(Zawgyi)
ဒီေန႔ေတာ့ ေဆးခန္းကို စေရာက္တာနဲ႔ လူနာတစ္ေယာက္ထိုင္ေစာင့္ေနရတာ ေတြ႕လိုက္ရတယ္။ အသက္လူလတ္ပိုင္း အမ်ိဳးသားတစ္ေယာက္၊ စာအိတ္တစ္အိတ္ကိုင္ရင္း ေစာင့္ေနတယ္။ ေဆးခန္းထဲဝင္ၿပီး ခဏၾကာေတာ့ လူနာလိုက္ဝင္လာတယ္။
“ ေဆးခန္းျပခ်င္လို႔ပါ။ ”
“ ဟုတ္ကဲ့ပါ၊ ဘာျဖစ္လို႔ပါလဲ ”
“ ဒီလိုပါ ေဒါက္တာ၊ ဒီအေျဖက ကြၽန္ေတာ္စစ္ထားတာပါ၊ ဒါဟုတ္မဟုတ္ ေသခ်ာေအာင္ ေသြးစစ္ခ်င္လို႔ပါ။ ”
ေျပာရင္းနဲ႔ လူနာက လက္ထဲက စာအိတ္ကိုထိုးေပးေတာ့ ကိုယ္လည္းယူပတ္ၾကည့္လိုက္တယ္။ အေျဖက အသားစအေျဖ၊ အနာကယူထားၿပီးစစ္ထားတာ၊ အေျဖေတာ့ မေကာင္းဘူး။ ကင္ဆာဆိုၿပီး ေရးထားေတာ့ ကိုယ္လည္းစာဖတ္တယ္လုပ္ရင္း ဘယ္လိုစေျပာရမလဲ စဥ္းစားမိတာေပါ့။ ေနာက္ေတာ့လည္း စေျပာျဖစ္ပါတယ္။
“ အခုက လူနာကိုယ္တိုင္လား။ ”
“ ဟုတ္ပါတယ္ ေဒါက္တာ ”
“ ဒါက အနာကေန အသားစယူထားတဲ့ အေျဖပါ၊ စစ္ထားတဲ့အေျဖကေတာ့ ၾကာေနၿပီ၊ သုံးလေတာင္ရွိၿပီ။ ”
“ ဟုတ္ကဲ့ ေဒါက္တာ ”
“ အနာကေရာ အနာနဲ႔ ပတ္သက္ၿပီးနည္းနည္းေျပာျပပါလား။ ”
“ ဟုတ္ကဲ့ ေဒါက္တာ၊ ဒီလိုပါ၊ ကြၽန္ေတာ္ဒါမစစ္ခင္ ႏွစ္လေလာက္မွာစျဖစ္တာပါ၊ အနာကပါးစပ္ထဲမွာပါ၊ ဒီမွာပါ။ “
ေျပာရင္းဆိုရင္း လူနာက ပါးစပ္ဟျပေတာ့ အနာက ေအာက္သြားအရင္းနားမွာ အတြင္းဘက္မွာ၊ နည္းနည္းေတာ့နက္တယ္၊ ေဘးနံရံေတြေတာ့ မညီဘူး။ ကိုယ္လည္း သူေျပာတုန္း ပါးစပ္ဟေနတုန္း အရင္ျမန္ျမန္ ၾကည့္လိုက္မိတယ္။
“ ဟုတ္ကဲ့၊ ဆက္ေျပာပါဦး။ ”
“ အစကေတာ့ ေပ်ာက္သလိုဘဲဗ်၊ ဒါေပမယ့္ ကြၽန္ေတာ့သြားနဲ႔ကလည္း အၿမဲျပန္လည္ထိေနေတာ့ အနာမက်က္ႏိူင္ဘူး၊ ျပန္ျပန္ျဖစ္တယ္။ ႏွစ္လေလာက္မွာ ေဆးခန္းတစ္ခုျပျဖစ္တယ္ဗ်၊ အဲ့မွာေဆးေပးၿပီး အသားစပါ စစ္ၾကည့္ခိုင္းလို႔ပါ၊ ”
“ ဟုတ္ကဲ့၊ အေျဖရေတာ့ေရာ ”
“ အေျဖရေတာ့ ဆရာဝန္က ရွင္းျပပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္လည္း တျခားဘာမွမျဖစ္ေတာ့ အနာမက်က္တာက လြဲလို႔ေပါ့ဗ်ာ။ အဲ့ဒါနဲ႔ ဒီလိုဘဲေနေနတာ၊ အခုေတာ့ ဒီမွာလာျပၾကည့္တာဗ်၊ အေျဖဟုတ္မဟုတ္ ေသြးစစ္ၾကည့္ခ်င္လို႔ဗ်။ ”
“ ဒါျဖင့္ လူနာက အေျဖသိၿပီးသားေပါ့၊ ”
