fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

ပျော်စရာကောင်းတဲ့ မနက်ခင်းလေးဖြစ်ဖို့

ပျော်ရွှင်စရာ မနက်ခင်းတစ်ခုက ကျက်သရေရှိတဲ့ တစ်နေ့တာ ဆက်ဖြစ်စေပြီး အေးချမ်းတဲ့ ညခင်းတစ်ခုမှာအဆုံးသတ်စေနိုင်ပါတယ်။

ဒီလိုပဲ အေးချမ်းပျော်ရွှင်စွာနိုးထလာတဲ့ လူတစ်ယောက်စီတိုင်းက ပတ်ဝန်းကျင်ကိုလည်း ပျော်ရွှင်မှုတွေကူးစက်စေနိုင်ပါတယ်။

တကယ်သာ နေ့စဉ်တိုင်းမှာ လူသားတိုင်းလူသားတိုင်း ပျော်ပျော်ရွှင်ရွှင် နိုးထလာခဲ့ကြမယ်ဆို ကမ္ဘာမြေတစ်ခုလုံးကိုတောင် ငြိမ်းချမ်းသွားစေမယ်လို့တောင် ပြောလို့ရပါတယ်။

ပျော်ရွှင်တဲ့ မနက်ခင်းတွေက သူ့အလိုလိုရောက်လာမှာလား ??

မနက်ခင်းတွေကတော့ သူ့အလိုလိုရောက်လာမှာပါ။ ဒါကိုပျော်ရွှင်မနက်ခင်းတွေအဖြစ် ပြောင်းလဲပစ်ဖို့အတွက် ကျွန်တော်တို့မှာ နှစ်ခုတော့လိုပါတယ်။

မှော်တုတ်တံလေးနဲ့မှော်ဂါထာလေးပေါ့။

ကျွန်တော်တို့ရဲ့ behavior လို့ခေါ်တဲ့ အပြုအမူတွေက ကျွန်တော်တို့ ဘဝတွေကို ထိန်းချုပ်နေတဲ့ မှော်တုတ်တံလေး ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အတွေးအကြံတွေကတော့ ကျွန်တော်တို့ရှေ့က လမ်းတွေကို ပိုလှပသွားစေမဲ့ magic spells လေးတွေပါပဲ။

ဒါဆိုကောင်းသော မနက်ခင်းတစ်ခုဖြစ်ဖို့ ဘာတွေလိုအပ်လဲ ??

ရှင်းပါတယ်.. နှစ်ချက်ပဲလိုပါတယ် ..

(၁) ကောင်းသောမနက်ခင်းတစ်ခုဖြစ်ဖို့ ကောင်းသောညတစ်ည အဓိကလိုပါတယ်။

ညမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့တဲ့ (၇) နာရီက ကျန်တဲ့ တစ်နေ့စာ (၁၇)နာရီအတွက် ယူရေနီယမ်ထက်ပိုအားပြင်းတဲ့ လောင်စာပါ။

  • ဒီတော့ ညမှာ ကောင်းကောင်း အိပ်ပျော်ဖို့အတွက် ညနေပိုင်းက စလို့ လက်ဖက်၊ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်လို အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးမဲ့ အစားအသောက်တွေ ရှောင်ပါ။
  • ညမအိပ်ခင် (၂)နာရီအတွင်း ဖုန်း၊ တက်ဘလက် ၊ ကွန်ပျူတာနဲ့ တီဗွီလို ဖန်သားပြင်တွေအားလုံး ရှောင်ပါ။

(၂) နောက်တစ်ချက်ကတော့ မနက်ခင်း အိပ်ယာထထချင်း လုပ်ရမဲ့ အပြုအမူနဲ့ အတွေးအကြံတွေပါပဲ။

  • နိုးနိုးချင်းမှာ တစ်နေ့စာအတွက် ငါအကောင်းဆုံးကြိုးစားမယ်.. ငါဒီနေ့ပျော်ရွှင်မယ်ဆိုတာ တွေးဖြစ်အောင်တွေးပါ။
  • ရေတစ်ခွက်သောက်ပါ။
  • အိပ်ယာထဲမှာ ကြာကြာဆက်မနေပါနဲ့။
  • ကော်ဖီ မွှေးမွှေးလေးတစ်ခွက်ဖျော်သောက်ပါ။
  • မနက်စာကို ဝအောင်စားပါ။ လုံးဝ မနက်စာမလွတ်ပါစေနဲ့။ အာဟာရမျှတအောင်စားပါ။ အသီးအနှံတစ်ခုခုပါပါစေ။
  • EDM လို မြူးမြူးကြွကြွ ဂီတတစ်ခုခု နားထောင်ပါ။ ကျွန်တော့်အတွက်တော့ Alan Walker သီချင်းတွေက လှပတက်ကြွတဲ့ မနက်ခင်းတွေဖြစ်အောင် လုပ်ပေးပါတယ်။
    မနက်ခင်းတွေမှာ သီချင်းနားထောင်ဖို့ လုံးဝ မမေ့ပါစေနဲ့။

မနက်ခင်းတွေမှာ တစ်ခါတစ်လေ အနှောင့်အယှက်တွေ စိတ်ညစ်စရာတွေလည်း ပေါ်လာနိုင်ပါတယ်။

ကားပိတ်နေမယ်.. ဆပ်ပြာကုန်သွားမယ်..ကားလွတ်သွားမယ်… ပိုက်ဆံအိတ်မေ့ကျန်ခဲ့မယ်.. ကားပေါ်ခုံမရဘူး.. မီးပြတ်နေမယ်..အလုပ်ရှင်ဆူတာခံရမယ်..မျိူးစုံဖြစ်နိုင်ပါတယ်။

ဘာဖြစ်ဖြစ် ပြုံးလိုက်ပါ။

ဘယ်အနှောင့်အယှက်မှ တစ်သက်စာ မဟုတ်ပါဘူး။

အားလုံးမှာ မမြင်ရတဲ့ Expiry date ရှိပြီးသားပါ။

ဘယ်သူမှ ပျော်မနေတဲ့ မနက်ခင်းတစ်ခုမှာလည်း ကျွန်တော်တို့ တကယ်ပျော်ရွှင်တက်ကြွနေလို့ရပါတယ်။

ကဲ..တူတူ ကြိုးစားကြတာပေါ့.. ရယ်ဒီပဲလား…ခင်ဗျားမှော်တုတ်တံလေး ထုတ်လိုက်တော့လေ..

ကျွန်တော် magic spell ရွတ်ပြီးသွားပြီ…

Dr ဖြိုးဝေလင်း

 

ဆက်စပ် ဆောင်းပါးများ