ရာသီတုပ်ကွေးကြောင့် နှလုံးတိုက်ခိုက်ခံရမှု ဖြစ်ပွားနှုန်းမြင့်တက်နိုင်ခြေများလာနိုင်တဲ့အတွက်
တုပ်ကွေးကာကွယ်ဆေးထိုးခြင်းဖြင့် ထိရောက်စွာ ကာကွယ်ပါ
ရာသီ တုပ်ကွေးရောဂါဟာ သာမန်ဖျားနာမှုတွေမှ အသက်အန္တရာယ်ထိ ဒုက္ခပေးနိုင်သည့်အပြင် နှလုံးတိုက်ခိုက်ခံရမှုကို မြင့်တက်စေပါသည်။ လူတိုင်းအနေနဲ့ နေရာအနှံ့အပြားမှာ ပုန်းကွယ်နေတတ်တဲ့ ဗိုင်းရပ်စ်ပိုးတွေရန်ကနေ ဘယ်လိုမှ မလွတ်မြောက်နိုင်ပါဘူး၊၊ ဒီကြားထဲ နှလုံးရောဂါနဲ့ ဆီးချိုရောဂါရှိနေပြီဆိုရင်တော့ ကျန်းမာရေးကောင်းတဲ့ လူတွေထက် နှစ်ဆပိုပြီး ဂရုစိုက်ဖို့ လိုနေပါြပီ၊၊
ဒါကြောင့် ရာသီတုပ်ကွေး ဖြစ်ပွားမှု အန္တရာယ်မှ ကာကွယ်နိုင်ဖို့အတွက် ကိုယ် ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ရာသီတုပ်ကွေး ကာကွယ်ဆေးကို နှစ်စဉ်ထိုးဖို့အတွက် တိုက်တွန်းပေးသင့်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ နှလုံးရောဂါ ဆီးချိုရောဂါ ရှိသူတွေကို တုပ်ကွေးကာကွယ်ဆေး ထိုးပြီး မပြီး သေသေချာချာ ဂရုတစိုက်စစ်ဆေးပေးဖို့ လိုပါတယ်။ ဒါကြောင့် တုပ်ကွေးရောဂါဖြစ်ပွားမှုကို ပေါ့ပေါ့ဆဆ မနေဘဲ တုပ်ကွေးရောဂါ ကာကွယ်ဆေးကို ကြိုတင် ထိုးပေးခြင်းနဲ့ မြန်မြန်ဆန်ဆန် ကာကွယ်ထားသင့်ပါတယ်။
ဒါ့အပြင် တုပ်ကွေးရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအနေနဲ့ကတော့ အသက် ၅ နှစ်အောက် ကလေးတွေမှာ နားရောဂါ ကူးစက်မှုနဲ့ အဆုတ်ရောင်ရောဂါဖြစ်ပွားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေမှာဆိုရင်တော့ ကိုယ်တွင်းအင်္ဂါ ပြောင်းလဲမှုတွေကြောင့် တုပ်ကွေးရောဂါဟာ ပြင်းထန်တဲ့ ဖျားနာမှုကို ဖြစ်ပွားစေနိုင်ပါတယ်။1 အသက် ၆၅ နှစ်နဲ့ အထက် လူကြီးတွေမှာတော့ တုပ်ကွေးရောဂါပိုး ကူးစက်ခံရတဲ့ တစ်ပါတ်အတွင်း နှလုံးတိုက်ခိုက်ခံရမှု ဖြစ်ပွားမှု ၆ ဆမြင့်တက်နိုင်ပါတယ်။2 ဆီးချို သွေးချိုဝေဒနာရှင် တွေဟာလည်း တုပ်ကွေးရောဂါနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပိုမို ခံစားရနိုင်ပါတယ်။3 တုပ်ကွေးကာကွယ်ဆေးထိုးထားခြင်းဖြင့် တုပ်ကွေးရောဂါကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးများမှလည်း ကာကွယ်နိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေဆီကတဆင့် တုပ်ကွေးဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းမှလည်း ကာကွယ်ပြီးသာဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် စိုးရိမ်စရာကောင်းပြီး အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်တဲ့ ရာသီတုပ်ကွေး မဖြစ်အောင် သေသေချာချာ ဂရုစိုက် ဆင်ခြင်ဖို့ လိုလာပြီ ဖြစ်ပါတယ်၊၊ သင်ချစ်တဲ့ မိသားစုကို တုပ်ကွေးရောဂါကူးစက်မှု အန္တရာယ်ကနေ ကာကွယ်ပေးဖို့ အကောင်းဆုံးနည်းလမ်းကတော့ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးဖြစ်အောင် ထိုးပါလို့ အကြံပြုချင်ပါတယ်၊၊ အခုဆိုရင် တုပ်ကွေးရောဂါကာကွယ်ဆေးတွေကို နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေမှာ လွယ်လွယ်ကူကူ သွားရောက် ထိုးနိုင်ပြီ ဖြစ်ပါတယ်၊။
ဒါကြောင့် အချိန်မရွေး နေရာမရွေးဖြစ်ပွားနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးများတဲ့ ရာသီတုပ်ကွေးရောဂါကနေ ကာကွယ်ဖို့ကာကွယ်ဖို့ နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေမှာ ယနေ့ပဲ တုပ်ကွေး ကာကွယ်ဆေးကို အမြန်ဆုံး ထိုးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
Reference:
- https://www.cdc.gov/flu/protect/vaccine/pregnant.htm Last accessed April 2019
- Kwong, J, et al. (2018) Acute Myocardial Infarction After Laboratory Confirmed Influenza Infection.The New England Journal of Medicine, 378(4):345-353
- https://www.diabetes.co.uk/flu-and-diabetes.html Last accessed April 2019
SPTH.VAXI.20.01.0006