fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 11,631 Total Cases
😥 256 Deaths
😇 3,073 Recovered

ရေနွေးငွေ့သုံးပြီး မျက်နှာ အလှအပကို ဘယ်လို ထိန်းသိမ်းကြမလဲ

ရေနွေးငွေ့သုံးပြီး မျက်နှာ အလှအပကို ဘယ်လို ထိန်းသိမ်းကြမလဲ

ရေနွေးငွေ့ သုံးတယ်ဆိုလို့ အိမ်မှာ ကော်ဖီ လက်ဖက်ရည် ဖျော်ဖို့အတွက် ရေနွေးအိုးတည်တဲ့ အခါမှာ ထွက်လာတဲ့ ရေနွေးငွေ့ ပူပူလောင်လောင်ကြီးတွေကို မြင်ပြီး အပူလောင်မှာကိုပဲ မမြင်မိလိုက်ပါနဲ့ …

မျက်နှာ အလှအပ အတွက် အသုံးပြုတဲ့ ရေနွေးငွေ့ therapy ဆိုတာကို အလွယ်တကူ မြင်အောင် ပြောပြရရင်တော့ ကိုရီးယား ဇာတ်လမ်းတွဲတွေမှာ မကြာခဏ ပြောတတ်တဲ့ ချွေးထုတ်ခန်းသွားတာနဲ့ အလားသဏ္ဍာန်တူပါတယ်။

အပူချိန်များတဲ့ ချွေးထုတ်ခန်း (sauna) တွေကို သွားတဲ့ အခါမှာ ရေနွေးငွေ့ ရဲ့ အသားအရည် အပေါ်မှာ သက်ရောက်မယ့် အကျိုးအာနိသင်တွေကို ရရှိမှာ အမှန်ပါပဲ ။ ဒီလို နေရာတွေကို မအားလို့ မသွားနိုင်ဘူး ဆိုရင်တော့ ကိုယ့်အိမ်မှာ ရေနွေးနွေးလေး တည်ပြီးတော့ မျက်နှာကို ရေနွေးငွေ့ ခံတာပဲ ဖြစ်ဖြစ် ၊ အပူမလောင် နိုင်တဲ့ ရေခပ်နွေးနွေးမှာ စိမ်ထားတဲ့ တဘက်ပဝါတွေ မျက်နှာပေါ်မှာ ခဏတာ တင်ပေးတာပဲ ဖြစ်ဖြစ် လုပ်ပေးလို့ရပါတယ်။

ရေနွေးငွေ့ခံပေးခြင်းဖြင့် မျက်နှာ အလှအပ အပေါ်မှာ သက်ရောက်နိုင်တဲ့ အကျိုးကျေးဇူးတွေကတော့

မျက်နှာပေါ်က အညစ်အကြေးတွေကို အတွင်းပိုင်းအထိ သန့်စင်ပေးနိုင်ပါတယ်။

မျက်နှာ အတွင်းပိုင်းမှာ အညစ်အကြေးတွေ ကျန်နေတဲ့အခါမှာ ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေ ဖြစ်တတ်ပါတယ်။  သိတဲ့ အတိုင်း ဝက်ခြံဖြစ်တဲ့ အခါမှာ အခန့်မသင့်လို့ မျက်နှာပေါ်မှာ အမာရွတ်တွေ ကျန်နေခဲ့မယ်ဆိုရင် သင်ရဲ့ မျက်နှာ အလှအပကို ထိခိုက်စေပါလိမ့်မယ်။

ရေနွေးငွေ့ဟာ ခဏတာ ချွေးပေါက်တွေကို ကျယ်စေတဲ့အတွက် ရေနွေးငွေ့ ခံပြီးစအချိန်ဟာ မျက်နှာသစ်ဆေးတွေ Scrub တွေကို သုံးပြီး မျက်နှာအတွင်းပိုင်းက ချွေးပေါက်တွေထဲမှာ ရှိနေတဲ့ အညစ်အကြေးတွေကို ဖယ်ထုတ်ဖို့ အကောင်းဆုံး အချိန်ပါပဲ။

ဒါကြောင့် မျက်နှာ အသားအရည်ထိန်းသိမ်းတဲ့ ပစ္စည်းတွေ ဝက်ခြံပျောက်ဆေးတွေ တော်တော်များများ သုံးပြီးတဲ့ အထိ ဝက်ခြံတွေ မပျောက်သေးဘူးဆိုရင်တော့ ဒီနည်းလမ်းလေးကို စမ်းသုံးကြည့်သင့်ပါတယ်။

