fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ဗိုက်ထဲကရင်သွေးလေးက မိခင်ထံကနေ အဟာရဓာတ်တွေ ဘယ်လိုရလဲ

382
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/10/2021
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
1 min read
A A

ရင်သွေးလေးတစ်ဦးမွေးဖွားလာတဲ့အခါ ဖေဖေမေမေတို့ဟာ မိမိကလေးလေးရဲ့ ချက်ကြိုးကို တန်ဖိုးထားပြီး အမှတ်တရသိမ်းဆည်းတတ်ကြပါတယ်။ ချက်ကြိုးဆိုတာ ကိုယ်ဝန်ဆောင်စဥ်မှာ မိခင်နဲ့ ရင်သွေးလေးကို ဆက်သွယ်ပေးထားတဲ့ တစ်ခုတည်းသော အရာဖြစ်သလို ထိုချက်ကြိုးလေးကနေပဲ မိခင်ဆီက အာဟာရတွေ အားလုံးကို ရရှိလာပြီး ဖွံ့ဖြိုး ရှင်သန်လာနိုင်တာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ရင်သွေးလေးတွေ မွေးဖွားပြီးတဲ့အခါ ချက်ကြိုးအပြတ်လေးကို အသေအချာ တန်ဖိုးထားသိမ်းဆည်း ကြတာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ဆက်စပ်ပြီး ဗိုက်ထဲက ကလေးဟာ မိခင်ဆီကနေ ဘယ်လိုနည်းနဲ့ အာဟာရတွေ ရရှိနိုင်သလဲဆိုတာ ပြောပြပေးသွားပါမယ်။

Placenta ဖြစ်ပေါ်လာပုံ

မိခင်ရဲ့ သားအိမ်မှာ သန္ဓေစတည်ပြီး ရက်သတ္တပတ် ၁၂ ပတ်မြောက်မှာ သန္ဓေသားဖွံဖြိုးလာခြင်းနဲ့အတူ သားအိမ်နံရံမှာလည်း သန္ဓေသားနဲ့မိခင်ကို ဆက်သွယ်ပေးတဲ့ အချင်းတိုင် (Placenta) ဖြစ်ပေါ်လာပါတယ်။ Placenta ဟာ သွေးကြောမျှင်များစွာနဲ့ ဖွဲ့စည်းထားပြီး သန္ဓေသားရဲ့ ချက်ကြိုးနဲ့ ဆက်နွှယ်နေပါတယ်။

Placenta ရဲ့ ပတ်ပတ်လည်မှာရှိတဲ့ အလွှာပါးလေးဟာ မိခင်ရဲ့  သွေး‌ကြော နဲ့ သန္ဓေသားရဲ့ သွေးကြောတွေကို ခြားပေးထားပါတယ်။ ဒါကြောင့် မိခင်ရဲ့ သွေးကြောဆီကနေ မလိုလားအပ်တဲ့ ဓာတ်ပစ္စည်း‌ တွေ မဝင်ရောက်နိုင်အောင် တားဆီးပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ထွက်လာတဲ့ဟော်မုန်းတွေဖြစ်တဲ့ HCG, Estrogen , Progesterone စတာ‌တွေကိုလည်း Placenta ကပဲ ထုတ်လွှတ်ပေးပါတယ်။ Placenta ဟာ ကိုယ်ဝန် ၃၄ပတ် ရောက်တဲ့အခါမှာ ရင့်မာလာပါတယ်။

Umbilical Cord (ချက်ကြိုး) သို့မဟုတ် သန္ဓေသား၏ အသက်သွေးကြော

မိခင်ဆီက အာဟာရ အလုံးစုံနဲ့ သွေးတွင်းအောက်ဆီဂျင်ကို ချက်ကြိုးကနေတစ်ဆင့် သန္ဓေသားဆီသို့ ပို့ဆောင်ပေးပါတယ်။ မိခင်ရဲ့အချင်းတိုင်နဲ့ သ‌န္ဓေသားကို ဆက်သွယ်ပေးထားတာကတော့ သန္ဓေသားရဲ့ ချက်ကြိုး (Umbilical cord) ပဲဖြစ်ပါတယ်။

