ဒီရောဂါဝေဒနာရှင်တွေဟာ အမြဲဆိုသလို တက်ကြွပျော်ရွှင်ကာ
မိမိကိုယ်ကို ယုံကြည်မှုတွေ လွန်ကဲသူများဖြစ်ကြသည် ။
လက္ခဏာများ
-စိတ်သည် အကြောင်းမဲ့ ပျော်ရွှင်ကြည်နူးနေတတ်
-စိတ်ရော ကိုယ်ရော တက်ကြွကာ ဂနာမငြိမ်ဖြစ်တတ်
-စကားပြောရာတွင် အကြောင်းအရာကို ဟိုခုန် ဒီခုန်ပြောတတ်
ဥပမာ-ထမင်းစားသည့်အကြောင်းပြောရင်း ဘောလုံးပွဲအကြောင်းပြော ၊ပြီးနောက်
တစ်ဆက်တည်း ရုပ်ရှင်အကြောင်း အဆက်အစပ်မရှိ ဆက်ပြောခြင်း ။
-စကားကို အရမ်းပြော ၊မရပ်မနားပြောတတ်
-ဘဝင်မြင့် စကားများပြောတတ်
ဥပမာ-တကယ်မဟုတ်ဘဲ မင်းစိုးရာဇာဖြစ်သည် ၊တန်ခိုးရှိသည် ၊ချမ်းသာသည်
စသဖြင့်
-အလုပ် သိပ်လုပ်သော်လည်း အပြီးမသတ်ဘဲ တစ်ခုပြီး တစ်ခု လုပ်တတ်
-ဘာသာရေး ပိုမို လိုက်စားလာတတ်
-ညတွင် အချိန်အနည်းငယ်သာ အိပ်စက်တတ်
-ကာမဆန္ဒအားကြီးလာတတ် ၊အရှက်အကြောက် နည်းသွားတတ်
-အဝတ်အစား နဂိုကထက် တောက်တောက်ပြောက်ပြောက် ပိုဝတ်လာတတ်
-သူတို့ကိုယ်သူတို့ စိတ်ရောဂါသည်ဟု မထင်တတ်
-သူတို့လုပ်ချင်တာ မလုပ်ရလျှင် သာမန်ထက် စိတ်တိုတတ်
-သူ့အပြုအမူကြောင့် ပတ်ဝန်းကျင် အနှောင့်အယှက် ဖြစ်တတ်
-သူတစ်ပါးနဲ့ သာမန်ထက် စကားပိုပြောလာတတ်
အပြင်းစားစိတ်ကြွရောဂါ Mania မှာ အထက်ပါ လက္ခဏာတွေဟာ ပိုမို
ပြင်းထန်တတ်တယ် ။
ကုသမှုများ
ဝေဒနာသည်တွေကို နားလည်ပေးဖို့လိုပါတယ် ။သူတို့တွေဟာ ပိုက်ဆံ
အရမ်းသုံးတတ် ၊သူတစ်ပါးကို အနှောင့်အယှက်ဖြစ်စေတတ်တာအပြင် ထိန်းရခက်
ချုပ်ရခက်သဖြင့် ဆေးရုံဆေးခန်းတွင် သေချာပြသကုသဖို့ လိုတယ် ။လိုအပ်ရင်
ဆေးရုံတက် ကုသဖို့ လိုပါတယ် ။
စိတ်ကုထုံး Psychotherapy ၊အပြုအမူဆိုင်ရာကုထုံး Cognitive and
Behavioral Therapy ၊စိတ်ငြိမ်ဆေး (Haloperidol ၊Lithium အစရှိသဖြင့်) တွေ
ကို စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်များနဲ့ သေချာတိုင်ပင်ကာ ကုသသင့်ပါတယ်။
Author – ခေတ်သစ် ဇီဝက