လူတိုင်း တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ နှုတ်ခမ်းများခြောက်သွေ့ကာ
ကွဲအက်ဖူးကြမှာပါ ။နှုတ်ခမ်းသည် အမြဲစိုစွတ်စွာ ရှိနေသင့်တာပါ ။ပူလွန်း ၊အေးလွန်း
လေတိုက်လွန်းလျှင်ဖြစ်စေ ၊နွေရာသီ အဲယားကွန်းခန်းတွင်နေရလျှင်ဖြစ်စေ ၊ဆောင်း
ရာသီ အနွေးဓာတ်လွှတ်ထားသော အခန်းတွင် နေရလျှင်ဖြစ်စေ နှုတ်ခမ်းများခြောက်
ကာ ကွဲအက်တတ်ပေတယ် ။အထူးသဖြင့် နှုတ်ခမ်းကို တံတွေး ခဏခဏဆွတ်တတ်
သူတွေ ပိုဖြစ်တတ်တယ် ။သက်ကြီးရွယ်အိုတွေ ၊အထူးသဖြင့် သွားတု ၊အံကပ်တပ်
ရသူတွေ ၊သွားကျိုးနေသူတွေ ၊သွားရည်တတောက်တောက် ကျတတ်ကာ ချိုလိမ်
အကိုက်များတဲ့ ကလေးငယ်တွေမှာလည်း အဖြစ်များတယ် ။တစ်ခါတစ်လေ ဓာတ်
မတည့်ခြင်း ၊ဥပမာ-နှုတ်ခမ်းနီနဲ့ ဓာတ်မတည့်ခြင်းဖြစ်က နှုတ်ခမ်းကွဲအက်တတ်သေး
တယ် ။
နှုတ်ခမ်းကွဲလျှင် အောက်ပါအတိုင်းသာ ရက် အတန်ကြာလုပ်ဆောင်ပါ ။
-နှုတ်ခမ်းကွဲလျှင် လိမ်းတဲ့ နှုတ်ခမ်းအဆီတစ်မျိုးကို လိမ်းပါ ။
-ပူလွန်း ၊အေးလွန်း ၊လေတိုက်လွန်းတဲ့ရာသီတွင် အပြင်ထွက်မည်ဆိုက နှုတ်ခမ်းနီ
အစား နှုတ်ခမ်းအစိုဓာတ်ကို ထိန်းပေးတဲ့ အလှဆီတောင့်ကို လိမ်းပါ ။
-ဓာတ်မတည့်မှုကြောင့်ဖြစ်က သုံးလက်စ အလှကုန်များ ၊သွားတိုက်ဆေးများ စတာကို
ဆက်မသုံးဘဲ တခြားတံဆိပ်ပြောင်းသုံးကြည့်ပါ ။ဆက်ပြီး နှုတ်ခမ်းခြောက်ခြင်း ရှိ၊မရှိ
လည်း စောင့်ကြည့်ပါ ။
-နှုတ်ခမ်းနာကို ပိုပြီးဆိုးစေသော အပူအစပ်စားခြင်းများရှောင်ပါ ။
-နှုတ်ခမ်းကို လျှာဖြင့် ခဏ ခဏ မသပ်ပါနဲ့ ။
-နှုတ်ခမ်း အစိုဓာတ်ကို ထိန်းပေးရန် ရေများများသောက်ပါ ။
-သွားကြောင့် (ဥပမာ-သွားတု ၊အံကပ်ချောင်နေသည်ဟုထင်က )ဖြစ်က သွားဆရာဝန်
နဲ့ ပြသပါ ။
Author : ခေတ်သစ်ဇီဝက