fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ခြေဖဝါးကြိမ်းခြင်း

325
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/03/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

လူႀကီးလူငယ္မေ႐ြးမွာ ေျခဖဝါးေတြႀကိမ္းတယ္ဆိုတာ ႀကဳံဖူးၾကပါတယ္။ ဘာေၾကာင့္ႀကိမ္းႏိုင္သလဲေပါ့။ ေျခဖ ဝါးႀကိမ္းတယ္လို႔ေျပာလာရင္ ေသခ်ာ         ေအာင္ျပန္ေမးရမွာက ႀကိမ္းတယ္ဆိုတာဘာကိုဆိုလိုတာလဲ ဆိုတာပါ။ တခ်ိဳ႕ကနာေနတာလဲ ျဖစ္ႏိုင္တယ္။ ထူေနတာလဲျဖစ္ႏိုင္တယ္။ ပူတာမ်ိဳးလည္း     ျဖစ္ႏိုင္တယ္။

ေနာက္တစ္ခုကေတာ့ ဘယ္အစိတ္အပိုင္းေတြမွာျဖစ္ေနတာလဲ။ ေျခဖဝါးပဲလား၊ ႏွစ္ဖက္စလုံးလား၊ ေျခသလုံး ေရာပါလား၊ လက္ေတြေရာပါေသးလားဆိုတာပါ။ ေနာက္တစ္ခုကေတာ့ ႀကိမ္းတယ္ဆိုတာက တစ္ခ်ိန္လုံး ေတာက္ေလွ်ာက္ျဖစ္တာလား၊ ညပိုင္းပိုဆိုးတတ္သလား၊ အိပ္ယာကအထ ေျခေထာက္   ခ်လိုက္မွျဖစ္တာလား၊ ျဖစ္တဲ့အခါမွာ ဘယ္ေလာက္အထိဆိုးသလဲ။ တခ်ိဳ႕ ႀကိမ္းတာေတာင္အိပ္မရတာအထိ ျဖစ္တယ္။ တခ်ိဳ႕ခ်က္ ခ်င္းလမ္းမေလွ်ာက္ႏိုင္ဘူး။ ဘယ္လိုေနတာကသက္သာသလဲ။ ဘာလုပ္တာကပိုဆိုးေစသလဲ။ တခ်ိဳ႕က်ေတာ့ တစ္ေနကုန္ေတာ့ျဖစ္တယ္။ လႈပ္ရွားေနတာသိပ္မသိသာဘူး။ ညအိပ္ေတာ့မွ ပိုဆိုးတယ္။ ဖိနပ္အက်ပ္စီးရင္ပိုး ဆိုးတယ္စသျဖင့္ ရွိတတ္ၾကတယ္။
ဒီလိုေျခဖဝါးေတြ ႀကိမ္းတာအသက္အ႐ြယ္မေ႐ြးျဖစ္ႏိုင္တယ္။ အသက္၊ ခံစားရတဲ့ပုံစံ၊ နဂိုေရာဂါအခံဘာေတြရွိ လဲစတာေတြကိုၾကည့္ၿပီး ျဖစ္ႏိုင္တာေတြကိုကုၾကရပါတယ္။ အမ်ားစုျဖစ္တာေတြကေတာ့ အာ႐ုံေၾကာေၾကာင့္ ပါ။ အာ႐ုံေၾကာေၾကာင့္လို႔ေျပာတဲ့အခါမွာ အာ႐ုံေၾကာပိတာေတြလဲျဖစ္ႏိုင္တတယ္။      ေရာင္တာေတြလဲျဖစ္ႏိုင္ တယ္။ အားနည္းတာလဲျဖစ္ႏိုင္တယ္။ တခ်ိဳ႕ေတြကေတာ့ ထိခိုက္မိတာေတြရွိလို႔နာတာလည္း ျဖစ္ႏိုင္တယ္။ ေသြးေကာင္းေကာင္းမေလွ်ာက္တာေတြကိုလည္း ေမ့ထားလို႔မရပါဘူး။

