fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အစာအိမ်ရောင်သောအခါ စားသင့်သော အစားအစာများ

10.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/10/2020
in ကျန်းမာသော နေထိုင်မှုပုံစံ, အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ, အထွေထွေရောဂါများအကြောင်း
2 min read
A A

အစာအိမ်ရောင်ခြင်းသည် ယနေ့ခေတ်တွင် အဖြစ်များလာကြသော ရောဂါတစ်မျိုးဖြစ်ပါသည်။ နေထိုင်မှု ပုံစံပြောင်းလဲခြင်းနှင့် စားသောက်မှုပုံစံပြောင်းလဲခြင်းများက အစာအိမ်ရောင်ရမ်းခြင်းကို ပိုမို ဖြစ်စေသော အကြောင်းရင်းများ ဖြစ်ပါသည်။။ အစာအိမ် ရောင်ရမ်းမှုကို ဂရုမစိုက်ဘဲ ပေါ့ပေါ့တန်တန် သဘောထားပါက အသက်အန္တရာယ်အထိ ရှိနိုင်ပါသည်။ ထို့ကြောင့် မပေါ့ဆသင့်သော ရောဂါတစ်ခုဖြစ်ပါသည်။ အစာအိမ်ရောင်ခြင်းတွင် ရုတ်တရက်ပြင်းထန်သော အစာအိမ်ရောင်ခြင်းနှင့် နာတာရှည် အစာအိမ်ရောင်ခြင်းဟူ၍ နှစ်မျိုးရှိပါသည်။ 

အစာအိမ်‌ရောင်ခြင်း၏ ရောဂါလက္ခဏာများမှာ အစာမကြေခြင်း ၊ ဗိုက်အောင့်ခြင်း၊ ပျို့ခြင်းနှင့် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့ ဖြစ်ပါသည်။

အများစုသည် ရောဂါ လက္ခဏာပြင်းထန်ခြင်းမရှိပဲ  ဆေးကုသပြီးလျင်မြန်စွာပျောက်ကင်း သွားကြ ပါသည်။

သို့သော် အချို့ အစာအိမ်ရောင်ခြင်းသည် အစာအိမ်အနာအဖြစ်ပြောင်းလဲပြီး အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေရှိကြောင်းတွေ့ရှိရပါသည်။

 

အစာအိမ်ရောင်ခြင်းအကြောင်းရင်းများ

အစာအိမ်ရောင်ခြင်း အကြောင်းရင်း ၂ မျိုးရှိပါသည်။ 

၁။ Helicobacter pylori ပိုးကြောင့် အစာအိမ်ရောင်ခြင်း 

ဤအကြောင်းရင်းသည် အတေွ့အများဆုံးအကြောင်းရင်းဖြစ်ပါသည်။ ကလေးများတွင် နာတာရှည် အစာအိမ်ရောင်ခြင်း၏ အဓိက အကြောင်းရင်းမှာ Helicobacter pylori ပိုးကြောင့်ဖြစ်ကြောင်းတွေ့ရှိရပါသည်။

၂။ အစာအိမ်အနားသတ်အလွှာများ ပျက်စီးခြင်းအစာအိမ်ရောင်ခြင်း

ဒုတိယ အမျိုးအစားမှာ အစာအိမ်ကို အနားသတ်ထားသော အလွှာများ ပျက်စီးခြင်းကြောင့် ရောင်ရမ်းခြင်းဖြစ်ပါသည်။ အောက်ပါအချက်များကြောင့် အစာအိမ် အနားသားအလွှာများ ပျက်စီးနိုင်ပါသည်။ 

  • အရက် သောက်သုံးခြင်း
  • အကိုက်အခဲ ပျောက်ဆေးဝါးများနှင့် အချို့သော ဆေးဝါးများ သောက်သုံးခြင်း
  • ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးများဝင်ခြင်း
  • ဝမ်းဗိုက်အထက်ပိုင်း သို့မဟုတ် ရင်ဘတ်အောက်ပိုင်း ဓာတ်ရောင်ခြည် ကုသမှုခံယူရခြင်း
  • အစာအိမ်အစိတ်အပိုင်းဖယ်ထုတ်ရသည့်ခွဲ စိတ်မှုများပြုလုပ်ရခြင်း စသည်တို့ကြောင့် အစာအိမ် အနားသတ် အလွှာများ ပျက်စီးစေနိုင်ပါသည်။

 

အစာအိမ်ရောင်ရမ်းခြင်းနှင့် စားသုံးသော အစားအစာများ ပတ်သတ်မှု

သင့်တော်သော အစားအစာများကို စားသုံးခြင်းဖြင့် အစာအိမ်ရောင်ရမ်းခြင်းကို များစွာ သက်သာ စေနိုင်သကဲ့သို့ အချို့သော အစားအစာများသည် အစာအိမ်ရောင်ရမ်းခြင်း လက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်ကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် အစားအစာများကို သေချာစွာ ဂရုတစိုက် စားသုံးရန် အရေးကြီးပါသည်။ 

 

အစာအိမ်ရောင်ခြင်းကိုသက်သာစေသော အစားအစာများ

အစာအိမ်ရောင်ခြင်းကိုသက်သာစေသော အစားအစာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • အမျှင်ဓာတ်များသော အစားအစာများ

