ဖျားတိုင်း ဆေးခန်းသွားစရာလိုလား
ဖျားပြီဟေ့ ဆိုရင် ကလေးရောလူကြီးရော ဘယ်သူဖြစ်ဖြစ် အနည်းဆုံးတစ်ရက်လောက်တော့ အဖျားဒဏ်ကို ခံရကြပါတယ် အဖျားသွေးများများနည်းနည်း ဖျားလိုက်တာနဲ့ တစ်ကိုယ်လုံးနုန်းတာ ပါးစပ်ပျက်တာ ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်လာတတ်ပါတယ် ။ဘက်တီးရီးယားပိုးတွေ ဗိုင်းရပ်စ်ပိုးတွေ ကပ်ပါးပိုးတွေ မှိုရောဂါပိုးတွေ အားလုံးက အဖျားဖြစ်စေနိုင်ပါတယ် အဖျားပမာဏတော့ကွာတတ်ကြတယ် ဘက်တီးရီးယားအများစုက အဖျားကြီးတတ်တယ် ကျန်တဲ့ ပိုးတွေကြောင့်ဖြစ်တာမှာ များသောအားဖြင့် အဖျားနည်းတတ်တယ် တစ်ချို့တွေကျတော့ ဘက်တီးရီးယားပိုးလိုပဲ အဖျားကြီးနိုင်တယ် ။ကိုယ်ခန္ဓာထဲကို အသက်ရှူလမ်းကြောင်းကဖြစ်စေ ထိတွေ့မှုကဖြစ်စေ သွေးကဖြစ်စေ ရောဂါပိုးတစ်ခုခု ဝင်ရောက်လာပြီဆိုရင် ခန္ဓာကိုယ်က ဝင်လာတဲ့ ရောဂါပိုးကို ပြန်တိုက်ခိုက်ပါတယ် ။ဒီလိုတိုက်ခိုက်တဲ့အခါမှာ ဦးနှောက်ထဲက အပူထိန်းညှိပေးတဲ့ နေရာကနေ prostglandin E2 လို့ခေါ်တဲ့ ဓာတ်တစ်မျိုးထွက်လာပါတယ် ဒီဓာတ်ကသွေးထဲကိုရောက်ပြီး အပူကိုတက်စေတာပါ အပူတက်ခြင်းအားဖြင့် ကိုယ်ထဲဝင်လာတဲ့ ရောဂါပိုးတွေကို ပြန်သတ်ပေးတာပါ ။
လူတစ်ယောက်ဟာ အဖျားတိုင်းကြည့်တဲ့အခါမှာ ၃၇ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၉၈.၆ ဒီဂရီဖာရင်ဟိုက်ထက်များနေပြီဆိုရင် ဖျားနေတာပါ ။လူတစ်ယောက် ဖျားတိုင်းတော့ ဆေးမလိုတတ်ဘူး အိမ်ထဲမှာပဲ နားနားနေနေ နေမယ် လှဲနေမယ် အရည်များများသောက်မယ် ရေပတ်သေချာတိုက်မယ်ဆို အဖျားပြန်သက်သာတတ်တယ် ရေပတ်တိုက်တဲ့အခါလည်း ရေခဲရေဖြစ်ဖြစ် ရိုးရိုးရေဖြစ်ဖြစ် သုံးလို့ရပါတယ် နဖူး လည်ပင်း ချိုင်း ပေါင်ခြံတွေကို အစိုတစ်ခါ အခြောက်တစ်ခါ အေးတဲ့အထိတိုက်ပေးလို့ရပါတယ် ။တစ်ချို့တွေမှာတော့ အဖျားသက်သာဖို့အတွက် အဖျားကျဆေးလိုတတ်တယ် အဖျားကျဆေးသောက်တဲ့အခါလည်း အဖျားရှိတုန်းပဲလိုတတ်တယ် အဖျားမရှိတော့ရင် ဆေးမသောက်လို့ရတယ် ဆေးသောက်မယ်ဆိုရင်တော့ အစားပျော့ပျော့လေးတစ်မျိုးမျိုးကို အရင်စားထားဖို့ လိုပါတယ် ။အဖျားရှိန်ကြောင့် ကိုယ်လက်အဆစ်အမြစ်တွေကိုက်ခဲတာ နုန်းနေတာတွေကလည်း အဖျားကျဆေးသောက်ပြီးရင် သက်သာသွားတတ်ပါတယ် ဆေးသောက်ပြီးရင်တော့ ခွေ ျးထွက်တာများတတ်တယ် ခွေ ျးပြန်သုတ်ပြီး အဝတ်အစားလဲဖို့လိုတတ်တယ် မဟုတ်ရင် ခွေ ျးနဲ့ ပြန်ပြီးအအေးမိတတ်ပါတယ် ။
အဖျားရှိတဲ့ အချိန်မှာ စားသင့်တဲ့ အစားအစာလေးတွေရှိပါတယ် ကြက်စွပ်ပြုတ်ရည် အုန်းရည် ကော်ဖီလဘက်ရည်နို့ ပူပူလေးတွေ စသဖြင့်ပါ တစ်ချို့ကျတော့ ပူပူစပ်စပ်လေးတွေစားပေးရင် ပြန်ပြီးပါးစပ်ကောင်းတတ်တယ် အဖျားရဲ့အကြောင်းရင်းပေါ်မူတည်ပြီးတော့ စားရမယ့် အစားတွေတော့ ပြောင်းလဲတတတ်ပါတယ် ။အဖျားတိုင်းတဲ့အခါ ၁၀၃ ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၃၉.၄ ဒီဂရီစင်တီဂရိတ် ထက်များတဲ့အခါဖြစ်စေ အဖျားက ၇ရက်ထက်ပိုကြာလာတဲ့အခါဖြစ်စေ အဖျားအပြင်တစ်ခြားရောဂါလက္ခဏာတွေပါတွဲဖြစ်တယ်ဆိုရင်တော့ ဆေးခန်းပြဖို့လိုအပ်ပါတယ် ။
Dr. CST