fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အသားဝါအသည်းရောင်ရောဂါများ (Hepatitis)

169
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/02/2017
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
1 min read
A A

( Zawgyi)

အသားဝါ (jaundice) ဟာအသည္းေရာင္ျခင္းတစ္ခုတည္းေၾကာင့္ မဟုတ္ဘဲေသြးထဲမွာရွိတဲ့ ေသြးနီဥကေလး မ်ားပ်က္စီးျခင္း (Haemolysis) ေၾကာင့္ျဖစ္ႏိုင္ပါတယ္။ အျခားေရာဂါေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ အဝါေရာင္ မ်ားတဲ့ မုန္လာဥနီ၊ သေဘၤာသီးမွည့္၊ သရက္သီးမွည့္စတဲ့ အဝါေရာင္အရည္႐ႊမ္းသစ္သီးမ်ား စားျခင္း၊ ဘားပ လက္၊ အင္နာဗြန္စီ (Burplex & Enervon ‘C’) တို႔အေသာက္မ်ားရင္ အသားဝါလာတတ္တယ္။

အသည္းေရာင္ျခင္းမွာ ႐ုတ္တရက္ျပင္းစြာေရာင္ျခင္းနဲ႔ နာတာရွည္ေရာင္ျခင္း (Chronic Hepatitis) ဆိုၿပီးရွိ တယ္။ အသည္းေရာင္ဗိုင္းရပ္စ္ပိုးေအႏွင့္ အီးက႐ုတ္တရက္အသည္းေရာင္ျခင္း ျဖစ္ေစၿပီး အသည္းေရာင္ဘီ၊ စီ တို႔ကနာတာရွည္အသည္းေရာင္ျခင္းျဖစ္တယ္။ အျခားဗိုင္းရပ္စ္ေၾကာင့္လည္း အသည္းေရာင္တယ္။

ဘက္တီးရီးယားလက္ပတိုစပိုင္ေရး (Leptospira) ကအသည္းေရာင္၊ ေက်ာက္ကပ္ပ်က္စီးတယ္။ အရက္ ေၾကာင့္အသည္းေရာင္ႏိုင္သလို အသည္းအဆီဖုံးေရာဂါေၾကာင့္လည္း အသည္းေရာင္ႏိုင္ပါတယ္။ အဆုတ္တီ ဘီေဆး (Isoniagid, Rifampin) ေဆးတို႔ေၾကာင့္လည္း အသည္းေရာင္ႏိုင္တယ္။ ပါရာစီတေမာစားေဆးလြန္ ကဲရင္ အသည္းေရာင္တတ္တယ္။

မူးယစ္ေဆးဝါးနဲ႔ စိတ္ႂကြေဆးမ်ား၊ တိုင္းရင္းေဆးအခ်ိဳ႕နဲ႔မႈိေတြမွာ ခႏၶာကိုယ္နဲ႔ဓာတ္မတည့္ရင္အသည္းကို ထိ ခိုက္ၿပီးအသည္းေရာင္ေစတယ္။ တစ္ခါတစ္ရံမွာ ႏွလုံးအဆို႔ရွင္ပ်က္စီးတဲ့ေရာဂါ၊ ႏွလုံးအေျမႇးပါးေရာင္ေရာဂါတို႔ မွာႏွလုံးေၾကာင့္အသည္းမွာ ေသြးလွ်ံၿပီးအသည္းေရာင္တတ္တယ္။

ေရာဂါျဖစ္ပြားေနသူစြန႔္ပစ္လိုက္တဲ့ မစင္အညစ္အေၾကးမွာ ဗိုင္းရပ္စ္ပိုးသန္းေပါင္းမ်ားစြာပါဝင္ၿပီး ယင္းအညစ္အ ေၾကးေတြနဲ႔ထိစပ္တဲ့ အစားအေသာက္၊ အသီးအႏွံအ႐ြက္တို႔မွာ အညစ္အေၾကးနဲ႔ေရာစပ္တဲ့ ေရကတစ္ဆင့္အ စာအိမ္နဲ႔ အူလမ္းေၾကာင္းေရာက္ရွိၿပီး ေရာဂါကူးစက္ျခင္းျဖစ္ေစတယ္။

ျမန္မာႏိုင္ငံမွာ (၁၉၇၀-၈၀) ဝန္းက်င္ကၿမိဳ႕ႀကီးတစ္ၿမိဳ႕မွာ အသည္းေရာင္ “ေအ”ကပ္ေရာဂါအသြင္ျဖစ္ပြားခဲ့ တယ္။ ရန္ကုန္မွာလည္းအုပ္စုလိုက္အသြင္ ျဖစ္ပြားဖူးတယ္။ မိလႅာပိုက္နဲ႔ ေရပိုက္ေပါက္ေနရာမွာ၊ မိလႅာမွေရာဂါ ပိုးအသည္းေရာင္ေအက ေရပိုက္ထဲပါသြားၿပီး ေရာဂါပိုးျပန႔္ပြားျခင္းျဖစ္တယ္။