အာ႐ုံေၾကာေၾကာင့္လို႔ဆိုရင္ ဆီးခ်ိဳေရာဂါတစ္ခုထဲမဟုတ္ပါဘူး။ ဆီးခ်ိဳေၾကာင့္ဆိုရင္ေတာင္ အာ႐ုံေၾကာတစ္ခု တည္းကြက္ၿပီးမျဖစ္ပါဘူး။ တျခားေသာ     ေနာက္ဆက္တြဲေတြနဲ႔အတူ တြဲျဖစ္ပါတယ္။ အရက္ေသာက္တတ္တဲ့သူ ေတြျဖစ္မယ္။ အာဟာရခ်ိဳ႕တဲ့ေသာသူေတြျဖစ္မယ္။ မ်ားေသာအားျဖင့္ ဗီတာမင္ဘီ အုပ္စုပါ။ အရက္ေၾကာင့္လဲ နည္းတယ္။ အစာေ႐ြးတတ္ရင္ျဖစ္ႏိုင္တယ္။ သက္သက္လြတ္စားတတ္ရင္ ျဖစ္ႏိုင္တယ္။ ေသြးအားနည္းေရာဂါ အစာအိမ္အူလမ္းေၾကာင္းရဲ႕ တခ်ိဳ႕ေသာေရာဂါမ်ား၊ အူမွာခြဲစိပ္ျဖစ္ထားခဲ့ဖူးရင္လည္း ျဖစ္ႏိုင္တယ္။

အာ႐ုံေၾကာအားနည္းရာမွာ ဒီတစ္ခုထဲတင္မဟုတ္ဘဲ အျခားအာ႐ုံေၾကာအားနည္းတာေတြပါ တြဲျဖစ္ေနသလား ဆိုတာလဲသိဖို႔လိုပါတယ္။ ဥပမာ-အထိုင္အထမူးေနတတ္တာ၊ နည္းနည္းစားလိုက္႐ုံဗိုက္ျပည့္ေနတတ္တာ၊ ဆီး ဝမ္းသြားဖို႔ခက္တာ၊ ဆီးမထိန္းႏိုင္တာ၊ အမ်ိဳးသားေတြမွာပန္းေသပန္းညႇိဳးျဖစ္တာ စတာေတြပါ။ ဒါေတြပါလာရင္ အာ႐ုံေၾကာအားနည္းတာသက္သက္အျပင္ ဘာေရာဂါေတြျဖစ္ဖူးလဲ၊ တျခားဘာေတြခံစားရသလဲ ဆိုတာေတြပါ ပါလာတယ္။ ဆီးခ်ိဳေၾကာင့္လည္းျဖစ္ႏိုင္တယ္။ HIV နဲ႔တျခားဗိုင္းရပ္စ္ပိုး တခ်ိဳ႕ေၾကာင့္လဲ ျဖစ္ႏိုင္တယ္။ တခ်ိဳ႕ ကင္ဆာေတြမွာလဲေတြ႕ရတတ္တယ္။ ဒါေတြမပါဘဲ ကင္ဆာေရာဂါေတြကိုေမ့ထားလို႔မရပါဘူး။ ခဏခဏခါးနာ တတ္တဲ့သူေတြ၊ အေလးအပင္အထိုင္အထမ်ားတဲ့သူေတြ၊ ခါးက်ီးေပါင္းသမားေတြ၊ အ႐ိုးပြတဲ့သူ   ေတြ၊ ခါး႐ိုးေတြ ျပားၿပီးအာ႐ုံေၾကာဖိမိတဲ့သူေတြမွာလည္း ျဖစ္ႏိုင္တယ္။ တခ်ိဳ႕ေဆးေတြစြဲေသာက္ေနရတဲ့ သူေတြမွာလည္းျဖစ္ ႏိုင္တယ္။ အမ်ားအားျဖင့္ TB ေဆး၊ ပိုးသတ္ေဆး၊ ကင္ဆာေဆးနဲ႔ အတက္က်ေဆးတခ်ိဳ႕ေၾကာင့္ျဖစ္ႏိုင္တယ္။
ေသြးေကာင္းေကာင္းမေလွ်ာက္တာကေတာ့ ေျခဖဝါးတစ္ခုထဲျဖစ္ဖို႔ရွားပါတယ္။ ေျခသလုံးေတြပါပါတတ္တယ္။ လမ္းေလွ်ာက္ရင္ပိုးဆိုးတတ္တယ္။ နား  လိုက္ရင္သက္သာတယ္။ တျဖည္းျဖည္းနာတာ၊ ကိုက္တာပါဆိုးတယ္။ လမ္းေလွ်ာက္လို႔ရတဲ့ အကြာအေဝးပိုနည္းလာတတ္တယ္။ ညေတြပိုဆိုးလာတတ္တယ္။ ႏွစ္ဖက္ၿပိဳင္တူျဖစ္တာ ထက္တစ္ဖက္ခ်င္းပိုျဖစ္တယ္။ ေျခေထာက္ႏွစ္ဖက္အေရာင္မညီတတ္ဘူး။ ဒါမ်ိဳးကႀကိမ္းတာနဲ႔ေတာ့ သိပ္မဆိုင္ တတ္ဘူး။

