fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သွေးလန့်မေ့မြောခြင်း

334
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/05/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ေသြးလန႔္ျခင္းကို တစ္ႀကိမ္မဟုတ္ တစ္ႀကိမ္၊ ေတြ႕ဖူးၾကလိမ့္မယ္။ ေသြးလန႔္ေမ့ေျမာျခင္းျဖစ္ရင္ လူနာဟာ အသက္ရွဴမမွန္၊ ႏွလုံးခုန္၊ အားေလ်ာ့ၿပီး     မွန္ကန္တဲ့ ျပဳစုကုသမႈမခံရရင္ အသက္ဆုံးရႈံးတဲ့အထိ ျဖစ္ႏိူင္တယ္။

ေသြးလန႔္တဲ့အခါ အသက္ရွင္တည္တံ့ေနေစဖို႔ အလြန္အေရးႀကီးတယ္။  ခႏၶာကိုယ္လုပ္ငန္းအဝဝကို ေသြးလန႔္ျခင္းဟာ အေၾကာင္းအရာ တစ္ခုခုျဖစ္ၿပီး    ခ်က္ခ်င္းေသာ္လည္းေကာင္း၊ ၾကာျမင့္တဲ့အခါေသာ္လည္းေကာင္း ျဖစ္တတ္တယ္။

ၾကာျမင့္တဲ့အခါမွ ေသြးလန႔္မႈ ေပၚေပါက္ျခင္းမ်ိဳးဟာပိုၿပီး အေရးႀကီးတယ္။ ေသြးလန႔္ျခင္းလကၡဏာမ်ား တျဖည္းျဖည္းမွသာ ေပၚေပါက္လာလို႔ ယင္းရဲ႕ေရာဂါေဝဒနာအေၾကာင္းရင္း ဆိုး႐ြားတဲ့ အေျခအေနေရာက္သြားတတ္တယ္။ ႐ုတ္တရက္စိတ္ထိခိုက္ျခင္း ေၾကာက္႐ြံ႕တုန္လႈပ္ျခင္း စိတ္ေျခာက္ျခားလြန္ျခင္းမွာ ေသြးလန႔္တတ္တယ္။

ေသြးလန႔္ေမ့ေျမာျခင္း လကၡဏာမ်ား
လူနာမွာ ျဖဴဖပ္ျဖဴေရာ္ (သို႔) ျပာေနတတ္သည္။ ခႏၶာကိုယ္မွာ ေအးစက္ေနၿပီး ေခြၽးသီးေခြၽးေပါက္မ်ားး ထြက္ေနေလ့ရွိသည္။ လုံးဝေမ့ေျမာေသာအခါ    မူးေဝျခင္း၊ အားအင္ကုန္ခမ္းျခင္း၊ ခ်မ္းစိမ့္ျခင္း၊ အန္ခ်င္၍ ပ်ိဳ႕တတ္ျခင္း၊ ေရခဏခဏဆာျခင္း၊ မအီမသာျဖစ္ျခင္း တို႔ျဖစ္ေလ့ရွိသည္။
အသက္ရွဴႏႈန္းမူမမွန္ျခင္း၊ ႏွလုံးခုန္၊ ေသြးခုန္မႈမွာ အားေပ်ာ့၍ ျမန္ေနျခင္း၊ ေသြးဖိအားက်ဆင္းျခင္း စသည္တို႔လည္းလည္းျဖစ္၍ ေနာက္ဆုံးတြင္ လုံးဝသတိလစ္ေမ့ေျမာသြားတတ္ၿပီး အသက္ဆုံးရႈံးသည္အထိ ျဖစ္သည္။