အစားအေသာက္ျပင္ဆင္ေပးသူ၊ ေရာင္းခ်ေပးသူေတြရဲ႕ တစ္ကိုယ္ေရသန႔္ရွင္းမႈအားနည္းခ်က္မ်ား၊ အသီးအႏွံ စိုက္ပ်ိဳးရာမွာမစင္ကို ေျမၾသဇာအျဖစ္အသုံးျပဳျခင္းတို႔က ေရာဂါျပန႔္ပြားေစပါတယ္။ အသက္ (၅) ႏွစ္မွ (၁၄) ႏွစ္ အထိအျဖစ္မ်ားတယ္။ (၁၅)ရက္မွ ရက္(၅၀)အတြင္းေရာဂါလကၡဏာမ်ား စတင္ေပၚေပါက္လာတယ္။ ႐ုတ္တ ရက္အသည္းေရာင္ျခင္းရဲ႕လကၡဏာေတြျဖစ္တဲ့ မအီမသာျဖစ္ျခင္း၊ ကိုယ္လက္ေညာင္းညာျခင္း၊ ပ်ိဳ႕အန္ျခင္း၊ အနည္းငယ္ဖ်ားျခင္း၊ အစားအေသာက္မ်ားပ်က္ျခင္း၊ ခံတြင္းပ်က္ျခင္း၊ အားအင္ကုန္ခမ္းျခင္းစတဲ့ ေဝဒနာေတြခံ စားရတယ္။

အသည္းေရာင္ေအဝင္ေရာက္ၿပီး သုံးရက္ၾကာရင္မ်က္လုံးဝါျခင္း၊ အသားဝါျခင္း၊ ဆီးအေရာင္ရင့္ျခင္း၊ ညာဖက္နံ ေစာင္းကေအာင့္ျခင္းျဖစ္ေပၚလာတယ္။ ယင္းအသားဝါတဲ့အဆင့္မ်ားမွာ အေရးႀကီးအေျခအေနမ်ိဳးျဖစ္တယ္။ အ သည္းေရာင္ရမ္းမႈဆိုး႐ြားၿပီး အသည္းအလုပ္မလုပ္တဲ့အဆင့္ (Acute Liver Failure) ျဖစ္လို႔အေရးေပၚေဆး႐ုံ တက္ ေဆးကုသမႈခံယူဖို႔လိုတယ္။ အသက္အႏၲရာယ္ရွိတဲ့အေျခအေန ျဖစ္ပါတယ္။

အသည္းေရာင္’ေအ’ရဲ႕အဓိကအားသာခ်က္က အသည္းျပန္ေကာင္းတဲ့အခါ ပကတိေကာင္းမြန္လာၿပီးေနာက္ ဆက္တြဲေရာဂါလုံးဝျဖစ္ျခင္းမရွိတာဘဲ ျဖစ္တယ္။ တစ္ခါ အသည္းေရာင္’ေအ’ျဖစ္ရင္ ေနာက္ထပ္အသည္း ေရာင္’ေအ’ထပ္မျဖစ္ေအာင္ ျပည့္စုံတဲ့ကိုယ္ခံအားစနစ္ေပၚေပါက္ေစတယ္။