တခ်ိဳ႕ကေအးရင္ျဖစ္လာတတ္တယ္။ ေအးေတာ့ထုံက်င္တာေတြ ျဖစ္လာတာေၾကာင့္ပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီလို ခံစားလာရရင္ သက္သာမယ့္နည္းလမ္းကိုရွာရမွာပါ။ ေဆးလိမ္းၿပီးႏွိပ္ေပးတာမ်ိဳးလုပ္လို႔ရတယ္။ အေၾကာေလွ်ာ့ ေလ့က်င့္ခန္းေတြလုပ္လို႔ရတယ္။ ဘာေၾကာင့္ျဖစ္တယ္ဆိုတာကိုလဲ အေျဖရွာရမွာပါ။ အာ႐ုံေၾကာအားေဆး ေသာက္႐ုံနဲ႔အားလုံးမေကာင္းႏိုင္ဘူး။ ျဖစ္တဲ့အေၾကာင္းကိုကုရမွာပါ။ ဒါေၾကာင့္ ဒီလိုမ်ိဳးေဝဒနာခံစားလာရရင္ အာ႐ုံေၾကာသမားေတာ္ေတြ၊ အထူးကုဆရာဝန္ႀကီးေတြနဲ႔ျပသၿပီး တိုင္ပင္ကုသေစခ်င္ပါတယ္။ အာ႐ုံေၾကာ ေၾကာင့္ဆိုလည္း ေျခေထာက္မထိခိုက္ႏိုင္ေအာင္ ဘာေတြလုပ္    မယ္ဆိုတာအထိလုပ္ႏိုင္ပါတယ္။

Author: Dr. CST

(Unicode)

လူကြီးလူငယ်မရွေးမှာ ခြေဖဝါးတွေကြိမ်းတယ်ဆိုတာ ကြုံဖူးကြပါတယ်။ ဘာကြောင့်ကြိမ်းနိုင်သလဲပေါ့။ ခြေဖ ဝါးကြိမ်းတယ်လို့ပြောလာရင် သေချာ         အောင်ပြန်မေးရမှာက ကြိမ်းတယ်ဆိုတာဘာကိုဆိုလိုတာလဲ ဆိုတာပါ။ တချို့ကနာနေတာလဲ ဖြစ်နိုင်တယ်။ ထူနေတာလဲဖြစ်နိုင်တယ်။ ပူတာမျိုးလည်း     ဖြစ်နိုင်တယ်။

