fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးများ DHA ဓာတ် ချို့တဲ့လျှင် ဖြစ်နိုင်သော ( ADHD ) ရောဂါအကြောင်း

29
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/02/2021
in မိခင်နှင့်ကလေးကျန်းမာရေး
စာဖတ်ရန်ကြာချိန် 1 မိနစ်
A A
0 0

DHA ဆိုတာ ဘာလဲ

DHA ဆိုတာ omega-3 fatty acids တစ်မျိုးဖြစ်ပါတယ်။ DHA ဓာတ်ဟာ ငယ်စဉ်ဘဝ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို အားပေးပြီး အာရုံကြောဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာကိုလည်း ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာအရည်အသွေးတွေဖြစ်တဲ့ အပြုအမူနဲ့ စိတ်ခံစားနားလည်မှုကိုပါ တိုးတက်ကောင်းမွန်စေတဲ့ ဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။

 

ADHD ရောဂါဆိုတာ ဘာလဲ

ADHD ဆိုတာ Attention Deficit Hyperactivity Disorder လို့ခေါ်တဲ့ နာတာရှည် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။

မြန်မာလို အဓိပ္ပါယ်အနေနဲ့ ကလေးအတက်ကြွလွန်ခြင်းပြဿနာလို့ ခေါ်ပါတယ်။ ဒီပြဿနာကို ကျောင်းနေအရွယ်ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ အတွေ့ရများပြီး တစ်ချို့ကလေးတွေမှာဆိုရင် အရွယ်‌ရောက်တဲ့အထိ ဒီပြဿနာ ရှိနေသေးတာကို တွေ့ရတတ်ပါတယ်။ ADHD ‌ကို ကလေးတွေမှာ တစ်ခုခုကို အာရုံစူးစိုက်ရခက်တာ၊ အာရုံပျံ့နှံ့လွယ်တာ၊ ဂနာမငြိမ်ဖြစ်တာ၊ ပြောစကားနားမထောင်ဘဲ တစ်ချိန်လုံး တက်ကြွလှုပ်ရှားနေတာ စတဲ့လက္ခဏာတွေအနေနဲ့ တွေ့ရနိုင်ပါတယ်။

 

ADHD ရဲ့ လက္ခဏာတွေကို ဘယ်လိုတွေ့နိုင်သေးလဲ

            ADHD ကို ရောဂါလက္ခဏာအရ အုပ်စု (၃) စု ခွဲထားပါတယ်။

(၁) Inattentive – အာရုံစူးစိုက်မှုမရှိ၊ အာရုံစူးစိုက်မှုအားနည်းလက္ခဏာပြတဲ့ ADHD အုပ်စု မှာ အာရုံပျံ့နှံ့လွယ်တာ၊ အသေးစိတ် ဘာကိုမှအာရုံမစိုက်နိုင်တာ၊ အိမ်စာလုပ်ရတာ မကြိုက်တာ၊ ကျောင်းစာတွေမှာ အမှုမဲ့အမှတ်မဲ့ အမှားတွေပါတာ၊ စကားပြောနေတာကို နားမထောင်တာ၊ နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာတွေကို စနစ်တကျမလုပ်နိုင်တာ၊ ပစ္စည်းတွေ (ကျောင်းပစ္စည်း – ဘောပင်၊ ခဲတံ) အပျောက်အရှလွယ်တာ စတဲ့လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။

(၂) Hyperactive-implusive – အတက်ကြွလွန်၊ ဂနာမငြိမ်လက္ခဏာပြတဲ့ ADHD အုပ်စု မှာ ကလေးက ငြိမ်ငြိမ်မထိုင်နေနိုင်တာ၊ ထိုင်နေရင် ဂနာမငြိမ်ဘဲ လက်လှုပ်ခြေလှုပ်ဖြစ်နေတာ၊ ငြိမ်ငြိမ်သက်သက် မဆော့နိုင်တာ၊ စကားများတာ၊ မေးခွန်းမပြီးသေးခင် မစဉ်းစားဘဲ ဖြေချင်ရာ ချက်ချင်းဖြေတာ၊ ကိုယ့်အလှည့်ရောက်အောင် မစောင့်နိုင်တာ၊ ပြေးလွှားလှုပ်ရှားနေတာ၊ ဟိုတွယ်ဒီတက်လုပ်နေတာ၊ စကားလုပြောတာ၊ တစ်ခြားကလေးဆော့ကစားနေတာကို လုဆော့တာ၊ အတင်းဝင်ဆော့တာ စတဲ့လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။

 

(၃) Combined – အုပ်စု မှာတော့ အထက်က ပြောခဲ့တဲ့အုပ်စု (၂) စုက လက္ခဏာတွေ ရောထွေးပါဝင်နေတာကို တွေ့ရနိုင်ပါတယ်။

