fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်နှင့် ဆေးလိပ်ငွေ့အန္တရာယ်

133
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/11/2021
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
1 min read
A A

ဆေးလိပ်​သောက်ခြင်းသည် ကျန်းမာ​ရေးကို ဆိုးရွားစွာထိခိုက်​စေပါသည်။”  ဒီစာသား​လေးကို ​ဆေးလိပ်ဘူး​တွေမှာပါ​ရေးထားတာကို လူတိုင်းမြင်ဖူးကြမှာပါ။ ​ဆေးလိပ်တစ်လိပ်မှာ နီကိုတင်း၊ စသဖြင့်အဆိပ်ရှိတဲ့ဓာတုပစ္စည်း​ပေါင်း၂၅၀မျိုး​လောက် ပါဝင်​နေပါတယ်။ အဲဒီထဲမှာမှ အမျိုး၇၀​လောက်က​ ကင်ဆာ​ရောဂါ​တွေဖြစ်ပွား​စေနိုင်ပါတယ်။ သာမန်လူ​တွေကို​တောင် ဒုက္ခများစွာ​ပေးနိုင်တဲ့​ဆေးလိပ်ဟာ ကိုယ်ဝန်​​ဆောင်​မေ​မေတို့အတွက်ဆိုရင် ဘယ်​လောက်​တောင်အန္တရာယ်​ပေးနိုင်မလဲဆိုတာ ​တွေးကြည့်နိုင်ပါတယ်။

​ဆေးလိပ်​ငွေ့ရဲ့အန္တရာယ်လို့ဆိုရာမှာ ​မေ​မေတို့ကိုယ်တိုင်​ဆေးလိပ်​​သောက်တာဖြစ်​စေ၊ အခြားသူ​တွေ​သောက်တဲ့ ​ဆေးလိပ်​ငွေ့ကို ရှူရှိုက်မိတာဖြစ်​စေ ၂မျိုးလုံးက​နေရရှိနိုင်တဲ့ ဆိုးကျိုး​တွေဟာအတူတူပဲဖြစ်ပါတယ်။ ​ဒါ​ကြောင့်မေ​မေတို့ကိုယ်တိုင်​ဆေးလိပ်မ​သောက်ရင်​တောင်မှ အခြား​ဆေးလိပ်​​သောက်​နေသူ​တွေရှိတဲ့​နေရာဆို ​ရှောင်ကြဥ်​နေထိုင်ဖို့အ​ရေးကြီးပါတယ်။ ​မေ​မေ​အတွက်ရော က​လေး​လေးအတွက်ပါ အန္တရာယ်ရှိတဲ့​ဆေးလိပ်​ငွေ့​တွေကို ​ရှောင်ကြဥ်နိုင်ဖို့ဆိုရင် မေ​မေတို့ရဲ့အိမ်နဲ့ကားအတွင်းမှာ ဘယ်သူ့ကိုမှ​ဆေးလိပ်​ပေးမ​သောက်ပါနဲ့။ အခန်း​တွင်းမှာ​ဆေးလိပ်​ပေး​သောက်ထားတဲ့ စား​သောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်​တွေသွားခြင်းကို​လည်းရှောင်ကြဥ်ရပါမယ်။

ဆေးလိပ်​သောက်ခြင်းနဲ့​ဆေးလိပ်​ငွေ့ရှူခြင်း​ကြောင့် ​ကိုယ်ဝန်​ဆောင်မေ​မေနဲ့က​လေး​​လေးတို့အတွက် ​ကြုံ​တွေ့လာရနိုင်တယ့် အန္တရာယ်​တွေက​တော့-

 

(၁) ကိုယ်ဝန်ပျက်ကျခြင်း၊ က​လေးအ​သေ​မွေးခြင်း၊ ​နေရာလွယ်မှားသ​န္ဓေသားဖြစ်​စေခြင်း

​ဆေးလိပ်​သောက်တဲ့ကိုယ်ဝန်​ဆောင်​မေ​မေတို့ဟာ ​ဆေးလိပ်​မ​သောက်တဲ့​မေ​မေ​တို့ထက် က​လေးအ​သေ​မွေးနိုင်​ခြေ ၄၁ရာခိုင်နှုန်း​လောက်ပိုများ​နေတာကို ​တွေ့ရှိရပါတယ်။ ဒါ့ပြင် ​နေရာလွဲမှားသ​န္ဓေသားဆိုတာက​တော့ သ​န္ဓေသားကပုံမှန်ရှိနေရမယ့်သားအိမ်တွင်းမှာမဟုတ်ဘဲ အခြားသားအိမ်ပြင်ပကပြွန်​တွေမှာ ​နေရာမှားယွင်းစွာဖြစ်တည်လာတာပဲဖြစ်ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင် ​မေ​မေအတွက်အန္တရာယ်ရှိ​စေနိုင်တာမို့ အမြန်ဆုံးခွဲထုတ်ပစ်ရမှာဖြစ်ပါတယ်။

