(Unicode)
ဂေါက်ရောဂါဆိုတာ ခန္ဓာကိုယ်တွင်းယူရစ်အက်ဆစ်မြင့်တက်တဲ့ အရိုးအဆစ်ရောဂါဖြစ်ပြီး သွေးထဲမှာ ယူရစ်အက်ဆစ်မြင့်နေတယ်။ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေဟာ အဆစ်ထဲမှာကျလာတဲ့အခါ အဆစ်အမြစ် ကိုက်ခဲနာ၊ အဆစ်ရောင်နာ၊ နီမြန်းခြင်းနဲ့ရောင်ရမ်းခြင်းဆိုးဆိုးဝါးဝါး ဖြစ်စေပါတယ်။
ဂေါက်အဆစ်အမြစ်ရောင်ရောဂါဟာ တွေ့ရများပါတယ်။ အမျိုးသမီးတွေမှာ မီးယပ်သွေးဆုံးရောဂါနှင့် ယှဉ်ပြီးတွေ့ရတယ်။ ဂေါက်အဆစ်အမြစ်ရောင်ရောဂါက ညဖက်ပိုဆိုးရွားခံစားရကာ ၁ရက်မှ ၁၀ရက်ထိကြာ ရှည်တတ်ပါတယ်။
သွေးထဲကယူရစ်အက်ဆစ်လျော့ကျစေတဲ့ တိကျတဲ့ ကုသမှုတွေရှိပါတယ်။ အစားအသောက်ပုံစံ ပြောင်းလဲရုံနဲ့၊ ဂေါက်ရောဂါမဖြစ်အောင်ကြိုတင် ကာကွယ်နိုင်ပါတယ်။ အစားအသောက်ကဂေါက်အဆစ်မြစ် ရောင်ရောဂါအပေါ်လွှမ်းမိုးမှုတွေ ရှိပါတယ်။ တိရစ္ဆာန်ဝမ်းတွင်းကလီစာများ၊ မျှစ်၊ မှို၊ သစ်ဥသစ်ဖုများ၊ ကညွတ်၊ ကန်စွန်းဥ၊ အာလူး၊ ဂျူးမြစ် ထိုအစားအသောက်မျိုးလိုအပ်နေသလို အရက်၊ အမဲသားစတဲ့အသားနီရဲများ၊ ဘီ ယာတို့ကသွေးအတွင်းယူရစ်အက်ဆစ်မြင့်စေတယ်။
ဂေါက်အဆစ်မြစ်ရောင်ရောဂါ ထစေတဲ့ အစားအစာစားလွန်းရင်ဂေါက်အဆစ်မြစ်ရောင် ရောဂါရစေ တယ်။ မြေပေါ်ခြောက်လက်မ၊ မြေအောက်ခြောက်လက်မအထွက် အသီးအနှံများ၊ တိရစ္ဆာန်ဝမ်းတွင်းကလီစာ များဟာဂေါက်ရောဂါဖြစ်စေနိုင်လို့ မစားသောက်ဘဲဆင်ခြင်ရင် ရောဂါကာကွယ်နိုင်ပါတယ်။
အရက်၊ ဘီယာ၊ ဝမ်းတွင်းကလီစာ၊ နီရဲရဲအသားများ၊ ပင်လယ်စာများ၊ သကြားများခြင်း၊ ကာဗိုဟိုက် ဒြိတ်များတဲ့အစာတွေ ပိုမိုဆိုးရွားစေတယ်။ ရေများများသောက်ခြင်း၊ ယာဂု၊ မလိုင်ထုတ်ထားတဲ့နို့ နှင့်နို့ထွက် ပစ္စည်း၊ နှံစားသီးနှံ၊ ဂျုံ၊ ဆန်၊ ပြောင်းဥအမျိုးမျိုးကြက်ငှက်ငယ်များ၊ စတော်ဘယ်ရီ၊ ချယ်ရီသီးများ၊ မုန်ညင်းမုန် လာဂေါ်ဖီပွင့်၊ နေကြာစေ့၊ ဗာဒံစေ့၊ ကြက်ဆူဆီမြေပဲ၊ နှမ်း၊ နေကြာဆီ၊ ဗီတာမင်စီကြွယ်ဝအစာများ၊ ကာဗိုဟိုက် ဒြိတ်နည်းပါးတဲ့အစာများ စားသောက်သင့်ပါတယ်။
ဆေးဝါး၊ မိုးမခပင်စည်ခေါက်ကထုတ်တဲ့ ကိုချီဆင်ဆေးဝါးမနက်တစ်လုံး ညတစ်လုံးသောက်ခြင်း၊ အက်စပရင်စတဲ့ အကိုက်အခဲပျောက်ဆေးတွေက ဂေါက်ရောဂါပျောက်ကင်းစေပါတယ်။ ဂေါက်အဆစ်အမြစ် ရောင်ရောဂါမထအောင် အရက်ဘီယာရှောင်ပြီးအစားအစာ ရှောင်ကြဉ်သင့်တယ်။