ADHD ဘာကြောင့် ဖြစ်ရတာလဲ၊ DHA ဓာတ်ချို့တဲ့မှုနဲ့ ဆက်စပ်မှုရှိလား

ADHD ကို ဖြစ်စေတဲ့အကြောင်းအရင်း အတိအကျကို အခုထိ မသိရသေးပါဘူး။ သိပ္ပံပညာရှင်တွေရဲ့ ယူဆချက်အရတော့ ဦးနှောက်နဲ့အာရုံကြောတွေရဲ့ လုပ်ငန်းဆောင်တာ ထိခိုက်ပျက်စီးမှုနဲ့ ဆက်စပ်မှုရှိမယ်လို့ ဆိုပါတယ်။ ဦးနှောက်ရဲ့ ဓာတုပစ္စည်းတွေ ဟန်ချက်ပျက်ယွင်းတဲ့အခါ ကလေးရဲ့အပြုအမူနဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာကို ထိခိုက်သွားစေတဲ့အတွက် ဖြစ်နိုင်ပါတယ်။

သိပ်မကြာသေးမီက သုတေသနတွေအရ omega-3 fatty acid တစ်ခုဖြစ်တဲ့ DHA ချို့တဲ့ခြင်းက ကလေးတွေမှာ ဖြစ်တတ်တဲ့ ADHD အပါအဝင် စိတ်ပိုင်းဆိုင်ရာပြဿနာတွေ၊ စိတ်ပူပင်၊ စိတ်ဓာတ်ကျပြဿနာတွေနဲ့ ဆက်စပ်မှုရှိနေတာကို တွေ့ရပါတယ်။ ADHD ရောဂါခံစားနေရတဲ့ ကလေးတွေနဲ့ အရွယ်ရောက်သူတွေရဲ့ သွေးထဲမှာ DHA ဓာတ် လျော့နည်းနေတာကိုလည်း တွေ့ရပါတယ်။

ADHD ကိုဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့ တစ်ခြားအကြောင်းအရင်းတွေကတော့ –

  • မျိုးရိုးဗီဇ (ADHD က မျိုးရိုးလိုက်တတ်ပါတယ်)
  • ပတ်ဝန်းကျင်က အဆိပ်အတောက်တွေနဲ့ ထိတွေ့တာ (ဥပမာ – အိမ်သုတ်ဆေးမှာပါတဲ့ ခဲဓာတ်)
  • ကိုယ်ဝန်ဆောင်ချိန်မှာ အမေက မူးယစ်ဆေးဝါး၊ အရက် ဒါမှမဟုတ် ဆေးလိပ် သောက်သုံးတာ
  • နေ့မစေ့၊ လမစေ့မွေးတာ
  • ပေါင်မပြည့် မွေးတာ
  • ဦးနှောက်ထိခိုက်ဒဏ်ရာရခဲ့ဖူးတာ စတာတွေပဲ ဖြစ်ပါတယ်။

 

ADHD ကို ဘယ်လိုကုသနိုင်မလဲ

            ADHD ကို ကုသတဲ့နေရာမှာ အပြုအမူဆိုင်ရာကုထုံး (Behavior therapy) အပြင် ဆေးဝါးနဲ့ကုသခြင်း၊ အသိပညာပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်း စတဲ့ကုသမှုတွေနဲ့ ပေါင်းစပ်ကုသပါတယ်။ အသက် ၄ နှစ် ကနေ ၅ နှစ်အရွယ် ကလေးတွေအတွက် ဆေးပေးကုသမှုမလုပ်ခင်မှာ အပြုအမူဆိုင်ရာကုထုံးနဲ့ စတင်ကုသလေ့ရှိပါတယ်။ အကောင်းဆုံး ကုသမှုရရှိနိုင်ဖို့ မိဘတွေအနေနဲ့ အနီးကပ်စောင့်ကြည့်တာ၊ ဆရာဝန်နဲ့ ရက်ချိန်းမှန်မှန်ပြတာ၊ လိုအပ်တဲ့ ကုထုံးတွေနဲ့ ကုသစေတာ၊ ကလေးအတွက် အထူးပြုစု ပျိုးထောင်နည်းလမ်းတွေ သင်ယူလေ့လာတာ စတဲ့နည်းလမ်းတွေကို ပေါင်းစပ်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ADHD ရောဂါလက္ခဏာတွေ သက်သာကောင်းမွန်လာစေမယ့် နောက်နည်းလမ်းတစ်ခုကတော့ omega-3 fatty acids ကြွယ်ဝတဲ့အစားအစာတွေ ကျွေးမွေးခြင်းပဲ ဖြစ်ပါတယ်။

