မြန်မာပြည်သည်အဝတ်အစားဆင်ယင်ထုံးဖွဲ့မှုမှသည် အစားအသောက်ပုံစံ အထိကိုယ်ပိုင်ဟန် ၊ ကိုယ်ပိုင်ယဉ်ကျေးမှုရှိသော သမိုင်းကြောင်းခိုင်မာသောနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ် ။ မြန်မာပြည်သူပြည်သားတွေလည်း ရှေးနှစ်ပေါင်းများစွာကတည်းက ယခုအချိန်အထိ လက်ဆင့်ကမ်းခဲ့သောရိုးရာအမွေအနှစ် ဓလေ့စရိုက်များမှာလည်းများစွာရှိပြီး ထိုဓလေ့စရိုက်အမွေအနှစ်များထဲမှာမှ ဆင်ယင်ထုံးဖွဲ့မှု နှင့်အလှခြယ်မှုန်းမှုတွင်ယခုအချိန်ထိစွဲမြဲစွာ ဆောင်ရွက်နေသော ချစ်စရာဓလေ့စရိုက်တစ်ခုမှာ သနပ်ခါးလိမ်းခြင်းပင်ဖြစ်ပါတော့တယ် ။
သနပ်ခါးဆိုတာဘာလဲ ???
မြန်မာပြည်ရဲ့အလယ်ပိုင်းတွင် ဖြစ်ထွန်းအောင်မြင်ပြီး ကြီးထွားမှုနှုန်းနှေးသော အပင်မျိုးစိတ်တစ်မျိုးကို အစွဲပြု၍ခေါ်ဆိုခြင်းဖြစ်ပါတယ်။
ပုံမှန်အားဖြင့် အရွယ်ရောက်သော သနပ်ခါးပင်တစ်ပင်ဟာ အနည်းဆုံး၃၅ နှစ်ခန့်အချိန်ယူရသော်လည်း အပင်စိုက်ပြီး ၃ နှစ်မှ ၇ နှစ်သက်တမ်းရှိလျှင် ဈေးကွက်ထဲသို့ရောင်းချနိုင်ပါပီ။
ကမ္ဘာတွင် မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာ သနပ်ခါးကို အလှအပခြယ်မှုန်းရာတွင် ရိုးရာအလှပြင်ပစ္စည်းအဖြစ်သာမက တစ်ခါတစ်ရံတွင်လည်း ဒဏ်ရာအနာတရများနှင့် တင်းတိပ်ဝက်ခြံများပျောက်ကင်းအောင်လည်း အသုံးပြုကြပါတယ်။
သနပ်ခါးကို မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း(၂၀၀၀)ကျော်ခန့်ကတည်းက အလှအပအတွက် နိုင်ငံသူနိုင်ငံသားအပေါင်း စွဲမြဲစွာယခုအချိန်အထိ အသုံးပြုဆဲဖြစ်ပါတယ်။
သဘာဝသနပ်ခါးတွင်ပါဝင်သောအရာများ
Vitamin E
Vitamin E ကတော့သနပ်ခါးထဲမှာ ပါတဲ့သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပီး အသားအရေကို ညစ်ညမ်းသောစေသော လေထုမှလည်းကောင်း ၊ လူတို့ကိုအန္တရာယ်ဖြစ်စေနိုင်သော Ultravoilet Radiation (UV_rays) နှင့်မျက်နှာပေါ်မှာရှိသော cell structure များပျက်စီးမှုများမှ ကာကွယ်ပေးနိုင်ပါတယ်။
Antibacterial
သဘာဝသနပ်ခါးမှာပါတဲ့ တခြားသော ဓာတ်ဝတ္ထု ပစ္စည်းတွေ ဖြစ်ပီး ကိုယ်ခန္ဓာနာကျင်ကိုက်ခဲယောင်ရမ်းခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် တင်းတိပ်၊ဝက်ခြံများ ပျောက်ကင်းစေရန် သနပ်ခါးအုံပေးခြင်းဟာ အဆိုပါဓာတ်ပစ္စည်းများ ပါဝင်မှုကြောင့်ဖြစ်ပါတယ်။ထို့အပြင် မျက်နှာအဆီပြန်ခြင်းကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ပါတယ်။
