fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်တွေအတွက် အရေးပါတဲ့ Lutein ဓာတ်

216
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/10/2021
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
1 min read
A A

Lutein ဓာတ်ရဲ့ အားဖြည့်ပေးမှုကြောင့် Retina လို့ခေါ်တဲ့ မျက်လုံးနောက်ဘက်ခြမ်းက အမြင်အာရုံအတွက် အဓိကလုပ်ဆောင်မှုတွေလုပ်ပေးတဲ့ နေရာလေးဟာ သူ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာလုပ်‌ဆောင်ပေးနိုင်တာပါ။

Lutein လို့ခေါ်တဲ့ အာဟာရဓာတ်တစ်မျိုးဟာ မိမိရင်သွေးငယ်‌ အတွက် အလွန်အရေးကြီးတယ်ဆိုတာ မိခင်လောင်း‌တို့အနေနဲ့ သိကြမှာပါ။  ဒီလို အရေးပါတဲ့ Lutein ဓာတ်ကို မိမိကိုယ်ဝန်ဆောင်စဉ်ကတည်းက လုံလောက်နေအောင် စားသုံးနိုင်မှ မွေးလာမယ့်ကလေးဟာ ကောင်းမွန်စွာ ဖွံ့ဖြိုးလာနိုင်မှာပါ။

Lutein ဟာ ဟင်းသီးဟင်းရွက်တွေကနေ ထုတ်လုပ်ပေးတဲ့ ရောင်ခြယ်ပစ္စည်း Carotenoids အမျိုးအစား တစ်မျိုးပဲ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ကနေ ထုတ်လုပ်နိုင်စွမ်း မရှိတာကြောင့် Lutein ဓာတ် ပါဝင်တဲ့အရာတွေ စားသုံးမှသာ Lutein ဓာတ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။

Luteinကို ဘယ်ကနေရနိုင်သလဲ

-အစိမ်းရောင် ဟင်းသီးဟင်းရွက်များ (ဥပမာ- ဟင်းနုနယ်ရွက်)
-ရွှေဖရုံသီး
-မုန်လာဥ
-ကညွတ်
-ပဲသီးစိမ်း
-Broccoli
စတာတွေဟာ Lutein ဓာတ် ကြွယ်ဝပါတယ်။

Lutein ရဲ့ အရေးပါပုံတွေ

အမြင်အာရုံ

Lutein ဓာတ်ရဲ့ အားဖြည့်ပေးမှုကြောင့် Retina လို့ခေါ်တဲ့ မျက်လုံးနောက်ဘက်ခြမ်းက အမြင်အာရုံအတွက် အဓိကလုပ်ဆောင်မှုတွေလုပ်ပေးတဲ့ နေရာလေးဟာ သူ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာလုပ်‌ဆောင်ပေးနိုင်တာပါ။

Antioxidant Action
အမြင်အာရုံအတွက်တင် သာမက Antioxidant အနေနဲ့ပါ လုပ်ဆောင်ပေးနိုင်တာကြောင့် နှလုံးကျန်းမာရေးနဲ့ ကင်ဆာရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်အတွက် အာဟာရ

ကိုယ်ဝန်ဆောင်များအတွက်လည်း မိမိဗိုက်ထဲက ‌သန္ဓေသား ဖွံ့ဖြိုးမှုအတွက် Lutein ဟာ လိုအပ်ပါတယ်။ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ DHA ဓာတ်ကို မပျက်စီးစေဖို့ Lutein ဟာ Antioxidant ဖြစ်လို့ ကာကွယ်ပေးပြန်ပါတယ်။

ဒါကြောင့် Lutein ဟာ ဆက်လက် ဖွံဖြိုး နေတဲ့အရွယ်တွေဖြစ်တဲ့ ဗိုက်ထဲကသန္ဓေသားအပါအဝင် ဆယ်ကျော်သက်အရွယ်အထိ ပိုမိုလိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကတည်းက မိမိရင်သွေးအတွက် Luteinဓာတ်ကို လုံလောက်တဲ့ပမာဏရအောင် ဖြည့်တင်းထားသင့်ပါတယ်။