နောက်တစ်ခုကတော့ ဘယ်အစိတ်အပိုင်းတွေမှာဖြစ်နေတာလဲ။ ခြေဖဝါးပဲလား၊ နှစ်ဖက်စလုံးလား၊ ခြေသလုံး ရောပါလား၊ လက်တွေရောပါသေးလားဆိုတာပါ။ နောက်တစ်ခုကတော့ ကြိမ်းတယ်ဆိုတာက တစ်ချိန်လုံး တောက်လျှောက်ဖြစ်တာလား၊ ညပိုင်းပိုဆိုးတတ်သလား၊ အိပ်ယာကအထ ခြေထောက်   ချလိုက်မှဖြစ်တာလား၊ ဖြစ်တဲ့အခါမှာ ဘယ်လောက်အထိဆိုးသလဲ။ တချို့ ကြိမ်းတာတောင်အိပ်မရတာအထိ ဖြစ်တယ်။ တချို့ချက် ချင်းလမ်းမလျှောက်နိုင်ဘူး။ ဘယ်လိုနေတာကသက်သာသလဲ။ ဘာလုပ်တာကပိုဆိုးစေသလဲ။ တချို့ကျတော့ တစ်နေကုန်တော့ဖြစ်တယ်။ လှုပ်ရှားနေတာသိပ်မသိသာဘူး။ ညအိပ်တော့မှ ပိုဆိုးတယ်။ ဖိနပ်အကျပ်စီးရင်ပိုး ဆိုးတယ်စသဖြင့် ရှိတတ်ကြတယ်။
ဒီလိုခြေဖဝါးတွေ ကြိမ်းတာအသက်အရွယ်မရွေးဖြစ်နိုင်တယ်။ အသက်၊ ခံစားရတဲ့ပုံစံ၊ နဂိုရောဂါအခံဘာတွေရှိ လဲစတာတွေကိုကြည့်ပြီး ဖြစ်နိုင်တာတွေကိုကုကြရပါတယ်။ အများစုဖြစ်တာတွေကတော့ အာရုံကြောကြောင့် ပါ။ အာရုံကြောကြောင့်လို့ပြောတဲ့အခါမှာ အာရုံကြောပိတာတွေလဲဖြစ်နိုင်တတယ်။      ရောင်တာတွေလဲဖြစ်နိုင် တယ်။ အားနည်းတာလဲဖြစ်နိုင်တယ်။ တချို့တွေကတော့ ထိခိုက်မိတာတွေရှိလို့နာတာလည်း ဖြစ်နိုင်တယ်။ သွေးကောင်းကောင်းမလျှောက်တာတွေကိုလည်း မေ့ထားလို့မရပါဘူး။

အာရုံကြောကြောင့်လို့ဆိုရင် ဆီးချိုရောဂါတစ်ခုထဲမဟုတ်ပါဘူး။ ဆီးချိုကြောင့်ဆိုရင်တောင် အာရုံကြောတစ်ခု တည်းကွက်ပြီးမဖြစ်ပါဘူး။ တခြားသော     နောက်ဆက်တွဲတွေနဲ့အတူ တွဲဖြစ်ပါတယ်။ အရက်သောက်တတ်တဲ့သူ တွေဖြစ်မယ်။ အာဟာရချို့တဲ့သောသူတွေဖြစ်မယ်။ များသောအားဖြင့် ဗီတာမင်ဘီ အုပ်စုပါ။ အရက်ကြောင့်လဲ နည်းတယ်။ အစာရွေးတတ်ရင်ဖြစ်နိုင်တယ်။ သက်သက်လွတ်စားတတ်ရင် ဖြစ်နိုင်တယ်။ သွေးအားနည်းရောဂါ အစာအိမ်အူလမ်းကြောင်းရဲ့ တချို့သောရောဂါများ၊ အူမှာခွဲစိပ်ဖြစ်ထားခဲ့ဖူးရင်လည်း ဖြစ်နိုင်တယ်။