“ ဟုတ္ပါတယ္ ေဒါက္တာ၊ သိၿပီးပါၿပီ။ ”
“ အေျဖကေတာ့ ကင္ဆာထြက္ထားတာပါ။ ”
“ ဟုတ္ကဲ့ ခင္ဗ် ” ကိုယ္လည္း ခဏစဥ္းစားၿပီး လူနာကို စရွင္းရတယ္။
“ ဟုတ္ကဲ့ပါ၊ တခ်ိဳ႕ကင္ဆာေတြမွာေတာ့ ေသြးစစ္တာလည္းလုပ္ရတာရွိတယ္။ ေသခ်ာေအာင္ စစ္တာလည္းရွိတယ္။ ဒါေပမယ့္ အသားစစစ္တာမွာ ကင္ဆာျပေနရင္ေတာ့ အထူးသျဖင့္ အခုလိုအနာကေနျဖစ္တတ္တဲ့ ကင္ဆာအမ်ိဳးအစားမွာ ေသခ်ာေအာင္ေသြးစစ္ၾကည့္ရတာေတာ့ မရွိတတ္ဘူး။ ”
“ ဟုတ္ကဲ့ ေဒါက္တာ ”
“ အသားစအေျဖေသခ်ာေနတာကို ေသခ်ာေအာင္တျခားေသြးစစ္တာေတာ့ မလိုေပမယ့္ ဒါကိုကုသတဲ့အပိုင္းအတြက္ေတာ့ လိုအပ္တဲ့စစ္ေဆးတာေတြ လုပ္လို႔ရတယ္။”
“ ဟုတ္ကဲ့ ေဒါက္တာ ”
“ လူနာဘက္ကေတာ့ တျခားဘာမွမျဖစ္လို႔ ကင္ဆာမဟုတ္ဘူး ထင္ႏိူင္တယ္။ ဒါေပမယ့္ ဒီလိုကင္ဆာမ်ိဳးေတြမွာ လူနာဖ်ားတာ၊ ပိန္တာ၊ အစားပ်က္တာ၊ အက်ိတ္ထြက္တာမရွိတတ္ဘူး၊ ဒါေပမယ့္ ဒီအနာကင္ဆာကသူ႔ပတ္ဝန္းက်င္ကို ျပန္ျပန္လႈိက္စားတတ္တယ္၊ အမ်ားအားျဖင့္ေတာ့ ေနေရာင္ထိေတြ႕တဲ့ေနရာေတြမွာ အျဖစ္မ်ားေပမယ့္ ခဏခဏ ျပန္ျပန္ထိမိေနရင္လည္း ျဖစ္တတ္တယ္။ ”
“ ဟုတ္ကဲ့ ေဒါက္တာ ”
“ လူနာအတြက္သင့္ေတာ္တဲ့ အႀကံေပးခ်င္ပါတယ္။ ”
“ ဟုတ္ကဲ့၊ ေျပာပါေဒါက္တာ ”
“ ဒီကင္ဆာေသခ်ာလား မေသခ်ာလား လိုက္စစ္မေနေတာ့ဘဲ ခြဲစိတ္ဆရာဝန္နဲ႔ျဖစ္ျဖစ္ ျပန္ျပပါ၊ အျမန္ဆုံး ကုသႏိုင္ဖို႔လိုပါတယ္။ ဒီလိုအနာေတြက ခြဲစိတ္ရတယ္။ ေနာက္ပိုင္းလိုအပ္ရင္ အက်ိတ္ေတြကို ဓါတ္ကင္ရတာရွိတယ္။ ေနာက္က်မွကုသတယ္ဆိုရင္ ေအာက္ဘက္ေတြမွာ အျမစ္တြယ္ေနတာေတြဆို ခက္ႏိူင္တယ္။ ”
“ ဟုတ္ကဲ့ပါ ေဒါက္တာ ”
“ ဘာပဲေျပာေျပာ အခုေတာင္ သုံးလေလာက္အခ်ိန္ပုတ္သြားၿပီ၊ တျခားေဆးခန္းေတြလည္း လိုက္စစ္မေနပါနဲ႔ေတာ့၊ အခုတစ္ခါတည္း လြဲစာေရးေပးလိုက္မယ္၊ သက္ဆိုင္ရာဆရာနဲ႔ အျမန္ဆုံးျပၿပီး ကုသဖို႔လုပ္ေစခ်င္ပါတယ္။ ”
“ ဟုတ္ကဲ့ပါ ေဒါက္တာ၊ ေက်းဇူးလည္းတင္ပါတယ္။ ”
“ ေက်းဇူးတင္တယ္ဆိုရင္ေတာ့ ေသခ်ာျပျဖစ္ေအာင္ျပလိုက္ပါ။ ”
“ ဟုတ္ကဲ့ပါ ကြၽန္ေတာ္သြားလိုက္ပါ့မယ္။ ”
လူနာထြက္သြားေတာ့ လူနာေက်ာျပင္ကိုၾကည့္ရင္း သက္ျပင္းခ်ရင္းေပါ့။
Author: Dr.CST
