fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသောစိတ်

စိတ်ကျန်းမာရေးနှင့် လိင်ဆက်ဆံမှု

34
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/03/2017
in ကျန်းမာသောစိတ်
1 min read
A A

လိင်ဆက်ဆံမှုသည် စိတ်ကျန်းမာရေးအခြေအနေနှင့် အဓိကဆက်နွယ်ပတ်သက်မှုရှိသည်။ စိတ်သည် ရုပ်ခန္ဓာကိုယ်ထက်ပင် အရေးကြီးသည်ဟုဆိုနိုင်ပါသည်။ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများသည်လိင်ဆက် ဆံမှုအားအဟန့်အတားအနှောင့်အယှက် ဖြစ်စေနိုင်သည်။

စိတ်ကျဝေဒနာ
လိင်ဆန္ဒလျော့နည်းမှုသည် စိတ်ကျဝေဒနာ၏အဓိကလက္ခဏာ တစ်ရပ်အဖြစ်မြင်တွေ့နိုင်သည်။ စိတ် ကျဝေဒနာခံစားရသူများသည် လိင်ဆက်ဆံလိုသောဆန္ဒမရှိဘဲဖြစ်သွားတတ်ကြသည်။ စိတ်ကျဝေဒနာအတွက် ဆေးဝါးများကလည်းလိင်ဆန္ဒအားကို လျော့ကျစေနိုင်သည်။
စိတ်ကျဝေဒနာကြောင့် လိင်ဆန္ဒအားလျော့နည်းလာသဖြင့် ဆန္ဒတက်ကြွမှုနှင့် ဆန္ဒပြီးမြောက်မှုတို့အ တွက်လည်းအခက်အခဲကြုံတွေ့လာရသည်။ စိတ်ကျဝေဒနာကြောင့် ကောင်းစွာအိပ်မပျော်ခြင်း၊ အဆိုးမြင်တတ် လာခြင်း၊ အာရုံစူးစိုက်မှုမကောင်းခြင်း၊  ဘဝ၌ပျော်ရွှင်မှုကင်းမဲ့သကဲ့သို့ ခံစားလာရခြင်းနှင့် မိမိကိုယ်မိမိယုံကြည် မှုအားနည်းခြင်းတို့ဖြစ်ပေါ်လာနိုင်သည်။
စိတ်ကျဝေဒနာသည် အမျိုးသမီးများတွင်ပိုမိုဖြစ်ပွားလေ့ရှိသည်။ စိတ်ကျဝေဒနာသက်သာပျောက်ကင်း သွားလျှင် လိင်ဆန္ဒဖြစ်ပေါ်မှုနှင့် ကျေနပ်ပျော်ရွှင်မှုတို့ ပြန်လည်ရရှိနိုင်ကြသည်။

ခန္ဓာကိုယ်၏ပုံရိပ်သွင်ပြင်
မိမိ၏ ခန္ဓာကိုယ်အချိုးအစား ပုံရိပ်သွင်ပြင်အပေါ် မိမိကိုယ်တိုင်အလိုမကျဖြစ်လာသောအခါ လိင်ဆန္ဒ ကျဆင်းမှုဖြစ်ပေါ်လာတတ်သည်။ ကိုယ်အလေးချိန်များလာမှု၊ အဝလွန်ကဲမှုနှင့် ရင်သားကင်ဆာကြောင့်ရင် သားဖြတ်ထုတ်ထားခြင်းတို့တွင် မိမိတို့၏ပုံရိပ်သွင်ပြင်အပေါ် အားငယ်မှုနှင့်အလိုမကျမှုတို့ ဖြစ်လာလေ့ရှိသည်။ မိမိသည်ဆွဲဆောင်မှုမရှိတော့ဟု ယုံကြည်မှုမျိုးဖြစ်ပေါ်လာကာ စိတ်ပိုင်းဆိုင်ရာဝေဒနာဖြစ်ပေါ်လာပြီး လိင်ဆန္ဒ အားလျော့နည်းကျဆင်းသွားနိုင်သည်။
အသက်အရွယ်ကြီးလာသဖြင့် ရင်သားများပျော့တွဲလာမှုသည်လည်း ခန္ဓာကိုယ်ပုံရိပ်အပေါ်အားမလို အားမရဖြစ်စေနိုင်သည်။ လိင်ဆက်ဆံမှု၏အနေအထားကို ပြုပြင်ပြောင်းလဲသင့်သည်။ နှစ်သိမ့်ဆွေးနွေးပညာ ပေးသူတို့၏ အကူအညီရယူရန်လည်း လိုအပ်မည်ဖြစ်သည်။