အသည္းေရာင္အသားဝါ’ဘီ’မွာ ေရာဂါရွိသူတစ္ဦးမွ အျခားတစ္ဦးကိုကူးစက္ျပန႔္ပြားျခင္းျဖစ္တယ္။ ေရာဂါပိုး သယ္ေဆာင္သူရဲ႕ေသြး၊ တံေတြး၊ ဆီး၊ သုက္ရည္၊ မိန္းမကိုယ္အရည္မွ ခႏၶာကိုယ္ထဲေရာက္ရွိႏိုင္သလို ေသြး သြင္းျခင္း၊ ေဆးထိုးျခင္း၊ နားေဖာက္ျခင္း၊ ေဆးမင္ေၾကာင္ထိုးျခင္း၊ သြားႏႈတ္ျခင္း၊ ခြဲစိပ္ျခင္းေတြျပဳလုပ္ရာမွဗိုင္း ရပ္စ္ပိုးေသခ်ာသန႔္စင္ထားျခင္းမရွိတဲ့ ပစၥည္းကိရိယာေတြကို အသုံးျပဳမိရာကေနကူးစက္ႏိုင္တယ္။ ေရာဂါပိုးရွိ တဲ့မိခင္ကေန ရင္ေသြးကိုကူးစက္ႏိုင္သလို၊ ေမြးရာမွေသြးနဲ႔ထိမိလို႔ကူးစက္ႏိုင္တယ္။ မူးယစ္ေဆးဝါးအေၾကာထဲ ထိုးသူမ်ား ေဆးထိုးအပ္မွ်ေဝသုံးစြဲရာမွာျဖစ္ေစတယ္။ ေရာဂါပိုးရွိသူနဲ႔ လိင္တူလိင္ကြဲဆက္ဆံမႈကတစ္ဆင့္ေရာ ဂါကူးစက္ခံရသူမ်ားရွိပါတယ္။ မၾကာခဏေသြးသြင္းကုသျခင္း၊ ေမြးရာပါေသြးအားနည္းေရာဂါ၊ ေက်ာက္ကပ္မ ေကာင္းလို႔စက္ကိရိယာနဲ႔ ေသြးသန႔္စင္ေနရသူေတြ ေရာဂါကူးစက္မႈမ်ားတတ္ပါတယ္။ ခႏၶာကိုယ္အစိတ္အပိုင္း အစားထိုးကုသရာမွာ ကူးတတ္တယ္။ အေနာက္ႏိုင္ငံေတြမွာ ခႏၶာကိုယ္အစိတ္အပိုင္းအစားထိုးကုသူေတြဟာ သာမန္စစ္ေဆး႐ုံနဲ႔မသိႏိုင္တဲ့ အသည္းေရာင္ဘီေရာဂါကူးစက္သူေတြ (၃၀) မွ (၅၀) ရာခိုင္ႏႈန္းအထိ ရွိေနတာ ေတြ႕ရတယ္လို႔ဆိုတယ္။

အသည္းေရာင္ဘီေရာဂါ ကာကြယ္ေဆးရွိပါတယ္။ ကေလးဘဝကာကြယ္ေဆးငါးမ်ိဳး (ဆုံဆို႔၊ ၾကက္ညႇာ၊ ေမး ခိုင္၊ အသည္းေရာင္ဘီ၊ ဦးေႏွာက္အေျမႇးေရာင္) ပါထိုးေဆးကို အသက္(၂)လ၊ (၄)လႏွင့္ (၆)လသားအ႐ြယ္ ေတြမွာထိုးေပးႏိုင္ပါတယ္။ ပါးစပ္ကေနပိုလီယိုကာကြယ္ေဆး အစက္ခ်တယ္။ အသက္(၂)လမွာ တီဘီကာ ကြယ္ေဆး (BCG)ထိုးတယ္။ အသက္(၉)လမွ အသက္တစ္ႏွစ္ခြဲမွာ ဝက္သက္ကာကြယ္ေဆးထိုးတယ္။ လူႀကီး ကာကြယ္ေဆးကို တစ္လ၊ ႏွစ္လ၊ သုံးလဆက္တိုက္ (၃)ႀကိမ္ထိုးၿပီး၊ ငါးႏွစ္ၾကာရင္ထပ္ဆင့္ျမႇင့္တီဘီေဆးထိုးရ မယ္။ အသည္းေရာင္ဘီက အသည္းမွာအမာ႐ြတ္ထင္ျခင္း၊ နာတာရွည္အသည္းေရာင္ျခင္း၊ အသည္းကြၽတ္ ဆတ္ျခင္း၊ အသည္းကင္ဆာတို႔အဆင့္ဆင့္ ျဖစ္ပြားကာေသဆုံးရပါတယ္။ လူတိုင္းအသိရွိရွိနဲ႔ ပူးေပါင္းပါဝင္လုပ္ ေဆာင္ၾကဖို႔၊ လိင္ကိစၥဆင္ျခင္ဖို႔၊ မတတ္ႏိုင္ရင္အစြပ္ (Condom) သုံးဖို႔အထိ အသိရွိဖို႔သင့္ပါတယ္။

အသည္းေရာင္’စီ’ပိုးဟာ ဘီပိုးလိုပဲ ေရာဂါပိုးရွိသူရဲ႕ေသြး၊ ေခြၽး၊ တံေတြး၊ သုက္ရည္၊ မိန္းမကိုယ္ကထြက္တဲ့အ ရည္မ်ားကတစ္ဆင့္ ကူးစက္ႏိုင္တယ္။ အိပ္ခ်္အိုင္ဗီနဲ႔ယွဥ္တြဲျဖစ္တတ္တယ္။ မူးယစ္ေဆးအေၾကာထဲထိုးရာမွ တစ္ဆင့္မွ်ေဝသုံးစြဲျခင္းကေန ကူးစက္ျခင္း၊ လိင္တူလိင္ကြဲဆက္ဆံမိျခင္း၊ မိခင္ေလာင္းမွသေႏၶသားကူးစက္ ျခင္းအျဖစ္မ်ားတာေတြ႕ရပါတယ္။ အသက္(၁၆)ႏွစ္ေအာက္မွာ အသည္းေရာင္စီကူးစက္တာနည္းပါတယ္။

