဖစ္ဖို႔အတြက္ အသားဓာတ္၊ ကစီဓာတ္ေတြကို အသုံးျပဳရပါတယ္။ လုံေလာက္တဲ့ အသားဓာတ္မရျခင္းေတြဟာ ဆံပင္ေတြကို ကြၽတ္ထြက္တာမ်ိဳး အသစ္ထြက္ဖို႔ကို ေႏွာင့္ေႏွးေစတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ အသား၊ ငါး၊ ပဲ၊ ဥအမ်ိဳးမ်ိဳးကို အာဟာရ မွ်တေအာင္ စားသုံးေပးသင့္ပါတယ္။
၄)ဆံပင္အလွျပင္ျခင္း
ဆံပင္ကို မၾကာခဏ ေကာက္လိုက္ေျဖာင့္လိုက္ ေဆးဆိုးလိုက္ လုပ္တာေတြကလည္း ဆံပင္ကြၽတ္ျခင္းေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဒါ့အျပင္ တခ်ိဳ႕က ဆံပင္ကို ျမင္းၿမီးလို ခပ္ျမႇင့္ျမႇင့္ စည္းေႏွာင္တာ အတင္းဆြဲခ်ည္တာမ်ိဳးေတြ လုပ္တတ္ပါတယ္။ ဒီလိုေတြ လုပ္ျခင္းေၾကာင့္လည္း ဆံပင္ကြၽတ္ျခင္းေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။
၅)ေရာဂါရွိျခင္း
တခ်ိဳ႕ေသာ ေရာဂါေတြဟာ ဆံပင္ကြၽတ္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ ဥပမာ လည္ပင္းက ေဟာ္မုန္းဓာတ္ နည္းလြန္းေနတဲ့ ေရာဂါေတြ၊ အေရျပား ေလးဖက္နာ ေရာဂါေတြ၊ သံဓာတ္ခ်ိဳ႕တဲ့ျခင္းေၾကာင့္ျဖစ္တဲ့ ေသြးအားနည္းေရာဂါေတြဟာ ဆံပင္ကြၽတ္ျခင္းေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဆံပင္ကြၽတ္တာဟာ သဘာဝေၾကာင့္လည္း ျဖစ္ႏိုင္သလို ေရာဂါေၾကာင့္လည္း ျဖစ္ႏိုင္ေၾကာင္း သတိမူေစခ်င္ပါတယ္။ ဒါေၾကာင့္ ဆံပင္ကြၽတ္ရင္ သတိထားပါလို႔ မွာၾကားရင္း …..
Author : Dr. ေမ
(Unicode)
ဆံပင်တွေ ကျွတ်နေရင် သတိထား
တစ်နေ့တစ်နေ့ စိတ်ညစ်စရာတွေထဲမှာ ခေါင်းဖီးလိုက်တိုင်း ခေါင်းကို သပ်လိုက်တိုင်း ဆံပင်တွေ ကျွတ်ထွက်နေတာလည်း ပါပါတယ်။ ဆံပင်ဆိုတာ ကျွတ်တတ်တဲ့အမျိုးပါ။ ပုံမှန်မှာလည်း ဆံပင်တွေဟာ ကျွတ်လိုက် ပြန်ပေါက်လိုက်နဲ့ လုံးလည်ချာလည် ဖြစ်နေတာပါ။ ဒါပေမယ့် ပုံမှန်ထက် ပိုကျွတ်လာတဲ့အခါမှာတော့ လူကို အနည်းနဲ့အများ စိတ်ဒုက္ခတွေ ဖြစ်စေတတ်ပါတယ်။
ပုံမှန်အားဖြင့် တစ်နေ့ကို ဆံပင် ၅၀ ကနေ ၁၀၀ ချောင်း လောက် ကျွတ်တတ်ပါတယ်။ ဆံပင်တစ်ချောင်းဟာ စပေါက်ပြီး ၂ နှစ်ကနေ ၆ နှစ်အတွင်းမှာ ကျွတ်ထွက်တတ်ပါတယ်။ အဲလို ကျွတ်ထွက်တတ်တဲ့ ဆံပင်တွေ ရှိသလို အမြဲ အသစ်အနေနဲ့ ပြန်ပေါက်နေတဲ့ ဆံပင်လေးတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့ မှန်ကြည့်ရင် ဆံပင်လေးတွေ ထိုးထိုးထောင်ထောင်ထွက်နေတာမျိုးကို မြင်ရတာပါ။ ပုံမှန်ဆံပင်တစ်ချောင်းဟာ တစ်လကို အကြမ်းပျဉ်းအားဖြင့် လက်မဝက်(၁/၂”) ရှည်တတ်ပြီး တစ် ခြောက်လက်မ(၆”) ရှည်တတ်ပါတယ်။ ဒါကတော့ အကြမ်းပျဉ်းပြောရင်ပါ။ လူတစ်ဦးချင်းစီရဲ့ မျိုးရိုးဗီဇတွေ နေထိုင်စားသောက်မှု ပုံစံတွေနဲ့လည်း သက်ဆိုင်ပါသေးတယ်။
တကယ်လို့ ဆံပင်အသစ် ပြန်ဖြစ်တာလည်း နည်းတယ်၊ ကျွတ်တာလည်း များလာရင်တော့ ဆံပင်ပါးတာ ထိပ်ပြောင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ များသောအားဖြင့် အသက်ကြီးတဲ့အခါ အထူးသဖြင့် အသက် ၄၀ နား နီးရင် ဆံပင်ပါးလာတာက ဒါကြောင့်ပါ။ မျိုးရိုးဗီဇကြောင့်လည်း ဆံပင်ကျွတ်ခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။
နောက်ထပ် ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်တဲ့အချက်တွေကတော့