Vol-8 / No8 Healthcare Journal
(Zawgyi)
ေဂါက္ေရာဂါဆိုတာ ခႏၶာကိုယ္တြင္းယူရစ္အက္ဆစ္ျမင့္တက္တဲ့ အ႐ိုးအဆစ္ေရာဂါျဖစ္ၿပီး ေသြးထဲမွာ ယူရစ္အက္ဆစ္ျမင့္ေနတယ္။ ယူရစ္အက္ဆစ္ပုံေဆာင္ခဲေတြဟာ အဆစ္ထဲမွာက်လာတဲ့အခါ အဆစ္အျမစ္ ကိုက္ခဲနာ၊ အဆစ္ေရာင္နာ၊ နီျမန္းျခင္းနဲ႔ေရာင္ရမ္းျခင္းဆိုးဆိုးဝါးဝါး ျဖစ္ေစပါတယ္။
ေဂါက္အဆစ္အျမစ္ေရာင္ေရာဂါဟာ ေတြ႕ရမ်ားပါတယ္။ အမ်ိဳးသမီးေတြမွာ မီးယပ္ေသြးဆုံးေရာဂါႏွင့္ ယွဥ္ၿပီးေတြ႕ရတယ္။ ေဂါက္အဆစ္အျမစ္ေရာင္ေရာဂါက ညဖက္ပိုဆိုး႐ြားခံစားရကာ ၁ရက္မွ ၁၀ရက္ထိၾကာ ရွည္တတ္ပါတယ္။
ေသြးထဲကယူရစ္အက္ဆစ္ေလ်ာ့က်ေစတဲ့ တိက်တဲ့ ကုသမႈေတြရွိပါတယ္။ အစားအေသာက္ပုံစံ ေျပာင္းလဲ႐ုံနဲ႔၊ ေဂါက္ေရာဂါမျဖစ္ေအာင္ႀကိဳတင္ ကာကြယ္ႏိုင္ပါတယ္။ အစားအေသာက္ကေဂါက္အဆစ္ျမစ္ ေရာင္ေရာဂါအေပၚလႊမ္းမိုးမႈေတြ ရွိပါတယ္။ တိရစာၦန္ဝမ္းတြင္းကလီစာမ်ား၊ မွ်စ္၊ မႈိ၊ သစ္ဥသစ္ဖုမ်ား၊ ကၫြတ္၊ ကန္စြန္းဥ၊ အာလူး၊ ဂ်ဴးျမစ္ ထိုအစားအေသာက္မ်ိဳးလိုအပ္ေနသလို အရက္၊ အမဲသားစတဲ့အသားနီရဲမ်ား၊ ဘီ ယာတို႔ကေသြးအတြင္းယူရစ္အက္ဆစ္ျမင့္ေစတယ္။
ေဂါက္အဆစ္ျမစ္ေရာင္ေရာဂါ ထေစတဲ့ အစားအစာစားလြန္းရင္ေဂါက္အဆစ္ျမစ္ေရာင္ ေရာဂါရေစ တယ္။ ေျမေပၚေျခာက္လက္မ၊ ေျမေအာက္ေျခာက္လက္မအထြက္ အသီးအႏွံမ်ား၊ တိရစာၦန္ဝမ္းတြင္းကလီစာ မ်ားဟာေဂါက္ေရာဂါျဖစ္ေစႏိုင္လို႔ မစားေသာက္ဘဲဆင္ျခင္ရင္ ေရာဂါကာကြယ္ႏိုင္ပါတယ္။
အရက္၊ ဘီယာ၊ ဝမ္းတြင္းကလီစာ၊ နီရဲရဲအသားမ်ား၊ ပင္လယ္စာမ်ား၊ သၾကားမ်ားျခင္း၊ ကာဗိုဟိုက္ ၿဒိတ္မ်ားတဲ့အစာေတြ ပိုမိုဆိုး႐ြားေစတယ္။ ေရမ်ားမ်ားေသာက္ျခင္း၊ ယာဂု၊ မလိုင္ထုတ္ထားတဲ့ႏို႔ ႏွင့္ႏို႔ထြက္ ပစၥည္း၊ ႏွံစားသီးႏွံ၊ ဂ်ဳံ၊ ဆန္၊ ေျပာင္းဥအမ်ိဳးမ်ိဳးၾကက္ငွက္ငယ္မ်ား၊ စေတာ္ဘယ္ရီ၊ ခ်ယ္ရီသီးမ်ား၊ မုန္ညင္းမုန္ လာေဂၚဖီပြင့္၊ ေနၾကာေစ့၊ ဗာဒံေစ့၊ ၾကက္ဆူဆီေျမပဲ၊ ႏွမ္း၊ ေနၾကာဆီ၊ ဗီတာမင္စီႂကြယ္ဝအစာမ်ား၊ ကာဗိုဟိုက္ ၿဒိတ္နည္းပါးတဲ့အစာမ်ား စားေသာက္သင့္ပါတယ္။
ေဆးဝါး၊ မိုးမခပင္စည္ေခါက္ကထုတ္တဲ့ ကိုခ်ီဆင္ေဆးဝါးမနက္တစ္လုံး ညတစ္လုံးေသာက္ျခင္း၊ အက္စပရင္စတဲ့ အကိုက္အခဲေပ်ာက္ေဆးေတြက ေဂါက္ေရာဂါေပ်ာက္ကင္းေစပါတယ္။ ေဂါက္အဆစ္အျမစ္ ေရာင္ေရာဂါမထေအာင္ အရက္ဘီယာေရွာင္ၿပီးအစားအစာ ေရွာင္ၾကဥ္သင့္တယ္။
Vol-8 / No8 Healthcare Journal