fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သွေးအားနည်းရောဂါ ဘယ်လိုအခြေအနေတွေမှာ အဖြစ်များသလဲ

199
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/12/2020
in အထွေထွေရောဂါများအကြောင်း
1 min read
A A

            သွေးအားနည်းရောဂါဆိုတာ သွေးထဲမှာ သွေးနီဥဆဲလ် အလုံအလောက်မရှိတဲ့ရောဂါပဲ ဖြစ်ပါတယ်။ သွေးနီဥ နည်းတာကြောင့် ခန္ဓာကိုယ်အနှံ့အပြားကို အောက်ဆီဂျင် သယ်ယူပို့ဆောင်မှု ကျဆင်းလာပြီး အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့တဲ့ အခြေအနေအထိ ဖြစ်စေနိုင်ပါတယ်။ သွေးအားနည်းရောဂါရှိသူ အများစုဟာ ပင်ပန်းပြီး အားနည်းနုံးချိနေတာကို ခံစားနေရတတ်ပါတယ်။

သွေးအားနည်းရောဂါက အမျိုးကွဲပေါင်း များစွာရှိပါတယ်။ အဲဒီထဲမှာမှ ခဏတာဖြစ်တဲ့ သွေးအားနည်းရောဂါ ဒါမှမဟုတ် နာတာရှည်သွေးအားနည်းရောဂါဆိုပြီး ဖြစ်နိုင်သလို ပြင်းထန်တာနဲ့ မပြင်းထန်တဲ့ သွေးအားနည်းရောဂါဆိုပြီးလည်း ရှိပါတယ်။

 

သွေးအားနည်းရောဂါရဲ့ လက္ခဏာများ

            သွေးအားနည်းရောဂါရဲ့ လက္ခဏာက ဖြစ်စေတဲ့ ရောဂါအကြောင်းရင်းပေါ် မူတည်ပါတယ်။ အများအားဖြင့် ရောဂါလက္ခဏာ မပြတတ်တာလည်း ရှိသလို အောက်ပါလက္ခဏာတွေကိုလည်း ခံစားရတတ်ပါတယ်။

(၁) ပင်ပန်းခြင်း

(၂) အားနည်းခြင်း

(၃) ဖြူဖပ်ဖြူရော် ဖြစ်လာခြင်း

(၄) နှလုံးခုန်သံ မမှန်ခြင်း

(၅) အသက်ရှူ မဝခြင်း

(၆) မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း

(၇) ခြေဖျားလက်ဖျား အေးစက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

 

ဘယ်လိုအခြေအနေတွေက သွေးအားနည်းရောဂါဖြစ်စေတာလဲ

            သွေးအားနည်းရောဂါကို ဖြစ်စေတဲ့ ရောဂါအရင်းခံမျိုးကွဲ များစွာရှိပါတယ်။ အဲဒီထဲကမှ အဓိက အကြောင်းအရင်း (၃) ရပ် ရှိပါတယ်။

(၁) သွေးနီဥ ထုတ်လုပ်မှုကို လျော့ကျစေတဲ့ ရောဂါအခြေအနေများ

ခန္ဓာကိုယ်ကနေ သွေးနီဥကို လုံလောက်တဲ့ပမာဏအထိ မထုတ်လုပ်နိုင်ရင် သွေးအားနည်းရောဂါ ဖြစ်စေနိုင်ပါတယ်။ ဒါကို ဖြစ်စေတဲ့ ရောဂါအခြေအနေတွေကတော့

  • သံဓါတ်၊ ဗီတာမင် ဘီ-၁၂ (Vitamin B-12) ဒါမှမဟုတ် ဖောလိတ်ဓါတ် (Folate) ချို့တဲ့ခြင်း
  • သိုင်းရွိုက်ဟော်မုန်းအားနည်းရောဂါ
  • ရိုးတွင်းခြင်ဆီရောဂါ ဥပမာ – လူကီးမီးယား (Leukemia)-သွေးကင်ဆာ စတာတွေ ဖြစ်ပါတယ်။

 

(၂) သွေးထွက်မှုကြောင့် သွေးနီဥပမာဏ ကျဆင်းလာခြင်း

            သွေးထွက်သံယိုကိစ္စတွေကြောင့် ခန္ဓာကိုယ်ထဲက သွေးကနေတဆင့် သွေးနီဥတွေ ဆုံးရှုံးလာတဲ့အခါမှာလည်း သွေးအားနည်းရောဂါ ခံစားရတတ်ပါတယ်။ ဒီလိုအခြေအနေတွေကတော့

  • မတော်တဆ ထိခိုက်ဒဏ်ရာရပြီး သွေးထွက်လွန်ခြင်း
  • အစာအိမ်အူလမ်းကြောင်းကနေ သွေးယိုခြင်း
  • အမျိုးသမီးလစဉ်ဓမ္မတာသွေးအဆင်းများခြင်း
  • ကလေးမွေးချိန် သားအိမ်မှ သွေးဆင်းများခြင်း စတာတွေပဲ ဖြစ်ပါတယ်။