(Unicode)
ဒီနေ့တော့ ဆေးခန်းကို စရောက်တာနဲ့ လူနာတစ်ယောက်ထိုင်စောင့်နေရတာ တွေ့လိုက်ရတယ်။ အသက်လူလတ်ပိုင်း အမျိုးသားတစ်ယောက်၊ စာအိတ်တစ်အိတ်ကိုင်ရင်း စောင့်နေတယ်။ ဆေးခန်းထဲဝင်ပြီး ခဏကြာတော့ လူနာလိုက်ဝင်လာတယ်။
“ ဆေးခန်းပြချင်လို့ပါ။ ”
“ ဟုတ်ကဲ့ပါ၊ ဘာဖြစ်လို့ပါလဲ ”
“ ဒီလိုပါ ဒေါက်တာ၊ ဒီအဖြေက ကျွန်တော်စစ်ထားတာပါ၊ ဒါဟုတ်မဟုတ် သေချာအောင် သွေးစစ်ချင်လို့ပါ။ ”
ပြောရင်းနဲ့ လူနာက လက်ထဲက စာအိတ်ကိုထိုးပေးတော့ ကိုယ်လည်းယူပတ်ကြည့်လိုက်တယ်။ အဖြေက အသားစအဖြေ၊ အနာကယူထားပြီးစစ်ထားတာ၊ အဖြေတော့ မကောင်းဘူး။ ကင်ဆာဆိုပြီး ရေးထားတော့ ကိုယ်လည်းစာဖတ်တယ်လုပ်ရင်း ဘယ်လိုစပြောရမလဲ စဉ်းစားမိတာပေါ့။ နောက်တော့လည်း စပြောဖြစ်ပါတယ်။
“ အခုက လူနာကိုယ်တိုင်လား။ ”
“ ဟုတ်ပါတယ် ဒေါက်တာ ”
“ ဒါက အနာကနေ အသားစယူထားတဲ့ အဖြေပါ၊ စစ်ထားတဲ့အဖြေကတော့ ကြာနေပြီ၊ သုံးလတောင်ရှိပြီ။ ”
“ ဟုတ်ကဲ့ ဒေါက်တာ ”
“ အနာကရော အနာနဲ့ ပတ်သက်ပြီးနည်းနည်းပြောပြပါလား။ ”
“ ဟုတ်ကဲ့ ဒေါက်တာ၊ ဒီလိုပါ၊ ကျွန်တော်ဒါမစစ်ခင် နှစ်လလောက်မှာစဖြစ်တာပါ၊ အနာကပါးစပ်ထဲမှာပါ၊ ဒီမှာပါ။ “
ပြောရင်းဆိုရင်း လူနာက ပါးစပ်ဟပြတော့ အနာက အောက်သွားအရင်းနားမှာ အတွင်းဘက်မှာ၊ နည်းနည်းတော့နက်တယ်၊ ဘေးနံရံတွေတော့ မညီဘူး။ ကိုယ်လည်း သူပြောတုန်း ပါးစပ်ဟနေတုန်း အရင်မြန်မြန် ကြည့်လိုက်မိတယ်။
“ ဟုတ်ကဲ့၊ ဆက်ပြောပါဦး။ ”
“ အစကတော့ ပျောက်သလိုဘဲဗျ၊ ဒါပေမယ့် ကျွန်တော့သွားနဲ့ကလည်း အမြဲပြန်လည်ထိနေတော့ အနာမကျက်နိူင်ဘူး၊ ပြန်ပြန်ဖြစ်တယ်။ နှစ်လလောက်မှာ ဆေးခန်းတစ်ခုပြဖြစ်တယ်ဗျ၊ အဲ့မှာဆေးပေးပြီး အသားစပါ စစ်ကြည့်ခိုင်းလို့ပါ၊ ”
“ ဟုတ်ကဲ့၊ အဖြေရတော့ရော ”
“ အဖြေရတော့ ဆရာဝန်က ရှင်းပြပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း တခြားဘာမှမဖြစ်တော့ အနာမကျက်တာက လွဲလို့ပေါ့ဗျာ။ အဲ့ဒါနဲ့ ဒီလိုဘဲနေနေတာ၊ အခုတော့ ဒီမှာလာပြကြည့်တာဗျ၊ အဖြေဟုတ်မဟုတ် သွေးစစ်ကြည့်ချင်လို့ဗျ။ ”
“ ဒါဖြင့် လူနာက အဖြေသိပြီးသားပေါ့၊ ”
