fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း
ဆီးကျောက်တည်ခြင်းကို မပေါ့ဆသင့်ပါ
293
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/05/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A
(zawgyi)
ဆီးအိမ်ထဲတွင် (၁) စင်တီမီတာခန့်ရှိသော ကျောက်ကို ချေနိုင်သော်လည်း ၂.၅ စင်တီမီတာထက်ကျော်သွားပါက ချေရန်မကောင်းခြင်းကြောင့် ခွဲစိတ်ကုသရသောအဆင့်ထိ ရောက်သွားတတ်ပါသည်။
ကြိုတင်ကာကွယ်ခြင်း
(unicode)
ဆီးကျောက်တည်ခြင်းရောဂါဖြစ်ပွားမှုသည်တစ်နေ့တစ်ခြားများလာပါသည်။ဆီးကျောက်တည်ခြင်းကြောင့် ငွေကုန်၊ လူပန်းပြီး ဒုက္ခရောက်ကြပါသည်။ ကြိုတင်သိရှိပါက ဝေဒနာသက်သာသော်လည်း နောက်ကျမှ သိရှိပါက ပြင်းထန်စွာခံစားရပါသည်။ ထို့ကြောင့် ဆီးကျောက်တည်ခြင်းကို မပေါ့ဆသင့်ပါ။
ဆီးကျောက်တည်ခြင်းသုံးမျိုး
ဆီးကျောက်တည်ခြင်းကို ကျောက်တည်သောနေရာကို မူတည်ပြီး သုံးမျိုးခွဲခြားနိူင်ပါသည်။ ကျောက်ကပ်ထဲတွင် ကျောက်တည်ခြင်းသည် ကျောက်ကပ်နှင့် ဆီးအိမ်ကို ဆက်သွယ်ထားသော ဆီးပြွန်ထဲတွင် ကျောက်တည်ခြင်းသည် ဒုတိယအများဆုံး ဖြစ်ပါသည်။ ဆီးအိမ်ထဲတွင် ကျောက်တည်ခြင်းသည် တတိယအများဆုံးဖြစ်ပါသည်။
ဆီးကျောက်တည်ခြင်း လက္ခဏာများ
ဆီးကျောက်တည်သောနေရာကိုလိုက်ပြီး ရောဂါလက္ခဏာသည် အနည်းငယ်ကွဲပြားပါသည်။အဓိကလက္ခဏာမှာ နာကျင်ခြင်းဖြစ်ပါသည်။ ကျောက်ကပ်တွင်ဖြစ်ပါက ခါးတွင် နာတတ်ပါသည်။ ကျောက်ကပ်ပြွန် (ဆီးပြွန်) ထဲတွင်ဖြစ်ပါက ဝမ်းဗိုက်၏ ဘယ်ညာတစ်ဖက်တစ်ချက်တွင် နာတတ်ပါသည်။ ဆီးအိမ်တွင် ကျောက်တည်ပါက ဆီးခုံနာတတ်ပါသည်။ဆီးသွားသောအခါတွင် နာကျင်တတ်ပါသည်။ ထိုနောက် ဆီးထဲတွင် သွေးပါလာနိူင်ပါသည်။ ထို့အပြင် ဆီးထဲတွင် ပိုးဝင်ခြင်း ဝေဒနာကို ခံစားရနိူင်ပါသည်။
ဆီးကျောက်တည်ခြင်းကို ကုသခြင်း
ဆီးလမ်းကြောင်းထဲတွင် ကျောက်တည်ရာတွင် ကျောက်အရွယ်အစားသည် ဝ.၅ စင်တီမီတာခန့်သာရှိပါကများသောအားဖြင့်အလိုအလျောက် ကျသွားနိူင်ပါသည်။သို့ရာတွင်၎င်းအရွယ်အစားထက် ကြီးလာမည်ဆိုပါက ကျောက်တုံးကလေးများသည် ဆီးလမ်းကြောင်းတွင် ပိတ်ဆို့ပြီး နာကျင်မှုလက္ခဏာများ ပေါ်လာတတ်ပါသည်။ ကျောက်တည်ခြင်းကို စောစောသတိထားမိပါက ကျောက်ခြေ၍ရသော အရွယ်အစားအလိုက် လွယ်ကူပျောက်ကင်းနိူင်သော်လည်း လွန်စွာနောက်ကျပါက ကျောက်ခြေစက်များနှင့် မခြေနိူင်တော့ပါ။ ထပ်ခါတလဲလဲ ကုသရပါသည်။ကျောက်ခြေစက်ဖြင့်မခြေနိူင်ပါက ခွဲစိတ်ပြီးထုတ်ပေးရသည်အထိ ဖြစ်တတ်ပါသည်။ ကျောက်ကပ်ထဲမှ ကျောက်များသည် ၂.၅ စင်တီမီတာထက် ကျော်သွားပါကများသောအားဖြင့် ကျောက်ချေစက်ဖြင့် မချေနိူင်ပါ။ ကျော်အပဲ့အစများသည် အလွယ်တကူမထွက်နိုင်သောကြောင့် အကြိတ်များစွာ ပြုလုပ်ရပါသည်။
