fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဝက်ခြံအနာရွတ်တွေ သက်သာစေဖို့

638
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/06/2021
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ဝက်ခြံထွက်ခြင်းသည် မျက်နှာအရေပြားရောဂါပြဿနာများစွာရှိသည့်အနက် အဖြစ်များသော ပြဿနာတစ်ခုအဖြစ် တွေ့ရှိရသည်။ မျက်နှာအရေပြားတွင်ရှိသော ချွေးပေါက်ငယ်လေးများကို အဆီဓာတ်နှင့် အရေပြားဆဲလ်အသေများဖြင့် ပိတ်ဆို့နေခြင်းသည် ဝက်ခြံထွက်ခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။
ထိုသို့ပိတ်ဆို့ခြင်းကြောင့် Propionibacterium Acnes ဟူသော ဗက်တီးရီးယားပိုးများ ကြီးထွားပွားများခြင်းကို ဖြစ်စေပါသည်။

ထိုအခါ ခန္ဓာကိုယ်အတွင်းရှိ သွေးဖြူဥများသည် ၎င်းဗက်တီးရီးယားပိုးများကို တိုက်ခိုက်သဖြင့် အရေပြားရောင်ရမ်းခြင်း ၊ ဝက်ခြံထွက်ခြင်းများ ဖြစ်လာရခြင်းဖြစ်စေသည်။

ဝက်ခြံထွက်ရခြင်းကို ဖြစ်စေသည့် အကြောင်းရင်းအချက်များမှာ
– မျိုးရိုးလိုက်ခြင်း
– ဝက်ခြံထွက်စေသော အစားအစာများကို စားသုံးလေ့ရှိခြင်း
– စိတ်ဖိစီးမှုများခြင်း
– ဟော်မုန်းဓာတ်အပြောင်းအလဲဖြစ်ခြင်း
– မျက်နှာအရေပြားတွင် ရောဂါပိုးဝင်ခြင်း စသည့်အကြောင်းရင်းအချက်များဖြစ်ကြပါသည်။

အောက်ဖော်ပြပါနည်းလမ်းများသည် ဝက်ခြံအနာရွတ်များကို သက်သာစေနိုင်သည့် နည်းလမ်းများဖြစ်ကြပါသည်။

( ၁ ) ပန်းသီးရှာလကာရည်ဖြင့် လိမ်းပေးပါ
ပန်းသီးရှာလကာရည်တွင် ပါဝင်သည့် Citric Acid ဟူသော အက်ဆစ်တစ်မျိုးသည် ဗက်တီးရီးယားပိုးများနှင့် မှိုရောဂါပိုးများကို သေစေနိုင်သည့် အာနိသင်ရှိကြောင်းတွေ့ရှိရပါသည်။ ထို့ပြင် ပန်းသီးရှာလကာရည်တွင် ပါဝင်သည့် အက်ဆစ်တစ်မျိုးဖြစ်သော Succinic Acid သည် P. Acnes ဟုခေါ်သော ဗက်တီးရီးယားပိုးကြောင့် အရေပြားရောင်ရမ်းခြင်းကို လျော့နည်းစေခြင်းဖြင့် ဝက်ခြံအနာရွတ်များဖြစ်ခြင်းကို ကာကွယ်နိုင်ကြောင်း လေ့လာချက်များအရသိရှိရပါသည်။

အသုံးပြုရန်နည်းလမ်း
– ပန်းသီးရှာလကာရည် တစ်ဆနှင့် ရေ သုံးဆကို ရောနှောပါ။ ( ထိခိုက်လွယ်သော အသားအရေပိုင်ရှင်များဖြစ်လျှင် ရေကို ပိုမို၍ ထည့်ပြီးရောနှောနိုင်ပါသည်။ )
– မျက်နှာကို သန့်စင်ပြီးလျှင် ဂွမ်းလုံးလေးကို အသုံးပြု၍ အထက်ပါရောနှောထားသော အရည်ကို မျက်နှာရှိ ဝက်ခြံအနာရွတ်များပေါ်တွင် လိမ်းပေးပါ။
– ၅ စက္ကန့် မှ ၂၀ စက္ကန့်အထိ ကြာလျှင် ရေဖြင့် ဆေးပေးပြီး မျက်နှာကို အခြောက်ခံပါ။
– တစ်နေ့လျှင် တစ်ကြိမ် ၊နှစ်ကြိမ်ခန့်ပြုလုပ်ပေးခြင်းဖြင့် ဝက်ခြံအနာရွတ်များကို သက်သာစေမည်ဖြစ်ပါသည်။