အထူးသဖြင့် DHA ဓာတ်က ဦးနှောက်နဲ့အာရုံကြောတွေရဲ့ လုပ်ငန်းဆောင်တာကို တိုးတက်ဖွံ့ဖြိုးစေပြီး Serotonin ဟော်မုန်းကို ထိန်းညှိပေးတဲ့အတွက် ADHD ရဲ့လက္ခဏာတွေအပါအဝင် စိတ်ပူပန်လွန်တာ၊ စိတ်ဓာတ်ကျတာ စတဲ့လက္ခဏာတွေကိုပါ သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေကြွယ်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကလည်း ADHD ရောဂါအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

 

DHA ဓာတ်ကြွယ်ဝတဲ့ အစားအစာများ

ဒီအစားအစာတွေမှာ DHA ဓာတ်ကြွယ်ဝတဲ့အတွက် ADHD မဖြစ်ပွားရအောင်အပြင် ADHD ရောဂါခံစားနေရတဲ့ ကလေးတွေမှာလည်း လက္ခဏာသက်သာစေတဲ့အတွက် ပုံမှန်ကျွေးမွေးသင့်ပါတယ်။

– omega -3 အဆီပါဝင်မှုများတဲ့ Mackeral ငါး၊ ဆော်လ်မွန်ငါး၊ ဆာဒင်းငါး၊ တူနာငါး

– ခရု၊ ကမာ၊ ဂုံး၊ ယောက်သွား ပင်လယ်စာ (Oyster)

– ပုဇွန်အမျိုးမျိုး စတာတွေပဲ ဖြစ်ပါတယ်။

ဒီလိုအစားအစာတွေအပြင် DHA ဓာတ် ပါဝင်ဖြည့်တင်းထားတဲ့ ဓာတ်စာတွေ၊ Cereal ကွေကာတွေကိုလည်း တိုက်ကျွေးနိုင်ပါတယ်။

အထက်က ပြောပြခဲ့တာတွေကတော့ DHA ဓာတ်နဲ့ ADHD ရောဂါအကြောင်းပဲ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ADHD ရဲ့ရောဂါလက္ခဏာတွေကို မှတ်သားထားပြီး ပုံမှန်မဟုတ်တဲ့အပြုအမူတစ်ခုခုကို ကလေးမှာ ရေရှည်တွေ့နေရရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ စောစောစီးစီး ပြသဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ADHD ရောဂါကာကွယ်ဖို့နဲ့ ဦးနှောက်နဲ့အာရုံကြောတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ဖွံ့ဖြိုးတိုးတက်စေဖို့ DHA ဓာတ် ကြွယ်ဝတဲ့ အစားအစာနဲ့ ဓာတ်စာတွေကို ပုံမှန်ကျွေးမွေးဖို့ကိုလည်း တိုက်တွန်းလိုက်ရပါတယ်။

Author : ဒေါက်တာကောင်း (ဆေး – ၂)

 

Previous Post

ပန်းနာရင်ကြပ်သားသားမီးမီးများအတွက် DHA  အကျိုးသက်ရောက်မှုရှိပါသလား။

Next Post

သွေးအားနည်းရောဂါဖြစ်ပွားရသော အကြောင်းရင်းများ

29
VIEWS
Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ခါးနာခြင်းသက်သာစေဖို့ဆိုရင်

4 weeks ago

ကလေးများအတွက် မဖြစ်အနေလိုအပ်သော အာဟာရဓါတ်များ

1 month ago

ရင်ပူခြင်းအကြောင်းသိကောင်းစရာများ

1 month ago

ဆောင်းရာသီမှာအဖြစ်များတဲ့ရောဂါများ နှင့်နာကျင်ကိုက်ခဲမှုများအကြောင်း

1 month ago

နာတာရှည်အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများနှင့် သင့်လျော်သောအစားအစာများ

1 month ago

သွေးအားနည်းရောဂါဖြစ်ပွားရသော အကြောင်းရင်းများ

1 month ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အရေပြားကျန်းမာရေးအတွက် ရှားစောင်းလက်ပပ်၏ကောင်းကျိုးများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အစာအိမ်ရောင်သောအခါ စားသင့်သော အစားအစာများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0
  • ရင်ဘတ်အောင့်တာအစာအိမ်ကြောင့်လား၊ နှလုံးကြောင့်လား ။

    0 shares
    Share 0 Tweet 0
  • သွေးတိုးရောဂါရှင်များအတွက်ဆောင်ရန်/ရှောင်ရန် ( ၁၀ )ချက်

    0 shares
    Share 0 Tweet 0
Next Post

သွေးအားနည်းရောဂါဖြစ်ပွားရသော အကြောင်းရင်းများ

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Subscribe For Latest Updates

Sign up to best of business news, informed analysis and opinions on what matters to you.
Invalid email address
We promise not to spam you. You can unsubscribe at any time.
Thanks for subscribing!