ဥပမာ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုး

  • အဆီဓာတ်နည်း သော အစားအစာများ

ဥပမာ အဆီမပါသော အသားသက်သက် ၊ငါးနှင့် ဟင်းသီးဟင်းရွက်များ

  • အချဉ်ဓာတ်နည်းသော အစားအစာများ

ဥပမာ ဟင်းသီးဟင်းရွက်နှင့်ပဲများ

  • ကဖင်းဓာတ် မပါသော အရည်များ
  • Probiotic ဆေးဝါးဓါတ်စာများတို့ဖြစ်ပါသည်။

လေ့လာတွေ့ရှိချက်များအရ Helicobacter pylori ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော အစာအိမ်ရောဂါများတွင် Probiotic ဟုခေါ်သော ဆေးဝါးဓာတ်စာများသည် များစွာသက်သာစေနိုင်ကြောင်းတွေ့ရှိရပါသည်။

Probiotic တွင် အစာအိမ်အူလမ်းကြောင်းအတွက် ကောင်းမွန်သော အကျိုးပြု ဘက်တီးရီးယားဖြစ်သည့် Lactobacilli ပါဝင်ပါသည်။ အစာအိမ်ရောင်ခြင်းအတွက် ကောင်းစေသော Probiotic  အစားအစာများမှာ ဒိန်ချဉ်၊ ကင်မ်ချီ စသည်တို့ ဖြစ်ပါသည်။

အစာအိမ်ရောင်ခြင်းကို သက်သာစေရန် အစားအစာများကို ပမာဏ နည်းနည်းနှင့် အကြိမ်များများစားပေးရပါမည်။ အစာအိမ် ရောင်ခြင်းကို ထိရောက်စွာ ကုသခြင်းမရှိလျှင် အစာအိမ်အနာသို့ပြောင်းလဲ သွားနိုင်ပါသည်။ ထို့ကြောင့် မပေ့ါဆသင့်ပါ။ 

အချို့အစာအိမ်ရောင်ခြင်းအမျိုးအစားတွင် သံဓာတ်နှင့် B 12  ဓာတ်စုပ်ယူမှုကို  ခက်ခဲစေနိုင်သောကြောင့် သံဓာတ်နှင့် B 12  ချို့တဲ့ခြင်းနှင့် တွဲ၍ တွေ့ရတတ်ပါသည်။ ထို့ကြောင့် ၎င်းဓာတ်များချို့တဲ့ခြင်းမှ ကာကွယ်ရန် အားဆေးများ သောက်သုံးပေးရန် လိုအပ်ပါသည်။

 

ကုသခြင်း

  1. pylori ကြောင့် ဖြစ်သော အစာအိမ်ရောင်ခြင်းတွင် ပိုးသတ်ဆေးသောက်ရန်လိုအပ်ပါသည်။

( Antacids ) အစာအိမ်လေဆေးများသည် အစာအိမ်ရောဂါများကို သက်သာစေနိုင်သော်လည်း အစာအိမ်ရောင်ရမ်းသည့် အကြောင်းရင်းကိုမူ အကြောင်းအရင်းကိုမူ ကုသနိုင်ခြင်းမရှိပါ။ 

 

နိဂုန်းချုပ်ဆိုရပါမူ အစာအိမ်ရောင်ခြင်းကို သက်သာစေသော အစားအစာများနှင့်   Probiotics ဓါတ်စာများကို စားသုံးခြင်းဖြင့် ရောဂါ လက္ခဏာများကို သက်သာစေနိုင်ပါသည်။

အစာအိမ်ရောင်ခြင်းကို အားပေးသော အရက် ၊ Aspirin နှင့် အကိုက်အခဲ ပျောက် ဆေးများကို ရှောင်ကြဉ်သင့်ပါသည်။ 

ထို့အပြင် စိတ်ဖိစီးမှုကို လျှော့ချခြင်း ၊ အစာများကို နည်းနည်းနှင့် မကြာခဏစားခြင်းဖြင့်လည်း အစာအိမ်ရောင်ခြင်းကို သက်သာစေနိုင်ကြောင်း တင်ပြလိုက်ရပါသည်။

Author : Dr. မိုး (ဆေး ၁)

Previous Post

သဘာ၀အတိုင်း လှပတဲ့ အသားအရေရရှိရန်အတွက်ဆောင်ရန်ရှောင်ရန်များ

Next Post

ကိုဗစ်ကူးစက်ခံစဉ်ကာလအတွင်း  စိုးရိမ်စိတ်ကို  ဘယ်လိုလျှော့ချမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.4k
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
890
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
853
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုဗစ်ကူးစက်ခံစဉ်ကာလအတွင်း  စိုးရိမ်စိတ်ကို  ဘယ်လိုလျှော့ချမလဲ

ကောင်းမွန်တဲ့အိပ်စက်ခြင်းကို ရရှိစေသည့် နည်းလမ်း ၇ သွယ်

အစာအိမ်ရောင်ရမ်းခြင်းတွင် မစားသင့်သော အစားအစာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.