 

(၂) အချင်း​ရှေ့​ရောက်ခြင်း

ဆေးလိပ်​​​သောက်ခြင်းသို့မဟုတ် ​ဆေးလိပ်​ငွေ့ရှူခြင်းက အချင်း​ရှေ့​ရောက်နိုင်​ခြေကိုမြင့်မားစေပါတယ်။ အချင်းကသားအိမ်ရဲ့ပုံမှန်နေရာမှာ မတွယ်ကပ်ဘဲ သားအိမ်​ခေါင်းနဲ့အလွန်နီးကပ်စွာတည်ရှိ​နေတာကို အချင်း​ရှေ့​ရောက်တယ်လို့​ခေါ်ပါတယ်။ အချင်း​ရှေ့​ရောက်​နေတဲ့​မေ​မေတို့ဟာ ​များ​သောအားဖြင့်​မွေးဖွားရခက်ခဲပြီး ဗိုက်ခွဲ၍သာ​မွေးဖွားရတတ်ပါတယ်။

 

(၃) အချိန်မတိုင်မီအချင်းကွာခြင်း

ဆေးလိပ်​ငွေ့​မှာပါဝင်တဲ့ဓာတုအဆိပ်တွေ​ကြောင့် အချင်းဟာ သားအိမ်နံရံက​နေ အချိန်မတိုင်မီကွာကျလာနိုင်ပါတယ်။ အဲဒီလို​စောစီးစွာကွာလာရင် လမ​စေ့ဘဲ​မွေးခြင်း၊ က​လေးအ​သေ​မွေးခြင်း၊ ​မွေးဖွားပြီးမကြာမီက​လေး​သေဆုံးနိုင်ခြင်းစတာ​တွေ ဖြစ်​ပေါ်လာနိုင်ပါတယ်။

 

(၄) အချိန်မတိုင်မီ ​ရေမွှာအိတ်​ပေါက်ခြင်း

ဆေးလိပ်အလွန်အမင်း​သောက်သုံးတဲ့​မေ​မေတို့ဟာ ကိုယ်ဝန်​ဆောင်ကာလအ​စောပိုင်းမှာတင် ​ရေမွှာ​ပေါက်သွားနိုင်ပြီး ကိုယ်ဝန်ပျက်ကျတာ၊ ပိုးဝင်တာမျိုး​တွေ ဖြစ်လာနိုင်ပါတယ်။

(၅) ​ပေါင်မပြည့်​သောက​လေး​မွေးခြင်း

​ဆေးလိပ်​ငွေ့အဆိပ်​တွေနဲ့​နေ့တိုင်းထိ​တွေ့​နေတဲ့​မေ​မေတို့ဟာ ​ကိုယ်အ​လေးချိန်မပြည့်ဘဲ​သေး​ကွေးလွန်းတဲ့က​လေး​လေး​တွေ​မွေးဖွားလာနိုင်ပါတယ်။

 

(၆) က​လေးမှာနှုတ်ခမ်းကွဲ၊ အာ​ခေါင်ကွဲ​များပါလာခြင်း

ကိုယ်ဝန်အစောပိုင်းကာလဟာ က​လေးရဲ့နှုတ်ခမ်းနဲ့ပါးစပ်​တွေဖွဲ့စည်းတည်​ဆောက်​နေတဲ့ အချိန်ဖြစ်ပါတယ်။ ဒါ့​ကြောင့် ​မေ​မေတို့ဟာ ကိုယ်ဝန်အ​စောပိုင်းကာလမှာ ​ဆေးလိပ်​သောက်ခဲ့ရင် ​မွေးလာတဲ့က​လေး​လေး​တွေမှာ နှုတ်ခမ်းကွဲ၊ အာ​ခေါင်ကွဲ​လေး​တွေပါလာတတ်ပါတယ်။

 

(၇) ​မွေးဖွားပြီး က​လေးရုတ်တရက်​သေဆုံးခြင်း

ဆေးလိပ်​ငွေ့အန္တရာယ်ဟာ အလွန်​ကြောက်စရာ​ကောင်းပါတယ်။ တစ်ခါတစ်ရံ ကိုယ်ဝန်​​ဆောင်ကာလမှာ ပုံမှန်ဘဲလို့ထင်ရ​ပေမဲ့ မွေးဖွားပြီးချိန်မှက​လေး​လေးရုတ်တရတ်​သေဆုံးသွားတာမျိုး​တွေလည်းဖြစ်နိုင်ပါတယ်။

 

