fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ရာသီအကူးအပြောင်းမှာ ချောင်းဆိုးချွဲကျပ်မဖြစ်ရအောင်

322
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/11/2021
in ကျန်းမာသော နေထိုင်မှုပုံစံ, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

မိုးအကုန်ဆောင်းအကူးတွင် အပူချိန်လျော့ အအေးဓာတ်များပြီး ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ် အားနည်းပြီး တုပ်ကွေးဖျားနာ၊ချောင်းဆိုးချွဲကျပ်တာတွေ အဖြစ်များကြပါတယ်။ ချောင်းဆိုးခြင်းသည် ပိုးမွှားနှင့် ခန္ဓာကိုယ်ပြင်ပရှိ ဓာတ်ပစ္စည်းများကို ခုခံတုံ့ပြန်သည့်ခန္ဓာကိုယ်၏ ကာကွယ်တုံ့ပြန်မှု ဇီဝကမ္မဖြစ်စဉ်တစ်မျိုးဖြစ်ပါတယ်။

ဓာတ်မတည့်မှု၊ ရောဂါပိုးမွှား ကူးစက်ခံရခြင်း၊ ပန်းနာရင်ကျပ်နှင့် နာတာရှည် လေပြွန်ကျဉ်းရောဂါ၊ အဆုတ်တီဘီ စသည့်ရောဂါများသည်လည်း ချောင်းဆိုးချွဲကျပ်ခြင်းကို ဖြစ်စေတတ်ပါသည်။ ရာသီဥတုအကူးအပြောင်းတွင် ရုတ်တရက်အပူချိန်ပြောင်းလဲခြင်း၊ ရာသီအလိုက် ဓာတ်မတည့်ဖြစ်တတ်သည့်ရောဂါ Seasonal Allergy နှင့် ရာသီတုပ်ကွေးကူးစက်ခံရခြင်းတို့ကြောင့် ချောင်းဆိုးချွဲကျပ် ခံစားရေလေ့ရှိသည်။

ချွဲသလိပ်များပြီး ရင်ကျပ်ချောင်းဆိုးလျှင် သလိပ်ပျော်ဆေးပါသော အိမ်သုံးဆေး၊ ဆရာဝန်ညွှန်ကြားမှု မလိုသော ချောင်းဆိုးပျောက်ဆေး သောက်ပြီးသက်သာနိုင်ပါတယ်။ ကလေးများတွင်ဖြစ်လေ့ရှိသည့် နှာစေးချောင်းဆိုးအများစုသည် ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်တတ်ပါသည်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့်အတွက် ပဋိဇီဝဆေးလို့ခေါ်သောပိုးသတ်ဆေး Antibiotics တွေမလိုဘဲ ၁-၂ ပတ်အတွင်း အလိုလိုသက်သာလေ့ရှိသည်။

သို့သော် COVID-19 ကဲ့သို့ ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် အခြားသောရောဂါအခံများကြောင့်လည်း ချောင်းဆိုးချွဲကျပ် ခံစားရနိုင်သဖြင့် ဆရာဝန်မှ ချောင်းဆိုးချွဲကျပ်ခြင်း၏ ရောဂါရာဇဝင်မေးမြန်း၊ စမ်းသပ်၊ နားကြပ်ဖြင့်နားထောင်စစ်ဆေးပြီး ရောဂါအခံပေါ်မူတည်၍ လိုအပ်ပါက ဆေးကုသမှု အမြန်ခံယူသင့်သည်။

ရာသီအကူးအပြောင်းတွင် ကိုယ်ခံအားကောင်းမွန်စေရန် အစာအာဟာရ သင့်တင့်မျှတအောင်စားခြင်း၊ ဗီတာမင်စီ၊ ဗီတာမင်အေ စသည့်ရောဂါကာကွယ်ပြီး ကိုယ်ခံအားကိုထောက်ပံ့ပေးသော အာဟာရဓာတ်များပြည့်ဝအောင် ဖြည့်စွက်စားပေးခြင်း ပြုလုပ်သင့်သည်။ မိုးတွင်းဆောင်းတွင်း ကာလများတွင် စိုထိုင်းဆများခြင်း၊ နေရောင်မရခြင်းကြောင့် အိမ်တွင်းအခန်းတွင်း၊ ဗီရိုကဲ့သို့ ပရိဘောဂများတွင် မှိုတက်ခြင်း၊ ရာသီအလိုက်ပွင့်သော ပန်းများ၏ဝတ်မှုန်၊ဝတ်ဆံများကြောင့် ဓာတ်မတည့်ခြင်းဖြစ်ပြီး ချောင်းဆိုးချွဲကျပ် ဖြစ်တတ်သည်။ ထို့ကြောင့် မှိုများကင်းစင်အောင် ပြုလုပ်ပေးခြင်း၊ ပန်းပွင့်များဝတ်မှုန်များ တိုက်ရိုက်မထိအောင် ရှောင်ခြင်းတို့ သတိထားသင့်ပါသည်။ အသက်ရှုလမ်းကြောင်းတစ်လျှောက် ချွဲများ မပိတ်စေရန် ရေဓာတ်လုံလောက်အောင်ဖြည့်တင်းပေးပါ။ ကော်ဖီ၊ လက်ဖက်ရည်၊ အအေးများ သောက်သုံးခြင်းအစား စွပ်ပြုတ်၊ ဆန်ပြုတ်ကဲ့သို့ ပူနွေးသော အစားအစာများစားပြီ နွေးနွေးထွေးထွေးနေပါ။

