fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

 မိုးအကုန်ဆောင်းအကူးတွင် အထူးသတိပြုရမည့် ရောဂါများ

368
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/10/2021
in အထွေထွေရောဂါများအကြောင်း, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

ယခုလို မိုးအကုန်ဆောင်းအကူးကာလတွင် အသက်ရူ လမ်းကြောင်းနှင့် ပတ်သတ်သည့်ရောဂါများကား  အဖြစ်များတတ်သည်။ အသက်ရူလမ်း‌ကြောင်းနှင့်ဆိုင်သည့် အဖြစ်အများဆုံးရောဂါများမှာ လေပြွန်ရောင်ရမ်းခြင်း၊ ပန်းနာရပ်ကျပ်ရောဂါပြန်ဖြစ်ခြင်းနှင့်  အဆုတ်ပွခြင်းများ ဖြစ်တတ်သည်။

အနောက်တောင် မုတ်သုန်လေသည် မြန်မာပြည်မှ ပြန်ဆုတ်နေလေပြီ။  ဆောင်းလေသည်လည်း မြောက်အရပ်မှ ၀င်ရောက်လာပြီ။ သို့သော် ဆောင်း၏ အငွေ့အသက်များကား မပီပြင်သေး။ နေ့အခါ အပူချိန် လွန်ကဲတတ်၍ ညအခါမှသာ အေးစပြုလေပြီ။

ယခုလိုမိုးအကုန် ဆောင်းအကူးကာလတွင် မိုးတွင်းတုန်းက အဖြစ်များသော ရာသီတုပ်ကွေးက သိသိသာသာ နည်းသွားပြီဖြစ်သည်။ သို့သော် ဒီကာလတွင် အသက်ရူလမ်း‌ကြောင်းနှင့်ဆိုင်သော ရောဂါများကတော့ လူကြီး၊ လူငယ်၊ ကျား၊ မ မ‌‌ရွေးဖြစ်နေသည်။ ရာသီဥတုကခြောက်သွေ့နေမည်ဖြစ်သော်လည်း ပတ်၀န်းကျင်တွင် ဖုန်ထူထပ်နေသည့်ကာလဖြစ်သည်။ ထို့‌ကြောင့် ယခုလို မိုးကာလတွင် အသက်ရူ လမ်းကြောင်းနှင့် ပတ်သတ်သည့်ရောဂါများ အဖြစ်များတတ်သည်။ အသက်ရူလမ်း‌ကြောင်းနှင့် ဆိုင်သည့် အဖြစ်အများဆုံးရောဂါများမှာ လေပြွန်ရောင်ရမ်းခြင်း၊ ပန်းနာရပ်ကျပ်ရောဂါပြန်ဖြစ်ခြင်းနှင့်  အဆုတ်ပွခြင်းများ ဖြစ်တတ်သည်။

ကလေးငယ်များတွင် လေပြွန်ရောင်ရမ်းသည့်ရောဂါများ အဖြစ်များတတ်ပြီး အသက်ကြီးသည့် သူများတွင်လည်း ဖြစ်ပွားတတ်သည်။ ကုသမှုမခံယူပါက အသက်သေဆုံးနိုင်သည်။ ပထမဆုံး ချောင်းဆိုးမည်။ ထို့နောက် လည်ချောင်းနာမည်။ လည်ချောင်းယောင်လာမည်။ နောက်ဆုံး အဆုတ်ခဲသွားသည့်အဆင့်ထိ ဖြစ်နိုင်သည်။ ထို့‌ကြောင့် ဒီကာလ ချောင်းဆိုးလျှင် မပေါ့ဆသင့်။ ကိုယ်ခန္တာကို နွေးနွေးထွေးထွေးထားရမည်။ အိပ်ရေး၀အောင် အိပ်၍ အဟာရပြည့်၀အောင် စားသုံးသင့်သည်။

ဒီကာလတွင် ပန်းနာရင်ကျပ်‌ ‌‌ရောဂါအခံရှိသူများလည်း အထူးသတိပြုသင့်သည်။ ရာသီဥတု ခြောက်သွေ့သည်က တစ်‌ကြောင်း ဆောင်းလေအေးများတိုက်ခတ်သည့်အတွက် အသက်ရူလမ်းကြောင်းများ ကျဥ်းသွားတတ်သည်။ ကလေးသူငယ်များတွင် အများဆုံးဖြစ်ပွားတတ်၍ မိဘများသတိထားရမည့် ရောဂါတစ်မျိုးဖြစ်သည်။  ကလေးငယ်များတွင် ပန်းနာရင်ကျပ်ဖြစ်နေသော လက္ခဏာများဖြစ်သော အဖျားမရှိဘဲ အသက်ရူမြန်ခြင်း၊ အသက်ရူပုံမှန်မဟုတ်ခြင်း၊ ချောင်းဆိုးခြင်း၊  အသက်ရူကျပ်နေခြင်း၊ အသက်ရူရတာ ခက်ခဲခြင်း၊ အသက်ရူသံကို ကျယ်လောင်စွာကြားနေရခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ခြေလက်နှုတ်ခမ်းတွေ ပြာလာခြင်းများဆိုလျှင် နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်သွားရောက်ကုသမှုခံယူသင့်သည်။