ေသြးလန႔္ျခင္းအေၾကာင္းအရာမ်ား
ေသြးလန႔္ျခင္းအေၾကာင္းရင္းတို႔မွာ မ်ားျပားလွသည္။ ခႏၶာကိုယ္တြင္းအေၾကာင္းတစ္ခုခုေၾကာင့္ ေသြးျဖစ္ေစ၊ ေသြးရည္ၾကည္ျဖစ္ေစ ေလ်ာ့နည္းသြားျခင္း    ေၾကာင့္ ေသြးလန႔္ျခင္းျဖစ္ေလ့ရွိ၏။
ယင္းကဲ့သို႔ ျဖစ္ေစသည့္ အေျခအေနမ်ားမွာ ခႏၶာကိုယ္ျပင္ပ၌ ထိခိုက္မိၿပီး ေသြးလႊတ္ေၾကာမ်ားျပတ္၍ ေသြးထြက္လြန္ျခင္း ခႏၶာကိုယ္၊ နား၊ ႏွာေခါင္း၊ ပါး  စပ္စသည့္ ဒြါရေပါက္မ်ားမွ တစ္နည္းနည္းျဖင့္ ေသြးထြက္ျခင္း၊ ကိုယ္ခႏၶာ၏ ဝမ္းဗိုက္၊ ရင္ေခါင္း စသည္တို႔အတြင္း၌ ေသြးယိုထြက္ျခင္း၊ ျပင္းထန္စြာေအာ့အန္ျခင္း၊  ဝမ္းေလွ်ာျခင္း၊ အထက္လွန္ေအာက္ေလွ်ာျဖစ္ျခင္း၊ ကာလဝမ္းေရာဂါရျခင္း၊ မီးေလာင္ဒဏ္ရာမွ သားငံရည္ထြက္ျခင္း၊ ေနပူမိျခင္း စသည္တို႔ျဖစ္သည္။

႐ုတ္တရက္ စိတ္ထိခိုက္ျခင္း၊ ေၾကာက္႐ြံ႕တုန္လႈပ္ျခင္း၊ စိတ္ေခ်ာက္ခ်ားလြန္ျခင္း စသည့္ျပင္းထန္ေသာ စိတ္လႈပ္ရွားမႈမ်ားႏွင့္ ႀကဳံေတြ႕ရသည့္အခါမ်ိဳးတြင္ ေသြးလန႔္တတ္သည္။ ႐ုတ္တရက္ ထိခိုက္ဒဏ္ရာရလွ်င္။
အလြန္အမင္းနာက်င္လွ်င္- ေသြးလန႔္ေစႏိူင္သည္။ လူသိမ်ားေသာ အင္နယ္ဂ်က္ဆင္အသားထဲ ထိုးႏွံေသာအခါ အခ်ိဳ႕သူမ်ား နာက်င္ျခင္းဒဏ္မခံႏိူင္ဘဲ     ေသြးလန႔္တတ္သည္။
ႏွလုံးကို ေထာက္ပံ့ေသာ ေသြးေၾကာငယ္မ်ားပိတ္ဆို႔ျခင္း၊ ႏွလုံးပုပ္သြားျခင္း၊ ပရမ္းပတာ ႏွလုံးခုန္ျခင္းစသည့္ ႏွလုံးေရာဂါအမ်ိဳးမ်ိဳးေၾကာင့္လည္း ေသြးလန႔္ေမ့ေျမာတတ္သည္။
ႏွလုံးကို ေထာက္ပံ့ေသာ ေသြးေၾကာငယ္မ်ား ပိတ္ဆို႔ျခင္းေၾကာင့္ ႏွလုံးပိတ္သြားျခင္းမွာ အလြန္ျမန္ဆန္ေသာေသြးလန႔္ျခင္းျဖစ္ၿပီး ႐ုတ္တရက္ အသက္ေသဆုံးရသည့္ ေရာဂါျဖစ္သည္။ ျပင္းထန္ေသာ ေရာဂါပိုးႏွင့္ ေရာဂါပိုးတို႔၏ အဆိပ္အေတာက္မ်ား ခႏၶာကိုယ္ ေသြးေၾကာမ်ားအတြင္း ပ်ံ႕ႏွံ႔ျခင္း၊ အျပင္းဖ်ားျခင္းတို႔တြင္ ေသြးလန႔္တတ္သည္။
လူသိမ်ားေသာ ပင္နဆလင္ထိုးေဆး၊ ဘားပလက္ထိုးေဆး၊ စားေဆး၊ သံဆိပ္ေျဖေဆး၊ ထိုးေဆး၊ ေသြးအားနည္းလွ်င္ သုံးေလ့ရွိေသာ အင္ဖ႐ြန္ထိုးေဆးစသည့္ ထိုးေဆးထိုးခံရၿပီးတြင္လည္း မိမိခႏၶာကိုယ္ႏွင့္ ယင္းေဆးတို႔ ဓာတ္မတည့္ပါက ဓာတ္မတည့္ျခင္းျဖစ္စဥ္မ်ား အဆင့္ဆင့္ ျဖစ္ေပၚလာၿပီး ေသြးလန႔္၍ ေသဆုံးသည္အထိ ျဖစ္ႏိူင္သည္။
ခႏၶာကိုယ္အတြင္းရွိ အရည္၊ ဓာတ္ဆားႏွင့္ အက္ဆစ္ဓာတ္အခ်ိဳးအဆတို႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မမွန္မကန္ျဖစ္သြားလွ်င္လည္း ေသြးလန႔္တတ္ျခင္း၊ ဥပမာ-ျပင္းထန္ေသာ ဆီးခ်ိဳေရာဂါ၊ ေက်ာက္ကပ္ႏွင့္ အသည္းလုပ္ငန္း ခြၽတ္ယြင္းပ်က္စီးျခင္းတို႔တြင္ ေသြးလန႔္ျခင္းျဖစ္ႏိူင္သည္။