မိဘႏွစ္ပါးကကူးစက္လာတဲ့ကေလးကို ကူးစက္ႏႈန္းမွာအေတာ္မ်ားပါတယ္။ မိခင္ျဖစ္သူမွာ စီပိုးရွိရင္၊ ဗိုင္းရပ္စ္ပ မာဏမ်ားေနရင္ ကိုယ္ဝန္ေဆာင္စဥ္နဲ႔ေမြးဖြားစဥ္ ကေလးကိုကူးစက္ႏိုင္တယ္။ ကူးစက္ႏႈန္းဟာ ကိုယ္ခံအားက် တဲ့ေရာဂါပိုး(HIV) ပါတြဲေနရင္ပိုဆိုးတယ္။ မိခင္ႏို႔ရည္ကကူးစက္မႈအလြန္နည္းတယ္။ မိခင္မွတစ္ဆင့္ ကူးစက္မ ခံရေအာင္ေရာဂါရွိရင္ ကိုယ္ဝန္မေဆာင္ဖို႔၊ ကိုယ္ဝန္ရသြားရင္ဗိုက္ခြဲေမြးဖို႔၊ မိခင္ႏို႔မတိုက္ဘဲ ႏို႔ဗူးတိုက္ဖို႔စတဲ့ကူး စက္ႏိုင္တဲ့နည္းလမ္းေတြျဖတ္ထားရမယ္။

အသည္းေရာင္စီပိုးဟာ ဘီပိုးလိုပဲ ေရာဂါပိုးရွိသူရဲ႕ေသြး၊ ေခြၽး၊ တံေတြး၊ သုက္ရည္၊ မိန္းမကိုယ္ကထြက္တဲ့အ ရည္ကေနတစ္ဆင့္ကူးစက္ႏိုင္တယ္။ (HIV)နဲ႔ယွဥ္တြဲကူးစက္ေစပါတယ္။ ယခုအခါမူးယစ္ေဆးအေၾကာထဲထိုး သြင္းရာမွ ေဆးထိုးအပ္မွ်ေဝသုံးစြဲျခင္း၊ လိင္တူလိင္ကြဲအကာကြယ္မဲ့ ဆက္ဆံျခင္းကေနအသည္းေရာင္စီပိုးကူး စက္ႏႈန္းျမင့္မားလာတယ္။ အသည္းေရာင္စီအတြက္ကာကြယ္ေဆး မရွိေသးပါ။ ကုသေဆးအေနနဲ႔ အသည္းဝါ ’စီ’ပိုးေကာင္ေရေလ်ာ့က်ေစၿပီး မရွိေတာ့တဲ့အထိေဆးေပးကုသႏိုင္ပါတယ္။ အသည္းေရာင္စီကို ထိထိေရာက္ ေရာက္ကုသသင့္တယ္။ အသည္းႂကြတ္တဲ့အဆင့္ အသည္းကင္ဆာျဖစ္လြယ္တယ္။

အရက္ေၾကာင့္ျဖစ္တဲ့အသည္းေရာင္တာကို ေန႔စဥ္ရက္ဆက္ႏွစ္ရွည္လမ်ား အရက္စြဲေသာက္ေနတဲ့အရက္သ မားေတြမွာအသည္းေျခာက္ (Cirrhosis Liver) အျဖစ္မ်ားၿပီး အသည္းကင္ဆာမေရာက္မီ ေသာက္ရင္းနဲ႔ေသ ဆုံးသြားတတ္တယ္။ အရက္ကိုစံမွီတဲ့အရက္ ေဆးျဖစ္ဝါးျဖစ္ေသာက္သူမ်ား အရက္ေၾကာင့္အသည္းေရာင္ျခင္း အသည္းႂကြတ္အသည္းေရာင္ျခင္း မျဖစ္ႏိုင္ပါ။