“ ဟုတ်ပါတယ် ဒေါက်တာ၊ သိပြီးပါပြီ။ ”
“ အဖြေကတော့ ကင်ဆာထွက်ထားတာပါ။ ”
“ ဟုတ်ကဲ့ ခင်ဗျ ” ကိုယ်လည်း ခဏစဉ်းစားပြီး လူနာကို စရှင်းရတယ်။
“ ဟုတ်ကဲ့ပါ၊ တချို့ကင်ဆာတွေမှာတော့ သွေးစစ်တာလည်းလုပ်ရတာရှိတယ်။ သေချာအောင် စစ်တာလည်းရှိတယ်။ ဒါပေမယ့် အသားစစစ်တာမှာ ကင်ဆာပြနေရင်တော့ အထူးသဖြင့် အခုလိုအနာကနေဖြစ်တတ်တဲ့ ကင်ဆာအမျိုးအစားမှာ သေချာအောင်သွေးစစ်ကြည့်ရတာတော့ မရှိတတ်ဘူး။ ”
“ ဟုတ်ကဲ့ ဒေါက်တာ ”
“ အသားစအဖြေသေချာနေတာကို သေချာအောင်တခြားသွေးစစ်တာတော့ မလိုပေမယ့် ဒါကိုကုသတဲ့အပိုင်းအတွက်တော့ လိုအပ်တဲ့စစ်ဆေးတာတွေ လုပ်လို့ရတယ်။”
“ ဟုတ်ကဲ့ ဒေါက်တာ ”
“ လူနာဘက်ကတော့ တခြားဘာမှမဖြစ်လို့ ကင်ဆာမဟုတ်ဘူး ထင်နိူင်တယ်။ ဒါပေမယ့် ဒီလိုကင်ဆာမျိုးတွေမှာ လူနာဖျားတာ၊ ပိန်တာ၊ အစားပျက်တာ၊ အကျိတ်ထွက်တာမရှိတတ်ဘူး၊ ဒါပေမယ့် ဒီအနာကင်ဆာကသူ့ပတ်ဝန်းကျင်ကို ပြန်ပြန်လှိုက်စားတတ်တယ်၊ အများအားဖြင့်တော့ နေရောင်ထိတွေ့တဲ့နေရာတွေမှာ အဖြစ်များပေမယ့် ခဏခဏ ပြန်ပြန်ထိမိနေရင်လည်း ဖြစ်တတ်တယ်။ ”
“ ဟုတ်ကဲ့ ဒေါက်တာ ”
“ လူနာအတွက်သင့်တော်တဲ့ အကြံပေးချင်ပါတယ်။ ”
“ ဟုတ်ကဲ့၊ ပြောပါဒေါက်တာ ”
“ ဒီကင်ဆာသေချာလား မသေချာလား လိုက်စစ်မနေတော့ဘဲ ခွဲစိတ်ဆရာဝန်နဲ့ဖြစ်ဖြစ် ပြန်ပြပါ၊ အမြန်ဆုံး ကုသနိုင်ဖို့လိုပါတယ်။ ဒီလိုအနာတွေက ခွဲစိတ်ရတယ်။ နောက်ပိုင်းလိုအပ်ရင် အကျိတ်တွေကို ဓါတ်ကင်ရတာရှိတယ်။ နောက်ကျမှကုသတယ်ဆိုရင် အောက်ဘက်တွေမှာ အမြစ်တွယ်နေတာတွေဆို ခက်နိူင်တယ်။ ”
“ ဟုတ်ကဲ့ပါ ဒေါက်တာ ”
“ ဘာပဲပြောပြော အခုတောင် သုံးလလောက်အချိန်ပုတ်သွားပြီ၊ တခြားဆေးခန်းတွေလည်း လိုက်စစ်မနေပါနဲ့တော့၊ အခုတစ်ခါတည်း လွဲစာရေးပေးလိုက်မယ်၊ သက်ဆိုင်ရာဆရာနဲ့ အမြန်ဆုံးပြပြီး ကုသဖို့လုပ်စေချင်ပါတယ်။ ”
“ ဟုတ်ကဲ့ပါ ဒေါက်တာ၊ ကျေးဇူးလည်းတင်ပါတယ်။ ”
“ ကျေးဇူးတင်တယ်ဆိုရင်တော့ သေချာပြဖြစ်အောင်ပြလိုက်ပါ။ ”
“ ဟုတ်ကဲ့ပါ ကျွန်တော်သွားလိုက်ပါ့မယ်။ ”
လူနာထွက်သွားတော့ လူနာကျောပြင်ကိုကြည့်ရင်း သက်ပြင်းချရင်းပေါ့။
Author: Dr.CST