အိုမင်းရင့်ရော်ခြင်းရဲ့လက္ခဏာတွေဟာ အရေပြားမျက်နှာပြင်ပေါ်မှာ ပထမဆုံးဖြစ်ပေါ်လာလေ့ရှိပါတယ်။ အသားအရေခြောက်သွေ့ခြင်း၊ အရေပြားအရောင်မညီညာခြင်း၊ မျက်နှာအရေးအကြောင်းပေါ်လာခြင်း၊ အရေပြားအကြောပြတ်ခြင်း စတဲ့ အမျိုးမျိုးသောအရေပြားပြဿနာတွေကြောင့် အရွယ်မတိုင်ခင်မှာ အိုမင်းရင့်ရော်ခြင်းကို ခံစားရနိုင်ပါတယ်။
အရွယ်မတိုင်မီမှာ အိုမင်းရင့်ရော်ခြင်းက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အဓိကအချက်အနေနဲ့ ခန္ဓာကိုယ်ထဲက Free Radicals လို့ခေါ်တဲ့ ဓာတ်တိုးခြင်းကိုဖြစ်စေတဲ့မော်လီကျူးတွေဟာ အရေပြားဆဲလ်တွေကို ပျက်စီးစေပြီး အိုမင်းရင့်ရော်တဲ့အသွင်ကို ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းတွေအပြင် အရေပြားပြုပြင်ထိန်းသိမ်းနည်းနဲ့ အရေပြားပြဿနာတွေအတွက် အာနိသင်ထက်တဲ့ Bio-Oil ဆိုတဲ့ သဘာဝအဆီတစ်မျိုးကို မိတ်ဆက်ရင်း ဖော်ပြလိုက်ပါတယ်။
Free Radicals တွေကို တိုးပွားစေနိုင်ပြီး အသားအရေကို အိုမင်းရင့်ရော်စေတဲ့အကြောင်းရင်းတွေကတော့ –
၁။ ခရမ်းလွန်ရောင်ခြည်
နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် UVB rays ဟာ အရေပြားကို တိုက်ရိုက်ထိခိုက်စေနိုင်တဲ့အပြင် ခန္ဓာကိုယ်တွင်း Free Radicals ကိုပါ တိုးတက်စေတဲ့အတွက် အသားအရေကို ပိုပြီးပျက်စီးစေနိုင်ပါတယ်။
၂။ စိတ်ဖိစီးမှု
စိတ်ဖိစီးမှုများပြားခြင်းဟာလည်း Free Radicals တွေ တိုးလာပြီး အသားအရေကို ထိခိုက်စေနိုင်ပါတယ်။
၃။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းဟာ အရေပြားရဲ့ Collagen ကိုပျက်စီးစေတဲ့အတွက် အသားအရေကို ပိုမြန်မြန်အိုမင်းစေပြီး မျက်နှာမှာလည်း အရေးအကြောင်းတွေ ပိုဖြစ်စေနိုင်ပါတယ်။
၄။ အိပ်ရေးမဝခြင်း
အိပ်စက်ခြင်းဟာ အရေပြားဆဲလ်တွေ အသစ်ဖြစ်ပေါ်စေဖို့ အထောက်အကူပြုပါတယ်။ သုတေသနတွေအရ တစ်နေ့တာအိပ်စက်ချိန်ပမာဏ မလုံလောက်ဘူးဆိုရင် အရေပြားအိုမင်းရင့်ရော်မှုကို တိုးတက်စေနိုင်တယ်လို့ ဆိုပါတယ်။
၅။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာ
အဆီကြော်စာ၊ သကြားပါဝင်မှုများတဲ့အစားအစာနဲ့ အသင့်စားအစားအစာတွေဟာ အချိန်ကြာလာရင် အသားအရေကို ပျက်စီးစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ခံစားရနိုင်ပါတယ်။
အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ပြုပြင်ထိန်းသိမ်းနိုင်မယ့်နည်းလမ်းတွေကတော့ –
၁။ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့တာကို ရှောင်ပါ။ နေရောင်အောက်ထွက်ရမယ်ဆိုရင် နေရောင်ကာခရင်မ် လိမ်းပါ။
၂။ ရေပုံမှန်သောက်ပါ။ တစ်နေ့ကို ရေ (၈) ဖန်ခွက် သို့မဟုတ် (၂) လီတာ အနည်းဆုံးသောက်ပေးရပါမယ်။ အသားအရေတိုးတက်ကောင်းမွန်စေဖို့ မနက်မိုးလင်းတာနဲ့ အစာမစားခင်မှာ ရေတစ်ဖန်ခွက် ပုံမှန်သောက်ပေးပါ။
၃။ ဆေးလိပ်သောက်တာကို ရှောင်ပါ။ ဆေးလိပ်သောက်နေသူတွေအနေနဲ့ ဆေးလိပ်ဖြတ်ရင် အသားအရေသိသိသာသာ တိုးတက်ကောင်းမွန်လာနိုင်ပါတယ်။
၄။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေမှာ ပါဝင်တဲ့ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် အီး၊ (ဇင့်) သွပ်ဓာတ်၊ စီလီနီယမ် စတဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေဟာ အရေပြားကျန်းမာရေးကို အများကြီးအထောက်အကူပြုပါတယ်။