ခႏၶာကိုယ္အတြင္း အဂါမ်ၤား ခြၽတ္ယြင္းျခင္း၊ ဥပမာ- ေက်ာက္ကပ္ ႐ုတ္တရက္အားနည္းျခင္း၊ ႏွလုံးအားနည္းျခင္းတို႔ေၾကာင့္ ေသြးလန႔္ျခင္းျဖစ္ေပၚလွ်င္    အခ်ိန္ႏွင့္အမွ် အေရးႀကီးလွပါသည္။ လူနာကို ယခင္ျပသေနက် ေဆး႐ုံ၊ ေဆးခန္းေရာက္ေအာင္ ေခၚေဆာင္သြားဖို႔လိုပါသည္။ ေရွးဦးသူနာျပဳစုေပး႐ုံႏွင့္ ပဏာမ က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ မလုံေလာက္ႏိူင္ပါ။
အခ်ိဳဓာတ္တက္သည့္ ေဝဒနာ ဝက္႐ူးျပန္ေရာဂါရွိသူေတြမွာ အတက္စတင္ခ်ိန္၊ ေသြးလန႔္ျခင္းျဖစ္ၿပီး မ်က္ျဖဴ လန္၍ ပါးစပ္မွ အျမဳပ္ထြက္ကာ ေကြးေကာက္သြားတတ္သည္။ စနစ္တက် ဖိႏွိပ္ၿပီး သတိျပန္လည္လာေအာင္ လုပ္ေပးကာ ဆရာဝန္ႏွင့္ ျပသဖို႔လိုအပ္ပါသည္။

