fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

325
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/02/2022
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ မိခင်တွေက မိမိရဲ့ ရင်သွေးငယ်တွေအတွက် စိုးရိမ်ပူပန်တတ်ကြပါတယ်။ အထူးသဖြင့် သားဦးကိုယ်ဝန်ကို ဆောင်နေတဲ့အချိန်မှာ ပိုမိုပြီး စိုးရိမ်ပူပန် တတ်ကြပါတယ်။

ဒီလိုအချိန်မှာ ပတ်ဝန်းကျင်ရဲ့ အကြံဉာဏ်ပေးမှုတွေကိုလည်း အများအပြားရရှိမှာဖြစ်ပါတယ်။ အကြံဉာဏ်ပေးမှုတချို့က အသုံးဝင်ပေမယ့် တချို့ကတော့ မှားယွင်းနေတတ်ပါတယ်။

စိုးရိမ်ပူပန်မှုများနေတဲ့ မိခင်တွေအတွက် ဘယ်အကြံဉာဏ်တွေက ဓမ္မဓိဌာန်ကျပြီး၊ ဘယ်အကြံဉာဏ်တွေက ယုတ္တိမရှိဘူးဆိုတာကို ခွဲခြားရခက်ခဲစေပါတယ်။ ဒါကြောင့် အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာ ယုံကြည်မှုအလွဲတွေကို ဖော်ပြပေးလိုက်ရပါတယ်။

 

ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ ၂ ယောက်စာစားရမယ်

အမျိုးသမီးအများစုက ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ ၂ ယောက်စာ ပိုပြီး စားရမယ်လို့ ထင်မြင်တတ်ကြပါတယ်။ ပိုပြီးစားဖို့လိုတယ်ဆိုတာ မှန်ပေမဲ့ ၂ ယောက်စာ စားဖို့လိုအပ်တယ်ဆိုတဲ့ ခိုင်မာတဲ့ လေ့လာတွေ့ရှိချက် မရှိသေးပါဘူး။

ပျမ်းမျှအားဖြင့် ကိုယ်ဝန်ဆောင်ကာလမှာ တစ်နေ့ကို ၃၅၀ ကနေ ၄၀၀ ကယ်လိုရီလောက် ပိုစားရင် လုံလောက်ပါပြီ။ အဲဒီ ပမာဏဟာ ကြက်ဥပြုတ် ၂ လုံးစာ ပမာဏလောက်ပဲ ရှိပါတယ်။

လိုအပ်တဲ့ ပမာဏထက် အလွန်အကျွံစားခြင်းဟာ မေမေတို့အတွက်ရော၊ ရင်သွေးလေးတွေအတွက်ရော ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုမိုဖြစ်စေပါတယ်။ အခန့်မသင့်ရင် ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ သွေးတိုးရောဂါတွေကိုတောင် ဖြစ်စေနိုင်ပါတယ်။ အရေးကြီးတာက အာဟာရဓာတ် ၆ မျိုးလုံးပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများကို ပုံမှန်စားသုံးပေးဖို့ ဖြစ်ပါတယ်။

 

ကိုယ်ဝန်ဆောင်ကာလမှာ မလှုပ်ရှားရဘူး

ရုပ်ရှင်တွေထဲမှာ မင်းသားက မင်းသမီးကို ဂရုစိုက်တာကို သရုပ်ဖော်ဖို့ ကိုယ်ဝန်ဆောင်မင်းသမီးကို ဘာမှပေးမလုပ်ဘဲ ငြိမ်ငြိမ်လေးပေးနေတာကို မကြာခဏ တွေ့ဖူးကြမှာပါ။ အဲဒါကိုကြည့်ပြီးတော့ ကိုယ်ဝန်ဆောင်မိခင်တွေက ဘာမှမလှုပ်ရှားဘဲ ငြိမ်ငြိမ်လေး နေရမယ်လို့တော့ ထင်မှတ်မမှားစေချင်ပါဘူး။

