fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်တွေ အ၀လွန်လျှင်

179
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/08/2021
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်နေစဉ်မှာ ကိုယ်အလေးချိန် တက်လာခြင်းဟာ ပုံမှန်ဖြစ်စဉ်ဆိုပေမဲ့ အဝလွန်‌နေရင်တော့ မိမိကိုယ်တိုင်ရော ဗိုက်ထဲကရင်သွေးအတွက်ပါ ဆိုးကျိုးတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

အဝလွန်ခြင်းရှိမရှိကို မိမိရဲ့ ကိုယ်ဝန်မဆောင်စဉ်က BMI(Body Mass Index) ကိုကြည့်ပြီး သိနိုင်ပါတယ်။ ပုံမှန်ထက် အနည်းငယ်ဝနေသူ(overweight)တွေဟာ BMI 25-29 ရှိနိုင်ပါတယ်။ အဝလွန်သူ(Obese)တွေဟာ BMI 30 နဲ့အထက်ရှိနေတတ်ပါတယ်။

ပုံမှန်ကိုယ်ဝန်ဆောင်တစ်ဦးဟာ ရှိရင်းစွဲကိုယ်အလေးချိန်ထက် ၂၅ ပေါင်မှ ၃၅ ပေါင်ထိ တက်လာသင့်ပါတယ်။ Overweight သမားတွေအနေနဲ့ ၁၅ ပေါင်မှ ၂၅ ပေါင်အထိ တိုးလာသင့်ပြီး အဝလွန်သူ ကိုယ်ဝန်ဆောင်တွေဟာ ၁၁ ပေါင်မှ ပေါင် ၂၀ အထိသာ တိုးလာသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ် အဝလွန်နေခဲ့လျှင် ဘယ်လို ဆိုးကျိုးတွေဖြစ်လာနိုင်သလဲ?

• ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်တက်ခြင်းကြောင့် သွေးဆိပ်တက်ခြင်း၊ သွေးပျစ်လွယ်ခြင်း
သွေးတိုးပြီး သွေးဆိပ်တက်ခြင်း(Preeclampsia) ဟာ ကိုယ်ဝန်ဆောင်စဉ် ငါးလမြောက် နောက်ပိုင်းမှာဖြစ်တတ်ပါတယ်။ သွေးတိုးခြင်းကြောင့် အသည်းနဲ့ ကျောက်ကပ်အပါအဝင် ကိုယ်တွင်းအင်္ဂါတွေနဲ့ သန္ဓေသားကို ထိခိုက်‌စေခြင်းဖြစ်ပါတယ်။
သွေးပျစ်မှုပမာဏမြင့်တက်လာရင် သွေးများခဲပြီး သွေးကြောတွေမှာ ပိတ်ဆို့ခြင်း (Venous Thromboembolism) ဖြစ်တတ်ပါတယ်။

• ကိုယ်ဝန်ဆောင်စဉ် ဆီးချိုတက်ခြင်း (Gestational Diabetes)
ကိုယ်ဝန်ဆောင်စဉ်မှာ ဆီးချိုတက်နေချင်းဟာ မွေးလာမယ့်ကလေးအတွက် အန္တရာယ်များစေပါတယ်။ အဝလွန်နေသူတွေမှာ Insulin ဟော်မုန်းရဲ့ တုန့်ပြန်နိုင်စွမ်းဟာလည်း နည်းပါးနေတာကြောင့် ပုံမှန်ကိုယ်ဝန်ဆောင်တွေထက်ပိုပြီး ဆီးချိုတက်လွယ်ပါတယ်။

• မီးဖွားစဉ် ခက်ခဲတတ်ခြင်း
အဝလွန်ခြင်းကြောင့် မေ့ဆေး၊ ထုံဆေး ပေးရန်ခက်ခဲခြင်း၊ ရိုးရိုးမွေးဖွားရန်ခက်ခဲသဖြင့် ခွဲစိတ်မွေးဖွားရခြင်း၊ ခွဲစိတ်ပြီးချုပ်ရိုးအနာပိုးဝင်ခြင်း စတာတွေလည်း ဖြစ်တတ်ပါတယ်။

• အခြားပြဿနာတွေအနေနဲ့ ဆီးပိုးဝင်ခြင်း၊ အိပ်နေစဉ် အသက်ရှူရပ်သွားခြင်း (Obstructive Sleep Apnea) စတာတွေ ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် အဝလွန်ခြင်းဟာ မွေးလာမယ့်ကလေးအပေါ် လည်း အကျိုးသက်ရောက်ရှိနိုင်ပါတယ်။

  • ၃၇ ပတ်မတိုင်ခင် စောမွေးခြင်း ( Premature Birth)
  • ကလေးမှာ မွေးရာပါ ချို့ယွင်းချက်များ ပါလာတတ်ခြင်း (ဥပမာ- နှလုံး အဆို့ရှင်အပေါက်ပါလာခြင်း၊ ကျောရိုးကောင်းစွာ မဖွံ့ဖြိုးခြင်း)
  • Macrosomia လို့ခေါ်တဲ့ မွေးကင်းစကလေးမှာ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် ကြီးနေတတ်ခြင်း (၈ပေါင်နှင့် အထက်)၊နောက်ပိုင်းမှာလည်း ကလေးမှာ ဆီးချို၊ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ ရင်ကျပ်ခြင်း စတဲ့ရောဂါတွေ ဖြစ်လာတတ်ပါတယ်။
  • မိခင်မှာ ဆီးချိုရှိနေခဲ့ရင် မွေးလာတဲ့ကလေးမှာ သွေးတွင်းသကြားဓာတ်ကျဆင်းနေတတ်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခြင်း၊ အသားဝါခြင်း စတာတွေ ကြုံတွေ့ရတတ်ပါတယ်။

အဝလွန်တာကြောင့် ကိုယ်ဝန်ကို မထိခိုက်အောင် ဘယ်လိုလုပ်ရမလဲ?

  • ကိုယ်ဝန်ရှိတာ စပြီးသိတဲ့အချိန်ကစပြီး ‌ကျန်းမာရေးစောင့်ရှောက်မှုခံယူပါ။
  • ဝိတ်ချတဲ့အနေနဲ့ အစားလုံးဝလျှော့မစားရပါ။
  • ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအနည်းငယ်ပြုလုပ်ပါ။
  • မိမိရဲ့ကိုယ်အလေးချိန်ကိုအမြဲ ဂရုစိုက်မှတ်သားပြီး တိုးလာသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများလာရင် တိုင်ပင်ခံဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။

Author: Dr. Aye Myat

Previous Post

ကိုယ်ဝန်ဆောင်မတ်မတ်တို့ အစာစားချင်စိတ်နည်းနေလျှင်

Next Post

“ကိုဗစ်ကို အခက်အခဲကြားက အနိုင်တိုက်ခဲ့ကြသူများ”

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
564
Headaches that are common to expectant mothers

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

3 years ago
346

ကိုယ်ဝန်ဆောင်ကာလ အသားရေထိန်းသိမ်းမှု

3 years ago
536

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

3 years ago
445

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

3 years ago
485

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

3 years ago
260

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

"ကိုဗစ်ကို အခက်အခဲကြားက အနိုင်တိုက်ခဲ့ကြသူများ"

သင့်ကလေး ဦးနှောက်ဖွံ့ဖြိုးစေမယ့်နည်းလမ်းများ

ခွဲစိတ်ထားသော ဒဏ်ရာအနာများကို ကုသနည်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.