အီစတိုဂ်င္ပါတဲ့ကိုယ္ဝန္တားေဆး၊ စတီး႐ြိဳက္ေဆး၊ ကင္ဆာေဆး၊ တီဘီကုသေဆးစတဲ့ေဆးဝါးေတြ ကာလ ရွည္စြဲေသာက္ရင္ ေဆးေၾကာင့္ျဖစ္တဲ့အသည္းေရာင္ အသည္းေျခာက္ေရာဂါျဖစ္တတ္တယ္။ အသည္းေျခာက္ ေရာဂါျဖစ္လာရင္ လူနာႏုံးေခြၿပီးအားနည္းတယ္။ ေမာပန္းလြယ္တယ္။ ပိန္က်သြားတယ္။ အသက္ရႈမဝသလိုခံ စားရတယ္။ ပ်ိဳ႕တယ္အန္တယ္။ ရင္ျပည့္ရင္ကယ္ျဖစ္ကာ အစားမဝင္ေတာ့ဘူး။ အသည္းေရာင္ဘီနဲ႔စီပိုးတြဲၿပီး ျဖစ္ရင္အသည္းေျခာက္ အသည္းႂကြတ္ဆတ္ျဖစ္ဖို႔လြယ္ကူပါတယ္။ လိုအပ္တဲ့ကုသမႈနဲ႔အတူ အတူေနမိသားစုမ ကူးစက္ရေအာင္ သီးသန႔္အသုံးေဆာင္ပစၥည္းမ်ားထားသင့္ပါတယ္။

Author – ေဒါက္တာလြင္သန႔္

(Unicode )

အသားဝါ (jaundice) ဟာအသည်းရောင်ခြင်းတစ်ခုတည်းကြောင့် မဟုတ်ဘဲသွေးထဲမှာရှိတဲ့ သွေးနီဥကလေး များပျက်စီးခြင်း (Haemolysis) ကြောင့်ဖြစ်နိုင်ပါတယ်။ အခြားရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဝါရောင် များတဲ့ မုန်လာဥနီ၊ သင်္ဘောသီးမှည့်၊ သရက်သီးမှည့်စတဲ့ အဝါရောင်အရည်ရွှမ်းသစ်သီးများ စားခြင်း၊ ဘားပ လက်၊ အင်နာဗွန်စီ (Burplex & Enervon ‘C’) တို့အသောက်များရင် အသားဝါလာတတ်တယ်။

အသည်းရောင်ခြင်းမှာ ရုတ်တရက်ပြင်းစွာရောင်ခြင်းနဲ့ နာတာရှည်ရောင်ခြင်း (Chronic Hepatitis) ဆိုပြီးရှိ တယ်။ အသည်းရောင်ဗိုင်းရပ်စ်ပိုးအေနှင့် အီးကရုတ်တရက်အသည်းရောင်ခြင်း ဖြစ်စေပြီး အသည်းရောင်ဘီ၊ စီ တို့ကနာတာရှည်အသည်းရောင်ခြင်းဖြစ်တယ်။ အခြားဗိုင်းရပ်စ်ကြောင့်လည်း အသည်းရောင်တယ်။

ဘက်တီးရီးယားလက်ပတိုစပိုင်ရေး (Leptospira) ကအသည်းရောင်၊ ကျောက်ကပ်ပျက်စီးတယ်။ အရက် ကြောင့်အသည်းရောင်နိုင်သလို အသည်းအဆီဖုံးရောဂါကြောင့်လည်း အသည်းရောင်နိုင်ပါတယ်။ အဆုတ်တီ ဘီဆေး (Isoniagid, Rifampin) ဆေးတို့ကြောင့်လည်း အသည်းရောင်နိုင်တယ်။ ပါရာစီတမောစားဆေးလွန် ကဲရင် အသည်းရောင်တတ်တယ်။

မူးယစ်ဆေးဝါးနဲ့ စိတ်ကြွဆေးများ၊ တိုင်းရင်းဆေးအချို့နဲ့မှိုတွေမှာ ခန္ဓာကိုယ်နဲ့ဓာတ်မတည့်ရင်အသည်းကို ထိ ခိုက်ပြီးအသည်းရောင်စေတယ်။ တစ်ခါတစ်ရံမှာ နှလုံးအဆို့ရှင်ပျက်စီးတဲ့ရောဂါ၊ နှလုံးအမြှေးပါးရောင်ရောဂါတို့ မှာနှလုံးကြောင့်အသည်းမှာ သွေးလျှံပြီးအသည်းရောင်တတ်တယ်။

ရောဂါဖြစ်ပွားနေသူစွန့်ပစ်လိုက်တဲ့ မစင်အညစ်အကြေးမှာ ဗိုင်းရပ်စ်ပိုးသန်းပေါင်းများစွာပါဝင်ပြီး ယင်းအညစ်အ ကြေးတွေနဲ့ထိစပ်တဲ့ အစားအသောက်၊ အသီးအနှံအရွက်တို့မှာ အညစ်အကြေးနဲ့ရောစပ်တဲ့ ရေကတစ်ဆင့်အ စာအိမ်နဲ့ အူလမ်းကြောင်းရောက်ရှိပြီး ရောဂါကူးစက်ခြင်းဖြစ်စေတယ်။

