ခုခံအားကျဆင်းမူရောဂါပိုး(HIV)ကူးစက်ခံရပြီနောက် လူနာများသည် မိမိပတ်ဝန်းကျင်တွင် အထင်မြင်မှားအရှက်ရမည်ကိုစိုးရိမ်သောကြောင့် ဆေးဝါးကုသရန်ငြင်းဆန်ပြီးပုန်းေရှောင်နေတတ်ပါတယ်။ယခုခေတ်ကာလတွင် ART လို့ခေါ်တဲ့ဆေးဝါးဖြင့်အချိန်မီကုသမူခံယူလျှင် လူ့သက်တမ်းစေ့နေနိုင်သည်ကိုလည်း လစ်လျူရူထားတတ်ကြပါတယ်။ထိုအခါ ခုခံအားကျဆင်းသည့်ပိုးကူးစက်ခံရသူသည် နောက်ဆက်တွဲဆိုးကျိုးဆက်အနေဖြင့် ရောဂါပိုးများ(Oppotunistic infection)ကူးစက်ပြီး အသက်အန္တရာယ်ထိခိုက်သည်အထိ ခံစားရနိုင်ပါတယ်။
အထက်ဖော်ပြပါ ရောဂါများအနက် အဆုတ်ရောင်အဆုတ်ပွရောဂါလို့ခေါ်တဲ့ PCP ရောဂါသည်လည်းအဆိုးဝါးဆုံးသောဝေဒနာတစ်ခုဖြစ်ပါတယ်။အဆုတ်ရောင်အဆုတ်ပွရောဂါသည်အဆုတ်ကိုပွစေပြီရေဖြင့်ပြည့်နေတတ်ပါတယ်။လေထဲမှတဆင့် ဝင်ရောက်လာသော Pneumocystis jiroveci မိူပိုးကူးစက်မူကြောင့်ဖြစ်စေပါတယ်။
PCPရောဂါသည် ကုသရန်ခက်သလိုမကူးစက်အောင်ကာကွယ်ရန်လည်းခက်ခဲပါတယ်။ကိုယ်ခံအားကောင်းမွန်သောကျန်းမာသည့်လူအတွက် ရောဂါတိုက်ထုတ်ရန်လွယ်သော်လည်း ခုခံအားကျဆင်းသည့်ပိုူးရှိသူအတွက်က လုံးဝမလွယ်ကူသောရောဂါပါ။ကိုယ်အင်္ဂါအစားထိုးကုသသူ။သွေးကင်ဆာခံစားရသူ။မွေးရာပါရောဂါဝေဒနာရှင်များတွင်ဖြစ်ပါကလည်း ကုသမူခက်ခဲပါတယ်။အဆ်ုပါရောဂါသည် အဆုတ်သာမကအကျိတ်။အသည်းနှင့်ရိုးတွင်းချဉ်ဆီတွင်လည်း အချို့လူနာများတွင် သက်ရောက်မူရှိပါတယ်။
PCPနှင့်HIV လူနာ
ခုခံအားကျဆင်းသောရောဂါပိုးကူးစက်ခံရသူလူနာများရဲ့၄ပုံ၃ပုံသည် ARTဆေးနှင့်ကုသမူမခံယူမှီကပင် PCPရောဂါပိုးကူးစက်ခံရပြီးဖြစ်နေတတ်တယ်။ARTဆေးနှင့်အခြားကာကွယ်ဆေးများပေါ်ထွက်လာသော်လည်း ခုခံအားနည်းသူများအတွက် ကူးစက်ရောဂါနောက်ဆက်တွဲရောဂါများဖြစ်နေဆဲဖြစ်ပါတယ်။PCPရောဂါသည် CD4 count 200အောက်လူနာများတွင် ပိုမိုဖြစ်ပွားမူလွယ်ပါတယ်။ဆေးရုံတက်နေရသောခုခံအားကျဆင်းသည့်ရောဂါရှိသူ ၁၀ယောက်မှာ ၁ယောက်သည်အဆိုပါရောဂါကြောင့်ဆေးရုံတက်ရခြင်းဖြစ်ပါတယ်။ကောင်းမွန်သောကုသမူကိုခံယူရရှိသည့်တ်ုင် လူနာသည်အသက်အန္တရာယ်ထိခိုက်နိုင်ချေအများဆုံးနှင့်ရင်ဆိုင်ရပါတယ်။
(1)လက္ခဏာများ
အစပိုင်းကူးစက်မူလက္ခဏာများမှာ
-အဖျားငွေ့ငွေ့ရှိခြင်း
-ချောင်းခြောက်ဆိုးခြင်း
-အသက်ရှုမဝခြင်း
-အားအင်ကုန်ခမ်းခြင်း
-ရင်ဘတ်အောင့်ခြင်းစသည်တို့ကိုခံစားရနိုင်ပါတယ်။
(2)ရောဂါရှာဖွေမူ
ရောဂါပိုးကူးစက်မူကိုရှာဖွေရန် အဆုတ်ကိုဓာတ်မှန်ရိုက်ခြင်း။သွေးဖောက်စစ်ခြင်းစသည်တို့ကိုပြုလုပ်လေ့ရှိပါတယ်။အဆုတ်ထဲမှရေကိုဖောက်ရျ် ဓာတ်ခွဲခန်းပို့စစ်ရောဂါပိုးရှာခြင်း။လိုအပ်လျှင်မှန်ပြောင်းဖြင့်အသားစယူစစ်ဆေးခြင်းစသည်တို့ကိုပြုလုပ်ရောဂါရှာဖွေနိုင်ပါတယ်။
(3)ကုသမူ
ရောဂါကုသမူခံယူရန် ဆေးရုံတက်ရောက်မူခံယူရပါတယ်။လိုအပ်သောပိုးသတ်ဆေးများ ထိုးခြင်း။သောက်ခြင်းအပြင်ကိုယ်ခံအားမြင့်တက်စေရန် ဆေးသွင်းခြင်းများပြုလုပ်ကုသမူခံယူရပါတယ်။အခြားသောရောဂါများကူးစက်မူမခံရစေရန် အစားအသောက်အနေထိုင်ဆင်ခြင်ရျ် ကိုယ်ခံအားတက်စေသောအပြုအမူများကိုအထူးဂရုပြုလိုက်နာဆောင်ရွက်သင့်ပါတယ်။
ထို့ကြောင့် ခုခံအားကျဆင်းသောရောဂါရှိသူများအနေဖြင့် ရောဂါနောက်ဆက်တွဲရောဂါဆိုးဖြစ်သည့် PCP အဆုတ်ရောင်အဆုတ်ပွရောဂါမဖြစ်အောင်ကြိုတင်ရျ် ကိုယ်ခံအားတက်စေသောအပြုအမူနေထိုင်မူနှင့်နားလည်တတ်ကျွမ်းသောဆရာဝန်နှင့်သေချာတိုင်ပင်ကုသသင့်ပါတယ်။
Dr. ၿပည့္ရွင္း