( ၂ ) ဇင့်ဓာတ်အားဆေးဖြည့်စွက်စာများကို သောက်သုံးပါ
ဇင့်ဓာတ်သည် ဆဲလ်များကြီးထွားခြင်း၊ ဟော်မုန်းဓာတ်များကို ထုတ်လုပ်ခြင်း ၊ ခုခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ ဇီ၀ရုပ်ဖြစ်ပျက်မှုကို မြန်ဆန်စေခြင်း စသည့် အကျိုးပြု လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။

သုတေသနလေ့လာချက်များအရ ဇင့်ဓာတ်နည်းပါးနေသော သူများတွင် သာမန်သူများထက် ပို၍ ဝက်ခြံထွက်နိုင်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ဝက်ခြံထွက်ခြင်းမှ ကာကွယ်လိုသောသူများသည် ဇင့်ဓာတ်ပါဝင်သည့် အားဆေးဖြည့်စွက်စာများကို သောက်သုံးသင့်ကြောင်း အကြံပြုလိုပါသည်။

( ၃ ) ပျားရည်နှင့် သစ်ကြံပိုးခေါက်ဖြင့် ပြုလုပ်ထားသည့် မျက်နှာဖုံးကို အသုံးပြုပါ။
ပျားရည်နှင့် သစ်ကြံပိုးခေါက်တို့တွင် ဗက်တီးရီးယားပိုးများကို သေစေနိုင်ခြင်း ၊အရေပြားရောင်ရမ်းခြင်းကို ကာကွယ်နိုင်ခြင်းစသည့် ဂုဏ်သတ္တိများရှိကြောင်း သိရှိရပါသည်။

အသုံးပြုရန်နည်းလမ်း
– ပျားရည်နှစ်ဇွန်းနှင့် သစ်ကြံပိုးခေါက် တစ်ဇွန်းတို့ကို အနှစ်ဖြစ်သည်အထိ ရောမွှေပါ။
– မျက်နှာကိုသန့်စင်ပြီးလျှင် အထက်ပါမျက်နှာဖုံးဖြင့် ၁၀ မိနစ် မှ ၁၅ မိနစ်ခန့် ဖုံးအုပ်ထားပါ။
– ထို့နောက်မျက်နှာဖုံးကို ဖယ်ခွာပြီးလျှင် မျက်နှာကို ဆေးကြောသန့်စင်ပေးပါ။
– ထိုသို့ တစ်ပတ် လျှင် တစ်ကြိမ် ၊နှစ်ကြိမ်ခန့်ပြုလုပ်ခြင်းဖြင့် ဝက်ခြံအနာရွတ်များကို သက်သာစေနိုင်မည်ဖြစ်ပါသည်။

( ၄ ) Green Tea ဖြင့် မျက်နှာကို လိမ်းပေးပါ
Green Tea တွင် ပါဝင်သည့် Polyphenols ဒြပ်ပေါင်းများသည် ဗက်တီးရီးယားပိုးများကို သေစေနိုင်ခြင်း၊ ရောင်ရမ်းခြင်းကို လျော့နည်းစေနိုင်ခြင်း စသည့် အာနိသင်များရှိသဖြင့် ဝက်ခြံထွက်ခြင်းလျော့ပါးစေရန်နှင့် ဝက်ခြံအနာရွတ်များကို သက်သာစေရန် အလွန်အသုံးဝင်ကြောင်း လေ့လာသိရှိရပါသည်။

အသုံးပြုရန်နည်းလမ်း
– ပူနွေးနေသော ရေတွင် Green Tea ကိုထည့်၍ ၃ မိနစ်မှ ၄ မိနစ်ခန့်အထိ စိမ်ထားပါ။
– ထို့နောက် ခေတ္တအအေးခံထားပါ။
– ပြီးလျှင် Green Tea အရည်ကို သန့်စင်သော ဂွမ်းလုံးငယ်လေးဖြင့် စွတ်၍ မျက်နှာကို လိမ်းပေးပါ။
– ခဏကြာလျှင် မျက်နှာကို ရေဖြင့် ဆေးပြီး အခြောက်ခံထားပါ။

( ၅ ) ရှားစောင်းလက်ပပ်အနှစ်ဖြင့် လိမ်းပေးပါ
ရှားစောင်းလက်ပပ်အပင်သည် ဝက်ခြံအနာရွတ်များကို သက်သာစေနိုင်သည့်အပြင် အရေပြားအပူလောင်ခြင်းကို ကုသပေးနိုင်ခြင်း၊ အရေပြားထိခိုက်ရှနာဒဏ်ရာများနှင့် ပွန်းပဲ့ခြင်းတို့ကို ပျောက်ကင်းစေခြင်းစသည့် အာနိသင်များလည်းရှိသည့် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါသည်။

