fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ရင်ပူခြင်း ဝေဒနာကို သက်သာအောင် ဘယ်လို လုပ်မလဲ

4.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/02/2021
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ကျွန်ုပ်တို့ခန္ဓာကိုယ်သည် ဇီဝကမ္မလုပ်ငန်း ဆောင်ရွက်မှု ပုံမမှန်ဖြစ်သည့်အခါ သက်ဆိုင်ရာအင်္ဂါအစိတ်အပိုင်းတွင် လက္ခဏာ အမျိုးမျိုးခံစားရတတ်ပါသည်။ ခန္ဓာကိုယ်ကျန်းမာဖို့အတွက် နေ့စဥ်အသုံးပြုနေရသည့် အဓိကအစိတ်အပိုင်းစနစ်တစ်ခုမှာ အစာအိမ်နှင့် အစာခြေအူလမ်းကြောင်းစနစ် ဖြစ်ပါသည်။

အစာအိမ်အူလမ်းကြောင်းစနစ် တစုံတခုချို့ယွင်းလျှင် ရင်ပူခြင်း। လေတက်ခြင်း।အစာမကြေရင်ပြည့် လေပွခြင်း। ဗိုက်အောင့်ခြင်း। အစားအသောက်ပျက်ခြင်း। ပျို့အန်ခြင်း। ညဖက်တွင် အစာအိမ်ထဲမှ မီးစနှင့်ထိုးသကဲ့သို့ပူခြင်း စသည့်ဝေဒနာများ ခံစားရနိုင်ပါသည်။

 

ရင်ပူခြင်းဝေဒနာဖြစ်ပွားရခြင်း အကြောင်းရင်းများ

ရင်ပူခြင်း ဝေဒနာဖြစ်ပွားရခြင်း အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

–  လူတစ်ဦး၏ နေ့စဉ်စားသောက်နေထိုင်မှုပုံစံ အစားစားချိန်မမှန်ခြင်း।

–  အပူအစပ်နှင့် အဆီများသော। အက်ဆစ်ပါဝင်မှုလွန်ကဲသော। အစာကြေရန်ခက်ခဲသော အစားအစာများ လိုအပ်သည်ထက်ပိုစားခြင်း।

–  ကဖင်း၊ ဂက်စ်ပါဝင်သော အချိုရည်များသောက်သုံးမှုများခြင်း।

–  အယ်လ်ကိုဟောအရက် သောက်သုံးမှုများခြင်း।

–  ဆေးလိပ်သောက်သုံးခြင်း। စတီးရွိုက်ပါသောဆေး। အကိုက်အခဲပျောက်ဆေးနှင့် ‌အချို့ဆေးဝါးများ သောက်သုံးခြင်းများကြောင့် အစာအိမ်နှင့်အစာခြေစနစ်ကို ထိခိုက်နိုင်ပါသည်။

အစာအိမ်လမ်းကြောင်းရှိ အစာရေမျိုကြွက်သား အားနည်းလျှင်လည်း အစာအိမ်တွင်းမှ အက်ဆစ်အချဥ်ဓါတ်များ အပေါ်သို့ပြန်တက်ပြီး ရင်ပူခြင်းဝေဒနာခံစားရတတ်သည်။

အစာအိမ်ကိုဒုက္ခပေးသည့် အက်စစ်ထဲတွင် ရှင်သန်နိုင်သော H.pylori ပိုးကြောင့်လည်း ဗိုက်အောင့်ရင်ပူခြင်း ဖြစ်နိုင်သကဲ့သို့ ကိုယ်ဝန်ဆောင် မိခင်များတွင်လည်း သားအိမ်အရွယ်အစား ပြောင်းလဲမှုကြောင့် အက်ဆစ်များပြန်တက်ကာ ရင်ပူခြင်းဝေဒနာခံစားရနိုင်ပါသည်။

စိတ်ဖိစီးမှုများခြင်း। စိတ်ပူပန်ခြင်း।စိတ်ကျခြင်းတို့သည် ဦးနှောက်မှတဆင့် အစာအိမ်အတွင်း အက်ဆစ်ထွက်မှုကို များစေပြီး ရင်ပူခြင်းဝေဒနာဖြစ်ပေါ်စေတတ်သည်။

ထိုသို့အစာအိမ်အထက် ရင်ဘတ်အလယ်၌ပူလောင်သလိုခံစားရခြင်း (Heart Burn) သည် အစာလမ်းကြောင်းရှိ အက်ဆစ်ဓာတ်မှ အစာရေမျိုပြွန်ကို ဖျက်ဆီးသောကြောင့်ဖြစ်သည်။ အစာအိမ်အချဥ်ပြန်ခြင်း သို့မဟုတ် စားချဥ့်ပြန်ခြင်း (Gastroesophageal reflux) ဟုလည်းခေါ်သည်။

အက်ဆစ်ဓါတ်အပေါ်သို့ပြန်တက်ခြင်းသည် သာမာန်ထက်လွန်ကဲ၍ ရောဂါအဆင့်ထိဖြစ်လာလျှင် စားချဥ့်ပြန်ရောဂါ – Gastroesophageal reflux disease (GERD) ဟုသတ်မှတ်နိုင်ပါသည်။

ထို့ပြင်လူအတော်များများ ကြုံတွေ့ရဖူးသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်သည့် အစာအိမ်အတွင်းနံရံတွင် အနာပေါက်လျှင်လည်း ရင်ပူခြင်း၊ ရင်ဘတ်အောင့်ခြင်း လက္ခဏာများ ခံစားရတတ်ပါသည်။