ကိုယ်ဝန်ဆောင်မိခင်တွေက အတိုင်းအတာတစ်ခုအထိ လှုပ်ရှားမှုတွေကို ပြုလုပ်ပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ ပြုလုပ်ရမယ့်လေ့ကျင့်ခန်းသင်တန်းတွေ၊ ယောဂသင်တန်းတွေလည်း တက်လို့ရပါတယ်။ အရေးကြီးတာက ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို မပြုလုပ်တာ၊ အလွန်အကျွံ အလေးအပင်မတာတွေကို ရှောင်ကြဉ်တာ၊ လှုပ်ရှားမှုပြုလုပ်တဲ့အခါ ချော်လဲခြင်း၊ ပြုတ်ကျခြင်း၊ ထိခိုက်ခြင်းမရှိအောင် ဂရုစိုက်တာ စတာတွေကို ပြုလုပ်ပေးဖို့ ဖြစ်ပါတယ်။

ဒါ့ပြင် ကိုယ်ဝန်ဆောင်မိခင်မှာ နှလုံးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိနေရင်လည်း ကိုယ်လက်လှုပ်ရှားမှုတွေကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

 

ကိုယ်ဝန်ဆောင်ချိန် နွားနို့သောက်ရင် မွေးလာတဲ့ကလေး အသားဖြူတယ်

ဒါကတော့ ကိုယ်ဝန်ဆောင်မိခင်များကို နွားနို့သောက်အောင် တစ်ဖက်လှည့်နဲ့ ပြောတဲ့နည်းသာ ဖြစ်ပါလိမ့်မယ်။

နွားနို့ထဲမှာ အာဟာရတွေ စုံလင်အောင် ပါဝင်လို့ မိခင်ရော၊ ကလေးအတွက်ပါ ကောင်းကျိုးများစွာ ရရှိစေနိုင်ပါတယ်။ ဒါပေမဲ့ အသားဖြူခြင်း၊ မဖြူခြင်းကတော့ မျိုးရိုးလိုက်ခြင်းနှင့်သာ အဓိကသက်ဆိုင်ပါလိမ့်မယ်။

 

ကိုယ်ဝန်ရင့်လာရင် ငှက်ပျောသီး မစားရဘူး

ငှက်ပျောသီးမစားခိုင်းရခြင်းရဲ့ အကြောင်းရင်းက ကလေးထွားရင် မွေးရခက်မှာ စိုးလို့ပါတဲ့။

မှားပါတယ်။ ကလေးငယ်က မိခင်ရဲ့ ဝမ်းဗိုက်အတွင်းမှာ ကြီးထွားဖွံ့ဖြိုးနိုင်သမျှ ကြီးထွားဖွံ့ဖြိုးအောင် အာဟာရဓာတ် စုံစုံလင်လင်ရရှိဖို့ လိုအပ်ပါတယ်။ ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ဓာတ်တွေကြွယ်ဝတဲ့အပြင် ဗီတာမင် B6၊ ဗီတာမင် C တို့ ပါဝင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် သွေးအားနည်းရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

မွေးဖွားရခက်လောက်အောင် ကလေးငယ် ကြီးထွားဖွံ့ဖြိုးခြင်းဟာ ကိုယ်ဝန်ဆောင်ဆီးချိုလိုမျိုးရောဂါတွေရဲ့ နောက်ဆက်တွဲ ပြဿနာတွေပဲ ဖြစ်ပါတယ်။ အဲဒီလိုရောဂါတွေမရှိရင် နောက်ဆက်တွဲ ပြဿနာတွေလည်း မရှိနိုင်ပါဘူး။

 

ကိုယ်ဝန်ဆောင်မိခင် အသားအရေပိုပြီး စိုပြည်နေရင် မိန်းကလေးမွေးမယ်၊ ခြောက်သွေ့နေရင် ယောက်ျားလေး မွေးမယ်