Particles
သနပ်ခါးတွင်ပါဝင်သော အမှုန်များတွင်ပင် လွန်စွာအသုံးဝင်သော အကျိုးကျေးဇူးများ ပါဝင်ပါတယ်။ထိုအမှုန်များဟာ မျက်နှာပေါ်တွင်ရှိသော ဖုန်မှုန့် နှင့် အခြားမမြင်နိုင်သော ပိုးမွှားများအား ရှင်းလင်းနိုင်ခြင်းနှင့် မျက်နှာ၏အပြင်ဘက်ဆုံး အလွှာမှ ဆဲလ်သေများကို ဖယ်ရှားနိုင်ခြင်းစတဲ့ အကျိုးကျေးဇူး များစွာရရှိသော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးပြီး ချောမွတ်စိုပြေ လှပသော အသားအရောကို ပိုင်ဆိုင်စေပါတယ်။
Tyrosinase inhibitors
သနပ်ခါးတွင်ပါဝင်သော ပစ္စည်းဖြစ်ပြီး Tyrosinase လို့ခေါ်တဲ့ ဓာတ်ဝတ္ထုဝင်ရောက်ခြင်းမှ နှောင့်နှေးကြန့်ကြာ အောင်ဆောင်ရွက်ပေးပြီး အသားအရေကိုဖြူဝင်းစေပါတယ်(အသားညိုလို့စိတ်ပျက်စရာမလိုတော့ဘူးနော်)
သနပ်ခါး၏အကျိုးကျေးဇူးများ
သနပ်ခါးရဲ့အကျိုးကျေးဇူးတွေကတော့ များစွာရှိပါတယ်။ထို့အထဲမှာမှ ထင်ရှားသောအကျိုးကျေးဇူးများကတော့…
(၁)နေရောင်ကိုကာကွယ်နိုင်တဲ့ သဘာဝစစ်စစ် sun block cream ဖြစ်ခြင်း၊
(၂)Vitamin E များစွာပါဝင်ပြီး အသားအရေကိုစိုပြေချောမွတ်စေနိုင်ခြင်း၊
(၃)မြန်မာလူမျိုးတို့ နှစ်ပေါင်း(၂၀၀၀)ကျော်နှင့်ယခုအချိန်ထိ စွဲမြဲစွာသုံးစွဲခြင်းကြောင့် side effect လုံဝမရှိမှုကို ထောငိစုနှစ်ချီ သက်သေပြနိုင်ခြင်း၊
(၄)မြန်မာလူမျိုးတို့ သဘာဝက ပေးသောလက်ဆောင်ကို ကောင်းမွန်စွာအသုံးချပီး မြန်မာကို ကမ္ဘာက ပိုသိလာခြင်း၊
(၅)သနပ်ခါးတွင်zince ဓာတ်ပါဝင်မှုနည်းခြင်း၊
(၆)သနပ်ခါးဟာ သဘာဝကဖြစ်ပေါ်လာပြီး သဘာဝကိုဆန့်ကျင်သော အရာမဟုတ်ခြင်း၊
(၇) အသားအရေကိုအေးမြစေခြင်း၊
(၈)အရွယ်တင်သော အလှအပနှင့် ချောမွတ်သော အသားအရေတို့ကို ပိုင်ဆိုင်နိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်
နောက်ဆုံးအနေနဲ့ကတော့ သနပ်ခါးဟာ ကျွန်တော်တို့နိုင်ငံမှာ လူမျိုးမရွေး ဘာသာမရွေး ဆင်ရဲချမ်းသာမရွေးအသုံးပြုနေကြပြီး မတူညီသော ကွဲပြားခြားနားမှုတွေများတဲ့ ကျွန်တော်တို့နိုင်ငံမှာ နည်းစွာသော တူညီမှုတွေထဲက တစ်ခုသောတူညီမှုဖြစ်ပြီး ကမ္ဘာကပါမြန်မာကိုသိစေသော သဘာဝမြန်မာ့ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်ခင်ဗျာ။
Dr.Z