၁) စိတ်ဖိစီးမှု များခြင်း
စိတ်ဖိစီးခြင်းက အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေရုံသာမကဘဲ ဆံပင်လည်း ကျွတ်စေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ဖိစီးလာတဲ့အခါ စိတ်ညစ်လာတဲ့အခါ လူတွေက အမှတ်မဲ့ ခေါင်းက ဆံပင်တွေကို ဆွဲဆုတ်ထားတတ်ကြပါတယ်။ တင်းကြပ်စွာ ဆုတ်ထားခြင်းဖြင့် ဆံပင်ကျွတ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်တစ်ချောင်း ဖြစ်ဖို့အတွက် အဆင့် ၃ ဆင့် ရှိပါတယ်။ စိတ်ဖိစီးမှုတွေဟာ အဲဒီအဆင့်တွေ မဖြစ်လာအောင်လည်း ဟန့်တားတတ်ပါတယ်။ ဒါကြောင့် ပုံမှန်ထက်လည်း ဆံပင်ပိုကျွတ်သလို ပုံမှန်လောက်လည်း ဆံပင် ပြန်မပေါက်တော့တဲ့အတွက် ဆံပင်ပါးခြင်းတွေကို ဖြစ်လာစေပါတယ်။ ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး။ စိတ်ဖိစီးတာတွေ ပျယ်သွားတဲ့အခါမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။
၂)ဟော်မုန်းများကြောင့် ဆံပင်ကျွတ်ခြင်း
မဟော်မုန်းဖြစ်တဲ့ အီစတိုဂျင်(Oestrogen)ကော၊ကျားဟော်မုန်းဖြစ်တဲ့ တက်စတိုစတီရုန်း(Testrosterone)ရောက ဆံပင်ကျွတ်ခြင်း ဆံပင်ပေါက်ခြင်းတွေနဲ့ ဆက်စပ်လျှက် ရှိပါတယ်။ များသောအားဖြင့် မဟော်မုန်းတွေက ဆံပင်တွေကို သန်စွမ်းစေတဲ့ အာနိသင်ရှိလို့ ဟော်မုန်းနည်းသွားစေတဲ့ ဒါမှမဟုတ် ဟော်မုန်းပြောင်းလဲသွားစေတဲ့ အခြေအနေတွေဖြစ်တဲ့ ကိုယ်ဝန်ရှိတဲ့အချိန်တို့ သွေးဆုံးပြီးချိန်တို့ဆို ဆံပင်ကျွတ်လေ့ ရှိပါတယ်။ဒါပေမယ့် ကျားဟော်မုန်း များလာတဲ့အခါမှာဆိုရင်တော့ ရှေ့နဖူး တဖက်တချက်က ဆံပင်တွေကျွတ်ပြီး နဖူးပြောင်ခြင်း(Antero lateral Baldness)ကိုဖြစ်စေပါတယ်။
၃)အာဟာရ ချိုတဲ့ခြင်း
ဆံပင်တွေ ပိုရှည်ဖို့ အသစ်အသစ်တွေ ဖြစ်ဖို့အတွက် အသားဓာတ်၊ ကစီဓာတ်တွေကို အသုံးပြုရပါတယ်။ လုံလောက်တဲ့ အသားဓာတ်မရခြင်းတွေဟာ ဆံပင်တွေကို ကျွတ်ထွက်တာမျိုး အသစ်ထွက်ဖို့ကို နှောင့်နှေးစေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသား၊ ငါး၊ ပဲ၊ ဥအမျိုးမျိုးကို အာဟာရ မျှတအောင် စားသုံးပေးသင့်ပါတယ်။
၄)ဆံပင်အလှပြင်ခြင်း
ဆံပင်ကို မကြာခဏ ကောက်လိုက်ဖြောင့်လိုက် ဆေးဆိုးလိုက် လုပ်တာတွေကလည်း ဆံပင်ကျွတ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် တချို့က ဆံပင်ကို မြင်းမြီးလို ခပ်မြှင့်မြှင့် စည်းနှောင်တာ အတင်းဆွဲချည်တာမျိုးတွေ လုပ်တတ်ပါတယ်။ ဒီလိုတွေ လုပ်ခြင်းကြောင့်လည်း ဆံပင်ကျွတ်ခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
၅)ရောဂါရှိခြင်း
တချို့သော ရောဂါတွေဟာ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ လည်ပင်းက ဟော်မုန်းဓာတ် နည်းလွန်းနေတဲ့ ရောဂါတွေ၊ အရေပြား လေးဖက်နာ ရောဂါတွေ၊ သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါတွေဟာ ဆံပင်ကျွတ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဆံပင်ကျွတ်တာဟာ သဘာဝကြောင့်လည်း ဖြစ်နိုင်သလို ရောဂါကြောင့်လည်း ဖြစ်နိုင်ကြောင်း သတိမူစေချင်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်ရင် သတိထားပါလို့ မှာကြားရင်း …..
Author : Dr. မေ