ေသြးလန႔္ေမ့ေျမာျခင္း ျဖစ္ေနလွ်င္ ေသြးလန႔္ျခင္းမျဖစ္ေစေရးအတြက္ ေသြးလန႔္ေစႏိူင္ေသာ အေၾကာင္းအရင္းမ်ားႏွင့္ ႀကဳံေတြ႕ခံစားေနရျခင္း မျဖစ္ရေစရန္ ႀကိဳတင္ဆင္ျခင္ ကာကြယ္ ေနထိုင္ရပါမည္။ အကယ္၍ အေၾကာင္းေၾကာင့္ ေသြးလန႔္ျခင္းျဖစ္သည္ဟု သိရွိပါက ျပဳစုကုသ ေပးသင့္ပါသည္။ လူနာအား ပက္လက္လွန္ေစၿပီး ေခါင္းကို ကိုယ္ထက္နိမ့္ေသာ ေနရာတြင္ ထားရမည့္ ေသြးထြက္သံယိုမႈမ်ား ရွိေနပါက ေသြးတိတ္ေစရန္ႏွင့္ နာက်င္ထိတ္လန႔္မႈမ်ား ရွိေနပါက သက္သာေပ်ာက္ကင္းသြားရန္ ျပဳစုေပးရမည္။ ခႏၶာကိုယ္ရွိ တင္းက်ပ္ေသာ အဝတ္အစားမ်ားကို ေလ်ာ့ထားသင့္ပါသည္။
လူနာကို ၿငိမ္သက္စြာထား၍ သတိရေနလွ်င္ တတ္ႏိူင္သမွ် ႏွစ္သိမ့္အားေပးရမည္။ လူနာ၏ ေျခဖ်ားလက္ဖ်ားမ်ား ေအးေနသည္ဆိုပါက ေစာင္ပါးပါးၿခဳံ၍ ေႏြးေထြးစြာ ထားသင့္သည္။ သို႔ေသာ္ ေစာင္ထူထူၿခဳံေပးျခင္း၊ ေရေႏြးအိတ္ကပ္ျခင္း၊ ေျခလက္အဂၤါအစိတ္အပိုင္းမ်ားကို ပြတ္ေပးျခင္း၊ အပူေပးျခင္း မလုပ္ရပါ။

ေသြးလန႔္ေနေသာ လူနာကို အပူဓာတ္ေပးျခင္းျဖင့္ အေရျပားတြင္ရွိေသာ ေသြးေၾကာငယ္မ်ားက်ယ္ျပန႔္လာၿပီး ေသြးမ်ား၎အထဲ ဝင္ေရာက္သြားျခင္းျဖင့္ အျခားအေရးႀကီးေသာ ဦးေႏွာက္၊ ႏွလုံး၊ ေက်ာက္ကပ္စသည့္ အဂါအၤစိတ္အပိုင္းမ်ားသို႔ ျပည့္ျပည့္ဝဝေသြးမေရာက္ႏိူင္ေသာေၾကာင့္ ပို၍ ဒုကၡေရာက္ေစ သည္။

ေသြးလန႔္ေမ့ေျမာေနသူကို ေရမတိုက္သင့္ေပ။ ေရအလြန္ဆာေနပါက ဂြမ္းတြင္ ေရဆြတ္၍ ႏႈတ္ခမ္းစို႐ုံ၊ လွ်ာစို႐ုံမွ်သာ ဆြတ္ေပးသင့္သည္။ ေသြးလန႔္ေမ့ေျမာျခင္းမွသည္ ခဏခဏခ်င္း အသက္ဆုံးရႈံးႏိူင္သျဖင့္ နီးစပ္ရာ ေဆး႐ုံသို႔ အျမန္ပို႔သင့္ပါသည္။ ေသြးလန႔္ျခင္းအေၾကာင္းအရင္းကို ဆရာဝန္က မွန္ကန္စြာရွာေဖြ၍ လိုအပ္ေသာ ကုသနည္းမ်ိဳးစုံကို ေဆး႐ုံတြင္ ေဆာင္႐ြက္ႏိူင္ေသာေၾကာင့္ပင္ ျဖစ္ေလသည္။
ေသြးလန႔္ေမ့ေျမာသည့္အခါတိုင္းတြင္ ယင္းကဲ့သို႔ တိတိက်က် လ်င္လ်င္ျမန္ျမန္ ေဆာင္႐ြက္ၾကျခင္းျဖင့္ ေသြးလန႔္ေမ့ေျမာျခင္းေၾကာင့္ အသက္ဆုံးရႈံးရမည့္ အႏၲရာယ္ကို ကာကြယ္ႏိူင္မည္ျဖစ္ပါသည္။
ေရွးဦးသူနာျပဳစုျခင္းနည္း (သို႔) ပဏာမ က်န္းမာေရးေစာင့္ေရွာက္ျခင္းနည္းျဖင့္ သတိျပန္ရေအာင္လုပ္ၿပီးပါက နီးစပ္ရာ ေဆး႐ုံ၊ ေဆးခန္း ျပသကာ လူနာ၏ အတြင္းေရာဂါ (သို႔) ထိခိုက္ဒဏ္ရာ ကုသေပးရန္ လိုအပ္ပါသည္။ အခ်ိန္တိုင္းအေရးႀကီးေနသည္ကို သတိျပဳ သင့္ပါသည္။