ထို့ပြင် ၄င်းတွင်ပါဝင်သည့် Salicylic Acid နှင့် Sulphur ‌ဒြပ်ပေါင်းများသည် ဝက်ခြံများကို ကုသရန် အလွန်အစွမ်းထက်ကြောင်းတွေ့ရှိရပါသည်။

အသုံးပြုရန်နည်းလမ်း
– ရှားစောင်းလက်ပပ်၏ အနှစ်များကို ဇွန်းဖြင့်ခြစ်ယူ၍ မျက်နှာပေါ်တွင် လိမ်းပေးပါ။
– တစ်နေ့လျှင် တစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးခြင်းဖြင့် ဝက်ခြံအနာရွတ်များကို သက်သာလျော့ပါးစေနိုင်မည်ဖြစ်ပါသည်။

( ၆ ) ငါးကြီးဆီပါဝင်သော ဖြည့်စွက်စာအားဆေးများကို သောက်သုံးပါ
ငါးကြီးဆီတွင် ကြွယ်၀စွာပါဝင်သော Eicosapentaenoic acid (EPA) နှင့် Docosahexaenoic acid (DHA) ဟူသော ဒြပ်ပေါင်းများသည် ရောင်ရမ်းခြင်းကို လျော့နည်းစေနိုင်သဖြင့် ဝက်ခြံထွက်ခြင်းကို တားဆီးနိုင်သည့် အာဟာရဓာတ်တစ်မျိုးအဖြစ် လက်ခံယုံကြည်ထားကြပါသည်။

( ၇ ) အချိုဓာတ်နည်းပါးသည့် အစားအစာများကို ပိုမို၍စားသုံးပေးပါ
ဝက်ခြံထွက်ခြင်းနှင့် အစားအစာများကို စားသုံးသည့် အလေ့အထသည်လည်း များစွာ ဆက်စပ်နေကြောင်းတွေ့ရှိရပါသည်။ အချိုဓာတ်မြင့်မားသော အစားအသောက်များသည် ဝက်ခြံများထွက်ရန် အားပေးကြောင်း လေ့လာချက်များအရသိရှိရပါသည်။
ထို့ကြောင့် ဝက်ခြံအထွက်များသောသူများသည် အောက်ပါ အချိုဓာတ်မြင့်မားသည့် အစားအစာများကို အလွန်အကျွံစားသုံးရန် မသင့်လျော်ကြောင်း အကြံပြုလိုပါသည်။
၎င်းတို့မှာ
– သကြားလုံးများ
– နူးညံ့လွန်းသော ပေါင်မုန့်များ
– ဒိုးနတ်မုန့်များ
– ကိတ်မုန့်များ
– အချိုရည်အအေးဘူးများ
– အချိုဓာတ်များသော Cereal မုန့်များ စသည်တို့ဖြစ်ကြပါသည်။

အောက်ဖော်ပြပါ အချိုဓာတ်နည်းပါးသည့် အစားအစာများကို စားသုံးသင့်ပါသည်။
၎င်းတို့မှာ
– သစ်သီးများ
– ဟင်းသီးဟင်းရွက်များ
– ပဲအမျိုးမျိုး
– အခွံမာသီးများ စသည်တို့ဖြစ်ကြပါသည်။

အထက်ပါ ဆောင်ရန် ရှောင်ရန် နည်းလမ်းများကို လိုက်နာခြင်းဖြင့် ဝက်ခြံအထွက်များသော ပျိုမေတို့အနေနှင့် ဝက်ခြံထွက်ခြင်းလျော့နည်းသက်သာ၍ ဝက်ခြံအနာရွတ်များကင်းစင်သော အသားအရေကို ပိုင်ဆိုင်နိုင်ကြစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Author: Dr. မိုး ဆေး ( ၁ )

Previous Post

ဘာကြောင့် သွေးအားကောင်းဖို့လိုအပ်သလဲ

Next Post

ဝက်ခြံထွက်ပြီး ဘာကြောင့်အမာရွတ်ကျန်ခဲ့သလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
550
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
810

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝက်ခြံထွက်ပြီး ဘာကြောင့်အမာရွတ်ကျန်ခဲ့သလဲ

ငှက်ဖျားအကြောင်း သိကောင်းစရာ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေစဉ်ကာလအတွင်း  စိုးရိမ်စိတ်နှင့်  စိတ်ဖိစီးမှုကို  ဘယ်လိုလျှော့ချမလဲ (၂)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.