👱♀️- သူငယ်ချင်း ငါလေဒီအလုပ်ကိုလက်ခံပြီးမှ စိတ်တွေကဇဝေဇဝါတွေ ဖြစ်နေတယ်။ အလုပ်လုပ်တော့ အိမ်ထောင့်တာဝန်တွေ လစ်ဟင်းနေမလား? အိမ်ရှင်မတာဝန်တွေ တစ်ဖက်နဲ့ ငါသိပ်မြတ်နိးတဲ့ အလုပ်မှာ အောင်ကောအောင်မြင်မလား နဲ့ အတွေးများပြီး စိတ်ပူနေတယ်ကွယ်။ 😞
👩💼- ငါကတော့ နင်ဒီလို ဆုံးဖြတ်ချက် ချလိုက်တာကို သိပ်ဂုဏ်ယူသိပ်လေးစားတယ်။
မိခင်တွေ ကလေးကိုပြစ်ထားပြီးအလုပ်ပဲလုပ်တယ် ဆိုပြီးပတ်ဝန်းကျင်ရဲ့ပြစ်တင်ဝေဖန်တတ်တဲ့ အယူအဆကြီး ရှိနေသေးတာတော့ စိတ်မကောင်းစရာပါပဲ။ 😒😞
နင်မိသားစုဘဝရော လုပ်ငန်းခွင်မှာရော တာဝန်ကျေတဲ့ မေမေဖြစ်ဖို့ဆို 👇👇👇
ခုတွေးနေတဲ့
1️⃣ ကိုယ့်ကိုအပြစ်ရှိသလိုခံစားနေရတဲ့ စိတ်ကို ဖျောက်လိုက်ပါ
ခုလုပ်နေတာဟာလည်း မိသားစုအတွက်ပဲဆိုတာ နင့်ကိုယ်နင်အသိဆုံးမို့ အကောင်းမြင်စိတ်လေးနဲ့ နှလုံးသွင်းထားပါ။ အကောင်းဆုံးရွေးချယ်မှုပြုလုပ်ခဲ့တာလို့ ကိုယ့်ကိုယ်အပြည့်ဝယုံကြည်လိုက်ပါ။ 💪
2️⃣အချိန်နည်းနည်းနဲ့ အလုပ်များများပြီးမယ့် နည်းလမ်း တွေသိထားရမယ် ✌
အချိန်ကုန်သက်သာအောင် အတိုကောက်နည်းတွေနဲ့ အစီအစဥ်သေချာဆွဲထားဖို့လိုတယ်
အိမ်အတွက်လိုအပ်တာတွေ စာရင်းသေချာပြုစုထားပြီး မှာလို့ရတဲ့ဆီကမှာ၊ ဖုန်းကြိုဆက်လို့ရရင်ဖုန်းနဲ့မှာ အဆင်သင့်လုပ်ထားဖို့ နဲ့လမ်းကြုံပါးသင့်ရင်ပါးဖို့ အစီစဥ်ချပြင်ဆင်တတ်ရမယ်။
အလုပ်ကိစ္စတွေဆိုလည်း မမေ့အောင်လုပ်ရမှာတွေ သေချာမှတ်ထား။ နေ့လည်စာစားချိန်မှာ ရှင်းလို့ရနိင်သမျှရှင်းထား၊ အိမ်ကိုအလုပ်တွေမပါအောင်တတ်နိင်သမျှချိန်လုပ်တတ်ရမယ်။
3️⃣စိတ်ချရတဲ့ ကလေးထိန်းရှာပါ
ကလေးထိန်းကျောင်းဖြစ်ဖြစ်၊ ကလေးထိန်းခေါ်တယ်ဖြစ်ဖြစ်၊ ကိုယ်ကကိုယ်တိုင် သေချာရွေးချယ်တာမို့ မလစ်ဟင်းပါဘူး။ မူကြိုကျောင်း ဆိုလည်း အချိန်အဆင်ပြေလား၊ ဆရာမနဲ့ကလေးအချိုးဘယ်လိုရှိလဲ၊ သန့်ရှင်းမှု စသဖြင့်သေချာစစ်ဆေးပြီးမှ ရွေးတာလေ။
ကလေးထိန်းရှာရင်လည်း စောင့်ကြည့်လို့ရတဲ့နေ့အစမ်းခန့်ခေါ်ကြည့်တာ၊ ဖုန်းvideo call နဲ့ လှမ်းစစ်တာ စသဖြင့် ကိုယ့်ကလေးစိတ်ချရဖို့အတွက် မေမေတွေ အမြဲဂရုပြုနေတာမို့ နည်းနည်းမှတာဝန်မလစ်ဟင်းဘူးလေနော့။
4️⃣အကျိုးမရှိအချိန်ကုန်စေတဲ့ အရာတွေတတ်နိင်သမျှ လျော့ချပါ ↘
Internet သုံးချိန်၊ အလာပသလပ ပြောတဲ့အချိန်နည်းနည်းလျှော့ပြီး အလုပ်ကြွေးတွေအပြီးလုပ်လို့ရပါတယ်။ အိမ်မှာဆိုလည်း ဖုန်းထက် မိသားစုကို ပိုအာရုံစိုက်ပေးပြီး ပျော်ရွင်စွာ ဖြတ်သန်းပါ။
5️⃣ အိမ်ထောင်ဖက်နဲ့လည်းအချိန်ပေးပါ❤