အထက်ပါလက္ခဏာများကို လူကြီးပန်းနာရင်ကျပ်များတွင်လည်း တွေ့ရနိုင်သည်။ ချောင်းဆိုးလျှင် သလိပ်ထွက်တတ်သည်။ မနက်စောစောတွင် ရင်ကျပ်တတ်၍ နေ့လည်နေ့ခင်းဘက်တွင် သက်သာနေတတ်သည်။ ပန်းနာရင်ကျပ်ရောဂါအခံရှိသူများကား ပန်းနာရင်ကျပ်သက်သာစေသောဆေးများကို ကြိုတင်ဆောင်ထားသင့်သည်။ ပန်းနာရင်ကျပ်ရောဂါမှာ ကုသမှုမခံယူပါက အသက်သေရှုံးနိုင်သဖြင့် ကုသမှုအမြန်ခံယူသင့်သည်။

ဤကာလ၌ ညအချိန်မှသာ ရာသီဥတုအေးနေတတ်ပြီး နေ့လည်နေ့ခင်း ရာသီဥတုမှာ အပူချိန်လွန်ကဲ နေတတ်သည်။ ထို့ကြောင့် မနက်ပိုင်းချက်ပြုတ်ထားသော အစားအသောက်များကို ညနေပိုင်း စားမည်ဆိုပါက သတိထားပြီး စားသုံးသင့်သည်။ ဤအချိန်တွင် ၀မ်းပျက်၀မ်းလျှောရောဂါများလည်း ဖြစ်ပွားတတ်သည်။ မသင့်ရှင်းသော အစားအသောက်များ စားမိပါက ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းများ ဖြစ်ပွားတတ်သည်။ ထို့ပြင် ချောင်းရေ ကန်‌ရေသောက်သုံးသော ‌ဒေသများတွင် ရေကို ကြိုချက်သောက်သုံးသင့်သည်။ ကလေးငယ်များတွင်   Rotavirus ဟုခေါ်သော ပိုးတစ်မျိုး ကြောင့်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တတ်သည်။ ကလေးငယ်များတွင် ဖြစ်ပွားပါက အလွယ်တကူ ၀မ်းပိတ်‌ဆေး ၀ယ်မတိုက်သင့်ဘဲ ဓာတ်ဆားရည်ပင် အဓိကပြန်တိုက်ပေးရမည်။ ကလေးငယ် အလွန်အကျွံ မိန်းနေခြင်း၊ အီနေခြင်း၊ ဆီးနည်းသွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ပို့ဆောင်၍ ကုသမှုခံယူရမည်။

ထို့ပြင် ယခုကာလတွင် လုံး၀မမေ့သင့်သော ရောဂါကတော့ ကိုဗစ်ရောဂါဖြစ်သည်။ မြန်မာနိုင်ငံတွင် ဇူလိုင်လအတွင်းက COVID  တတိယလှိုင်း ရိုက်ခတ်ခဲ့ပြီးပြီ ဖြစ်သည်။  သို့သော် ပေါ့ဆနေလို့မရသော ရောဂါတစ်မျိုးပင်ဖြစ်သည်။ ယခုအခါတွင်လည်း  COVID 19  ရောဂါထပ်မံ ကူးစက်ခြင်းမရှိစေရန် လူစုလူ‌‌ဝေးရှောင်ရှားရမည်။ အပြင်ထွက်လျှင် Mask ကိုစနစ်တကျ ဝတ်ဆင်ရမည်။ လက်ကို ဆပ်ပြာနှင့် မကြာခဏဆေးကြောရမည်။ ကာကွယ်ဆေးထိုးပြီးထားသော သူများသည်လည်း နောက်တစ်ကြိမ် ပြန်လည် ကူးစက်နိုင်သည်။ ထို့‌ကြောင့် ကျန်းမာရေးဌာနမှ ထုန်ပြန်ထားသော စည်းကမ်းချက်များကို ဂရုတစိုက် လိုက်နာရမည်ဖြစ်သည်။

ယခုကာလတွင် အစားသောက်ကို အဟာရ ပြည့်ဝအောင်စားသုံးရမည်။ အသား၊ငါးနှင့် နို့ထွက်ပစည်းများကို စားသုံးရမည်ဖြစ်သလို အသီးအရွက်နှင့် သစ်သီးများကိုလည်း မျှတစွာ စားသုံးရမည်။ ညဘက် အိပ်ရေးပျက်သည်အထိ အလွန်အကျွံ Game ကစားခြင်းများကိုလည်းရှောင်ကျဥ်ရမည်ဖြစ်ပြီး အိပ်ရေးဝအောင် အိပ်စက်အနားယူရမည်။ မိုးကုန်သွားပြီဖြစ်၍ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ရမည်။ မနက်စောစော ထနိုင်သူက မနက်စောစောထ၍ လေ့ကျင့်ခန်းလုပ်ကာ မနက်မထနိုင်သူများကား  ညနေပိုင်းတွင် လေ့ကျင့်ခန်းများလုပ်သင့်သည်။ ထို့မှသာ ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်ကိုပိုင်ဆိုင်ကာ အနာဂတ်တွင် ပျော်ရွှင်ကျန်းမာသောဘ၀ကို ရရှိနိုင်မည် ဖြစ်သည်။

Author: ဒေါက်တာအေးချမ်းမိုး

Previous Post

အိပ်ပျော်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အစားအစာများ

Next Post

 Vitamin C, Vitamin D လွန်ကဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
851
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

 Vitamin C, Vitamin D လွန်ကဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ

ဆံပင်တွေ တအားကျွတ်နေလား

ဓာတ်ဆားရည်သောက်တိုင်း ကောင်းသလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.