မျက်နှာ အသားအရည်ပေါ်မှာ ရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

မျက်နှာ အသားအရည်ပေါ်က အဆိပ်အတောက်တွေဟာ မျက်နှာ အသားအရည်ကို မြန်မြန်ပျက်စီးစေပြီး အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ရေနွေးငွေ့ဟာ မျက်နှာ အသားအရည်ပေါ်က အဆိပ်အတောက်တွေဟာ ပုံမှန်ထက် မြန်မြန်ပိုပြီး ဖယ်ရှားပေးနိုင်ပါတယ်။ အပူရှိန်ကြောင့် ထွက်လာတဲ့ ချွေးနဲ့အတူ အရေပြားပေါ်မှာ ရှိတဲ့  အဆိပ်အတောက်တွေဟာ မြန်မြန် ပါသွားမှာ ဖြစ်တဲ့ အတွက်ကြောင့် ပါပဲ။

မျက်နှာပေါ်က အမဲစက်တွေကို လည်း ဖယ်ရှားပေးနိုင်ပါတယ်။

မျက်နှာပေါ်က အစိုဓာတ်ကို ထိန်းပေးဖို့ အတွက် မျက်နှာပေါ်မှာ အဆီဓာတ်တွေ ထွက်ပါတယ်။ ဒါပေမဲ့ ဒီလို အဆီဓာတ်တွေ ထွက်တာများတဲ့ အခါမှာ ဒီအဆီတွေဟာ ချွေးပေါက်တွေမှာ သွားပိတ်နိုင်ပါတယ်။ ဒီအခါ မျက်နှာပေါ်မှာ အမဲစက်တွေ ဖြစ်လာပါတယ်။

မျက်နှာကို ရေနွေးငွေ့ ပေးတဲ့ အခါမျိုးမှာ အပူဟာ မာပြီးပိတ်နေတဲ့ အဆီတွေကို ပျော်စေတဲ့ အတွက်

အမဲစက်တွေဟာ အထိုက်အလျောက်တော့ သက်သာသွားမှာ အမှန်ပါပဲ။

အိုမင်းရင့်ရော်မှုကိုလည်း လျော့ချပေးနိုင်ပါတယ်။

အသက်ကြီးလာတဲ့ အခါမှာ အရေပြားဆဲလ်အသစ်တွေ ဖြစ်တာဟာ တဖြည်းဖြည်းနည်းလာသလို ဆဲလ်သေတွေကို ဖယ်ထုတ်နိုင်တာဟာလည်း လျော့ကျလာပါတယ်။ ဒီလို အခါမှာ အသားအရည်ဟာ တောက်ပမှုတွေ နည်းလာမှာ အမှန်ပါပဲ။

မျက်နှာပေါ်ကို အပူငွေ့ ပေးတဲ့ အခါ မျက်နှာပေါ်မှာ ရှိနေတဲ့ သွေးကြောတွေကို ကျယ်စေပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ ဒီအခါ အလှအပကို ဖုံးကွယ်စေတဲ့ မျက်နှာပေါ်က ဆဲလ်သေအလွှာတွေကို မြန်မြန်ဖယ်ရှားပေးနိုင်သလို ဆဲလ်အသစ်တွေ ကို ဖြစ်စေဖို့ အားပေးတဲ့ အတွက် မျက်နှာကို တင်းရင်းစေပါတယ်။

မျက်နှာပေါ်က အရေပြားဆဲလ်တွေဆီကို သွေးများများရောက်တဲ့ အခါမှာ သင့်ရဲ့ မျက်နှာမှာ ပန်းရောင်လွှမ်းပြီး လှပနေမှာပါ။

တစ်ခြားသော အရေပြား ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို အသုံးပြုတဲ့ အခါမှာလည်း ပိုပြီး အကျိုးအာနိသင် ရစေနိုင်တယ်။

မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့ အတွက် တစ်ခြားသော အရေပြား ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို အသုံးပြုတဲ့ အခါမှာ ပိုမိုစိမ့်ဝင်စေပြီး အကျိုးအာနိသင် ပိုရစေပါတယ်။

Dr. မွှေး

ဆက်စပ် ဆောင်းပါးများ