ရာသီပန်းရဲ့ဒုက္ခ REPRO
အမျိုးသမီးတွေအားလုံးရဲ့စိတ်အနှောက်ယှက်ဖြစ်ရဆုံး စိတ်ညစ်ရဆုံးကိစ္စသည် လစဉ်ရာသီလာနေချိန်ပင်ဖြစ်ပါတယ်။ပုံမှန်လာချိန်တွင် ကိုယ်လက်မအီမသာဖြစ်သောကြောင့်စိတ်အမြဲရူပ်နေရတတ်ပါတယ်။အချို့အမျိုးသမီးများသည် ထိုကာလတွင် အလွန်အမင်းနာကျင်ကိုက်ခဲတတ်သောကြောင့်အလုပ်အက်ုင်ပျက်သည်အထိ ခံစားရနိုင်ပါတယ်။နာကျင်မူဝေဒနာသက်သာရန် အကိုက်အခဲပျောက်ဆေးသောက်ခြင်းစသည်ဖြင့်နည်းလမ်းမျိုးစုံကြိုးစားသော်လည်းသက်သာရနါခဲယဉ်းပါတယ်။တခါတရံထိုကာလကို ကျော်လွန်ချင်သည်အထိ စိတ်ပျက်စွာညည်းညူတတ်ကြပါတယ်။
ရာသီလာချိန်ကိုက်ခဲခြင်းသည် သားအိမ်နံရံများကွာကျသောကြောင့်ဝေဒနာဖြစ်ခြင်းဖြစ်ပါတယ်။အဆိုပါဝေဒနာအပြင် ချွေးထွက်ခြင်း။ဗိုက်ပွခြင်း။နုံးချိအားပျော့ခြင်း။ရင်သားနာခြင်းနှင့်စိတ်တိုအားငယ်လွယ်ခြင်းများပါ တပြိုင်နက်ခံစားရနိုင်ပါတယ်။အမျိုးသမီးများအနေဖြင့် ရာသီလာချိန်ခံစားရသောဝေဒနာများကို ဆေးဝါးအကူအညီဖြင့်ကျော်လွှားနိုင်သလို မိမိအနေအထိုင်အပြူအမူကို မလာခင်ကပဲကြိုတင် ရှောင်ရှားနေထိုင်ပြုမူသင့်ပါတယ်။အဆိုပါအပြူအမူများကို နာကျင်မူဝေဒနာကို ပိုမိုဆိုးရွားနိုင်သည်ကို သတိပြုဆင်ခြင်သင့်ပါတယ်။
(1)အိပ်ရေးပျက်ခြင်း
ရာသီလာစဉ်ကိုက်ခဲမူသည် အိပ်ရေးပျက်လျှင် ပိုမိုဆိုးရွားစေနိုင်ပါတယ်။ကောင်းမွန်စွာအိပ်စက်ခြင်းသည် လိင်ဟော်မုန်းများကို မှန်ကန်စေပါတယ်။အိပ်ရေးပျကိပါက ရာသီမမှန် ရက်ကြာစေပြီး အိပ်ရေးမဝခြင်းကြောင့်စိတ်ဖိဆီးမူမြင့်တက်လာပြီး ပိုမိုနာကျင်ကိုက်ခဲစေပါတယ်။ထို့ကြောင့် ရာသီလာခါနီးရက်များတွင်အိပ်ရေးပျက်ခြင်းမရှိရန်အထူးဂရုစိုက် နေထိုင်သင့်ပါတယ်။
(2)ကာဖိန်းဓာတ်ပါသောအရည်များ
ရာသီလာစဉ် ကာဖိန်းဓာတ်ပါသောအရည်များသောက်သုံးခြင်းသည် ပိုမိုကိုက်ခဲစေပါတယ်။ကာဖိန်းဓာတ်ပါသောအရည်များ သောက်သုံးသူများသည် မီးယပ်သွေးဆုံးဝေဒနာလည်း ပိုမိုခံစားရနိုင်ပါတယ်။