နှလုံးသွေးကြောကျဥ်းရောဂါရှိသူများနှင့် အခြားနှလုံးရောဂါရှိသူများတွင် ရင်ပူခြင်းလက္ခဏာအပြင် နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း। ချွေးထွက်ခြင်း। အသက်ရှူရခက်ခဲခြင်း မောခြင်း। သတိလစ်ခြင်းစသည့်ဝေဒနာများ ခံစားရလျှင် နှလုံးသွေးကြောပိတ်ခြင်းရောဂါ ဖြစ်နိုင်ကြောင်း သတိပြုသင့်သည်။

ရင်ပူခြင်း ဝေဒနာသက်သာစေမည့်နည်းလမ်းများ

            အောက်ပါ နည်းလမ်းများကို ပြုလုပ်ခြင်းအားဖြင့် ရင်ပူခြင်း ဝေဒနာကို သက်သာအောင် ပြုလုပ်နိုင်ပါသည်။

–  ထမင်းစားလျှင် အစာကိုဖြည်းဖြည်းချင်း ကြေညက်အောင်ဝါးစားပေးခြင်း।

–  အစာစားပြီး လှဲလျောင်းခြင်းမပြုဘဲ အစာစားပြီး လမ်းလျှောက်ပေးခြင်း।

–  ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ခြင်း।

–  ညအိပ်ရာဝင်ခါနီး ၃ နာရီအတွင်း အစာပြည့်အင်စွာ စားသုံးမှု ရှောင်ခြင်း।

–  အိပ်ရေးဝအောင်အိပ်ခြင်း।

–  စိတ်ဖိစီးမှုနည်းအောင်နေခြင်း।

–  အသင့်စားအစာ fast food-ဆီကြော်စာ। ဟမ်ဘာဂါစသည်တို့နှင့် မသန့်ရှင်းသော အပြင်စာများအား ရှောင်ခြင်း।

–  ဆေးလိပ်।အရက်ရှောင်ကြဥ်ခြင်း।

–  တင်းကြပ်လွန်းသော အဝတ်များ ဝတ်ဆင်မှုမပြုခြင်း।

–  အဆီများသော।ကြေညက်ရန်ခက်သော।ပူလွန်းစပ်လွန်းသော အစားအစာများ। ပဲ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ သခွား၊ ငရုတ်၊ ငရုတ်ကောင်း အစရှိသောအစာများ ရှောင်ခြင်း၊

–  အစာအိမ်အတွက် ရေများများသောက်ပြီး အမျှင်ဓာတ်ပါတဲ့အစားအစာများကို ဦးစားပေးစားသုံးခြင်း တို့ကို ပြုလုပ်ပေးရပါမည်။

အထက်ဖော်ပြပါ နေ့ထိုင်စားသောက်မှုများကို ပုံစံပြောင်းလဲလျှင် တချို့လူနာများတွင် ရင်ပူခြင်း သက်သာသွားတတ်ပါသည်။

အချို့လူနာများတွင် အက်ဆစ်ဓါတ်ကို ပြယ်စေသည့် ဆရာဝန်ညွှန်ကြားချက် မလိုသော antacid ဆေးများ। ဆရာဝန်ညွှန်ကြားမှုဖြင့် သောက်သုံးသင့်သော အက်ဆစ်ဓါတ်ထွက်မှုနည်းစေသော Proton Pump Inhibitor- PPI ဆေးများ မှီဝဲခြင်းဖြင့် ရင်ပူခြင်းလက္ခဏာများကို သက်သာစေတတ်ပါသည်။

အကယ်၍

–  ရင်ပူခြင်းဝေဒနာကို တာရှည်ခံစားရလျှင်သော်လည်းကောင်း।

–  အစာအိမ်အူလမ်းကြောင်းကင်ဆာ မျိုးရိုးရှိခြင်း।

–  စားထားသမျှအစာများ ပြန်အန်ခြင်း।

–  ကော်ဖီရောင်အန်ခြင်း।ဝမ်းမည်းမည်းသွားခြင်း।

–  အစာမဝင်ခြင်း।

–  ကိုယ်အလေးချိန် ရုတ်တရက်ကျဆင်းခြင်း စသည့် လက္ခဏာများပူးတွဲခံစားရလျှင် တတ်ကျွမ်းနားလည်သည့် ဆရာဝန်နှင့် တိုင်ပင်ကုသမှုခံယူသင့်ကြောင်း အသိပေးရေးသားအပ်ပါသည်။….

Author : Dr. Yee Mon

Previous Post

ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်ပြည့်ဝသော ကလေးများဖြစ်စေရန် သတိပြုဂရုစိုက်ရမည့်အရာများ

Next Post

ပန်းနာရင်ကြပ်သားသားမီးမီးများအတွက် DHA  အကျိုးသက်ရောက်မှုရှိပါသလား။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
816
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပန်းနာရင်ကြပ်သားသားမီးမီးများအတွက် DHA  အကျိုးသက်ရောက်မှုရှိပါသလား။

ကလေးများ DHA ဓာတ် ချို့တဲ့လျှင် ဖြစ်နိုင်သော ( ADHD ) ရောဂါအကြောင်း

သွေးအားနည်းရောဂါဖြစ်ပွားရသော အကြောင်းရင်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.