fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

အစာအိမ်ကင်ဆာနှင့် အစာအိမ်အနာ ဘယ်လိုကွာခြားသလဲ

149
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/11/2020
in ကျန်းမာစေသော အစားအစာ, အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ, အထွေထွေရောဂါများအကြောင်း
1 min read
A A

အစာအိမ်ကင်ဆာ၏လက္ခဏာများ

အစာအိမ်ကင်ဆာ၏ အစောပိုင်းလက္ခဏာများသည် တိတိကျကျမရှိပေ။ ထို့ကြောင့် အောက်ပါလက္ခဏာများ တစ်စုံတစ်ခုပေါ်ပေါက်လာပါက စောစီးစွာစစ်ဆေးမှုခံယူသင့်ပါသည်။

  • ပျို့ခြင်း၊
  • အစားအသောက်ပျက်ခြင်း
  • ဝမ်းဗိုက်၏ အပေါ်ခြမ်းတွင် မအီမသာဖြစ်ခြင်း
  • အစားအစာများမျိုချရခက်ခဲခြင်း
  • အစားအစာအနည်းငယ်စားပြီးသည်နှင့် ပြည့်အင့်သကဲ့သို့ခံစားရခြင်း စသည်တို့ဖြစ်ကြပါသည်။

 

အကယ်၍ကင်ဆာသည် ပိုမို၍ဆိုးရွားလာပါက အောက်ပါလက္ခဏာများကိုခံစားရမည်ဖြစ်ပါသည်။

  • အားမရှိသကဲ့သို့ခံစားရခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • သံဓါတ်ချို့တဲ့မှုကြောင့်ဖြစ်ပေါ်လာသော သွေးအားနည်းရောဂါခံစားရခြင်း
  • သွေးအန်ခြင်း သို့မဟုတ် ကော်ဖီရောင်အန်ခြင်း
  • ဝမ်းအမည်းရောင်များသွားခြင်း စသည်တို့ ဖြစ်ကြပါသည်။


အစာအိမ်အနာ၏ရောဂါလက္ခဏာများ

အစာအိမ်အနာသည်လည်း ပုံမှန်အားဖြင့် ရောဂါလက္ခဏာများပြသလေ့မရှိပါ။

တစ်ခါတစ်ရံ ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများဖြစ်သည့် သွေးယိုစိမ့်ခြင်း သို့မဟုတ် ဝမ်းဗိုက်အပေါ်ခြမ်း ဆိုးဆိုးရွားရွားရုတ်တရက်အောင့်ခြင်းများသည် အစာအိမ်အနာ၏ ပထမဆုံးလက္ခဏာများဖြစ်နေတတ်ပါသည်။

အစာအိမ်အနာတွင် အတွေ့ရအများဆုံးရောဂါလက္ခဏာမှာ ဝမ်းဗိုက်အောင့်ခြင်းဖြစ်ပါသည်။

ထိုသို့ ဗိုက်အောင့်ခြင်းသည်

  • ဝမ်းဗိုက်၏အပေါ်ခြမ်းအလယ်ဘက် တစ်နည်းအားဖြင့် ချက်နှင့်ရင်ညွန့်ရိုးအကြားတွင် အောင့်တတ်ပါသည်။
  • ထိုသို့အောင့်သည့်အခါ ပူလောင်၍ ကျောထိတိုင်အောင် အဆက်မပြတ်အောင့်နေတတ်ပါသည်။
  • အစားအစာ စားပြီးသည့်အချိန် နာရီပေါင်းများစွာကြာအောင် အောင့်နေတတ်ပါသည်။
  • တစ်ခါတစ်ရံ ညဘက်နှင့် မနက်ခင်းအချိန်များတွင် ပိုမိုဆိုးရွားတတ်ပါသည်။
  • မိနစ်အနည်းငယ်မှ နာရီပေါင်းများစွာ ကြာတတ်ပါသည်။
  • အစာစားလိုက်လျှင်သော်လည်းကောင်း၊ အက်ဆစ်ထွက်ခြင်းကို သက်သာစေသည့် ဆေးဝါးများကို သောက်လိုက်လျှင်သော်လည်းကောင်း၊ အန်လိုက်လျှင်သော်လည်းကောင်း နာကျင်မှုသက်သာသွားတတ်ပါသည်။

အစာအိမ်အနာဖြစ်ခြင်း၏အခြားလက္ခဏာများမှာ ပျို့ခြင်း၊ အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်းတို့ ဖြစ်ကြပါသည်။

ပြင်းထန်သည့်အစာအိမ်အနာများသည် အစာအိမ်နှင့်အူသိမ်ဦးပိုင်းတို့တွင် သွေးယိုစိမ့်မှုများဖြစ်စေနိုင်ပါသည်။

ထိုသို့သွေးယိုစိမ့်မှုသည် တစ်ခါတစ်ရံ အစာအိမ်အနာတွင်တွေ့ရသော တစ်ခုတည်းသောလက္ခဏာ ဖြစ်နေတတ်ပါသည်။

သွေးယိုစိမ့်သည့်အခါတွင်လည်း လျင်မြန်စွာ သွေးယိုစိမ့်ခြင်းနှင့် ဖြည်းညင်းစွာသွေးယိုစိမ့်ခြင်းများ ဖြစ်ပွားတတ်ပါသည်။

လျင်မြန်စွာသွေးယိုစိမ့်သည့်အခါ အောက်ပါလက္ခဏာများ ပေါ်ပေါက်လာတတ်ပါသည်။

  • သွေးအန်ခြင်း သို့မဟုတ် ကော်ဖီရောင်အန်ခြင်း
  • ဝမ်းအမည်းရောင်၊ ကတ္တရာစေးအရောင်သွားခြင်း သို့မဟုတ် ဝမ်းအတွင်းသွေးပါခြင်းစသည်တို့ ဖြစ်ကြပါသည်။

ဖြည်းညင်းစွာသွေးယိုစိမ့်သည့်အခါ ထူးခြားသည့်လက္ခဏာများမပြတတ်သောကြောင့် တစ်ခါတစ်ရံ သတိထားမိရန် ခက်ခဲတတ်ပါသည်။

ထို့အပြင် သွေးယိုစိမ့်မှုကြောင့် သွေးအားနည်းရောဂါဖြစ်ပေါ်လာသောအခါ ကိုယ်လက်မလှုပ်မရှားချင်ဖြစ်ခြင်း၊ အားအင်မရှိသကဲ့သို့ဖြစ်ခြင်း၊ အားနည်းနေခြင်း၊ ရင်တုန်ခြင်း၊ အရေပြားဖြူဖျော့နေခြင်း စသည့်လက္ခဏာများလည်းဖြစ်ပေါ်လာတတ်ပါသည်။

Author : Dr. CK

Previous Post

သေမင်းရဲ့ တံခါးခေါက်သံ(သို့မဟုတ်) ကင်ဆာတစ်ခုဝင်လာရင် ပြတတ်တဲ့ ရှေ့ပြေးလက္ခဏာတွေ

Next Post

အိပ်ပျော်အောင်ကူညီပေးတဲ့ ဗီတာမင်နှင့် သတ္တုဓာတ်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိပ်ပျော်အောင်ကူညီပေးတဲ့ ဗီတာမင်နှင့် သတ္တုဓာတ်များ

နှလုံးကြီးတာ စိုးရိမ်စရာလား

ခေါင်းတစ်ခြမ်းကိုက်ခြင်းဆိုတာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.