Author: Dr. လြင္သန႔္

(Unicode)

သွေးလန့်ခြင်းကို တစ်ကြိမ်မဟုတ် တစ်ကြိမ်၊ တွေ့ဖူးကြလိမ့်မယ်။ သွေးလန့်မေ့မြောခြင်းဖြစ်ရင် လူနာဟာ အသက်ရှူမမှန်၊ နှလုံးခုန်၊ အားလျော့ပြီး     မှန်ကန်တဲ့ ပြုစုကုသမှုမခံရရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိူင်တယ်။

သွေးလန့်တဲ့အခါ အသက်ရှင်တည်တံ့နေစေဖို့ အလွန်အရေးကြီးတယ်။  ခန္ဓာကိုယ်လုပ်ငန်းအဝဝကို သွေးလန့်ခြင်းဟာ အကြောင်းအရာ တစ်ခုခုဖြစ်ပြီး    ချက်ချင်းသော်လည်းကောင်း၊ ကြာမြင့်တဲ့အခါသော်လည်းကောင်း ဖြစ်တတ်တယ်။

ကြာမြင့်တဲ့အခါမှ သွေးလန့်မှု ပေါ်ပေါက်ခြင်းမျိုးဟာပိုပြီး အရေးကြီးတယ်။ သွေးလန့်ခြင်းလက္ခဏာများ တဖြည်းဖြည်းမှသာ ပေါ်ပေါက်လာလို့ ယင်းရဲ့ရောဂါဝေဒနာအကြောင်းရင်း ဆိုးရွားတဲ့ အခြေအနေရောက်သွားတတ်တယ်။ ရုတ်တရက်စိတ်ထိခိုက်ခြင်း ကြောက်ရွံ့တုန်လှုပ်ခြင်း စိတ်ခြောက်ခြားလွန်ခြင်းမှာ သွေးလန့်တတ်တယ်။

သွေးလန့်မေ့မြောခြင်း လက္ခဏာများ
လူနာမှာ ဖြူဖပ်ဖြူရော် (သို့) ပြာနေတတ်သည်။ ခန္ဓာကိုယ်မှာ အေးစက်နေပြီး ချွေးသီးချွေးပေါက်များး ထွက်နေလေ့ရှိသည်။ လုံးဝမေ့မြောသောအခါ    မူးဝေခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ချမ်းစိမ့်ခြင်း၊ အန်ချင်၍ ပျို့တတ်ခြင်း၊ ရေခဏခဏဆာခြင်း၊ မအီမသာဖြစ်ခြင်း တို့ဖြစ်လေ့ရှိသည်။
အသက်ရှူနှုန်းမူမမှန်ခြင်း၊ နှလုံးခုန်၊ သွေးခုန်မှုမှာ အားပျော့၍ မြန်နေခြင်း၊ သွေးဖိအားကျဆင်းခြင်း စသည်တို့လည်းလည်းဖြစ်၍ နောက်ဆုံးတွင် လုံးဝသတိလစ်မေ့မြောသွားတတ်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်သည်။