တစ်ခါတစ်လေ ၂ယောက်ထဲ သမီးရည်းစားဘဝလို ချိန်းတွေ့ကြည့်ပါ။ အလုပ်ကိစ္စမပါ သားသမီးရေးအကြောင်းမဟုတ်တဲ့ တစ်ယောက်နဲ့တစ်ယောက်ပြောချင်တာလေးတွေ ဝေမျှခံစားကြပေးပါ။အိမ်ထောင်ရေးမှာ စိတ်ချမ်းသာပျော်ရွှင်ရလျှင် အလုပ်မှာလည်း အောင်မြင်သလို မိသားစုက ကိုယ့်ရဲ့အကောင်းဆုံးဆုလာဘ်လို့ခံစားရလို့ မိသားစုအတွက်လည်း ပိုတာဝန်ကျေလာပါလိမ့်မယ်။
6️⃣ မိသားစုလိုက် အဓိပ္ပါယ် ရှိသောအချိန်လေး ဖန်တီးပါ👨👩👧👦
တစ်ပတ်တစ်ခါဖြစ်ဖြစ် မိသားစုလိုက်အတူဂိမ်း ကစားကြတာ၊ ပျော်ပွဲစားထွက်တာ၊ ပန်းခြံထဲ အတူလမ်းလျှောက်တာ စသဖြင့်ကုန်ဆုံးပါ။ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာကြပြီး ကလေးတွေရဲ့ စိတ်ကူးအတွေးတွေကိုလည်း အသိမှတ်ပြုလက်ခံပေးပါ
7️⃣ အိမ်မှုကိစ္စများကို တာဝန်ခွဲပေးပါ
အိမ်မှုကိစ္စတွေက အမျိုးသမီးတစ်ယောက်ထဲရဲ့တာဝန်မဟုတ်ပါဘူး။ လုပ်နိင်တာလေးတွေ တာဝန်ခွဲပေးပါ။ ကလေးတွေကိုလည်း အလေ့ကျင့်ကောင်းတွေလုပ်ပေးရာရောက်လို့ သင်ပေးပါ နေရာပေးပါ။ ကိုယ်အလုပ်သိပ်ရှုပ်နေလို့ လိုအပ်ရင်လည်း အကူခေါ်ဖို့ဝန်မလေးပါနဲ့။ တခါတလေပိုကုန်ကျသွားပေမယ့် ကိုယ်ပင်ပန်းပြီး ဟိုဘက်ဒီဘက်တာဝန်လစ်ဟင်းမှာနဲ့ယှဥ်ရင် တန်ပါတယ်။
8️⃣ ကိုယ့်ရဲ့အကောင်းဆုံးဖြစ်ချင်တဲ့ မျှော်မှန်းချက်တွေ နည်းနည်းလျှော့ပါ
မိခင်တွေကတော့ အကောင်းဆုံးအစားအစာတွေ၊ အသန့်ရှင်းဆုံးတွေ ပြင်ပေးလုပ်ပေးချင်ကြတာပဲလေ။ ကိုယ်တိုင်လုပ်ရမှလည်း စိတ်တိုင်းကျတတ်တာများကြတယ်။ တစ်ခါတစ်ရံ မချက်ကျွေးပဲ ဝယ်ကျွေးမိလို့လည်း ဘယ်သူမှ မကောင်းတဲ့မေမေလို့ မသတ်မှတ်ပါဘူး။ အဲ့တော့ ကိုယ့်ကိုယ်ကို ဖိအားလေးတွေ နည်းနည်းလျှော့ပေးခြင်းကလည်း အဆင်ပြေစေပါတယ်နော်
9️⃣ မိမိကိုယ်ကိုအချိန်ပေးခြင်း
ကိုယ်ပိုင်အချိန်လေးတွေရအောင်ဖန်တီးဖို့လည်းလိုမယ်နော်။ မေမေတွေက ကိုယ့်အတွက်ကိုယ်နောက်ဆုံးမှစဥ်းစားကြတာများတယ်။ ကိုယ့်ရဲ့အတွင်းစိတ်အေးချမ်းမှ ပြင်ပလုပ်ငန်းဆောင်တာတွေမှာလည်း အောင်မြင်စေမှာမို့ ကိုယ်ကြိုက်တာလေးတွေလုပ်ပြီး ကိုယ့်ကိုချစ်ဖို့လည်းမမေ့ကြနဲ့နော် 💓
နောက်ဆုံးအချက်အနေနဲ့က နင်အခုလုပ်သလို
🔟 ဘဝတူမေမေများနဲ့ ဖြတ်သန်းပါလို့
ခုလိုတွေ့နိင်ရင်လည်းတွေ့၊ facebook group တွေမှာပဲဖြစ်ဖြစ် တွေ့ပြီး အချင်းချင်းမျှဝေကြ၊ ရယ်မောကြရင်း စိတ်အပန်းဖြေကြပါ၊ အကြံဥာဏ်ယူကြပါလို့ ပြောချင်ပါတယ်နော်
ကဲ အဲ့တော့ နင်တွေးနေတဲ့ သို့လောသို့လော စိတ်ပူနေတာတွေမေ့လိုက်ပြီး တာဝန်ကျေတဲ့စူပါမေမေတစ်ယောက်ဖြစ်အောင် ဒီအခြေခံအချက်လေးတွေနဲ့စလုပ်ကြည့်လိုက်နော်။
တဖြေးဖြေး အဆင်ပြေလာရင် ပိုကောင်းတဲ့အချက် တွေ့လာရင်လည်း ပြန်မျှဝေပေးလေနော့😉။ လက်ရှိမှာ အောင်မြင်နေကြတဲ့စူပါမေမေတွေလည်း ဘယ်အချက်တွေ နဲ့ကိုက်ညီနေလဲ လည်း သိချင်မိပါရဲ့ 😊😊😊