Umbilical Cord ဟာ သွေးလွှတ်ကြော နှစ်ချောင်း (Umbilical Arteries) နဲ့ သွေးပြန်ကြောတစ်ချောင်း (Umbilical Vein) တို့နဲ့ ဖွဲ့စည်းထားပါတယ်။ မိခင်ဆီက အာဟာရ‌အလုံးစုံနဲ့ အောက်ဆီဂျင်ကို Umbilical cord ရဲ့ သွေးလွှတ်ကြောကနေ ကလေးဆီ ပို့ဆောင်ပေးပြီး အညစ်အကြေး၊ အဆိပ်အတောက်တွေကိုတော့ သွေးပြန်ကြောကနေတစ်ဆင့် မိခင်ရဲ့ သွေးကြောထဲသို့ ပြန်လည် ပို့ဆောင်ပေးပါတယ်။

ချက်ကြိုးဟာ မွေးဖွားခါနီး ကလေးတစ်ဦးမှာ 50 cm ခန့် ရှည်လျားတယ်လို့ သိရပါတယ်။ ကိုယ်ဝန် ၃ ပတ်မြောက်မှာ စတင် ဖြစ်ပေါ်လာပြီး ကိုယ်ဝန် ၇ ပတ်မှာ ချက်ကြိုးဟာ ဖွံဖြိုးပြီးအနေအထား ရောက်ရှိပြီး ဖြစ်လာပါတယ်။

မိခင်ဆီက အာဟာရဓာတ်တွေ ဘယ်လို ရသလဲ

ကိုယ်ဝန်ဆောင် မိခင်တို့ စားသုံးလိုက်တဲ့ အစားအစာတွေဟာ အစာအိမ် အူလမ်းကြောင်း ရောက်တဲ့အခါ သေးငယ်တဲ့ Molecules လေးတွေအထိ ဖြစ်အောင် ချေဖျက်ခြင်းခံရပြီး သွေးကြောထဲသို့ ရောက်ရှိလာပါတယ်။ ဒီအခါမှာ သန္ဓေသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်အစုံဟာ ‌မိခင်ရဲ့သွေးကြောက‌နေ အချင်းတိုင်နဲ့ ချက်ကြိုးကနေတစ်ဆင့် ကလေးဆီကို ရောက်ရှိလာပါတယ်။

အကျဉ်းချုံးဆိုရလျှင် မိမိစားသုံးလိုက်တဲ့ အစားအသောက်တွေဟာ ချက်ကြိုးမှတစ်ဆင့် ကလေးဆီကို အာဟာရဓာတ် အနေနဲ့ ရောက်ရှိသွားပြီး ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးပါတယ်။ ဒါ့ကြောင့် မိခင်လောင်းတို့အနေနဲ့ အာဟာရဓာတ် စုံလင်အောင်စားပေးမှသာ မိမိရင်သွေးလေး  ကောင်းစွာ ကြီးထွားဖွံ့ဖြိုးပြီး ထူးချွန်တဲ့ ကလေးအဖြစ် မွေးဖွားလာနိုင်မှာပဲ ဖြစ်ပါတယ်။

Author: Dr. Aye Myat

Previous Post

ကိုယ်ဝန်ဆောင်တွေအတွက် အရေးပါတဲ့ Lutein ဓာတ်

Next Post

ကိုယ်ဝန်ဆောင်မိခင်တွေ Morning Sickness သက်သာစေမယ့် အစားအသောက်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
564
Headaches that are common to expectant mothers

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

3 years ago
346

ကိုယ်ဝန်ဆောင်ကာလ အသားရေထိန်းသိမ်းမှု

3 years ago
536

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

3 years ago
445

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

3 years ago
485

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

3 years ago
260

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်မိခင်တွေ Morning Sickness သက်သာစေမယ့် အစားအသောက်များ

ကိုဗစ်နောက်ဆက်တွဲနမိုးနီးယားရောဂါကို ဘယ်လိုကျော်ဖြတ်ခဲ့ရလဲ ပြောပြလာတဲ့ စီစဉ်တင်ဆက်သူကောင်းထက်ဇော်

သတိထားရမယ့် ကိုဗစ်နောက်ဆက်တွဲပြဿနာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.