ဖိစီးမှု
ယနေ့အချိန်တွင် လူအများအပြားမှာဖိစီးမှုဒဏ်ကို ခံစားနေကြသည်။ လူတိုင်းဖိစီးမှုနှင့် ကင်းနိုင်မည်မ ဟုတ်သော်လည်းဖိစီးမှုလွန်ကဲလာလျှင် လိင်ဆက်ဆံမှု၌ပြဿနာများကြုံတွေ့စေနိုင်သည်။ ဖိစီးမှုကိုနည်းအောင် ကြိုးစားသင့်သည်။ ဖိစီးမှုရှိလာပါက အောင်မြင်စွာကျော်ဖြတ်နိုင်ဖို့လည်း အရေးကြီးသည်။ စိတ်ဖြေလျော့နည်း များစွာရှိသည့်အနက် မိမိနှင့်သင့်တော်အဆင်ပြေမည့်နည်းကို သုံးနိုင်သည်။ ဥပမာအားဖြင့် တရားထိုင်ခြင်း သည်အကောင်းဆုံးစိတ်ဖြေလျော့နည်းဖြစ်ပြီး ဖိစီးမှုများကိုကင်းစင်ပပျောက်စေနိုင်သည်။

ကလေးဘဝ၌လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု
ကလေးဘဝ၌ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုသည် စိတ်ပိုင်းဆိုင်ရာဝေဒနာဖြစ်စေသည်။ PTSD (Post traumat stress disorder) ဖြစ်စေသော အကြောင်းတစ်ခုမှာလိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုဖြစ်သည်။ အား ငယ်ခြင်း၊ ဒေါသဖြစ်ခြင်း၊ ရှက်ရွံ့ခြင်း၊ စိတ်ဓာတ်ကျခြင်းစသည့် လက္ခဏာများဖြစ်ပေါ်ခံစားကြရတတ်သည်။ က လေးဘဝ၌စော်ကားခံရမှုသည် အရွယ်ရောက်ချိန်၌ လိင်ပိုင်းဆိုင်ရာပြဿနာများ ဖြစ်စေသည်။ လိင်ဆက်ဆံ လိုသောဆန္ဒကင်းမဲ့ခြင်းမှ လိင်ဆက်ဆံသည့်တိုင်စိတ်တက်ကြွမှုမရှိခြင်းနှင့် ပြီးမြောက်မှုမရှိခြင်းတို့ကြုံတွေ့ရနိုင် သည်။

Author: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

၁၉၉၇ ခုနှစ်နောက်ပိုင်း မကောက်ခဲ့တဲ့ မျက်စိကျန်းမာရေးစစ်တမ်းကို ဧပြီလနောက်ပိုင်းတွင် ကောက်ယူတော့မယ်

Next Post

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးက မွေးရာပါ နှလုံးရောဂါဝေဒနာရှင် ကလေးငယ် ၅၀ ကို တရုတ်နိုင်ငံမှာ ပထမဆုံးအကြိမ် ခွဲစိတ်ကုသမှုပေးသွားမယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the negative effects caused by stress

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တတ်သော ဆိုးကျိုးများအကြောင်း

3 years ago
594
fatigue a warning from your body that should not be ignored

ပင်ပန်းနွမ်းနယ်ခြင်း – လျစ်လျူရှုမထားသင့်သော သင့်ခန္ဓာကိုယ်မှ သတိပေးချက်

3 years ago
3.2k
what can happen when you are stressed

စိတ်ဖိစီးမှုများလာရင် ဘာတွေဖြစ်နိုင်လဲ?

3 years ago
1.4k
natural contact will reduce stress

သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုတွေ လျှော့ချမယ်

3 years ago
355

စိတ်ဖိစီးမှုများနေချိန် မလုပ်သင့်တဲ့အရာများ

3 years ago
645

တရားထိုင်ခြင်းမှရနိုင်သော သိပ္ပံနည်းကျကျန်းမာရေးကောင်းကျိုးများ

3 years ago
1.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးက မွေးရာပါ နှလုံးရောဂါဝေဒနာရှင် ကလေးငယ် ၅၀ ကို တရုတ်နိုင်ငံမှာ ပထမဆုံးအကြိမ် ခွဲစိတ်ကုသမှုပေးသွားမယ်

အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ထားရန် လိုအပ်

ဟိုနားကထိုး ဒီနားကကိုက်တဲ့ အကြောတက်ဝေဒနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.