သွေးလန့်ခြင်းအကြောင်းအရာများ
သွေးလန့်ခြင်းအကြောင်းရင်းတို့မှာ များပြားလှသည်။ ခန္ဓာကိုယ်တွင်းအကြောင်းတစ်ခုခုကြောင့် သွေးဖြစ်စေ၊ သွေးရည်ကြည်ဖြစ်စေ လျော့နည်းသွားခြင်း    ကြောင့် သွေးလန့်ခြင်းဖြစ်လေ့ရှိ၏။
ယင်းကဲ့သို့ ဖြစ်စေသည့် အခြေအနေများမှာ ခန္ဓာကိုယ်ပြင်ပ၌ ထိခိုက်မိပြီး သွေးလွှတ်ကြောများပြတ်၍ သွေးထွက်လွန်ခြင်း ခန္ဓာကိုယ်၊ နား၊ နှာခေါင်း၊ ပါး  စပ်စသည့် ဒွါရပေါက်များမှ တစ်နည်းနည်းဖြင့် သွေးထွက်ခြင်း၊ ကိုယ်ခန္ဓာ၏ ဝမ်းဗိုက်၊ ရင်ခေါင်း စသည်တို့အတွင်း၌ သွေးယိုထွက်ခြင်း၊ ပြင်းထန်စွာအော့အန်ခြင်း၊  ဝမ်းလျှောခြင်း၊ အထက်လှန်အောက်လျှောဖြစ်ခြင်း၊ ကာလဝမ်းရောဂါရခြင်း၊ မီးလောင်ဒဏ်ရာမှ သားငံရည်ထွက်ခြင်း၊ နေပူမိခြင်း စသည်တို့ဖြစ်သည်။

ရုတ်တရက် စိတ်ထိခိုက်ခြင်း၊ ကြောက်ရွံ့တုန်လှုပ်ခြင်း၊ စိတ်ချောက်ချားလွန်ခြင်း စသည့်ပြင်းထန်သော စိတ်လှုပ်ရှားမှုများနှင့် ကြုံတွေ့ရသည့်အခါမျိုးတွင် သွေးလန့်တတ်သည်။ ရုတ်တရက် ထိခိုက်ဒဏ်ရာရလျှင်။
အလွန်အမင်းနာကျင်လျှင်- သွေးလန့်စေနိူင်သည်။ လူသိများသော အင်နယ်ဂျက်ဆင်အသားထဲ ထိုးနှံသောအခါ အချို့သူများ နာကျင်ခြင်းဒဏ်မခံနိူင်ဘဲ     သွေးလန့်တတ်သည်။
နှလုံးကို ထောက်ပံ့သော သွေးကြောငယ်များပိတ်ဆို့ခြင်း၊ နှလုံးပုပ်သွားခြင်း၊ ပရမ်းပတာ နှလုံးခုန်ခြင်းစသည့် နှလုံးရောဂါအမျိုးမျိုးကြောင့်လည်း သွေးလန့်မေ့မြောတတ်သည်။
နှလုံးကို ထောက်ပံ့သော သွေးကြောငယ်များ ပိတ်ဆို့ခြင်းကြောင့် နှလုံးပိတ်သွားခြင်းမှာ အလွန်မြန်ဆန်သောသွေးလန့်ခြင်းဖြစ်ပြီး ရုတ်တရက် အသက်သေဆုံးရသည့် ရောဂါဖြစ်သည်။ ပြင်းထန်သော ရောဂါပိုးနှင့် ရောဂါပိုးတို့၏ အဆိပ်အတောက်များ ခန္ဓာကိုယ် သွေးကြောများအတွင်း ပျံ့နှံ့ခြင်း၊ အပြင်းဖျားခြင်းတို့တွင် သွေးလန့်တတ်သည်။
လူသိများသော ပင်နဆလင်ထိုးဆေး၊ ဘားပလက်ထိုးဆေး၊ စားဆေး၊ သံဆိပ်ဖြေဆေး၊ ထိုးဆေး၊ သွေးအားနည်းလျှင် သုံးလေ့ရှိသော အင်ဖရွန်ထိုးဆေးစသည့် ထိုးဆေးထိုးခံရပြီးတွင်လည်း မိမိခန္ဓာကိုယ်နှင့် ယင်းဆေးတို့ ဓာတ်မတည့်ပါက ဓာတ်မတည့်ခြင်းဖြစ်စဉ်များ အဆင့်ဆင့် ဖြစ်ပေါ်လာပြီး သွေးလန့်၍ သေဆုံးသည်အထိ ဖြစ်နိူင်သည်။
ခန္ဓာကိုယ်အတွင်းရှိ အရည်၊ ဓာတ်ဆားနှင့် အက်ဆစ်ဓာတ်အချိုးအဆတို့ အကြောင်းအမျိုးမျိုးကြောင့် မမှန်မကန်ဖြစ်သွားလျှင်လည်း သွေးလန့်တတ်ခြင်း၊ ဥပမာ-ပြင်းထန်သော ဆီးချိုရောဂါ၊ ကျောက်ကပ်နှင့် အသည်းလုပ်ငန်း ချွတ်ယွင်းပျက်စီးခြင်းတို့တွင် သွေးလန့်ခြင်းဖြစ်နိူင်သည်။