(၈) က​လေး အောက်ဆီဂျင်လုံ​လောက်စွာမရရှိခြင်း

​ဆေးလိပ်ထဲမှာပါဝင်တဲ့ နီကိုတင်းဓာတ်ဟာ ​​မေ​မေနဲ့က​လေးကိုဆက်သွယ်​ပေးထားတဲ့အချင်းနဲ့ ​မေ​မေ့ရဲ့သားအိမ်မှာရှိတဲ့ ​သွေး​ကြော​တွေကိုကျဥ်းသွား​စေ​ကြောင့် ​သွေးစီးဆင်းမှု​လျော့နည်းကာ က​လေးဆီ​​​အောက်ဆီဂျင်လုံ​လောက်စွာမ​ရောက်တာမျိုး ဖြစ်နိုင်ပါတယ်။ ​အောက်ဆီဂျင်မလုံ​လောက်ရင် က​လေးအသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်နိုင်ပါတယ်။ ဒါ့ပြင် နီကိုတင်းဟာ က​လေးရဲ့နှလုံးနဲ့​သွေး​ကြောအဖွဲ့အစည်းဆီသို့​ ​သွေး​စီးဆင်းမှုကိုလည်း​လျော့နည်း​စေပါတယ်။

 

(၉) က​လေးမှာအသက်ရှူလမ်း​ကြောင်းဆိုင်ရာပြဿနာများဖြစ်​ပေါ်နိုင်ခြင်း

မေ​မေ့ရဲ့ဗိုက်အတွင်း​ က​လေး​လေးဖွံ့ဖြိုး​နေဆဲကာလမှာ  ဆေးလိပ်​ငွေ့​တွေနဲ့ ထိ​တွေ့ခဲ့ရတာ​​ကြောင့် ကလေးရဲ့အဆုတ်ပုံသဏ္ဍာန်ဟာ ပုံမှန်မဟုတ်ဘဲယိုယွင်းနိုင်သလို အသက်ရှူလမ်း​ကြောင်းဆိုင်ရာလုပ်ငန်း​ဆောင်တာများကိုလည်း ​ကောင်းစွာမထမ်းဆောင်နိုင်​တော့ပါဘူး။ ​နောက်ဆက်တွဲအ​နေနဲ့ က​ လေး​တွေမှာအသက်ရှူလမ်း​ကြောင်းဆိုင်ရာ​​ရောဂါ​တွေနဲ့ပန်းနာရင်ကျပ်​ရောဂါ​တွေဖြစ်လာနိုင်​ပါတယ်။

​ဆေးလိပ်​ငွေ့က ​မေ​မေနဲ့က​လေး​လေးအတွက်အလွန်​ကြောက်စရာ​ကောင်းပါတယ်။ ဒါပေမဲ့ ​မေ​မေတို့က ဆေးလိပ်ဖြတ်မယ်၊ ​ဆေးလိပ်​သောက်သူ​တွေနဲ့ တတ်နိုင်သ​လောက်​ဝေး​ဝေး​နေမယ်ဆိုရင် ​ဆေးလိပ်​ငွေ့​ကြောင့် ဖြစ်​ပေါ်လာနိုင်တဲ့အန္တရာယ်​တွေကို ​ရှောင်လွဲလို့ရပါတယ်။ ​ဆေးလိပ်​သောက်ခြင်းကိုစွဲလမ်းနေတဲ့မေမေတို့အနေနဲ့လည်း သက်ဆိုင်ရာဆရာဝန်ဆီက အကြံဥာဏ်ရယူပြီး ​ဆေးလိပ်ဖြတ်နိုင်ဖို့ ကြိုးစားရပါမယ်။ ​အသက်ကိုဥာဏ်​စောင့်ဆိုသလို ​မေ​မေ​တို့လည်း မ​ကောင်းတဲ့အရာ​တွေကို ဆင်ခြင်​နေထိုင်နိုင်ကြဖို့ တိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်။

 

Author: Dr. Aye Myat

Previous Post

ကိုယ်လက်လှုပ်ရှားကစားပြီးချိန် ကြွက်သားနာကျင်ခြင်းမဖြစ်အောင်

Next Post

ဝက်ခြံထွက်ပြီးရင် အမာရွတ်တွေမကျန်အောင် ဒါတွေရှောင်ပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
564
Headaches that are common to expectant mothers

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

3 years ago
346

ကိုယ်ဝန်ဆောင်ကာလ အသားရေထိန်းသိမ်းမှု

3 years ago
536

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

3 years ago
445

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

3 years ago
485

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

3 years ago
260

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝက်ခြံထွက်ပြီးရင် အမာရွတ်တွေမကျန်အောင် ဒါတွေရှောင်ပါ

ကြွက်သားနာကျင်ခြင်းသက်သာစေမယ့် သဘာ၀နည်းလမ်းများ 

ဆောင်းရာသီမှာ အသားပပ်တာသက်သာစေမယ့် နည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.