မြန်မာနိုင်ငံမှာ (၁၉၇၀-၈၀) ဝန်းကျင်ကမြို့ကြီးတစ်မြို့မှာ အသည်းရောင် “အေ”ကပ်ရောဂါအသွင်ဖြစ်ပွားခဲ့ တယ်။ ရန်ကုန်မှာလည်းအုပ်စုလိုက်အသွင် ဖြစ်ပွားဖူးတယ်။ မိလ္လာပိုက်နဲ့ ရေပိုက်ပေါက်နေရာမှာ၊ မိလ္လာမှရောဂါ ပိုးအသည်းရောင်အေက ရေပိုက်ထဲပါသွားပြီး ရောဂါပိုးပြန့်ပွားခြင်းဖြစ်တယ်။

အစားအသောက်ပြင်ဆင်ပေးသူ၊ ရောင်းချပေးသူတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းချက်များ၊ အသီးအနှံ စိုက်ပျိုးရာမှာမစင်ကို မြေသြဇာအဖြစ်အသုံးပြုခြင်းတို့က ရောဂါပြန့်ပွားစေပါတယ်။ အသက် (၅) နှစ်မှ (၁၄) နှစ် အထိအဖြစ်များတယ်။ (၁၅)ရက်မှ ရက်(၅၀)အတွင်းရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာတယ်။ ရုတ်တ ရက်အသည်းရောင်ခြင်းရဲ့လက္ခဏာတွေဖြစ်တဲ့ မအီမသာဖြစ်ခြင်း၊ ကိုယ်လက်ညောင်းညာခြင်း၊ ပျို့အန်ခြင်း၊ အနည်းငယ်ဖျားခြင်း၊ အစားအသောက်များပျက်ခြင်း၊ ခံတွင်းပျက်ခြင်း၊ အားအင်ကုန်ခမ်းခြင်းစတဲ့ ဝေဒနာတွေခံ စားရတယ်။

အသည်းရောင်အေဝင်ရောက်ပြီး သုံးရက်ကြာရင်မျက်လုံးဝါခြင်း၊ အသားဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ညာဖက်နံ စောင်းကအောင့်ခြင်းဖြစ်ပေါ်လာတယ်။ ယင်းအသားဝါတဲ့အဆင့်များမှာ အရေးကြီးအခြေအနေမျိုးဖြစ်တယ်။ အ သည်းရောင်ရမ်းမှုဆိုးရွားပြီး အသည်းအလုပ်မလုပ်တဲ့အဆင့် (Acute Liver Failure) ဖြစ်လို့အရေးပေါ်ဆေးရုံ တက် ဆေးကုသမှုခံယူဖို့လိုတယ်။ အသက်အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်ပါတယ်။

အသည်းရောင်’အေ’ရဲ့အဓိကအားသာချက်က အသည်းပြန်ကောင်းတဲ့အခါ ပကတိကောင်းမွန်လာပြီးနောက် ဆက်တွဲရောဂါလုံးဝဖြစ်ခြင်းမရှိတာဘဲ ဖြစ်တယ်။ တစ်ခါ အသည်းရောင်’အေ’ဖြစ်ရင် နောက်ထပ်အသည်း ရောင်’အေ’ထပ်မဖြစ်အောင် ပြည့်စုံတဲ့ကိုယ်ခံအားစနစ်ပေါ်ပေါက်စေတယ်။

အသည်းရောင်အသားဝါ’ဘီ’မှာ ရောဂါရှိသူတစ်ဦးမှ အခြားတစ်ဦးကိုကူးစက်ပြန့်ပွားခြင်းဖြစ်တယ်။ ရောဂါပိုး သယ်ဆောင်သူရဲ့သွေး၊ တံတွေး၊ ဆီး၊ သုက်ရည်၊ မိန်းမကိုယ်အရည်မှ ခန္ဓာကိုယ်ထဲရောက်ရှိနိုင်သလို သွေး သွင်းခြင်း၊ ဆေးထိုးခြင်း၊ နားဖောက်ခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ သွားနှုတ်ခြင်း၊ ခွဲစိပ်ခြင်းတွေပြုလုပ်ရာမှဗိုင်း ရပ်စ်ပိုးသေချာသန့်စင်ထားခြင်းမရှိတဲ့ ပစ္စည်းကိရိယာတွေကို အသုံးပြုမိရာကနေကူးစက်နိုင်တယ်။ ရောဂါပိုးရှိ တဲ့မိခင်ကနေ ရင်သွေးကိုကူးစက်နိုင်သလို၊ မွေးရာမှသွေးနဲ့ထိမိလို့ကူးစက်နိုင်တယ်။ မူးယစ်ဆေးဝါးအကြောထဲ ထိုးသူများ ဆေးထိုးအပ်မျှဝေသုံးစွဲရာမှာဖြစ်စေတယ်။ ရောဂါပိုးရှိသူနဲ့ လိင်တူလိင်ကွဲဆက်ဆံမှုကတစ်ဆင့်ရော ဂါကူးစက်ခံရသူများရှိပါတယ်။ မကြာခဏသွေးသွင်းကုသခြင်း၊ မွေးရာပါသွေးအားနည်းရောဂါ၊ ကျောက်ကပ်မ ကောင်းလို့စက်ကိရိယာနဲ့ သွေးသန့်စင်နေရသူတွေ ရောဂါကူးစက်မှုများတတ်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးကုသရာမှာ ကူးတတ်တယ်။ အနောက်နိုင်ငံတွေမှာ ခန္ဓာကိုယ်အစိတ်အပိုင်းအစားထိုးကုသူတွေဟာ သာမန်စစ်ဆေးရုံနဲ့မသိနိုင်တဲ့ အသည်းရောင်ဘီရောဂါကူးစက်သူတွေ (၃၀) မှ (၅၀) ရာခိုင်နှုန်းအထိ ရှိနေတာ တွေ့ရတယ်လို့ဆိုတယ်။