 

(၃) ခန္ဓာကိုယ်တွင်း ရောဂါအခြေအနေများကြောင့် သွေးနီဥများ အဖျက်ဆီးခံရခြင်း

ခန္ဓာကိုယ်ရောဂါအခြေအနေတချို့က သွေးနီဥကို ဖျက်ဆီးလိုက်တာကြောင့် သွေးအားနည်းရောဂါကို ခံစားရတတ်ပါတယ်။ ဒီလိုရောဂါတွေကတော့

  • ဘေလုံးကြီးခြင်း
  • သာလာဆီးမီးယား သွေးအားနည်းရောဂါ (Thalassemia)
  • Sickle cell သွေးအားနည်းရောဂါ
  • သွေးကင်ဆာ
  • အချို့သောဆေးဝါးများ စတာတွေပဲ ဖြစ်ပါတယ်။

သွေးအားနည်းရောဂါမျိုးကွဲ အများကြီးထဲကမှ သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါက အဖြစ်အများဆုံးပဲ ဖြစ်ပါတယ်။

 

သွေးအားနည်းရောဂါကို ဘယ်လိုစစ်ဆေးသိရှိနိုင်မလဲ

ရောဂါရာဇဝင် မေးမြန်းခြင်း၊ မိသားစုရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းအပြင် သွေးစစ်ခြင်းနဲ့ သိရှိနိုင်ပါတယ်။

Complete Blood Count လို့ခေါ်တဲ့ သွေးစစ်ခြင်း သွေးနီဥပမာဏကို သိရှိစေနိုင်ပါတယ်။ ဒါ့အပြင် တခြားသွေးစစ်ခြင်း နည်းလမ်းတွေကတဆင့် သွေးနီဥရဲ့ ပုံစံမှန် မမှန်ကိုလည်း သိရှိနိုင်ပါတယ်။ ဆရာဝန်က ရောဂါအရင်းခံပေါ်မူတည်ပြီး တခြားလိုအပ်တဲ့ စစ်ဆေးမှုတွေလည်း ဆက်လက်လုပ်ဆောင်ပေးနိုင်ပါတယ်။

 

သွေးအားနည်းရောဂါကို ဘယ်လိုကုသနိုင်မလဲ

            သွေးအားနည်းရောဂါကုသမှုက ဖြစ်စေတဲ့ အကြောင်းအရင်းခံတွေပေါ် မူတည်ပါတယ်။

သွေးအားနည်းရောဂါက သံဓါတ်ချို့တဲ့တာကြောင့် ဖြစ်မယ်ဆိုရင် ဆရာဝန်က သံဓါတ်အားဖြည့်ဆေး ပေးပါလိမ့်မယ်။ ဗီတာမင် ချို့တဲ့မှုကြောင့် သွေးအားနည်းရင် ဗီတာမင်အားဖြည့်ဆေးတွေကို သောက်ရပါလိမ့်မယ်။ Thalassemia သွေးရောဂါကြောင့် သွေးအားနည်းရင် သွေးသွင်းခြင်း၊ ဘေလုံးကို ခွဲစိတ်ပြီး ထုတ်ခြင်း စတဲ့ ကုသမှုတွေနဲ့ ကုသနိုင်ပါတယ်။

သွေးအားနည်းရောဂါဟာ အကြောင်းအရင်းပေါ်မူတည်ပြီး ရေတိုကုသမှုနဲ့ ပျောက်ကင်းနိုင်သလို ရေရှည်ကုသမှုလိုအပ်တဲ့ အခြေအနေတွေလည်း ရှိနိုင်ပါတယ်။

 

အိမ်တွင်းကုထုံး

            ရောဂါအရင်းခံတွေမရှိသူတွေမှာ သွေးအားနည်းရောဂါမဖြစ်စေဖို့ အောက်ပါအတိုင်း နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်းတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

  • သံဓါတ်ပါဝင်တဲ့ အစားအစာတွေ (အနီရောင်အသား၊ အသည်း၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်) ပုံမှန်စားသုံးပါ။
  • ဗီတာမင်မျိုးစုံကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီဝလံ ပုံမှန်စားသုံးပါ။
  • ဗီတာမင် ဘီ-၁၂ ပါဝင်တဲ့ အသား၊ နို့နဲ့နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး စားသုံးပါ။

Author : ဒေါက်တာကောင်း (ဆေး – ၂)

Previous Post

လည်ပင်းဇက်ကြောနာခြင်းအကြောင်း သိကောင်းစရာများ

Next Post

အရေပြားကျန်းမာရေးပြဿနာများနှင့် ဆီးချိုရောဂါ အမျိုးအစား( ၂ ) ဆက်စပ်ခြင်းအကြောင်း။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
856
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရေပြားကျန်းမာရေးပြဿနာများနှင့် ဆီးချိုရောဂါ အမျိုးအစား( ၂ ) ဆက်စပ်ခြင်းအကြောင်း။

Choline ၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ

သံဓာတ်ချို့တဲ့ခြင်းရောဂါလက္ခဏာများ။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.