နှလုံးရောဂါကုသမူတစ်ခုအနေဖြင့် နှလုံးသွေးကြောထဲstentထည့်ခြင်းသည် လူနာအချို့အတွက်အထူးအရေးပါသောကုသမူတစ်ခုဖြစ်ပါတယ်။သို့သော် stentဆိုသောအရာသည် ဘယ်လိုမျိုးလဲဆိုသည်မှာလည်း သေချာနားမလည်ကြပါ။
Stent ဆိုသည်မှာ
Stentဆိုသည်မှာ အလွန်သေးငယ်သောပြွန်တစ်ခုဖြစ်ပါတယ်။သွေးကြောအတွင်းထည့်သွင်းပြီးသွေးကြောအတွင်းသွေးလည်ပတ်စီးဆင်းမူကိုကောင်းစေပါတယ်။
Stentသည် ပိတ်နေသော။ကျဉ်းနေသော။အားနည်းသောသွေးကြောများကို သက်သာစေရန်ပြုလုပ်ပေးပါတယ်။Stentများကိုအခြားသောကိုယ်ခန္ဓာအစိတ်အပိုင်းများတွင်လည်း ကုသမူအနေဖြင့်ထည့်သွင်းနိုင်ပါတယ်။ဦးနှောက်သွေးကြောများ။ဆီးနှင့်သည်းကြောရည်များစီးဆင်းမူကောင်းမွန်စေရန်ကူညီပါတယ်။
Stentကို အများအားဖြင့် ပိုက်ကွန်ကဲ့သို့သတ္တူပြွန်ဖြစ်သော်လည်း fabric stentများလည်းရှိပါတယ်။တခါတရံ အချို့ဆရာဝန်များအနေဖြင့် ယာယီကုသမူအတွက်သုံးရန်ဆေးဝါးများဖုံးအုပ်ထားသော Stentများလည်းအသုံးပြုကြပါတယ်။
Stentအသုံးဝင်ပုံ
Stentကိုအများဆုံးအသုံးပြုသောနည်းလမ်းတစ်ခုမှာ သွေးကြောအတွင်း သွေးခဲအဖတ်များပိတ်ခြင်းကိုပွင့်စေရန်အသုံးပြုမူဖြစ်ပါတယ်။
သွေးခဲအဖတ်များသည် ကိုလက်စထရော၊ အဆီနှင့်သွေးတွင်းအခြားအရာများပါဝင်ပါတယ်။
အဆိုပါသွေးခဲအဖတ်များသွေးကြောအတွင်းစုပြုံလာသောအခါ သွေးကြောနံရံများထူလာစေပါတယ်။သွေးကြောများကျဉ်းလာသောအခါ ကိုယ်ခန္ဓာအတွက်လိုအပ်သောသွေးပမာဏသည် စီးဆင်းမူလျော့ကျလာနိုင်ပါတယ်။သွေးခဲအဖတိများစုပြုံလာသောအခါ နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်လာစေပါတယ်။
အချိန်တစ်ခုကြာသောအခါ နှလုံးကျဉ်းလာသောအခါ ရင်ဘတ်အောင့်ခြင်းစသော အရေးကြီးသောလက္ခဏာများစတင်ခံစားရနိုင်ပါတယ်။
ရင်ဘတ်အောင့်ခြင်းကိုအချိန်မှီကုသမူမပြုလူပ်ပါက နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်၍ နှလုံးကြွက်သားပုပ်ခြင်းများအထိဆိုးရွားနိုင်ပါတယ်။
သွေးကြောကျဉ်းမူသည် ပိတ်သည်အထိဆိုးရွားပါက stentထည့်ပြီး ဖွင့်ရန်လိုအပ်လာပါလိမ့်မယ်။
ကုသမည့်ဆရာဝန်အနေဖြင့် stentအရွယ်အစားကိုပိတ်သည့်သွေးကြောအရွယ်အစားကို အခြေအနေပေါ်မူတည်ရွေးချယ်ပါတယ်။
Stentထည့်ကုသမူပြုလုပ်သောရောဂါများမှာ
- ဦးနှောက်သွေးကြောနှင့်သွေးကြောမကြီးတွင်သွေးကြောဖောင်းခြင်း
- အဆုတ်လေပြွန်ကျဉ်းခြင်း
- ဆီးပြွန်ကျဉ်းခြင်း
- သည်းခြေပြွန်ကျဉ်းခြင်းစသည်တို့တွင်အသုံးပြုပါသည်။
Stentထည့်ခြင်းတွင်ကြုံတွေ့နိုင်သောအခြေအနေများ
- သွေးထွက်ခြင်း
- ပိုးကူးစက်နိုင်ခြင်း
- ဓာတ်မတည့်ခြင်း
- သွေးကြောထဲထည့်စဉ်ဒဏ်ဖြစ်ခြင်း
- ကျောက်ကပ်ထိခိုက်ခြင်းနင့် နှလုံးခုန်မမှန်ခြင်းစသည်တို့ဖြစ်ပါတယ်။
အချို့အခြေအနေမျိုးတွင် ထည့်လိုက်သောstentတွင် တစ်ရှုးများကပ်ညိသောကြောင့် ပြန်ကျဉ်းသွားနိုင်သောအခြေအနေဖြစ်လာစေနိုင်ပါတယ်။
Stentထည့်ဖို့အတွက် သတိထားရမယ့်အခြေအနေများမှာ
- အသက်ကြီးသူများ
- နလုံးအခြေအနေဆိုးရွားသူများ
- သွေးကြောများစွာပိတ်နေသူများ
- ကျောက်ကပ်မကောင်းသူများတွင် နောက်ဆက်တွဲဆိုးကျိုးပိုမိုဖြစ်စေနိုင်ပါတယ်။
Stentထည့်ပြီးတပတ်အတွင်း ပုံမှန်လှုပ်ရှားမူပြုလုပ်နိုင်ပါတယ်။
Stentထည့်ပြီးနောက် Asprinလိုဆေးမျိုးလည်း ဆက်လက်သောက်သုံးရန်လိုအပ်နိုင်ပါတယ်။
Dr.Pyae Shin