၅။ စိတ်ဖိစီးမှုကို လျှော့ချပါ။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် လိုအပ်လာရင် ဆွေးနွေးတိုင်ပင်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။
Bio-Oil သဘာဝအဆီ
အထက်က နည်းလမ်းတွေအပြင် Bio-Oil သဘာဝအဆီကို ပုံမှန်လိမ်းပေးမယ်ဆိုရင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုဖြစ်စေတဲ့ အရေပြားပြဿနာအမျိုးမျိုးကို ပိုပြီး မြန်မြန်သက်သာပျောက်ကင်းစေနိုင်ပါတယ်။
Bio-Oil အဆီဟာ သဘာဝအတိုင်း ဖော်စပ်ထုတ်လုပ်ထားတဲ့ အဆီဖြစ်ပြီး အသားအရေကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ထိန်းသိမ်းပေးနိုင်ပါတယ်။ ခရင်မ်၊ လိုးရှင်း စတဲ့ကုန်ပစ္စည်းတွေနဲ့ မတူဘဲ Bio-Oil ဟာ ၁၀၀% သဘာဝပစ္စည်းနဲ့ ဖော်စပ်ပြုလုပ်ထားတဲ့အဆီ ဖြစ်တာကြောင့် လိမ်းထားရင် စေးကပ်ကပ်ဖြစ်တာမျိုးမရှိတဲ့အပြင် အသားအရေကိုလည်း နူးညံ့စေနိုင်ပါတယ်။
Bio-Oil သဘာဝအဆီကို တစ်နေ့ (၃) ကြိမ်နဲ့ အနည်းဆုံး (၃) လ လိမ်းပေးရပါမယ်။
Bio-Oil အဆီရဲ့ ကောင်းကျိုးအာနိသင်တွေကတော့ –
၁။ အမာရွတ်ကို ပျောက်ကင်းစေနိုင်ခြင်း
Bio-Oil ကိုပုံမှန်လိမ်းပေးမယ်ဆိုရင် အမာရွတ်အသစ်တွေတင်မက အမာရွတ်အဟောင်းတွေကိုပါ လျော့နည်း ပျောက်ကင်းစေပြီး အသားအရေကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။
၂။ အရေပြားအကြောပြတ်ခြင်းကို လျော့နည်းစေခြင်း
အရေပြားအကြောပြတ်နိုင်တဲ့အခြေအနေတွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်၊ ကိုယ်အလေးချိန်တက်လာချိန်နဲ့ ဆယ်ကျော်သက်အရွယ် ခန္ဓာကိုယ်ရုတ်တရက်ဖွံ့ဖြိုးလာချိန်တွေမှာ ဖြစ်တတ်တဲ့ အကြောပြတ်အစင်းကြောင်းရာတွေကို လျော့နည်းစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန် ကိုယ်ဝန် ၃ လကစပြီး Bio-Oil ကို တစ်နေ့ (၂) ကြိမ်လိမ်းပေးမယ်ဆိုရင် အကြောပြတ်တာကို လျှော့ချပေးနိုင်ပါတယ်။
၃။ အရေပြားအရောင်မညီမှုတွေကို သက်သာစေနိုင်ခြင်း
နေရောင်ခြည်နဲ့ ပတ်ဝန်းကျင်ဒဏ်တွေကြောင့် အရေပြားအရောင်မညီတာ၊ အရောင်ရင့်တာ စတဲ့အခြေအနေတွေအတွက် Bio-Oil အဆီ ပုံမှန်လိမ်းပေးမယ်ဆိုရင် ပြန်ပြီးသက်သာလာစေနိုင်ပါတယ်။ ဒါ့ပြင် မျက်နှာပေါ်က တင်းတိပ်နဲ့ အမည်းစက်တွေကို အရောင်မှိန်စေပြီး အသားအရောင် ပြန်ညီလာစေနိုင်ပါတယ်။
၄။ အသားအရေ အိုမင်းရင့်ရော်ခြင်းနဲ့ အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်လျှော့ချပေးနိုင်ခြင်း
Bio-Oil အဆီရဲ့ အသားအရေအစိုဓာတ်ထိန်းပေးနိုင်တဲ့ အာနိသင်ကြောင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းနဲ့ အသားအရေခြောက်သွေ့ခြင်းတွေကို ကာကွယ်လျှော့ချပေးနိုင်ပါတယ်။ အရေပြားပေါ်က အဆီကို ပြန်လည်ဖြည့်တင်းပေးပြီး မျက်နှာနဲ့ခန္ဓာကိုယ်ပေါ်က အရေးအကြောင်းတွေကို နူးညံ့စေပြီး တင်းရင်းစေနိုင်ပါတယ်။
၅။ အရေပြားဓာတ်မတည့်လွယ်သူနဲ့ ဝက်ခြံထွက်လွယ်သူတွေအတွက် အထူးသင့်တော်ခြင်း
Bio-Oil အဆီဟာ သဘာဝပစ္စည်း ၁၀၀% နဲ့ ဖော်စပ်ထားတဲ့အဆီဖြစ်တဲ့အတွက် ဓာတ်မတည့်မှုဖြစ်လွယ်တဲ့ အရေပြားပိုင်ရှင်တွေနဲ့ ဝက်ခြံထွက်လွယ်တဲ့ အရေပြားပိုင်ရှင်တွေအတွက် သင့်တော်ပါတယ်။
အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်တဲ့ အရေပြားပြဿနာအမျိုးမျိုးတွေအတွက် Bio-Oil အဆီကို ပုံမှန်လိမ်းပေးရင် အရေပြားပြန်စိုပြည်လာပြီး ကျန်းမာလှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
Author: ဒေါက်တာကောင်း (ဆေး – ၂)