ဆီးပြွန်ထဲမှ ကျောက်များသည် (၁) စင်တီမီတာထက် ကျော်သွားပါက ကျောက်ချေစက်ဖြင့် မချေနိူင်ပါ။ ဆီးပြွန်သည် ကျဉ်းသွားခြင်းကြောင့် ပိုမိုခက်ခဲတတ်ပါသည်။
ဆီးအိမ်ထဲတွင် (၁) စင်တီမီတာခန့်ရှိသော ကျောက်ကို ချေနိူင်သော်လည်း ၂.၅ စင်တီမီတာထက်ကျော်သွားပါက ချေရန်မကောင်းခြင်းကြောင့် ခွဲစိတ်ကုသရသောအဆင့်ထိ ရောက်သွားတတ်ပါသည်။
ကြိုတင်ကာကွယ်ခြင်း
ကျောက်ဖြစ်မှုကို များစေသော ချဉ်ပေါင်ရွက်၊ ခရမ်းချဉ်သီး၊ လက်ဖက်ရည်ခါးခါး၊ စတော်ဘယ်ရီသီးနှင့် အချိုများ ထုံးဓာတ်များစေ၍ အလွန်အကျွံ မစားသင့်ပါ။ ဆီးပျစ်ပါက (သို့မဟုတ်) ဆီးနည်းပါက အနည်ထိုင်မှု ပိုများစေပြီး ကျောက်တည်တတ်၍ ဆီးကျဲအောင် ရေများများသောက်ပေးရပါမည်။ အသည်း၊ အမြစ်၊ ကလီစာနှင့်မှိုများသည် ယူရစ်အက်ဆစ်များပြီး ကျောက်တည်တတ်၍ ဆင်ဆင်ခြင်ခြင် စားရပါမည်။ ဆီးကျောက်တည်ခြင်းကို မပေါ့ဆဘဲ ကြိုတင်ကာကွယ်သင့်ပါသည်။
Author :ဒေါက်တာကောင်းစံ, Healthcare Journal vol 8,no 14
Previous Post
နှုတ်ခမ်းကွဲဝေဒနာ ခံရခက်လိုက်တာ
Next Post
ကင်ဆာရောဂါကာကွယ်ရေး
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Vitamin B12 Deficiency and Neuropathy
ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း
1 year ago
2.3k
An eye cloud that should not be neglected
မပေါ့ဆသင့်သော မျက်စိတိမ်
1 year ago
863
UV rays and eye health
ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး
1 year ago
848
Why is memory weak at a young age?
ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?
1 year ago
1.3k
The consequences of a weak immune system
ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ
1 year ago
1.3k
နွေရာသီနှင့်မိတ်ပြဿနာ
1 year ago
1.4k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
ကင်ဆာရောဂါကာကွယ်ရေး
ကိုယ်ဝန်ဆောင်နဲ့ သိမှတ်ဖွယ်ရာ အထွေထွေ
လှုပ်ရှားမှု မူမမှန်သော ပါကင်ဆန်ရောဂါ
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.