မေမေနဲ့သားသား မီးမီးတို့ အကြားမှာ ကြီးမားနက်ရှိုင်းတဲ့ မေတ္တာသံယောဇဉ်တွေသာမကပဲ မတူညီကွဲပြားတဲ့ မျှော်မှန်းချက်တွေ၊ ပဋိပက္ခလေးတွေလဲ တစ်ခုမဟုတ်တစ်ခုရှိတတ်ကြပါတယ်။
ဒီလိုမတူညီတဲ့ ပြဿနာတွေ ကြုံတွေ့ရတဲ့အခါမှာ
1.I am Mom ! Because i said so !
မေမေတို့ အနေနဲ့ ငါကမိဘ၊ငါကအမေဆိုတဲ့ ခံယူချက်နဲ့ သားသမီးကို အာဏာရှင်ဆန်ဆန်(Authoritarian parenting) ပြောဆိုမိဆက်ဆံမိတတ်ကြပါတယ်။ ဒီလိုဆက်ဆံပြောဆိုတဲ့အခါ ကလေးတွေအနေနဲ့ မေမေက ငါ့ကိုနားမလည်ဘူးလို့ ခံစားရတတ်ပြီး မေမေ့အပေါ် ဆန့်ကျင်တဲ့စကား၊အပြုအမူတွေ ရနိုင်ပါတယ်။
2.Cool Off
မေမေတို့အနေနဲ့ မိမိဆန္ဒအလိုကျ မဖြစ်လာတဲ့အခါ မချင့်မရဲနဲ့ ကလေးအပေါ်ဒေါသထွက်တာ အော်မိဆူမိတာ၊ရိုက်မိတာ၊ ချုပ်ချယ်ပိတ်ပင်မိတာတွေကြောင့် နားလည်မှုလွဲတတ်ပါတယ်။ ကလေးအနေနဲ့ သူ့ရဲ့စိတ်ခံစားချက်၊အမြင်ကို ထုတ်ပြောဖို့ကြောက်သွားတတ်ပါတယ်။ ဒါကြောင့်သဘောထားကွဲလွဲငြင်းခုံပြောဆိုတာ၊ ရိုက်တာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။
3.Listen
မေမေတို့အနေနဲ့ ကလေးရဲ့ရည်မှန်းချက် မတူညီကွဲပြားတဲ့ အမြင်ခံယူချက်တွေကို သေသေချာချာ အချိန်ယူပြီး နားထောင်ပေးရပါမယ်။ ကလေးတွေရဲ့ခံစားချက်ကို အလေးထားပြီး နားထောင်ပေးရပါမယ်။ သူတို့ဆန္ဒနဲ့ ခံယူချက် အကြောင်းရင်းတွေကို အချိန်ပေးပြီးဆွေးနွေးသင့်ပါတယ်။
4.Children goal
ကလေးတွေရဲ့ဆန္ဒက သူတို့ဖြစ်ချင်တာ၊ သူတို့ကိုယ်ပိုင်လမ်းကြောင်းကို ကိုယ်တိုင်ဆုံးဖြတ်ချင်တတ်ကြတယ်။ မိဘအနေနဲ့ မေမေလုပ်ပေးနိုင်တာကတော့ သူတို့ရဲ့ဆုံးဖြတ်ချက်လုပ်ရပ်ကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးနဲ့အပြစ်ကို နားလည်အောင်ရှင်းပြလမ်းညွှန်ပေးတာပဲဖြစ်ပါတယ်။ (Authoritative parenting)
5.Autonomy but set limit
မေမေ့အနေနဲ့ ကလေးအပေါ်စိတ်မဝင်စား လျစ်လျူရှူတာမျိုး၊ အလိုလိုက်ပြီး ဘာလုပ်လုပ်လက်ခံပေး ဘာမှဝင်မစွက်ဖက်တာမျိုး (Permissive and neglectful parenting) မဟုတ်ပဲ ကလေးရဲ့အသက်အရွယ်ကိုလိုက်ပြီး ဆုံးဖြတ်နိုင်တဲ့ကိစ္စတွေကန့်သတ်ပေးပြီး သူကိုယ်တိုင်ရွေးချယ်ခွင့်ဆုံးဖြတ်ခွင့်ကို ပေးသင့်ပါတယ်။
6.Respect
မိမိမျှော်မှန်းချက်နဲ့မတူညီတိုင်း ကလေးဟာ မှားယွင်းနေတာမဟုတ်ဘူးဆိုတဲ့အချက်ကို မေမေတို့ မေ့တတ်ကြပါတယ်။ ဒါကြောင့် ကလေးရဲ့ဆုံးဖြတ်ချက်ကို လက်ခံပေးပြီး ရလာမယ့်ရလဒ်အတွက် တာဝန်ယူနိုင်တဲ့သူတစ်ယောက်ဖြစ်အောင် လမ်းကြောင်းတည့်မတ်ပေးရပါမယ်။
7.Consequences and responsibility
ကလေးတွေကို သူတို့ရဲ့ရွေးချယ်မှူ၊ဆုံးဖြတ်ချက်တွေကြောင့် ကောင်းသော၊ဆိုးသော အကျိုးဆက်ရလဒ်တွေရှိတယ်ဆိုတာကို မေမေတို့အနေနဲ့ရှင်းပြပြီး ရလာမယ့်ရလဒ်ကို ကလေးကိုတာဝန်ယူစေရပါမယ်။ ဒါမှကလေးအနေနဲ့ သူရဲ့ဆုံးဖြတ်လုပ်ဆောင်ချက်တိုင်းကို မေမေ့ရဲ့ဆုံးမလမ်းညွှန်မှူနဲ့ စဉ်းစားပြီးဆုံးဖြတ်တတ်တဲ့ အလေ့အကျင့်ကို ရသွားမှာဖြစ်ပါတယ်။
8.Show love and care
မေမေနဲ့ သားသမီးကြား ရည်မှန်းချက်ထပ်တူမကျတာ၊ နားလည်မှုလွဲတာ၊ ပဋိပက္ခအသေးလေးမှစ အကြီးအထိ ကြုံတွေ့တိုင်း မေမေတို့အနေနဲ့ အရေးကြီးဆုံးနဲ့ မဖြစ်မနေလုပ်ဆောင်ရမှာက မိမိကလေးကို ချစ်ကြောင်း၊အလေးထားဂရုစိုက်ကြောင်း ပြောပေး၊ပြပေးလုပ်ဆောင်ပေးရမှာပဲဖြစ်ပါတယ်။
မေမေတို့အနေနဲ့ သားသမီးတိုင်းကို မှန်ကန်တဲ့ အုပ်ထိန်းမှူမျိုးနဲ့ ပျော်ရွှင်ပြီးအောင်မြင်တဲ့ လူကြီးတစ်ယောက်ဖြစ်အောင် ချစ်ခြင်းမေတ္တာအပြည့်နဲ့ပျိုးထောင်းနိုင်ကြပါစေ