(Zawgyi)
မိမိ၏ လုပ္ငန္းအဆင္မေျပမႈ၊ တစ္စုံတစ္ရာဆုံးရႈံးရမႈ၊ ေအာင္ျမင္မႈမရရွိျခင္း၊ ပဋၬိပကၡမ်ားႏွင့္ ျပႆနာမ်ားရင္ဆိုင္ရျခင္း စသည္တို႔ေၾကာင့္ စိတ္ဓာတ္က် ဆင္းမႈတို႔ ျဖစ္ေစသည္။ စိတ္ဓာတ္က်ဆင္းျခင္းကို လူတိုင္းေရွာင္လႊဲ၍ ရႏိုင္မည္မဟုတ္ေပ။ စိတ္ဓာတ္က်ဆင္းျခင္းသည္ အတိုင္းတာ တစ္ခုထက္ေက်ာ္သြားပါက ‘ေဝဒနာ’ အသြင္သို႔ ကူးေျပာင္းသြားႏိုင္သည္။
ဆက္ဆံမႈသည္ စိတ္က်ေဝဒနာကို သက္သာေပ်ာက္ကင္းေစႏိုင္သည္ဟု လိင္ပိုင္းဆိုင္ရာ ကြၽမ္းက်င္ပညာရွင္မ်ားက ေဖာ္ထုတ္ေျပာၾကားခဲ့ၾကသည္။ ဆက္ဆံမႈႏွင့္ စိတ္တည္ၿငိမ္မႈအေျခအေနတို႔ကို သုံးသပ္တင္ျပခဲ့ၾကသည္။ စိတ္က်ေဝဒနာ ခံစားရသူမ်ားသည္ အလိုအေလ်ာက္ ဝမ္းနည္းေနျခင္း၊ အားငယ္ျခင္း၊ အျပစ္ရွိသကဲ့သို႔ ခံစားရျခင္း၊ အစားအစာ မစားလိုျခင္း၊ ပတ္ဝန္းက်င္ကို စိတ္ဝင္စားမႈမရွိျခင္း၊ ႏြမ္းနယ္ေနျခင္း စသည့္ လကၡဏာမ်ား ျဖစ္ေနတတ္သည္။
စိတ္က်ေဝဒနာသည္ ဦးေႏွာက္၌ ဓာတုပစၥည္းတခ်ိဳ႕ပါဝင္မႈ အေျခအေနႏွင့္ ဆက္ႏြယ္ေနေၾကာင္း ေတြ႕ရသည္။ ဒိုပါမင္း Dopamine၊ အင္ဆီတိုင္းကိုလင္း Aectylcholine၊ ဂ်ီေအဘီေအ GABA (gamma aminobutyric acid)၊ ဆီ႐ိုတိုႏွင့္ Serotonin စသည့္ ဓာတုပစၥည္းမ်ား မွ်တမႈႏွင့္ စိတ္တည္ၿငိမ္မႈ၊ ခံစားမႈတို႔ ဆက္ႏြယ္ေနသည္။
ဒိုပါမင္းေဟာ္မုန္းသည္ စိတ္တည္ၿငိမ္မႈကို ျဖစ္ေစသည္။ မိမိကိုယ္မိမိ ယုံၾကည္မႈအားလည္းေကာင္းေစသည္။ အက္ဆီတိုင္းကိုလင္းသည္ စိတ္တက္ႂကြ လန္းဆန္းမႈကို ျဖစ္ေစႏိုင္သည္။ GABA မွာ သဘာဝက ေပးထားေသာ စိတ္က်ေဝဒနာကုေဆးဝါးဟုပင္ ဆိုႏိုင္သည္။ စိတ္က်ေဝဒနာျဖစ္ေပၚမႈကို ကာကြယ္ေပးသည္။ ဆီ႐ိုတိုနင္သည္ ေပ်ာ္႐ႊင္ေက်နပ္မႈကို ျဖစ္ေစသည္။ စိတ္ေျဖေလ်ာ့မႈကိုလည္း ရရွိေစႏိုင္သည္။
အဆိုပါ ဓာတုပစၥည္းမ်ားကို ဦးေႏွာက္၌ျမႇင့္တင္ေပးရန္မွာ အစားအစာမ်ား ေ႐ြးခ်ယ္စားသုံးျခင္းျဖင့္လည္း ရရွိႏိုင္သည္။ င႐ုတ္ေကာင္း၊ င႐ုတ္သီး၊ နႏြင္း၊ ခ်င္း၊ ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္ အသုံးျပဳႏိုင္ေသာ အပင္မ်ား၊ ၾကက္ဆင္သား၊ ဌက္ေပ်ာသီးစသည့္ အစားအစာမ်ား စားႏိုင္သည္။
ဦးေႏွာက္၏ ဓာတုပစၥည္းမ်ားကို ခႏၶာကိုယ္တြင္းစက္႐ုံမွ ပိုမိုထုတ္လုပ္ရန္အတြက္ ဆက္ဆံျခင္းကလည္း စြမ္းေဆာင္ေပးႏိုင္သည္ဟု ဆိုသည္။ ဆက္ဆံမႈ ေၾကာင့္ ဒိုပါမင္း၊ အက္ဆီတိုင္းကိုလင္း၊ ဆီ႐ိုတိုနင္ႏွင့္ ဂ်ီေအဘီေအတို႔ မ်ားလာျခင္းသည္ စိတ္က်ေဝဒနာကို သက္သာေပ်ာက္ကင္းေစသည့္ အခ်က္ျဖစ္ သည္။
လူတို႔တြင္ ခံစားရတတ္ေသာ စိတ္က်ေဝဒနာေပ်ာက္ကင္းခ်မ္းသာရာရေစမႈသည္ လူ႔သက္တမ္းကို ဆယ္ႏွစ္ခန႔္ထိ ပိုရွည္ေစႏိုင္သည္ဟု သိရသည္။
Author – ေဒါက္တာေအးေက်ာ္
(Unicode)