ခန္ဓာကိုယ်အတွင်း အဂါင်္များ ချွတ်ယွင်းခြင်း၊ ဥပမာ- ကျောက်ကပ် ရုတ်တရက်အားနည်းခြင်း၊ နှလုံးအားနည်းခြင်းတို့ကြောင့် သွေးလန့်ခြင်းဖြစ်ပေါ်လျှင်    အချိန်နှင့်အမျှ အရေးကြီးလှပါသည်။ လူနာကို ယခင်ပြသနေကျ ဆေးရုံ၊ ဆေးခန်းရောက်အောင် ခေါ်ဆောင်သွားဖို့လိုပါသည်။ ရှေးဦးသူနာပြုစုပေးရုံနှင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မလုံလောက်နိူင်ပါ။
အချိုဓာတ်တက်သည့် ဝေဒနာ ဝက်ရူးပြန်ရောဂါရှိသူတွေမှာ အတက်စတင်ချိန်၊ သွေးလန့်ခြင်းဖြစ်ပြီး မျက်ဖြူ လန်၍ ပါးစပ်မှ အမြုပ်ထွက်ကာ ကွေးကောက်သွားတတ်သည်။ စနစ်တကျ ဖိနှိပ်ပြီး သတိပြန်လည်လာအောင် လုပ်ပေးကာ ဆရာဝန်နှင့် ပြသဖို့လိုအပ်ပါသည်။

သွေးလန့်မေ့မြောခြင်း ဖြစ်နေလျှင် သွေးလန့်ခြင်းမဖြစ်စေရေးအတွက် သွေးလန့်စေနိူင်သော အကြောင်းအရင်းများနှင့် ကြုံတွေ့ခံစားနေရခြင်း မဖြစ်ရစေရန် ကြိုတင်ဆင်ခြင် ကာကွယ် နေထိုင်ရပါမည်။ အကယ်၍ အကြောင်းကြောင့် သွေးလန့်ခြင်းဖြစ်သည်ဟု သိရှိပါက ပြုစုကုသ ပေးသင့်ပါသည်။ လူနာအား ပက်လက်လှန်စေပြီး ခေါင်းကို ကိုယ်ထက်နိမ့်သော နေရာတွင် ထားရမည့် သွေးထွက်သံယိုမှုများ ရှိနေပါက သွေးတိတ်စေရန်နှင့် နာကျင်ထိတ်လန့်မှုများ ရှိနေပါက သက်သာပျောက်ကင်းသွားရန် ပြုစုပေးရမည်။ ခန္ဓာကိုယ်ရှိ တင်းကျပ်သော အဝတ်အစားများကို လျော့ထားသင့်ပါသည်။
လူနာကို ငြိမ်သက်စွာထား၍ သတိရနေလျှင် တတ်နိူင်သမျှ နှစ်သိမ့်အားပေးရမည်။ လူနာ၏ ခြေဖျားလက်ဖျားများ အေးနေသည်ဆိုပါက စောင်ပါးပါးခြုံ၍ နွေးထွေးစွာ ထားသင့်သည်။ သို့သော် စောင်ထူထူခြုံပေးခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ ခြေလက်အင်္ဂါအစိတ်အပိုင်းများကို ပွတ်ပေးခြင်း၊ အပူပေးခြင်း မလုပ်ရပါ။