အသည်းရောင်ဘီရောဂါ ကာကွယ်ဆေးရှိပါတယ်။ ကလေးဘဝကာကွယ်ဆေးငါးမျိုး (ဆုံဆို့၊ ကြက်ညှာ၊ မေး ခိုင်၊ အသည်းရောင်ဘီ၊ ဦးနှောက်အမြှေးရောင်) ပါထိုးဆေးကို အသက်(၂)လ၊ (၄)လနှင့် (၆)လသားအရွယ် တွေမှာထိုးပေးနိုင်ပါတယ်။ ပါးစပ်ကနေပိုလီယိုကာကွယ်ဆေး အစက်ချတယ်။ အသက်(၂)လမှာ တီဘီကာ ကွယ်ဆေး (BCG)ထိုးတယ်။ အသက်(၉)လမှ အသက်တစ်နှစ်ခွဲမှာ ဝက်သက်ကာကွယ်ဆေးထိုးတယ်။ လူကြီး ကာကွယ်ဆေးကို တစ်လ၊ နှစ်လ၊ သုံးလဆက်တိုက် (၃)ကြိမ်ထိုးပြီး၊ ငါးနှစ်ကြာရင်ထပ်ဆင့်မြှင့်တီဘီဆေးထိုးရ မယ်။ အသည်းရောင်ဘီက အသည်းမှာအမာရွတ်ထင်ခြင်း၊ နာတာရှည်အသည်းရောင်ခြင်း၊ အသည်းကျွတ် ဆတ်ခြင်း၊ အသည်းကင်ဆာတို့အဆင့်ဆင့် ဖြစ်ပွားကာသေဆုံးရပါတယ်။ လူတိုင်းအသိရှိရှိနဲ့ ပူးပေါင်းပါဝင်လုပ် ဆောင်ကြဖို့၊ လိင်ကိစ္စဆင်ခြင်ဖို့၊ မတတ်နိုင်ရင်အစွပ် (Condom) သုံးဖို့အထိ အသိရှိဖို့သင့်ပါတယ်။

အသည်းရောင်’စီ’ပိုးဟာ ဘီပိုးလိုပဲ ရောဂါပိုးရှိသူရဲ့သွေး၊ ချွေး၊ တံတွေး၊ သုက်ရည်၊ မိန်းမကိုယ်ကထွက်တဲ့အ ရည်များကတစ်ဆင့် ကူးစက်နိုင်တယ်။ အိပ်ချ်အိုင်ဗီနဲ့ယှဉ်တွဲဖြစ်တတ်တယ်။ မူးယစ်ဆေးအကြောထဲထိုးရာမှ တစ်ဆင့်မျှဝေသုံးစွဲခြင်းကနေ ကူးစက်ခြင်း၊ လိင်တူလိင်ကွဲဆက်ဆံမိခြင်း၊ မိခင်လောင်းမှသန္ဓေသားကူးစက် ခြင်းအဖြစ်များတာတွေ့ရပါတယ်။ အသက်(၁၆)နှစ်အောက်မှာ အသည်းရောင်စီကူးစက်တာနည်းပါတယ်။

