လူ့ခန္ဓာကိုယ်တွင်းရှိ သွေးသည် သွေးနီဥဆဲလ် – Red blood cells၊ သွေးဖြူဥဆဲလ် – White blood cells၊ သွေးဥမွှားဆဲလ် – Platelets နှင့် သွေးရည်ကြည် – plasma တို့ဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်။
သွေး၏ဇီဝလုပ်ငန်းများ
သွေး၏ဇီဝလုပ်ငန်းများမှာ
– လူ့ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းများကို အောက်ဆီဂျင် ထောက်ပံ့ပေးသည့်လုပ်ငန်းကို သွေးနီဥဆဲလ်တွင်ပါဝင်သော ဟေမိုကလိုဘင်မှ လုပ်ဆောင်ခြင်း၊
– ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားပေးခြင်း၊
– ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးခြင်း၊
– ရောဂါပိုမွှားဝင်ရောက်မှုကို ကာကွယ်တားဆီးပေးသော သွေးဖြူဥဆဲလ်များ၊ ပဋိဓာတ်ပစ္စည်း antibody များ မှတဆင့် ကိုယ်ခံအားစနစ်ကိုထိန်းပေးခြင်း।
– အာဟာရဓါတ်နှင့်ဟော်မုန်းများကို သယ်ပို့ခြင်းနှင့်
– သွေးထွက်ဒဏ်ရာမှ သွေးထွက်လွန်ခြင်းမဖြစ်အောင် သွေးဥမွှားများမှ သွေးခဲဖြစ်ပေါ်စေပြီး လုပ်ဆောင်ပေးခြင်း စတဲ့လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးပါသည်။
လူ့ခန္ဓာကိုယ်ရှိ သွေးနီဥလျော့နည်းခြင်း သို့မဟုတ် သွေးအားနည်း ရောဂါ
အမျိုးသားများတွင် ၁၃.၅ မှ ၁၇.၅ gm/dL နှင့် အမျိုးသမီးများတွင် ၁၂ မှ ၁၅.၅ gm/dL အတွင်း ရှိသင့်သည်ထက် လျော့နည်းနေလျှင် သွေးအားနည်းရောဂါ (anaemia) ဟု သတ်မှတ်ပါသည်။
ဟေမိုဂလိုဘင်သည် သွေးတွင်းအောက်စီဂျင်သယ်ပို့ပေးသည့် သံဓာတ်နှင့် ပရိုတင်းပေါင်းစပ်ထားသော ဓာတ်တစ်မျိုးဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သည် သွေးအားနည်းရောဂါကို ခံစားနေကြရသည်။
သွေးအားနည်းရောဂါ အမျိုးအစားများ
ဖြစ်ပွားမှုများသောသွေးအားနည်းရောဂါ အမျိုးမျိုးမှာ
– သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ (Iron deficiency anemia)।
– ဗီတာမင်ချို့တဲ့ သွေးအားနည်းရောဂါ (Vitamin deficiency anemia)।
– ဟေမိုဂလိုဘင်ဓါတ်ချို့ယွင်းသည့် Thalassemia – သာလာဆီးမီးယားသွေးအားနည်းရောဂါ।
– ရိုးတွင်းခြင်ဆီ ဖျက်ဆီးသည့် လူကီးမီးယား।လင်ဖိုးမားကဲ့သို့ သွေးကင်ဆာရောဂါများ।
– Aplastic anemia ( ရိုးတွင်းခြင်ဆီ ထိခိုက်ပျက်စီးသည့်ရောဂါ)।
– မျိုးရိုးလိုက်သည့် သွေးနီဥဆဲလ်ပုံမမှန်သော Sickle cell anemia ရောဂါတို့ ဖြစ်ပါသည်။
၎င်းတို့အနက် သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းခြင်းမှာ ကမ္ဘာပေါ်တွင်အဖြစ်အများဆုံးသော သွေးအားနည်းရောဂါဖြစ်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော သံဓာတ်ချို့တဲ့ခြင်းကို ဖြစ်စေသည့် အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင်းရှိ သွေးထွက်များခြင်း।သွေးယိုစိမ့်ခြင်း တို့ကြောင့် ဖြစ်ပါသည်။