ဒီအဆိုဟာ မှန်ကန်ကြောင်း သက်သေပြနိုင်တဲ့ စနစ်ကျတဲ့လေ့လာတွေ့ရှိချက် မရှိသေးပါဘူး။ အများစုက တိုက်ဆိုင်မှုတွေကနေ ကောက်ချက်ချထားကြတာ ဖြစ်ပါတယ်။

 

ကိုယ်ဝန်ဆောင်ချိန် ညနေ ၅ နာရီကျော်ရင် ရေမချိုးရဘူး

မမှန်ပါဘူး။ အဓိကက အအေးပတ်ဖျားနာမှာ စိုးရိမ်လို့ မချိုးစေချင်လို့ ပြောတာ ဖြစ်ပါလိမ့်မယ်။ အအေးပတ်ခြင်း၊ မပတ်ခြင်းကတော့ ရာသီဥတု၊ ချိုးတဲ့ရေရဲ့ အပူအအေး၊ ရေချိုးကြာချိန် စတာတွေပေါ်သာ မူတည်ပါလိမ့်မယ်။

အခန့်မသင့်ရင် ဘယ်အချိန်ရေချိုးချိုး အအေးပတ်နိုင်သလို ဂရုတစိုက်ချိုးရင်လည်း ညနေ ၅ နာရီနောက်ပိုင်း ချိုးလို့ရပါတယ်။

 

ကိုယ်ဝန်ဆောင်နေစဉ် အမျိုးသားနဲ့ လိင်ဆက်ဆံခြင်းမပြုရဘူး

ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်တယ်လို့ ယူဆပြီး အများစုက ဒီအယူအဆကို ယုံကြည်ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုပြုလုပ်ခြင်းက ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ခြေနည်းပါတယ်။

ကိုယ်ဆောင်ကာလ ဒုတိယ သုံးလပတ်ဟာ အမျိုးသားနဲ့အတူနေဖို့ စိတ်အချရဆုံးအချိန် ဖြစ်ပါတယ်။ ဒါ့င် လှဲလျက် ဘေးတစ်စောင်းအနေအထားကလည်း မိခင်နဲ့ကလေးကို သက်သောင့် သက်သာ အဖြစ်စေဆုံးအနေအထားဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ၃၁ ပတ်နောက်ပိုင်းမှာ ဒီလိုပြုလုပ်ပေးခြင်းဟာ မွေးလမ်းကြောင်းကို ကျယ်လာစေတဲ့အပြင် တင်ပါးဆုံတစ်ဝိုက်မှာရှိတဲ့ သွေးလှည့်ပတ်မှုတွေကို ပိုမိုကောင်းမွန်လာစေပါတယ်။

ဒါပေမဲ့ မွေးလမ်းကြောင်းကနေ သွေးဆင်းခြင်း၊ အရည်ဆင်းခြင်းဖြစ်ပွားခဲ့ပါက အတူနေခြင်း မပြုဘဲ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

 

Author: ဒေါက်တာမိုး (ဆေး ၁)

Previous Post

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

Next Post

ကိုဗစ်ဖြစ်ပြီးရင် အဆုတ်ကျန်းမာရေးအတွက် ဘာတွေဆက်လုပ်သင့်လဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသမီးနှင့် မီးယပ်သွေးဆုံးဝေဒနာ

3 months ago
500
To go through menopause normally

သွေးဆုံးချိန်မှာ ပုံမှန်အတိုင်းဖြတ်သန်းနိုင်ဖို့

4 months ago
657

အပျိုအအို ခွဲခြားလို့ရလား?

4 months ago
3.5k
Women and menopause

အမျိုးသမီးနှင့် သွေးဆုံးကိုင်ဝေဒနာ

5 months ago
1.2k
Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

6 months ago
318
About the mistakes of not having children yet

ကလေးမရနိုင်သေးခြင်းရဲ့ အမှားများအကြောင်း

6 months ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုဗစ်ဖြစ်ပြီးရင် အဆုတ်ကျန်းမာရေးအတွက် ဘာတွေဆက်လုပ်သင့်လဲ

သင်သိထားသင့်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေအကြောင်း

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.