အူပိတ်ခြင်း(Intestinal Obstruction)
Q.အူပိတ်ခြင်းအခြေအနေတစ်ခုကိုကြားဖူး၊ကြုံဖူးကြပါသလာ:?
-အူပိတ်ခြင်းဟာအသက်အန္တရာယ်ရှိတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။
-ဆေးရုံသို့အရေးပေါ်သွားရောက်ကုသရန်လိုအပ်ပါတယ်။
-သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့အူသိမ်နှင့်အူမကြီးတို့ဟာ ခြေဖျက်ထားသောအစာများမှအာဟာရကိုစုပ်ယူခြင်းနှင့် မခြေဖျက်နိုင်သောအစာဟောင်းများကို အူလှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် ဝမ်းအိမ်ထဲသို့ပေးပို့ပေးပြီး ဝမ်းအနေနှင်ွစွန့်ထုတ်စေပါတယ်။
-အူပိတ်သွားသည့်အခြေအနေတွင် ပိတ်နေသည့်နေရာအထက်တွင် အစာအဟောင်းများဖြင့် တဖြေးဖြေးစုပုံပြည့်တင်းလာပြီး အူပေါက်သွားတတ်ပါတယ်။
-အချိန်မှီမကုသသော အူပိတ်ခြင်းဟာ အသက်အန္တရာယ်ရှိပါတယ်။
Q.အူပိတ်ခြင်းရှေ့ပြေးလက္ခဏာများ
-လက္ခဏာများဟာ အူလမ်းကြောင်းပိတ်သည့်နေရာ၊အူလမ်းကြောင်းပိတ်သည့်ပမာဏ၊အူပိတ်နေသည့်ကြာချိန်ပေါ် မူတည်ပြီး မျိုးစုံဖြစ်နိုင်ပါတယ်။
-ယေဘုယျအားဖြင့်
1.ဆိုရွားစွာလှိမ့်၍ဗိုက်ထိုးထိုးနာခြင်း
2.အလွန်အမင်းဗိုက်ကယ်ခြင်း
3.ပျို့ခြင်း
4.အန်ခြင်း
5.လေလုံးဝမလည်ခြင်း
6.ဝမ်းမသွားနိုင်ခြင်း
7.ဗိုက်ဖောင်းနေခြင်း
8.အစားအသောက်ပျက်ခြင်း
Q.အူပိတ်ခြင်းဖြစ်စေသောအကြောင်းအရင်းများ
1.ဗိုက်ခွဲဖူးသောဒဏ်ရာမှအမာရွတ်အမျှင်များတွယ်လာရာမှအူပိတ်သွားခြင်း
2.အူလိမ်သွားခြင်း
3.အူစွပ်ခြင်း
4.အူကျခြင်း
5.မွေးရာပါအူလမ်းကြောင်းရောဂါများ
6.အူလမ်းကြောင်းတွင်အလုံးအကျိတ်များရှိနေခြင်း
7.အူလမ်းကြောင်းရေရှည်ရောင်ရမ်းမှုဖြစ်စေသောရောဂါများ
8.အရာဝတ္ထုများမျိုချမိခြင်း
9.ဝမ်းများဖြင့်ပိတ်နေခြင်း
10.မျိုးဥအိမ်ကင်ဆာ
11.အူမကြီးကင်ဆာ
12.အကြောင်းအရင်းတစ်ခုခုကြောင့်အူလှုပ်ရှားမှုခေတ္တရပ်ခြင်း
(ဗိုက်နှင့်တင်ပါးစုံခွဲစိတ်မှုလုပ်သည့်အခါ၊ မူးယစ်ဆေးဝါးသုံးခြင်း၊ မျှခြေဓာတ်နည်းသွားခြင်း)
13အခြားရောဂါများ
-အာရုံကြောထိစေသောရောဂါများ eg-ဆီးချိုရောဂါ
-သိုင်းရွိုက်ဟော်မုန်းနည်းသူများ
-ပါကင်ဆန်ရောဂါ
-Multiple Sclerosisရောဂါ
Q.အူပိတ်ခြင်းနောက်ဆက်တွဲဆိုးကျိုးများ
1.ရေဓာတ်ဆုံးရှုံးခြင်း
2.မျှခြေဓာတ်များမညီမညာဖြစ်ခြင်း
3.အူပေါက်ခြင်း
4.အူပုပ်ခြင်း
5.ကျောက်ကပ်ထိခြင်း
6.သွေးဆိပ်တက်ခြင်း
7.ဗိုက်တွင်းအမှေးပါးနံရံရောင်ခြင်း
8.အသက်အန္တရာယ်ရှိခြင်း
Q.အူပိတ်ကြောင်းဘယ်လိုသိနိုင်မလဲ?
-ရောဂါရာဇဝင်မေးမြန်းခြင်း
-စမ်းသပ်ခြင်း
-စစ်ဆေးခြင်း
*သွေးစစ်ဆေးခြင်း
*ဗိုက်ဓာတ်မှန်ရိုက်ခြင်း(X ray)
*ဗိုက်တယ်လီဗီးရှင်းဓာတ်မှန်ရိုက်ခြင်း(USG)
*ဗိုက်ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT)
*မှန်ပြောင်းကြည့်ခြင်း(Scope)
* လေ သို့မဟုတ် ဘေရီယန်ထည့်၍ ရိုက်ခြင်း(Air or Barium enema)
Q.ကုသခြင်း
-အူပိတ်ခြင်းဟာ ဆေးရုံတွင်သာကုသရပါတယ်။
-အူပိတ်ပါက အရေးပေါ်ဆေးရုံသွားရပါတယ်။
-ပိတ်နေသော အူလမ်းကြောင်းကို ပွင့်အောင်လုပ်ရသည့်အပြင် အူပိတ်စေသောအကြောင်းအရင်းကိုပါ တွဲ၍ကုသရပါတယ်။
– အူပိတ်ခြင်းပမာဏအရမ်းမများလျှင်(တစ်စိတ်တစ်ပိုင်းပိတ်ခြင်း)၊အူပုပ်သည့်လက္ခဏာမတွေ့လျှင်
*ဓာတ်ဆားရည်ချိတ်ပြီးအစာအိမ်နှင့်အူလမ်းကြောင်းအားအနားပေးခြင်း
*နှာခေါင်းပိုက်မှအစာဟောင်းများစုပ်ထုတ်ခြင်းဖြင့်
စောင့်ကြည့်ကုသပါတယ်။
-အူလမ်းကြောင်းလုံးဝပိတ်လျှင်တော့ အချိန်မှီခွဲစိတ်ကုသရပါတယ်။
-အူပုပ်ခြင်းရှိလျှင် အချိန်မှီ ပုပ်သွားသောအူအစိတ်အပိုင်းကိုဖြတ်ထုတ်ကုသရပါတယ်။
*အချုပ်အားဖြင့် အူပိတ်သည်ဟုသံသယရှိလျှင် နီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသပြီးစောလျင်စွာကုသမှုခံယူရပါမယ်။
Dr.Yin Yin Win
M.B.,B.S(YGN)
Dip.Med.Sc(Family Medicine)