– ကိုယ်တွင်း သွေးယိုစီးမှု।
– အူမကြီးကင်ဆာဖြစ်ခြင်း।
– အူလမ်းကြောင်းတစ်လျှောက် အနာဖြစ်ခြင်း।
– လိပ်ခေါင်းရောဂါဖြစ်ခြင်း।
– သက်သတ်လွတ်စားသူများ।
– ကိုယ်၀န်ဆောင်နှင့်နို့တိုက်မိခင်များ၊
– မိခင်နို့ သို့ နို့မှုန့်သောက်နေသည့် နို့စို့ကလေးများ।
– ကြီးကောင်ဝင် ဆယ်ကျော်သက်များ।
– အမျိုးသမီးများရာသီသွေး ပုံမှန်ထက်များခြင်း।
– ကလေးမီးဖွားမှုများသူများတွင် ပို၍ဖြစ်ပွားတတ်သည်။
– အစားရှောင်သူများ၊
– ကိုယ်ဝန်ဆောင်သည်များ၊
– အူလမ်းကြောင်းရောဂါရှိသူများ၊
– ဆေးလိပ်।အရက်အလွန်အကျွံသောက်သူများ।
– ဆီးချိုရောဂါ၊ လည်ပင်ကြီးရောဂါ। ကျောက်ကပ်ရောဂါရှိသူများ।
– ကင်ဆာလူနာများ।
– ကင်ဆာဆေး। အစာအိမ်ဆေး၊ အတက်ကျဆေး သောက်သူများတွင် ဖောလိတ် (Folate)၊ ဗီတာမင်စီ VitaminC। ဗီတာမင် B12 စသည့် ဗီတာမင်ဓါတ်များ ချို့တဲ့ပြီးသွေးအားနည်းတတ်ပါသည်။
Aplastic anemia သွေးအားနည်းရောဂါသည် ရိုးတွင်းခြင်ဆီကို ထိခိုက်သည့် မျိုးရိုးလိုက်သောရောဂါဖြစ်ပြီး ခြင်ဆီကိုဖျက်ဆီးသည့် ဆေးဝါး। ဓာတ်ရောင်ခြည်ကုသမှု တို့ကြောင့် ဖြစ်နိုင်ပါသည်။
ရောဂါလက္ခဏာများနှင့် နောက်ဆက်တွဲ ပြဿနာများ
သွေးအားနည်းရောဂါအချို့နှင့် ရောဂါကနဦးပိုင်းတွင် ပုံမှန်လူတစ်ယောက်ကဲ့သို့
ရောဂါလက္ခဏာမပြသဘဲ ရှိတတ်ပါသည်။ သွေးအားပမာဏ လျော့နည်းသည်နှင့်အမျှ ခေါင်းမူးခြင်း၊ အလွယ်တကူ မောပန်းနွမ်းနယ်လာခြင်း၊ ခန္ဓာကိုယ်နုံးချည့်ခြင်း၊ လှုပ်လှုပ်ရှားရှား ပြုလုပ်လျှင်မောခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ခြေဖျားလက်ဖျားအေးခြင်း၊ လက်သည်း ခြေသည်းများ ကြွပ်ဆတ်ခြင်း। ပုံမမှန်ချိုင့်ခွက်ခြင်း၊ လျှာရောင်ခြင်း। အနာပေါက်ခြင်းနှင့် ပါးစပ်ထောင့်စွန်း အက်ကွဲရောင်ရမ်းခြင်း। အထိုင်အထပြုစဥ် မိုက်ခနဲ ဖြစ်ခြင်း၊ အာရုံစူးစိုက်၍မရခြင်း। မကြာခဏ ဖျားခြင်း। ခန္ဓာကိုယ်အနှံ့ သွေးထွက်ခြင်း। သတိလစ်ခြင်းများအပြင် အဆုတ်နှင့်နှလုံးကိုထိခိုက်ပြီး အသက်အန္တရာယ်ရှိသည်အထိ ဖြစ်ပွားနိုင်ပါသည်။
ကာကွယ်နည်း
သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါကို ကာကွယ်ရန် အလွယ်ကူဆုံးနည်းမှာ သံဓာတ်ကြွယ်ဝသည့် အစားအစာများကို ပုံမှန်စားသုံးခြင်း ဖြစ်သည်။
ထို့ကြောင့် အထက်ပါသွေးအားနည်းရောဂါလက္ခဏာများ ခံစားရလျှင် မပေါ့ဆသင့်ပဲ သွေးအားနည်းခြင်း ဖြစ်စေသည့် အကြောင်းရင်းရောဂါ।သွေးရောဂါများကို တတ်ကျွမ်းနားလည်သော ဆရာဝန်များထံသွားရောက် တိုင်ပင်ကုသမှု ခံယူသင့်ကြောင်း အသိပေးရေးသားမျှဝေအပ်ပါသည်။
Author : Dr. Yee Mon