မိမိ၏ လုပ်ငန်းအဆင်မပြေမှု၊ တစ်စုံတစ်ရာဆုံးရှုံးရမှု၊ အောင်မြင်မှုမရရှိခြင်း၊ ပဋ္ဋိပက္ခများနှင့် ပြဿနာများရင်ဆိုင်ရခြင်း စသည်တို့ကြောင့် စိတ်ဓာတ်ကျ ဆင်းမှုတို့ ဖြစ်စေသည်။ စိတ်ဓာတ်ကျဆင်းခြင်းကို လူတိုင်းရှောင်လွှဲ၍ ရနိုင်မည်မဟုတ်ပေ။ စိတ်ဓာတ်ကျဆင်းခြင်းသည် အတိုင်းတာ တစ်ခုထက်ကျော်သွားပါက ‘ဝေဒနာ’ အသွင်သို့ ကူးပြောင်းသွားနိုင်သည်။
ဆက်ဆံမှုသည် စိတ်ကျဝေဒနာကို သက်သာပျောက်ကင်းစေနိုင်သည်ဟု လိင်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဖော်ထုတ်ပြောကြားခဲ့ကြသည်။ ဆက်ဆံမှုနှင့် စိတ်တည်ငြိမ်မှုအခြေအနေတို့ကို သုံးသပ်တင်ပြခဲ့ကြသည်။ စိတ်ကျဝေဒနာ ခံစားရသူများသည် အလိုအလျောက် ဝမ်းနည်းနေခြင်း၊ အားငယ်ခြင်း၊ အပြစ်ရှိသကဲ့သို့ ခံစားရခြင်း၊ အစားအစာ မစားလိုခြင်း၊ ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုမရှိခြင်း၊ နွမ်းနယ်နေခြင်း စသည့် လက္ခဏာများ ဖြစ်နေတတ်သည်။
စိတ်ကျဝေဒနာသည် ဦးနှောက်၌ ဓာတုပစ္စည်းတချို့ပါဝင်မှု အခြေအနေနှင့် ဆက်နွယ်နေကြောင်း တွေ့ရသည်။ ဒိုပါမင်း Dopamine၊ အင်ဆီတိုင်းကိုလင်း Aectylcholine၊ ဂျီအေဘီအေ GABA (gamma aminobutyric acid)၊ ဆီရိုတိုနှင့် Serotonin စသည့် ဓာတုပစ္စည်းများ မျှတမှုနှင့် စိတ်တည်ငြိမ်မှု၊ ခံစားမှုတို့ ဆက်နွယ်နေသည်။
ဒိုပါမင်းဟော်မုန်းသည် စိတ်တည်ငြိမ်မှုကို ဖြစ်စေသည်။ မိမိကိုယ်မိမိ ယုံကြည်မှုအားလည်းကောင်းစေသည်။ အက်ဆီတိုင်းကိုလင်းသည် စိတ်တက်ကြွ လန်းဆန်းမှုကို ဖြစ်စေနိုင်သည်။ GABA မှာ သဘာဝက ပေးထားသော စိတ်ကျဝေဒနာကုဆေးဝါးဟုပင် ဆိုနိုင်သည်။ စိတ်ကျဝေဒနာဖြစ်ပေါ်မှုကို ကာကွယ်ပေးသည်။ ဆီရိုတိုနင်သည် ပျော်ရွှင်ကျေနပ်မှုကို ဖြစ်စေသည်။ စိတ်ဖြေလျော့မှုကိုလည်း ရရှိစေနိုင်သည်။
အဆိုပါ ဓာတုပစ္စည်းများကို ဦးနှောက်၌မြှင့်တင်ပေးရန်မှာ အစားအစာများ ရွေးချယ်စားသုံးခြင်းဖြင့်လည်း ရရှိနိုင်သည်။ ငရုတ်ကောင်း၊ ငရုတ်သီး၊ နနွင်း၊ ချင်း၊ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုနိုင်သော အပင်များ၊ ကြက်ဆင်သား၊ ဌက်ပျောသီးစသည့် အစားအစာများ စားနိုင်သည်။
ဦးနှောက်၏ ဓာတုပစ္စည်းများကို ခန္ဓာကိုယ်တွင်းစက်ရုံမှ ပိုမိုထုတ်လုပ်ရန်အတွက် ဆက်ဆံခြင်းကလည်း စွမ်းဆောင်ပေးနိုင်သည်ဟု ဆိုသည်။ ဆက်ဆံမှု ကြောင့် ဒိုပါမင်း၊ အက်ဆီတိုင်းကိုလင်း၊ ဆီရိုတိုနင်နှင့် ဂျီအေဘီအေတို့ များလာခြင်းသည် စိတ်ကျဝေဒနာကို သက်သာပျောက်ကင်းစေသည့် အချက်ဖြစ် သည်။
လူတို့တွင် ခံစားရတတ်သော စိတ်ကျဝေဒနာပျောက်ကင်းချမ်းသာရာရစေမှုသည် လူ့သက်တမ်းကို ဆယ်နှစ်ခန့်ထိ ပိုရှည်စေနိုင်သည်ဟု သိရသည်။
Author – ဒေါက်တာအေးကျော်