fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အလွှာခြားတာကောင်းလား?

108
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/05/2023
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အမျိုးသားနှင့် အမျိုးသမီးအရွယ်ရောက်လို့ လိင်ဆက်ဆံကြတဲ့အခါ တစ်ချို့က အလွှာခြားတာတောင် မခံချင်ဘူးဆိုတဲ့ အကြောင်းပြချက်နှင့် ကွန်ဒုံးသုံးတာကို ငြင်းပယ်တတ်ကြပါတယ်။ အမှန်တကယ်က အလွှာခြားတာက ပြဿနာမဟုတ်ပါဘူး။ အလွှာမခြားလိုက်မှသာ ပြဿနာတစ်သီတစ်တန်းကြီး ပါလာနိုင်တာပါ။

လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးတာက ရှက်စရာတစ်ခုမဟုတ်ပါဘူး။ မိမိလိင်ဆက်ဆံဖော်ရဲ့နောက်ကြောင်းရာဇဝင်ကို သေချာမသိဘူး၊ စိတ်မချရဘူး ဆိုရင် ကွန်ဒုံးကို သုံးကိုသုံးသင့်ပါတယ်။ကွန်ဒုံးသုံးခြင်းအားဖြင့် ကိုယ်ဝန်မရအောင် ၉၆ရာခိုင်နှုန်းထိကာကွယ်ပေးရုံသာမက လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါကူးစက်မှုကိုလည်း ၉၉ ရာခိုင်နှုန်းထိကာကွယ်ပေးနိုင်ပါတယ်။

လိင်ဆက်ဆံတိုင်းကွန်ဒုံးသုံးရမှာလား?
မိမိဟာ တစ်လင်တစ်မယားစနစ် ကျင့်သုံးနေသူမဟုတ်ဘူး၊ မိမိရဲ့ လိင်ဆက်ဆံဖော်ရဲ့
နောက်ကြောင်းရာဇဝင် ကိုသေချာဂဃနဏ မသိဘူးဆိုရင်တော့ လိင်ဆက်ဆံတဲ့ အကြိမ်ရေတိုင်း
ကွန်ဒုံးပါအောင်သုံးပေးရပါမယ်။ တစ်ခါလေး ကွန်ဒုံးမသုံးလိုက်ခါမှ တစ်ဘဝလုံးနောင်တရနေမယ့်
အဖြစ်မျိုးကို မခံစားချင်ရင် ကွန်ဒုံးသုံးဖို့မရှက်ပါနှင့်။

အလွှာခြားတာပြဿနာလို့ထင်နေတဲ့စိတ်ကို ဘယ်လိုဖြေရှင်းမလဲ?
အဓိကကတော့ အလွှာခြားတာပြဿနာလို့ထင်နေတဲ့ စိတ်ကို လိင်ဆက်ဆံဖော်နှစ်ဦးနှစ်ဖက်
စိတ်အေးရတဲ့ စိတ်နှင့် အစားထိုးပါ။ တစ်ခဏတာသာယာမှုကို တစ်ဘဝစာ နှင့် မလဲလိုက်ပါနှင့်။
ကွန်ဒုံးမသုံးချင်ရင် တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါ။ မိမိ လိင်ဆက်ဆံဖော်နောက်ကြောင်းကို
သိအောင်လုပ်ပါ၊ နှစ်ဦးနှစ်ဖက်ဆေးစစ်ပါ။ ကျန်းမာရေးစောင့်ရှောက်မှုအမြဲခံယူပါ။

ကွန်ဒုံးသုံးခြင်းရဲ့ကောင်းကျိုးများ
1. HIV/ AIDS, အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ ဆီးပူညောင်းကျရောဂါ၊ ကာလသားရောဂါ၊
ကလိုင်မိုင်းဒီးယား စတဲ့ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို ၉၉ ရာခိုင်နှုန်းထိ
ကာကွယ်ပေးပါတယ်။
2. ကွန်ဒုံးဟာ စျေးသင့်ပါတယ်၊ အလွယ်တကူဝယ်လို့ရနိုင်ပါတယ်။
3. ကွန်ဒုံးဟာ အသုံးပြုရလွယ်ပါတယ်။
4. ကိုယ်ဝန်မရအောင် ၉၆ရာခိုင်နှုန်းထိကာကွယ်ပေးပါတယ်။
5. မိမိအိမ်ထောင်ဖက်မှာ တားဆေးထိုးခြင်း၊ သောက်ခြင်းရဲ့ ဆိုးကျိုးတွေကို မခံစားရစေခြင်း။
6. ကွန်ဒုံးတွင် ဘေးထွက်ဆိုးကျိုးနည်းပါးခြင်း စသည်တို့ဖြစ်ပါတယ်။

ကွန်ဒုံးသုံးခြင်းရဲ့ ဆိုးကျိုးများ
1. ကွန်ဒုံးပေါက်တတ်ခြင်း
2. လိင်မဆက်ဆံခင် နှင့် အမျိုးသားလိင်အင်္ဂါထောင်မတ်ချိန်တွင် အချိန်ကိုက်သုံးရခြင်း
3. လိင်ဆက်ဆံတဲ့ အကြိမ်ရေတိုင်း ကွန်ဒုံးသုံးဖို့လိုအပ်ခြင်း

သတိပြုရမည့်အချက်များ
1. ကွန်ဒုံးပေါက်တတ်သည့်အတွက် လိင်ဆက်ဆံပြီးပါက မစွန့်ပစ်ခင် ကွန်ဒုံးကိုသေချာစစ်ဆေးပါ။
2. ကွန်ဒုံးပေါက်သွားပါက ကိုယ်ဝန်ရသွားနိုင်သည့်အတွက် အမျိုးသမီးလိင်ဆက်ဆံဖော်ကို
အရေးပေါ်တားဆေးတိုက်ပါ။
3. ကွန်ဒုံးကို လိင်ဆက်ဆံပြီးတိုင်း စနစ်တကျ စွန့်ပစ်ပါ။
4. ကွန်ဒုံးမသုံးခင် ရက်လွန်ဒိတ် ဟုတ်မဟုတ် သေချာစစ်ဆေးပါ။

Author : Dr.Khaing

Previous Post

နေပူထဲမှာနေတာကြာရင် ဘာကြောင့်ခေါင်းကိုက်တတ်တာလဲ?

Next Post

Paracetamol သို့မဟုတ် Acetaminophen အကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 months ago
227

ပန်ဒါမျက်ဝန်းလေး မဖြစ်စေဖို့

2 months ago
212

Screen Time တွေကြောင့် ညအိပ်မပျော်ခြင်း

2 months ago
221

အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေသော အကြောင်းအရင်းများ

3 months ago
315

ဗီတာမင် C ချို့တဲ့ရင် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ?

4 months ago
763
For adults to be healthy and fresh in winter

လူကြီးတွေ ဆောင်းရာသီမှာ ကျန်းမာလန်းဆန်းဖို့ဆိုရင်

6 months ago
431

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Paracetamol သို့မဟုတ် Acetaminophen အကြောင်း

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

အသည်းရောင် စီပိုးရှိသူတွေ ဆောင်ရန်၊ ရှောင်ရန်အချက်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.