fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

စိတ်ဖိစီးမှုများနေချိန် မလုပ်သင့်တဲ့အရာများ

419
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/03/2022
in ကျန်းမာသော နေထိုင်မှုပုံစံ, ကျန်းမာသောစိတ်
1 min read
A A

အပြိုင်အဆိုင်များလွန်းတဲ့ယနေ့ခေတ်မှာ စိတ်ဖိစီးမှုအနည်းနဲ့အများ လူတိုင်းမှာရှိပါတယ်။ စိတ်ဖိစီးမှု များခြင်းဟာ သွေးဖိအားကို များစေပြီး နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ စိတ်ကျရောဂါတွေကို ဖြစ်စေပါတယ်။ ဒါ့ပြင် စိတ်ဖိစီးမှု များနေချိန်မှာ အမှားများစွာ ပြုလုပ်နိုင်ပါတယ်။

၁။ စိတ်ဖိစီးမှုများနေချိန်မှာ ကားမောင်းမယ်၊ ဆိုင်ကယ်စီးမယ်ဆို သတိထားပါ။ စိတ်လှုပ်ရှားနေတဲ့အတွက် အာရုံစူးစိုက်မှုမရှိတဲ့အတွက် ယာဥ်တိုက်မှုဖြစ်နိုင်ပါတယ်။

၂။ ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေကို လျှော့ပါ။ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေဟာ နှလုံးခုန်နှုန်းကို မြန်စေရုံသာမက စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေပါတယ်။  စိတ်သောကရောက်နေချိန်မှာ ချိန်ဆသောက်ပါ။

၃။ စိတ်ဖိစီးမှုများနေချိန် အလုပ်ထဲမှာအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မချပါနဲ့။ စိတ်ခံစားမှုကြောင့် ဆုံးဖြတ်ချက် အမှားမျိုး ချမိတတ်ပါတယ်။

၄။ တစ်ယောက်တည်း အချိန်ကုန်ခြင်းမျိုးကို ရှောင်ရှားရပါမယ်။ မိမိခံစားနေရတဲ့ပြဿနာတွေကို သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစု၀င်တွေကို ပြောပြခြင်းဖြင့် ဖိအားတွေကို လျော့ကျစေပါမယ်။ မိသားစု၀င်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေက တွေ့ဆုံရန် ချိန်းဆိုမှုတွေရှိပါကလည်း မပျက်မကွက် တက်ရောက်သင့်ပါတယ်။ လိုအပ်ပါက ချစ်ခင်သူတွေနဲ့ ခရီးအတူထွက်ကာ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

၅။ အရက်သောက်ခြင်းကို ရှောင်ကြဥ်ရမယ်။ အရက်သောက်တာဟာ တဒင်္ဂစိတ်ဖိစီးမှုတွေ၊ စိတ်ညစ်မှုတွေကို ပြေပျောက်နိုင်တယ်လို့ ယူဆနိုင်ပေမဲ့ အရက်သောက်နေချိန်မှာ ဆုံးဖြတ်ချက်အမှားတွေ ချမိကာ နောင်တရနိုင်ပါတယ်။ ဒါကြောင့် အရက်သောက်ခြင်းဟာ စိတ်ဖိစီးမှုတွေကို ‌‌‌ဖြေလျှော့ မပေးနိုင်ပါ။

၆။ စိတ်ဖိစီးမှုများတယ်လို့ဆိုကာ ညလုံးပေါက် TV ထိုင်ကြည့်ခြင်း၊   Social Media တွေအလွန်အကျွံသုံးစွဲခြင်းကို ရှောင်ကြဥ်ရပါမယ်။  ကောင်းစွာအိပ်စက်အနားယူခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ပေးရုံသာမက ဦးနှောက်ကို ကြည်လင်စေပါတယ်။

၇။ စိတ်ဖိစီးမှုများခြင်းကြောင့်လို့ဆိုကာ လိင်အပျော်အပါးလိုက်စားခြင်းကို ‌ရှောင်ကြဥ်ပါ။ မရှောင်နိုင်ပါက ကွန်ဒုံး အသုံးပြုပါ။

၈။ တစ်ကိုယ်တည်း အိမ်ထဲမှာအချိန်ဖြုန်းခြင်းမျိုး ရှောင်ရှားပါ။ စိတ်ဖိစီးနေချိန် နေရောင်အောက်မှာလေ့ကျင့်ခန်းလုပ်ခြင်း၊ ယောဂကျင့်ခြင်း စတဲ့ကိုယ်လက်လှုပ်ရှားမှုမျိုးကို လုပ်ဆောင်ပေးသင့်ပါတယ်။

၉။ စိတ်ဖိစီးမှုများလျှင် အစားစားချင်စိတ်ကို လှုံ့ဆော်ပါတယ်။ အစားအသောက် အလွန်အကျွံစားသုံးခြင်းဟာ အ၀လွန်ခြင်း၊သွေးတွင်းကိုလက်စထရောများခြင်းနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေများတာကြောင့် အစားအသောက်တွေ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ရှားပါ။ ဒါပေမဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ပုံမှန် စားသောက်ပါ။

ဒါ့ပြင် တရားထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်း၊ မိမိ၀ါသနာပါသော အလုပ်တွေ လုပ်ခြင်း၊ ခရီးထွက်ခြင်း၊ အိပ်စက်အနားယူခြင်းနဲ့ မိတ်ဆွေတွေနဲ့အချိန်ဖြုန်းကာ စိတ်ဖိစီးမှုကိုဖယ်ရှားပြီး ပျော်ရွှင်ကျန်းမာတဲ့ဘ၀ကို တည်‌ဆောက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Author: Dr. Aye Chan Moe

Previous Post

တရားထိုင်ခြင်းမှရနိုင်သော သိပ္ပံနည်းကျကျန်းမာရေးကောင်းကျိုးများ

Next Post

အပူဒဏ်ကို ဘယ်လိုရင်ဆိုင်မလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

For adults to be healthy and fresh in winter

လူကြီးတွေ ဆောင်းရာသီမှာ ကျန်းမာလန်းဆန်းဖို့ဆိုရင်

2 months ago
380
Winter and muscle problems to watch out for

ဆောင်းရာသီနှင့် သတိပြုရမယ့်ကြွက်သားပြဿနာများ

2 months ago
4.1k
How does calisthenics benefit the muscles

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းက ကြွက်သားတွေကို ဘယ်လိုကောင်းကျိုး ဖြစ်စေလဲ

2 months ago
330
How to strengthen your immune system in winter

ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းအောင် ဘယ်လိုလုပ်ဆောင်မလဲ

2 months ago
491
When the back rests at night

ညဘက် ကျောအောင့်တဲ့အခါ

3 months ago
506

အိပ်နေတုန်း သွားကြိတ်တတ်သူတွေ ဖတ်ဖြစ်အောင် ဖတ်ပါ

3 months ago
519

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အပူဒဏ်ကို ဘယ်လိုရင်ဆိုင်မလဲ

နွေရာသီမှာ သင့်အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ

အရေပြားကျန်းမာရေးအတွက် ပျားရည်ရဲ့ကောင်းကျိုးတွေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.