သွေးလန့်နေသော လူနာကို အပူဓာတ်ပေးခြင်းဖြင့် အရေပြားတွင်ရှိသော သွေးကြောငယ်များကျယ်ပြန့်လာပြီး သွေးများ၎င်းအထဲ ဝင်ရောက်သွားခြင်းဖြင့် အခြားအရေးကြီးသော ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်စသည့် အဂါင်္အစိတ်အပိုင်းများသို့ ပြည့်ပြည့်ဝဝသွေးမရောက်နိူင်သောကြောင့် ပို၍ ဒုက္ခရောက်စေ သည်။

သွေးလန့်မေ့မြောနေသူကို ရေမတိုက်သင့်ပေ။ ရေအလွန်ဆာနေပါက ဂွမ်းတွင် ရေဆွတ်၍ နှုတ်ခမ်းစိုရုံ၊ လျှာစိုရုံမျှသာ ဆွတ်ပေးသင့်သည်။ သွေးလန့်မေ့မြောခြင်းမှသည် ခဏခဏချင်း အသက်ဆုံးရှုံးနိူင်သဖြင့် နီးစပ်ရာ ဆေးရုံသို့ အမြန်ပို့သင့်ပါသည်။ သွေးလန့်ခြင်းအကြောင်းအရင်းကို ဆရာဝန်က မှန်ကန်စွာရှာဖွေ၍ လိုအပ်သော ကုသနည်းမျိုးစုံကို ဆေးရုံတွင် ဆောင်ရွက်နိူင်သောကြောင့်ပင် ဖြစ်လေသည်။
သွေးလန့်မေ့မြောသည့်အခါတိုင်းတွင် ယင်းကဲ့သို့ တိတိကျကျ လျင်လျင်မြန်မြန် ဆောင်ရွက်ကြခြင်းဖြင့် သွေးလန့်မေ့မြောခြင်းကြောင့် အသက်ဆုံးရှုံးရမည့် အန္တရာယ်ကို ကာကွယ်နိူင်မည်ဖြစ်ပါသည်။
ရှေးဦးသူနာပြုစုခြင်းနည်း (သို့) ပဏာမ ကျန်းမာရေးစောင့်ရှောက်ခြင်းနည်းဖြင့် သတိပြန်ရအောင်လုပ်ပြီးပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း ပြသကာ လူနာ၏ အတွင်းရောဂါ (သို့) ထိခိုက်ဒဏ်ရာ ကုသပေးရန် လိုအပ်ပါသည်။ အချိန်တိုင်းအရေးကြီးနေသည်ကို သတိပြု သင့်ပါသည်။

Author: Dr. လွင်သန့်

Previous Post

အစားအသောက်နဲ့ နှလုံးသားကို ကာကွယ်မယ် (နှလုံးသွေးကြောကျဉ်းရောဂါနဲ့ အစားအသောက်)

Next Post

နေလောင်ဒဏ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
847
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နေလောင်ဒဏ်

တိုင်းဒေသကြီး/ပြည်နယ်တွေရှိ ဆေးရုံ ၉၈ ရုံမှာ ဆေးရုံအခြေပြုကာကွယ်ဆေးထိုးလုပ်ငန်း စတင်ဆောင်ရွက်

သစ်သီးများ၏ ဒိုင်ယာရီ ၁

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.