ဘာကြောင့် Lutein ဟာ ကိုယ်ဝန်ဆောင်တွေအတွက် အရေးပါသလဲ

ကိုယ်ဝန်‌ဆောင်စဉ် ဒုတိယကိုယ်ဝန်ဆောင်ကာလ အပိုင်းအခြား(Second Trimester) ဖြစ်တဲ့ ကိုယ်ဝန်လေးလမြောက်‌ ကနေစပြီး Lutein ဓာတ်ဟာ သန္ဓေသားရဲ့ Retinaမှာ စတင်စုပုံလာပါတယ်။ တတိယကိုယ်ဝန်အပိုင်းခြား(Third Trimester) ရောက်လာချိန် ကိုယ်ဝန် ၇လနောက်ပိုင်းမှာ သန္ဓေသားရဲ့ မျက်စိနဲ့ ဦးနှောက် ဖွံဖြိုးမှုဟာ အထွတ်ထိပ်ရောက်နေချိန်မို့ မိခင်လောင်းဟာ Lutein ဓာတ်ကို ပြည့်ဝနေမှသာ သန္ဓေသားကြီးထွားဖွံဖြိုးမှုအတွက် ကောင်းမွန်စွာအသုံးချလို့ရမှာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင် မိခင်တစ်ဦး အတွက် တနေ့ကို Lutein 10mg ရရှိအောင် စားသုံးသင့်ပါတယ်။

Luteinရဲ့ မိမိရင်သွေးငယ်အပေါ် အကျိုးကျေးဇူးများ

လေ့လာချက်တွေအရ ကိုယ်ဝန်ဆောင်စဉ်မှာ Lutein ဓာတ် လုံလောက်စွာရရှိထားခဲ့လျှင် မိမိမွေးလာမယ့် ကလေးငယ် အသက်သုံးနှစ် ပြည့်ချိန်မှာ အမြင်အာရုံ ချို့တဲ့မှုကို လျှော့ချပေးစေနိုင်တယ်လို့ သိရပါတယ်။

Lutein ဟာ အမြင်အာရုံအပြင် ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လည်း အရေးပါ‌တာကြောင့် Lutein ဓာတ်ကြွယ်ဝနေတဲ့ ကလေးတွေဟာ သင်ယူနိုင်စွမ်းနဲ့ မှတ်ဉာဏ်တွေ ကောင်းမွန်နေတာပါ တွေ့ရပြန်ပါတယ်။

ဒီလို ကလေးငယ်ရဲ့ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အမြင်အာရုံ အတွက်အရေးပါတဲ့ Lutein ကို ကိုယ်ဝန်ဆောင်စဉ်ကတည်းက လုံလောက်နေအောင် ဖြည့်တင်းထားသင့်ပါတယ်။ ဒါမှသာ ကလေးငယ်မွေးလာချိန်မှာ မိခင်နို့ရည်ဟာ Lutein ဓာတ် ပြည့်ဝနေပြီး ကလေးငယ်အတွက် လုံလောက်တဲ့ Lutein ပမာဏကိုရရှိနိုင်မှာ ဖြစ်ပါတယ်။

Author: Dr. Aye Myat

Previous Post

DHA ဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဘာကြောင့်အရေးကြီးသလဲ

Next Post

ဗိုက်ထဲကရင်သွေးလေးက မိခင်ထံကနေ အဟာရဓာတ်တွေ ဘယ်လိုရလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
564
Headaches that are common to expectant mothers

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

3 years ago
346

ကိုယ်ဝန်ဆောင်ကာလ အသားရေထိန်းသိမ်းမှု

3 years ago
536

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

3 years ago
445

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

3 years ago
485

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

3 years ago
260

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဗိုက်ထဲကရင်သွေးလေးက မိခင်ထံကနေ အဟာရဓာတ်တွေ ဘယ်လိုရလဲ

ကိုယ်ဝန်ဆောင်မိခင်တွေ Morning Sickness သက်သာစေမယ့် အစားအသောက်များ

ကိုဗစ်နောက်ဆက်တွဲနမိုးနီးယားရောဂါကို ဘယ်လိုကျော်ဖြတ်ခဲ့ရလဲ ပြောပြလာတဲ့ စီစဉ်တင်ဆက်သူကောင်းထက်ဇော်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.