အိမ်တွင်းလေထုညစ်ညမ်းမှုဖြစ်စေသည့် ထင်း၊ မီးသွေးအသုံးပြု၍ ချက်ပြုတ်ခြင်း၊ အမှိုက်မီးရှို့ခြင်း၊ ခြင်ဆေးထွန်းခြင်း၊ အမွှေးတိုင်ထွန်းခြင်းတို့ကို ရှောင်ကျဉ်ရပါမည်။ အိမ်ကို လေဝင်လေထွက် ကောင်းမွန်အောင် ပြတင်းတံခါးများ ဖွင့်ထားသင့်ပါသည်။ ဆေးလိပ်သောက်သုံးခြင်းသည် အသက်ရှူလမ်းကြောင်းနှင့် အဆုတ်၏ ရောဂါပိုးများ ကူးစက်ဝင်ရောက်ခြင်းမှ ခုခံနိုင်စွမ်းကို ကျဆင်းစေပြီး လေပြွန်ရောင်ရမ်းခြင်းနှင့် လေအိတ်များ ပျက်စီးခြင်းမှ နာတာရှည် လေပြွန်ကျဉ်းရောဂါထိဖြစ်စေနိုင်သည်။ ပန်းနာရင်ကျပ်ရောဂါအခံရှိသူများကို ရုတ်တရက် ချောင်းဆိုးရင်ကျပ်ခြင်းဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်သင့်ပါသည်။

စည်ကားထူထပ်သော နေရာများသို့ မလိုအပ်ဘဲမသွားခြင်း၊ နေမကောင်းလျှင် အိမ်ထဲမှာပဲ နေခြင်း၊ လက်ကို မကြာခဏဆေးပေးခြင်း၊ အပြင်ထွက်လျှင် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ မျက်နှာကို လက်မဆေးဘဲ ထိကိုင်ခြင်း မပြုမိအောင်ဂရုပြုခြင်း၊ ချောင်းဆိုးနှာချေလျှင် လက်ကိုင်ပုဝါ၊ တစ်ရှူးဖြင့် သေချာအုပ်ခြင်းဖြင့် ရောဂါပိုးမွှားကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားလုပ်ပေးခြင်းနှင့် အသက်ရှူလေ့ကျင့်ခန်း Breathing Exercise ပြုလုပ်ပေးခြင်းကလည်း အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။

ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး နှစ်စဉ်ပုံမှန် ကြိုတင်ထိုးခြင်းတို့ပြုလုပ်ပေးခြင်းဖြင့် ရာသီတုပ်ကွေး၏ နောက်ဆက်တွဲ ပြဿနာဖြစ်သည့် ချောင်းဆိုးချွဲကျပ်မဖြစ်ရအောင် ကာကွယ်နိုင်ပါသည်။ အထူးသဖြင့် အသက်၆၅နှစ်နှင့်အထက် လူကြီးများ၊ ရောဂါအခံရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ၆လမှ ၅နှစ်ကြား ကလေးများ၊ ကူးစက်မှုများနိုင်သော ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် တုပ်ကွေးရောဂါ ကာကွယ်ဆေး နှစ်စဉ်ပုံမှန်ထိုးသင့်ပါသည်။ အထက်ပါနည်းလမ်းများ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရာသီအကူးအပြောင်းမှ ချောင်းဆိုးချွဲကျပ်မဖြစ်အောင် ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ရေးသားမျှဝေလိုက်ရပါတယ်။

 

Author: Dr. Ye Mon

Previous Post

အစာအိမ်ရောဂါဖြစ်စေနိုင်တဲ့‌‌ နေ့စဉ်အမူအကျင့်များ

Next Post

လေပွခြင်းကိုအားပေးတဲ့ အစားအစာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
382

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လေပွခြင်းကိုအားပေးတဲ့ အစားအစာများ

ချွဲကျပ်ခြင်းသက်သာပျောက်ကင်းစေမယ့် သဘာ၀နည်းလမ်းများ

ထိပ်ကပ်နာဖြစ်နေရင် ဒါတွေဆောင်၊ ဒါတွေရှောင်ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.