မိဘနှစ်ပါးကကူးစက်လာတဲ့ကလေးကို ကူးစက်နှုန်းမှာအတော်များပါတယ်။ မိခင်ဖြစ်သူမှာ စီပိုးရှိရင်၊ ဗိုင်းရပ်စ်ပ မာဏများနေရင် ကိုယ်ဝန်ဆောင်စဉ်နဲ့မွေးဖွားစဉ် ကလေးကိုကူးစက်နိုင်တယ်။ ကူးစက်နှုန်းဟာ ကိုယ်ခံအားကျ တဲ့ရောဂါပိုး(HIV) ပါတွဲနေရင်ပိုဆိုးတယ်။ မိခင်နို့ရည်ကကူးစက်မှုအလွန်နည်းတယ်။ မိခင်မှတစ်ဆင့် ကူးစက်မ ခံရအောင်ရောဂါရှိရင် ကိုယ်ဝန်မဆောင်ဖို့၊ ကိုယ်ဝန်ရသွားရင်ဗိုက်ခွဲမွေးဖို့၊ မိခင်နို့မတိုက်ဘဲ နို့ဗူးတိုက်ဖို့စတဲ့ကူး စက်နိုင်တဲ့နည်းလမ်းတွေဖြတ်ထားရမယ်။

အသည်းရောင်စီပိုးဟာ ဘီပိုးလိုပဲ ရောဂါပိုးရှိသူရဲ့သွေး၊ ချွေး၊ တံတွေး၊ သုက်ရည်၊ မိန်းမကိုယ်ကထွက်တဲ့အ ရည်ကနေတစ်ဆင့်ကူးစက်နိုင်တယ်။ (HIV)နဲ့ယှဉ်တွဲကူးစက်စေပါတယ်။ ယခုအခါမူးယစ်ဆေးအကြောထဲထိုး သွင်းရာမှ ဆေးထိုးအပ်မျှဝေသုံးစွဲခြင်း၊ လိင်တူလိင်ကွဲအကာကွယ်မဲ့ ဆက်ဆံခြင်းကနေအသည်းရောင်စီပိုးကူး စက်နှုန်းမြင့်မားလာတယ်။ အသည်းရောင်စီအတွက်ကာကွယ်ဆေး မရှိသေးပါ။ ကုသဆေးအနေနဲ့ အသည်းဝါ ’စီ’ပိုးကောင်ရေလျော့ကျစေပြီး မရှိတော့တဲ့အထိဆေးပေးကုသနိုင်ပါတယ်။ အသည်းရောင်စီကို ထိထိရောက် ရောက်ကုသသင့်တယ်။ အသည်းကြွတ်တဲ့အဆင့် အသည်းကင်ဆာဖြစ်လွယ်တယ်။

အရက်ကြောင့်ဖြစ်တဲ့အသည်းရောင်တာကို နေ့စဉ်ရက်ဆက်နှစ်ရှည်လများ အရက်စွဲသောက်နေတဲ့အရက်သ မားတွေမှာအသည်းခြောက် (Cirrhosis Liver) အဖြစ်များပြီး အသည်းကင်ဆာမရောက်မီ သောက်ရင်းနဲ့သေ ဆုံးသွားတတ်တယ်။ အရက်ကိုစံမှီတဲ့အရက် ဆေးဖြစ်ဝါးဖြစ်သောက်သူများ အရက်ကြောင့်အသည်းရောင်ခြင်း အသည်းကြွတ်အသည်းရောင်ခြင်း မဖြစ်နိုင်ပါ။

အီစတိုဂျင်ပါတဲ့ကိုယ်ဝန်တားဆေး၊ စတီးရွိုက်ဆေး၊ ကင်ဆာဆေး၊ တီဘီကုသဆေးစတဲ့ဆေးဝါးတွေ ကာလ ရှည်စွဲသောက်ရင် ဆေးကြောင့်ဖြစ်တဲ့အသည်းရောင် အသည်းခြောက်ရောဂါဖြစ်တတ်တယ်။ အသည်းခြောက် ရောဂါဖြစ်လာရင် လူနာနုံးခွေပြီးအားနည်းတယ်။ မောပန်းလွယ်တယ်။ ပိန်ကျသွားတယ်။ အသက်ရှုမဝသလိုခံ စားရတယ်။ ပျို့တယ်အန်တယ်။ ရင်ပြည့်ရင်ကယ်ဖြစ်ကာ အစားမဝင်တော့ဘူး။ အသည်းရောင်ဘီနဲ့စီပိုးတွဲပြီး ဖြစ်ရင်အသည်းခြောက် အသည်းကြွတ်ဆတ်ဖြစ်ဖို့လွယ်ကူပါတယ်။ လိုအပ်တဲ့ကုသမှုနဲ့အတူ အတူနေမိသားစုမ ကူးစက်ရအောင် သီးသန့်အသုံးဆောင်ပစ္စည်းများထားသင့်ပါတယ်။

Author – ဒေါက်တာလွင်သန့်

Previous Post

မျက်စိက ကျိန်းစပ်စပ် မျက်စိနာနေပြီလား ဆရာ

Next Post

လိင်တူဆက်ဆံခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လိင်တူဆက်ဆံခြင်း

မိခင်နို့တိုက်ကျွေးခြင်း

ဆားဝက်ခြံကြောင့် စိတ်ညစ်နေရတာလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.