(3)ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်သုံးသောအမျိုးသမီးများတွင် အဆုတ်ကင်ဆာဖြစ်စေနိုင်သည်ဟု သတိထားရသည့်အပြင် ရာသီလာချိန်တွင်လည်း နာကျင်ကိုက်ခဲမူကိုပိုမိုဆိုးရွားစေနိုင်ပါတယ်။
(4)အရက်သောက်ခြင်း
အရက်သောက်ခြင်းသည် ရေဓာတ်ခမ်းခြောက်မူအပြင် မက်ဂနီဆီယမ်ပမာဏကိုများစေပြီးနာကျင်မူဝေဒနာဆိုးစေပါတယ်။အရက်သောက်ခြင်းသည် ခေါင်းကိုက်ခြင်း။စိတ်ပင်ပန်းခြင်းကိုလည်းဖြစ်စေပါတယ်။
(5)အချိုစားခြင်း
နာကျင်မူဝေဒနာသက်သာရန် အချိုများစားတတ်ကြပါတယ်။အချိုဓာတ်ကြောင့် အင်ဆူလင်ဓာတ်ကိုတိုးစေပြီး လိင်ဟော်မုန်းပမာဏကို ပြောင်းလဲစေပါတယ်။ထို့ကြောင့် စိတ်တိုလွယ်ခြင်းစသောဝေဒနာဖြစ်စေပါတယ်။အချိုစားချင်ပါက အခြားသောအသီးအနှံ့များစားသုံးပေးသင့်ပါတယ်။
(6)စိတ်ဖိဆီးမူများခြင်း
စိတ်ဖိဆီးမူများလျှင် နာကျင်မူဒဏ်ကိုခံနိုင်ရည် မရှိတော့ပါ။ပိုမိုနာကျင်ပြီး ပိုမိုစိတ်တိုလွယ်နိုင်ပါတယ်။စိတ်ဖြေလျော့နည်းတခုခုလုပ်ကြည့်ပါ။တရားထိုင်ပါ။စာဖတ်ကြည့်ပါ။ယောဂကျင့်ကြည့်ပါ။
(7)လေ့ကျင့်ခန်းမပြုလုပ်ခြင်း
လေ့ကျင့်ခန်းမှန်မှန်မပြုလုပ်လျှင်ကြွက်သားနာကျင်မူဒဏ်ပိုခံစားရနိုင်ပါတယ်။
(8)ဆား
ရာသီလာခါနီးအချိန်တွင် ငန်သောအစာအစားများကိုမစားပါနဲ့။ငန်သောကြောင့်လေပွကာ ဗိုက်ကယ်နေသောကြောင့် ရာသီလာချိန်ပိုမို ဆိုးရွားစေနိုင်ပါတယ်။
ရာသီလာစဉ်ကိုက်ခဲမူကို ဖြေလျော့စေနိုင်သောနည်းလမ်းများမှာ
-အစာအိမ်ရောဂါမရှိလျှင် အကိုက်အခဲပျောက်ဆေးအချို့သောက်သုံးနိုင်ပါတယ်။
-ဗိုက်သားပေါ်သို့ ရေနွေးအိတ်ကပ်ပေးခြင်းဖြင့် ဗိုက်အောင့် ခါးနာခြင်းကိုသက်သာစေနိုင်ပါတယ်။
-လဘန်ဒါအဆီကို ဗိုက်သားပေါ်သို့လိမ်းကျံနှိပ်နယ်လိမ်းကျံပေးပါက ကိုက်ခဲမူဝေဒနာလျော့ပါးစေပါတယ်။
-ရာသီလာချိန်တွင် ချုပ်စာများဖြစ်သောအပူအစပ်အငန်စသည်တို့ကိုစားသုံးခြင်းရှောင်ရှားပါ။
-အပြည့်အဝအနားယူပါ။
Dr. ၿပည့္ရွင္း