အာရုံကြောအားနည်းရာမှာ ဒီတစ်ခုထဲတင်မဟုတ်ဘဲ အခြားအာရုံကြောအားနည်းတာတွေပါ တွဲဖြစ်နေသလား ဆိုတာလဲသိဖို့လိုပါတယ်။ ဥပမာ-အထိုင်အထမူးနေတတ်တာ၊ နည်းနည်းစားလိုက်ရုံဗိုက်ပြည့်နေတတ်တာ၊ ဆီး ဝမ်းသွားဖို့ခက်တာ၊ ဆီးမထိန်းနိုင်တာ၊ အမျိုးသားတွေမှာပန်းသေပန်းညှိုးဖြစ်တာ စတာတွေပါ။ ဒါတွေပါလာရင် အာရုံကြောအားနည်းတာသက်သက်အပြင် ဘာရောဂါတွေဖြစ်ဖူးလဲ၊ တခြားဘာတွေခံစားရသလဲ ဆိုတာတွေပါ ပါလာတယ်။ ဆီးချိုကြောင့်လည်းဖြစ်နိုင်တယ်။ HIV နဲ့တခြားဗိုင်းရပ်စ်ပိုး တချို့ကြောင့်လဲ ဖြစ်နိုင်တယ်။ တချို့ ကင်ဆာတွေမှာလဲတွေ့ရတတ်တယ်။ ဒါတွေမပါဘဲ ကင်ဆာရောဂါတွေကိုမေ့ထားလို့မရပါဘူး။ ခဏခဏခါးနာ တတ်တဲ့သူတွေ၊ အလေးအပင်အထိုင်အထများတဲ့သူတွေ၊ ခါးကျီးပေါင်းသမားတွေ၊ အရိုးပွတဲ့သူ   တွေ၊ ခါးရိုးတွေ ပြားပြီးအာရုံကြောဖိမိတဲ့သူတွေမှာလည်း ဖြစ်နိုင်တယ်။ တချို့ဆေးတွေစွဲသောက်နေရတဲ့ သူတွေမှာလည်းဖြစ် နိုင်တယ်။ အများအားဖြင့် TB ဆေး၊ ပိုးသတ်ဆေး၊ ကင်ဆာဆေးနဲ့ အတက်ကျဆေးတချို့ကြောင့်ဖြစ်နိုင်တယ်။
သွေးကောင်းကောင်းမလျှောက်တာကတော့ ခြေဖဝါးတစ်ခုထဲဖြစ်ဖို့ရှားပါတယ်။ ခြေသလုံးတွေပါပါတတ်တယ်။ လမ်းလျှောက်ရင်ပိုးဆိုးတတ်တယ်။ နား  လိုက်ရင်သက်သာတယ်။ တဖြည်းဖြည်းနာတာ၊ ကိုက်တာပါဆိုးတယ်။ လမ်းလျှောက်လို့ရတဲ့ အကွာအဝေးပိုနည်းလာတတ်တယ်။ ညတွေပိုဆိုးလာတတ်တယ်။ နှစ်ဖက်ပြိုင်တူဖြစ်တာ ထက်တစ်ဖက်ချင်းပိုဖြစ်တယ်။ ခြေထောက်နှစ်ဖက်အရောင်မညီတတ်ဘူး။ ဒါမျိုးကကြိမ်းတာနဲ့တော့ သိပ်မဆိုင် တတ်ဘူး။

တချို့ကအေးရင်ဖြစ်လာတတ်တယ်။ အေးတော့ထုံကျင်တာတွေ ဖြစ်လာတာကြောင့်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ခံစားလာရရင် သက်သာမယ့်နည်းလမ်းကိုရှာရမှာပါ။ ဆေးလိမ်းပြီးနှိပ်ပေးတာမျိုးလုပ်လို့ရတယ်။ အကြောလျှော့ လေ့ကျင့်ခန်းတွေလုပ်လို့ရတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာကိုလဲ အဖြေရှာရမှာပါ။ အာရုံကြောအားဆေး သောက်ရုံနဲ့အားလုံးမကောင်းနိုင်ဘူး။ ဖြစ်တဲ့အကြောင်းကိုကုရမှာပါ။ ဒါကြောင့် ဒီလိုမျိုးဝေဒနာခံစားလာရရင် အာရုံကြောသမားတော်တွေ၊ အထူးကုဆရာဝန်ကြီးတွေနဲ့ပြသပြီး တိုင်ပင်ကုသစေချင်ပါတယ်။ အာရုံကြော ကြောင့်ဆိုလည်း ခြေထောက်မထိခိုက်နိုင်အောင် ဘာတွေလုပ်    မယ်ဆိုတာအထိလုပ်နိုင်ပါတယ်။

Author: Dr. CST

Previous Post

အမျိုးသမီးများတွင် အဖြစ်များသော ကင်ဆာရောဂါများ

Next Post

ကလေးများစာမေးပွဲနှင့် စိတ်ဖိစီးမှု

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
871
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
849
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးများစာမေးပွဲနှင့် စိတ်ဖိစီးမှု

မျက်စိ ရေတိမ် အန္တရာယ် သတိပြုဖွယ်

စိတ်ဖြေဖျောက်မှုနှင့် ကျန်းမာရေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.